Monday, 20 August 2012 14:41 |
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်နိုင်သည့် အချက် ၅ ချက်ရှိကြောင်း၊ ၎င်းအချက် ၅ ချက်မှာ (၁) နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်မှု (၂) ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖောက်ဖျက်ကျူးလွန်မှု (၃) အကျင့်သိက္ခာပျက်ပြားခြင်း (၄) ပုဒ်မ ၃၃၃ တွင် သတ်မှတ်ထားသည့် အရည်အချင်း ပျက်ယွင်းခြင်း (၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း တို့ဖြစ်ကြောင်း ၊ ယခုကဲ့သို့ အချက် ၅ ချက်နှင့် ခုံရုံးအနေဖြင့် ငြိစွန်းခြင်း ရှိမရှိကို စွပ်စွဲသူများထံ ပြန်မေးရန်လိုကြောင်း၊ ယခုကဲ့သို့ လွှတ်တော်ဆိုင်ရာ ဥပဒေများတွင် လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း၊ ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေးသားခြင်းများသာ ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့်ဆိုပါက ပြည်ထောင်စုအဆင့်နှင့် ညီသော facilities များ ပေးရမည်ဖြစ်ကြောင်း၊ ခုံရုံး ဆိုသည်မှာ တရားရုံးဖြစ်သည့်အတွက် ပရိသတ်များနှင့် ကင်းကင်းရှင်းရှင်း နေရမည့်ဌာနဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခုံရုံးအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သည့်တာဝန်များကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မှ ဆန္ဒအလျောက် နှုတ်ထွက်ပေးရန် တောင်းဆိုမှုမှာ လွှတ်တော်ကိစ္စသာ ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလတွင် ခုံရုံးအနေဖြင့် သြစတေးလျနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုးက မီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအနေဖြင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်မီ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားမယူပါက လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။ လွှတ်တော် ကော်မတီများသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုး ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံ ရုံးအားစွပ်စွဲပြစ်တင်မှုပြုလုပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် တင်ပြ တောင်းဆိုခဲ့ကြကြောင်း၊ သို့သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံချက်အရ ခေတ္တစောင့်ဆိုင်း ပေးနေခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်များက ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ နိုင်ငံတော်သမ္မတထံ ပေးပို့သည့် သ၀ဏ်လွှာတွင် ပါဝင်သည့် “နိုင်ငံတော် သမ္မတကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲ ပါစာအမှတ်၊ ၃/ညမ (၁)၃-၁(၉၂) နပတ(၇၂)အရ တင်သွင်းခဲ့သည့် တင်သွင်းလွှာအား ပြန်လည်ရုပ်သိမ်းပေးပါရန်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏အသိ စိတ်ဓာတ်ဖြင့်တာဝန်မှ အနားယူစေ ခြင်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ထိုသို့ဆောင်ရွက်ပေးမှုကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့မတိုင်မီ အပြီး ဆောင်ရွက်ပေးပါရန်” တိုက်တွန်းမှုကို ဆောင်ရွက်ခြင်းမရှိပါက လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီမှ ကော်မတီဝင်တစ်ဦး က ပြောကြားခဲ့သည်။ |
ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Tuesday, August 21, 2012
လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း၊ ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေးသားခြင်းများသာ ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌ ဦးသိန်းစိုး ပြောကြား
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets
လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များသည် Facilityနှင့် ရ ပိုင် ခွင့်သည် အဓိက မကျ ပါ။ Check and Balance အတွက် လုပ် ပိုင် ခွင့် သာ အဓိက ကျ ပါသည်။
ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ လည်းမမှားဘူး...
ဦးစိုးသိမ်းတို့ ခုံရုံးအဖွဲ့ ကိုလည်းမှားတယ်လို့ ပြောလို့ မရဘူး..
တကယ်တမ်းမှားနေတာက နာဂစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ လို့ ပြည်သူတွေကအမည်ပေးထားတဲ့ အဲဒီ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုယ်၌ပါပဲ....
