Tuesday, August 21, 2012

- ဘယ်လို အရေးယူသင့်တယ်လို့ သင်- ထင်ပါသလား

- ဘယ်လို အရေးယူသင့်တယ်လို့ သင်- ထင်ပါသလား 
-ဌေးဇော်--၁၉-၈ -၂၀၁၂
မြန်မာနိုင်ငံရဲ့အပြောင်းအလဲသည် မြန်ဆန်လွန်းလှပါသည်။ ဒီနှုန်းအတိုင်း အပြောင်းအလဲ ဆက်တိုက်ဖြစ်ပေါ် နေလျှင် ပြည်တွင်းစစ် ရပ်စဲပြီး တိုင်းရင်းသား ပေါင်းစုံ ညီညွတ်စွာ အမျိုးသားပြန်လည် သင့်မြတ်ရေးရရှိခဲ့လျှင် (၂၀၁၄-၂၀၁၅)ခုနှစ်လောက်တွက် သမ္မကြီးဦးသိန်းစိန်ကို ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ငြိမ်းချမ်းရေးဆု ပေးရပေတော့မည်
စစ်အစိုးရဘက်မှ ဖေါက်ထွက်လာတဲ့ သမ္မတကြီးဦးသိန်းစိန်သည် ခေါင်မိုးကစပြီး အောက်ခြေအဆင့်ဆင့်ကို Clean Government Good Governanceဖြစ်စေရန် ပြုပြင်နေပေပြီ။
နှစ်ပေါင်း(၆၀)အတွင်း ပြည်သူ့အကျိုးအတွက် ပြည်သူ့ဒီမိုကရေစီကို (စည်းကမ်းပြည်ဝသော ဒီမိုကရေစီ)တရပ် ဖေါ်ဆောင်နေမှု့ကို ကြိုဆိုရပေလိမ့်မည်။

သမ္မကြီးကိုယ်တိုင် (၂၀၀၈)အခြေခံဖွဲ့စည်းပုံဥပဒေက ပေးအပ်ထားတဲ့ လစငွေကို လက်မခံဘဲ ဆင်းရဲသောတိုင်းပြည်မှ အချမ်းသာဆုံး နိုင်ငံ့ခေါင်းဆောင်အဖြစ် လက်မခံဘဲ ပြည်သူတို့နှင့် တသားတည်းကျစေရန် လစာငွေ(၂၀%)ကိုသာ လက်ခံခဲ့သလို သမ္မကြီးရဲ့အစိုးရကိုလည်း နောက်မြီးဆွဲ (မဆလ)ကျင့် (န၀တ)အကျင့် မပျောက်နိုင်သော လာဘ်စားဝန်ကြီးများကို နောက်ချန်ထားခဲ့ပြီး ဒီမိုကရေစီဖေါ်ဆောင်ရေးကို ခရီးဆက်ဖို့ မမှိတ်မသုံ ဆုံးဖြတ်ချက်ချပြီး ဖြစ်နေသည်ကို လက်တွေ့ မြင်တွေ့နေရပေပြီ။
ထိုသို့ မြန်မာ့ဒီမိုကရေစီအရေးသည် တိုးတက်ပြောင်းလဲမှု့မြန်ဆန်လျှက် အစိုးရအဖွဲ့အတွင်း မပြောင်းရဲသောနောက်မြီးဆွဲ ၀န်ကြီးများကို ချန်ထားခဲ့ပြီး တိုးတက်သော ပြည်သူ့အကျိုးအတွက် အမြင်ရှိသော ၀န်ကြီးများနှင့် အစားထိုး ဖွဲ့စည်းတော့မည်ဖြစ်သည်။

