Tuesday, August 21, 2012

ဝန်ကြီးဦးစိုးသိန်းက လာဘ်စားမှု ကို ဌာနအကြီး အကဲများ၊ ဝန်ကြီးများကို ထည့်သွင်း ပြောဆိုခြင်းမပြု


ဝန်ကြီးဦးစိုးသိန်းက လာဘ်စားမှု ကို ဌာနအကြီး အကဲများ၊ ဝန်ကြီးများကို ထည့်သွင်း ပြောဆိုခြင်းမပြု 
-အကြီးတန်းအရာရှိတစ်ဦး၊နေပြည်တော်--၁၈-၈ -၂၀၁၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက မီဒီယာတွေ့ဆုံပွဲတွင်-
”ဘယ်သူ့ကို လာဘ်ပေးရတယ်ဆိုတာ တိတိကျကျပြော၊ သိပ်တိကျရင် မနက်ဖြန် ကျွန်တော်အရေးယူ မယ်၊ ကျွန်တော့်ကို လာဘ်ပေးရတယ်ဆိုရင်လည်း ကျွန်တော့်ကို ကျွန်တော် အရေးယူမယ် ကျွန်တော့် မိတ်ဆွေဝန်ကြီးတွေ ကျွန်တော့်အဖွဲ့ သားတွေ လာဘ်ယူရင်လည်း အရေးယူဖို့ အတွက်သမ္မတကြီးကိုတင်ပြသွားမှာပါ”
နိုင်ငံတော်သမ္မတကြီးမှလည်း စီမံကိန်းကော်မရှင်ဒုတိယအကြိမ်အစည်းအဝေးတွင်
“အဂတိလိုက်စားမှုသည် အောက်ခြေအဆင့်ဆင့်၌ နေရာတိုင်းလိုလိုရှိနေသည့် အတွက် တာဝန်ရှိသူအဆင့်ဆင့်တို့က ထိထိရောက်ရောက်ကိုင်တွယ် ဖြေရှင်းသွားကြရ မည်ဖြစ် ကြောင်း” အသီးသီးပြောဆိုကြေညာသွားခဲ့ပါသည်။
အပြောများသိပ်ကောင်းလွန်းလှပါသည်။
ကျွန်တော်တို့လက်တွေ့လေ့လာချက်များအရ အခြေအနေမှန်များအပေါ် သုံးသပ်တင်ပြလိုပါသည်။
ပြည်ထောင်စု စက်မှုဝန်ကြီး ဦးစိုးသိန်းဧ။်မိတ်ဆွေဝန်ကြီးများ အတွက် ဦးစိုးသိန်းမှ အဂတိကင်းရှင်းကြောင်း အာမခံ သွားသလို၊ သမ္မတကြီးမှလည်း အောက်ခြေ ဝန်ထမ်းတွေသာ အဂတိ လိုက်စားမှုရှိနေ သည်ဟု စွပ်စွဲပြောကြားသွားပေသည်။
အဆိုပါ အောက်ခြေဝန်ထမ်းများဧ။် ဌာနအကြီး အကဲများ၊ ဝန်ကြီးများကိုမူထည့်သွင်း ပြောဆိုခြင်းမပြုဘဲ ’ပ’လပ်ထားသည်ကို တွေ့ရပါ သည်။
အဓိကအားဖြင့်သုံးသပ်ပါလျှင် ခေါင်ကမိုးမလုံ၍သာတစ်မြုံလုံးလှိုက်စား နေခြင်း ဖြစ်ပါသည်။
အောက်ခြေဝန်ထမ်းအဂတိလိုက်စားလာဘ်ယူမှုသည် ကျပ် ၂၀၀၀ မှကျပ် ၂၀၀၀၀ ခန့်အထိ အပိုကြေး၊ လက်ဖက်ရည်ဖိုး၊ လိုင်းကြေး စသဖြင့် ကောက်ခံခြင်းဖြစ် ကြောင်း စီးပွားကူးသန်း၊ လျှပ်စစ်(၂) ၊ဆက်သွယ်ရေး၊ အကောက်ခွန်၊ ဗဟိုဘဏ်၊ စည်ပင် လ.ဝ.က၊ ပြည်ထဲရေး နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ တရားရုံး၊ ကက(ဝယ်)၊ ကက(နက်) ၊ ကျန်းမာရေး၊ ပညာရေး၊ စွမ်းအင်၊ စက်မှု(ကြွေမြေ)၊ ပို့ဆောင်ရေး သက်ဆိုင်ရာ ဌာနများ တွင်လက်တွေ့ကွင်းဆင်း လေ့လာချက်အရတွေ့ရှိရပါသည်။