ဒုတိယချက်က. လွတ်တော်ရေးရာ ဥပေဒေများသည် ကလောင်ချွန်လက်များနဲ့ ချဲ့ကားရေးထားချက်လို့ ခုံရုံးဥက္ကဌ ပြောသည်။ ဆိုလိုသည်မှာ ဥပဒေကို လက်ဆော့ထားသူများရေးထားချင်လို့ဆိုလိုသည်။ ဒါဆို ၂၀၀၈ အခြေခံဥပဒေကိုကော် ဘယ်သူတွေရေးထားသလဲ၊ လွတ်တော်ဆိုတာ ဘာမှမဟုတ်လို့ဆိုလိုရာ ရောက်သည်။
နံပါတ်သုံးချက်က တခြားတစ်နေရာမှာ ခုံရုံးဥက္ကဌက မိမိသည် လွတ်တော် အမတ်များကဲ့သို့ အရွေးကောက်ခံထားရသူ မဟုတ် နိုင်ငံတော်က တာဝန်ပေးထားသူတဲ့။ ဒါဆို နိုင်ငံတော်ဆိုတာ ဘယ်သူ့ကိုဆိုလိုတာလဲ အထက်လူကြီး တစ်ဦးတစ်ယောက်ကို ဆိုလိုတာလား ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်သော အမတ်တွေမှာ ဘာမှ အာဏာပါဝါမရှိတော့ဘူးလား။ ဒီမိုကရေစီ စနစ်မှာ ပြည်သူသည် အာဏာအရှိဆုံးဖြစ်သည်။ ပြည်သူတွေရဲ့အထက်မှာ တစ်စုံတစ်ဦးတစ်ယောက် အာဏာရှိနေပြီလား။ စဉ်စားစရာများ။
နောက်ဆုံးအချက်က လွတ်တော်အဖွဲ့အစီးများကို ပြည်ထောင်စု အဆင့် အသိမှတ်ပြုဖို့ တောင်းဆိုတဲ့နေရာမှာ အသိအမှတ်အပြုခံရဖို့ သက်သက်တောင်ဆိုးနေသည်ဟု ဖတ်ရ မှတ်ရ နားလည်ပါသည်. ခုချိန်ထိ ဘယ်သူမှ ဝန်ကြီးများနှင့်တန်းတူ အခွင့်အရေး တန်းတူ တောင်းဆိုနေခြင် မတွေ့ရသေးပေ။ အသိမှတ်ပြုဖို့ကိစ္စကို ဥပဒေကိုးကားမှာလား အခွင့်အရေးကို အကြောင်းပြမှာလား။
သေချာတာတစ်ခုကတော့ လွတ်တော် အဖွဲ့အစီးများကို အသိအမှတ်မပြုခံရပါက လွတ်တော်သည် ဘာမှမဟုတ်တော့ပေ. ခုတောင် လွတ်တော်မှာ လာရောက်ဖြေကြားသော အစိုးရအဖွဲ့အစီးသည် ဒုတိယဝန်ကြီးက အမြင့်ဆုံးဖြစ်သည်။ ဒုဝန်ကြီးတောင် စာရွက်ကြည့်ဖတ်တာတောင် ကောင်းကောင်း မဖတ်နိုင်သော ဝန်ကြီးက ပါသေးသည်။ စဉ်းစားစရာက ဒီမိုကရေစီး နောက်ပြန်ဆွဲတာက လွတ်တော်အမတ်တွေလား အစိုးရအဖွဲ့လား. အို့စာဖတ် ပရိတ်သတ်တို့ သေချာစဉ်းစားပါလော့. မီဒီယာများလဲ သေချာ စဉ်းစားပြီးရေးကြပါတော့။ စာလုံးပေါင်းများ အမှားပါက ပြင်ဖြတ်ပေးကြပါ။ ပထမ ကွန်မန့်မှာ အမှားပါသွားသောကြောင့် ဒုတိယအကြိမ်တင်ရခြင်းဖြစ်ပါသည်. ခွင့်လွတ်ပါ
စားခွက် လုနေတာပဲ မြင်နေ ကြားနေရတယ်...
အချုပ်အခြာအာဏာသည် ပြည်သူထံမှ ဆင်းသက်လာသည်တဲ့
ဒါကြောင့် ငါတို့သာလျှင် အာဏာအရှိဆုံးဖြစ်ရမယ်
တရားစီရင်ရေးအဖွဲ့ဆိုတာ ပြည်သူ့ကိုယ်စားလှယ်နဲ့ ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် ပြည်သူ့ကိုယ်စားလှယ်များရဲ့ စကားကို နာခံရမယ် လို့ဆိုတဲ့ စိတ်ဓါတ်တွေ လွှတ်တော်အမတ်တွေထဲမှာ တော်တော်လေးကိန်းအောင်းနေ
တယ်ထင်တယ်.....
အခုခေတ် ဒီမိုကရေစီဆိုတာ ရှေးခေတ် ဒီမိုကရေစီ
နဲ့ လုံးဝကွဲပြားသွားပါပြီ ....ပြည်သူ့ကိုယ်စားလှယ်တွေက
ဥပဒေပြု...ပြည်သူ့ကိုယ်စားလှယ်တွေက အုပ်ချုပ်....
သူတို့နှစ်ခုကို ဥပဒေပညာရှင်များနဲ့ဖွဲ့စည်းထားတဲ့ တရားစီရင်ရေးက ထိန်းကျောင်းရတာ...
(အပြန်အလှန်နော်..တဖက်သတ်မဟုတ်ဘူး)
ဒါမှ ဘယ်သူမှ မမှားဘဲ တိုင်းပြည်ကို ကောင်းကောင်းမွန်မွန်
အုပ်ချုပ်နိုင်မှာပေါ့....အမတ်တွေလုပ်ပြိး သဘောတရားလောက်
တော့ နားလည်သင့်ပါပြီကွာ
cooperation = "0"
ငယ်စဉ်ဘ၀ high school ဘောလုံးပြိုင်ပွဲတွေလိုက်ကြည့်ဘူးပါသည် တဖက်နှင့်တဖက် ပြိင်ပွဲစမည်မကြံသေး ရန်ဖြစ်ကြလို့ မခိုက်မိအောင် အကြိမ်ကြိမ်ထွက်ပြေးခဲ့ဘူးပါသည် တာဝန်ရှိသောလူကြီးများသည် High School ကျောင်းသားလေးများကဲ့သို့ဖြစ်နေသည် မပြည့်စုံသော အခြေခံ ဘုတ်အုပ်ကြီးကိုကိုင်စွဲလျှက် (သဘာဝကပြငှာန်းထားတဲ့ဥပဒေတွေလဲ မမေ့ကြပါနဲ. ဟီရိသြတပ်ပတရား...မုဒိတာတရား...ဂရုနာတရား) အဖိုးကြီးတွေ မေ့နေမှာစိုးလို့......
ကဲ.. ဘယ်သူက ဘာလဲဆိုတာ ကွဲပြားသွားအောင်...