ထိုသို့ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီကို လက်တွေ့ တိုးတက်ပြောင်းလဲနေစဉ် ဒီမိုကရေစီကို လိုချင်သည်ဟုပြောပြီး အမေရိကန်သားနိုင်ငံသားခံယူနေကြသော (၁၉၈၈)ခုနှစ်ကထဲက တော်လှန်ရေးဆိုကာ တောင်ပြောမြောက်ပြောပြောနေသော လူမိုက်များနှင့် လူမိုက်များကမွေးထားသည့်တပည့်လူလိမ်များသည် အဘယ်မျှ ပြောင်းလဲမှု့ဖြစ်စဉ်နောက် လိုက်ပါနိုင်သလဲဆိုသည်ကို စမ်းစစ်ဖို့ လိုအပ်လာနေပါပြီ။
ဂျပန်နိုင်ငံတွင် အိုဗာစတေးနှင့် အလုပ်လုပ်ကာ (၂၀၀၀)ခုနှစ်နောက်ပိုင်း အဖမ်းအဆီးခံရပြီး အဆိုင်လမ် လိမ်လျှောက်ကာ အဖွဲ့ထောင်စားခြင်း ပြည်တွင်းရှိ နိုင်ငံရေးပါတီအမည်များ ပေးဆပ်စွန့်လွှတ်သောလူပုဂိုလိများကို အလွဲသုံးစားခုတုံးလုပ်လျှက် နောက်ရောက်လာသည့် အလုပ်လာလုပ်သူများကို အဖွဲ့ဝင်ကြေး လစဉ်ကြေးအပြင် အချိန်အခါ လိုက်ပြီး ခရီးထွက်ခြင်း နှစ်ရှည်လများ အမျိုးမျိုး ကောက်ခံနေသော ငွေကြေးများကို မည်ကဲ့သို့ ဖြေရှင်းအရေးယူ သင့်သလဲဆိုသည်ကို စဉ်းစာစးထားဖို့ လိုအပ်လာပါပြီ။



(၁) နိုင်ငံရေးသမားအယောင်ဆောင် လိမ်လည်ကာ အဆိုင်လမ် လိမ်လျှောက်ခြင်း (၄၂၀ လိမ်လည်မှု)
(၂) ပြည်တွင်းရှိနိုင်ငံရေးပါတီများ နာမည်များကို အလွဲသုံးစားလုပ်မှု့
(၃) နိုင်ငံရေးသမား အယောင်ဆောင်ပြီး အဖွဲ့ထောင်စားမှု့
(၄) နှစ်ပေါင်းများစွာ အဖွဲ့ဝင်ကြေး လစဉ်ကြေးကောက်ခံငွေကြေးများ စာရင်းရှင်းရန်စသည့် လိမ်လည်မှု့ပေါင်းများစွာကို ကြူးလွန်နေသော နိုင်ငံရေးသမား အယောင်ဆောင် အာလိမ်ဂေါင်းများကို ဒီမိုကရေစီ လိုလားသူ မြန်မာပြည်သူများ အနေနဲ့ မည်ကဲ့သို့ အရေးယူသင့်သလဲ ဆိုတာကို မြန်မာပြည်သူ ပြည်သားများ ဆုံးဖြတ်ရမည် အချိန်ကာလ ရောက်လာတော့မည် ဖြစ်ပါသည်။
သို့အတွက် အဖွဲ့ထောင်စားနေကာ အဆိုင်လမ်လိမ်လျှောက်ထားသော နိုင်ငံရေးသမား အယောင်ဆောင် အာလိမ်ဂေါင်းများကို )(ဘယ်လို အရေးယူသင့် တယ်လို့ သင်- ထင်ပါသလား) မေးခွန်းကို စဉ်းစားထားဖို့ လိုလာပါပြီ။
တနေ့နေ့ တရားဥပဒေအောက်မှ အမှန်တရားအတိုင်း ဖြေရှင်းပေတော့မည် အချိန်ကာလက မဝေးတော့ လက်တကမ်းရောက်နေပါပြီ။
စဉ်းစားထားဖို့ လိုပါပြီ။


ဌေးဇော်

-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။