အလယ်အလတ် ဝန်ထမ်း အရာရှိများ အဂတိလိုက်စားမှုသည်အများအားဖြင့် လက် ဆောင်ခြင်း ကဲ့သို့ပစ္စည်း များဖြစ်ပြီး တန်ဘိုးအားဖြင့်ကျပ် ၃၀၀၀၀ ဝန်းကျင်မှ ကျပ် ၂၀၀၀၀၀ ဝန်းကျင်အထိ လက်ခံရယူကြောင်း အထက်ဖေါ်ပြပါ ဌာနများ နှင့် သမ္မတရုံးဌာ နတို့တွင် ကွင်းဆင်းလေ့လာချက်အရ သိရှိရပါသည်။
နိုင်ငံတော်ပိုင် ငွေကြေးနှင့် ပစ္စည်း အလွဲသုံးစားမှုများမှာအလယ်အလတ် အဆင့်ရှိ ဝန်ထမ်း အရာရှိများမှသည် ဌာနအကြီးအကဲနှင့်ပြည်ထောင်စုဝန်ကြီးများ အထိပါဝင် ပါတ်သက်မှုရှိနေပြီး တန်ဘိုးအားဖြင့်(၁)ကြိမ်လျှင် ကျပ် ၅၀၀၀၀ မှကျပ်သန်း ၄၀၀ (ကျပ် ၄၀၀၀၀၀၀၀၀ ) အထိရှိ နေကြောင်း တည်ဆောက်ရေး စီမံကိန်းများ ဆောင်ရွက်နေကြ သည့် လျှပ်စစ်(၁)၊ လျှပ်စစ်(၂)၊ ဆောက်လုပ်ရေး၊ ရထားပို့ဆောင်ရေး၊ နေပြည်တော်စည် ပင်သာယာ၊ တပ်မတော် အင်ဂျင်နီယာ (GE)၊ကက(ထုတ်)၊ ကက(ဝယ်)၊ သတ္တု၊လယ်-ဆည်၊ သစ်တော ဌာနများတွင် ကန်ထရိုက်တာ များ နှင့်အရာရှိအချို့ထံမှ လက်တွေ့ မေးမြန်းစုံစမ်း ချက်များအရ သိရှိရသည်။

>
ဌာနအကြီးအကဲများနှင့်ပြည်ထောင်စုဝန်ကြီး အဆင့်အဂတိ လိုက်စားမှုများမှာ ကျပ်သန်း ၅၀၀(ကျပ် ၅၀၀၀၀၀၀၀၀ ။ USD၅၀၀၀၀၀) ဝန်းကျင်မှ ခန့်မှန်း၍ မရနိုင်သည့် ပမာဏအထိ ရှိနေသော်လည်း လက်ဆုပ်လက် ကိုင်အထောက် အထားဖြင့်စုံစမ်း လေ့လာ သိရှိရန် အခက်အခဲများ ရှိနေပေသည်။
အဓိကအားဖြင့်ဘတ်ဂျက်မြောက်မြားစွာ အသုံးပြုသော ဝန်ကြီးဌာနများ၊ လုပ်ပိုင်ခွင့် ရှိနေသော ဝန်ကြီး ဌာနများ နှင့်MIC ကဲ့သို့ကော်မရှင်များ၊ တည်ဆောက်ရေးစီမံကိန်းများ ဆောင်ရွက်ရသော ဝန်ကြီးဌာနများဧ။် ပြည်ထောင်စု ဝန်ကြီးများ ပါဝင်ပါတ်သက် လိုက်စားမှုရှိနေကြောင်း ဝန်ကြီးအဆင့်အချင်းချင်းသတင်း များအရသိရှိရသည်။
အောက်ခြေဝန်ထမ်းများဧ။်အဂတိလိုက်စားမှုများကို ပြည့်တန် ဆာမှု ထောင်ချောက်ဆင် ဖမ်းသကဲ့သို့ ငွေစက္ကူနံပါတ်မှတ် အသွင်ယူလျှက် ပေးကမ်းမှုကို လက်ခံချိန်တွင် အထောက် အထားဖြင့်ဖမ်းဆီး အရေးယူနိုင်ပေမည်။
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းပြော သကဲ့သို့တိတိကျကျ ပြောနိုင်ပြီးအရေးယူနိုင်ပါလိမ့်မည်။

