အနိုင်ကျင့်ခံရသဖြင့် အဆုံးစီရင်ခဲ့သော တောင်ကိုရီးယားကျောင်းသား၏ မိဘထံ လျော်ကြေးပေးရန် တရားရုံးကအမိန့်ချ |
|
|
Sunday, 19 August 2012 15:32 |
နိုင်ငံအရှေ့တောင်ပိုင်း Daegu ပြည်နယ်တွင်အသက် ၁၃ နှစ် အရွယ်ရှိ မျိုးရိုးအမည် ကွမ်ဟုခေါ်သော အလယ်တန်းကျောင်းသားလေးတစ်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက လူနေတိုက်တစ်ခုပေါ်မှ ခုန်ချ၍ အဆုံးစီရင်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းကျောင်းသား ကွမ်ထားခဲ့သော စာထဲတွင် ယခုကဲ့သို့ အဆုံးစီရင်ခဲ့ရခြင်းမှာ ၎င်း၏ အတန်းဖော်များက အနိုင်ကျင့် ဗိုလ်ကျခြင်းများကြောင့်ဖြစ်သည်ဟု ရေးသားထားခဲ့သည်။ ကွမ်အားအနိုင်ကျင့်ခဲ့သော ကျောင်းသားနှစ်ဦးအား အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၄၀ လနှင့် ၃၆ လ အသီးသီး ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ကွမ်တက်ရောက်ခဲ့သော ကျောင်း၊ ကျောင်းအုပ်၊ ကွမ်၏ ဆရာနှင့် ကွမ်အား အနိုင်ကျင့်ခဲ့သော ကျောင်းသား နှစ်ဦး၏ မိဘများက ကွမ်၏ မိဘများအတွက် လျော်ကြေးငွေ ၀မ် ၁၃၀ သန်း (အမေရိကန်ဒေါ်လာ ၁၄၃၀၀၀) ပေးဆောင်ရန် Daegu ပြည်နယ်တရားရုံးက သြဂုတ်လ ၁၆ ရက်နေ့တွင် ချမှတ်ခဲ့သည်။ ၀န်ကြီးချုပ်ကင်ဟွမ်ဆစ်က ကျောင်းတွင် အနိုင့်ကျင့်မှုများ ပပျောက်စေရန်နှင့် ယင်းကဲ့သို့ ကိစ္စများကို အလုပ်အကိုင်ကိစ္စများ ထိခိုက်မည်စိုး၍ ဖုံးကွယ်ထားသော ကျောင်းအုပ်ချုပ်သူများကိုလည်း ကြီးမားသောပြစ်ဒဏ်များ ပေးသွားမည်ဖြစ်ကြောင်း ကတိပေးထားသည်။ Ref:AFP |
ရည်ရွယ်ချက် ရှိရှိ မှားတယ်လို့ မယိုးစွပ်ချင်ပါ။
သို့သော် လူရိုသေရှင်ရိုသေ မီဒီယာ တစ်ခုအတွက် ရှက်စရာ ပါ။
EMG တိုးတက်တာ မြင်ချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ..
ဗမာပြေမှာ သမမျှတတဲ့ မီဒီယာကြီးတွေ ရှိဘို့ လိုအပ်တယ်....