သို့သော် ပထမတန်းစားဂရမ်တီိ ကဒ်ပါ စိန်ရတီ ၄၀-၅၀ ခန့်မှသည် အမည်လွှဲလုပ်ငန်း ရင်းနှီးပိုင်ဆိုင်မှု၊ ပြည်ပတိုင်းပြည်ရှိ ဘဏ်စု ဆောင်းမှုနှင့် ရင်းနှီးမြှုတ်နှံမှု တို့အထိအဂတိ လိုက်စားရယူမှုတို့မှာမူ အထောက်အထား အတိအကျနှင့် အရေးယူနိုင်လိမ့်မည် မဟုတ် ပေ။
အဆိုပါအဂတိလိုက်ပိုင်ဆိုင်မှုများမှာ ဌာနအကြီးအကဲအချို့နှင့်ပြည်ထောင်စုဝန်ကြီး အချို့ထံတွင် ရှိနေပါသည်။
မဖြစ်မနေဖေါ်ထုတ်ရမည်ဆိုပါကမြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် စစ်ထောက်လှမ်းရေး ကျင့်သုံးသည့် စစ်ကြောရေး စနစ်မျိုးဖြင့် စစ်ဆေးမေးမြန်းမှ သာပင် ဖေါ်ထုတ်၍ ရမည့်သဘောဖြစ်နေပါသည်။
နီးစပ်ရာမျက်မြင်သိရှိရသောဌာနအချို့ရှိဌာနအကြီးအကဲများနှင့် ပြည်ထောင်စုဝန်ကြီး အချို့ဧ။် အဂတိလိုက် စားမှုများ ဥပမာ အနေဖြင့်ပြောပြရပါက မြစ်ဆုံမြစ်ဝှမ်း စီမံကိန်းများ နှင့်သောက်ရေ ခပ်စီမံကိန်းတို့အတွက်အေးရှားဝါးလ် ဦးထွန်းမြင့်နိုင် ထံမှလျှပ်စစ်(၁) ဝန်ကြီး ဦးဇော်မင်း အမှန်တကယ်အဂတိလိုက်စား ကော်မရှင် လာဘ်ယူခဲ့သည်။
ဝန်ကြီးဌာနဝန်ထမ်းများအားလုံးသိရှိကြသည်။အစိုးရအဖွဲ့ဝန်ကြီးများအားလုံးသိရှိကြ သည်။
သမ္မတကြီးလည်းသိရှိပါသည်။
ဒါကိုဘာအထောက်အထား တိတိကျကျ လိုချင် ပါသေးလဲ? ပေးကမ်းပါတ်သက်ထားသည့် အများမြင်နိုင်သည့် ရုပ်ဝတ္ထုများသည် အပေါ် ယံကြော အပဟိက လက်ဆောင်များသာဖြစ်သည်။
လုပ်ငန်းတန်ဘိုး ရာခိုင်နှုန်း ကော်မရှင် လာဘ်လာဘ များသည် ကားတစ်နေရာသို့လူမသိ သူမသိ စီးဆင်းသွားပေ သည်။
မည်သူသိနိုင်မည်နည်း? ကာယကံရှင်(၂)ဦးသာသိပါမည်။
ဦးအောင်ဇော်နိုင်HTC T၊ဦးနေအောင်IGE ၊ ဦးခင်မောင်ဝင်း MSP မင်းအနော်ရထာ ဦးခိုင်ဦး၊ ဧဟင်္သာ ဦး ရဲမင်းအောင် စသောပုဂ္ဂိုလ်များနှင့် တရုပ်ကုမ္ပဏီ များစွာတို့ဧ။် ဥက္ကဌများ (၂)ဦးချင်း တွေ့ ဆုံအဂတိပြု လက်ခံ၍ မမြင်ကွယ်ရာ တွင်စီးဆင်း မြှုတ်နှံထားပြန်သေးသည်။
မည်သူသိနိုင်မည်နည်း?
ကာယကံရှင်များကိုရိုက်နှက်နှိပ်စက်စစ်ကြောမေးမြန်းရုံသာ နည်းလမ်း ရှိတော့ပေမည်။
ဒါတွေကိုမည်သို့ဖော်ထုတ်နိုင်ပါတော့မည်နည်း။

ရေအားလျှပ်စစ်စီမံကိန်းကြီးများအားလုံး MOU,MOA အဆင့်မှသည် ကန်ထရိုက်ချုပ် ဆိုဆောင်ရွက်ခွင့် ပေးသည်အထိ လုပ်ငန်းစဉ်အဆင့် အလိုက် ပြည်တွင်း လုပ်ငန်းရှင် များနှင့် တရုတ်နိုင်ငံခြားသားများထံ ကော်မရှင်အကျိုးအမြတ်များအား လျှပ်စစ်(၁) ရေအား လျှပ်စစ်စီမံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးမှ ၎င်းအတွက်ခွဲတမ်းရော၊ ဝန်ကြီးဦးဇော်မင်း အတွက်ခွဲတမ်းရော အဂတိပြုလက်ခံခဲ့သည်။
မည်သည့်အထောက် အထားဖြင့်မည်သို့ဖေါ်ထုတ်မည်နည်း?
ယခင်မဆလခောတ်ကလို စသုံးလုံးလိုက်၊ ရှောင် တခင် စစ်မလား?
ရဲတပ်ဖွဲ့မှပြည်သူတွေအပေါ်ပြုမူသလို ရိုက်နှက်စစ်ဆေးဖေါ်ထုတ် မလား?
လျှပ်စစ်(၁)အတွက်ဇစ်မြစ်အထိလိုက်လံဖေါ်ထုတ်ပါက ဧဒင်ဦးချစ်ခိုင်၊ ထူး ဦးတေဇတို့ အထိမလွတ်ပါချေ။
ခက်သည်က အောက်ခြေဝန်ထမ်းများ အဂတိလိုက်စား မှုကိုလွယ်ကူစွာ ဖော်ထုတ်နိုင်သော်လည်း ဌာနအကြီးအကဲနှင့် ပြည်ထောင်စု ဝန်ကြီး အဆင့်များဧ။် အဂတိလိုက်စားမှုကိုမူ ဖေါ်ထုတ်ရန်ခက်ခဲနေပေသည်။
သမ္မတကြီးဧ။် ဥာဏ်ရည်ဥာဏ်သွေးနှင့်တွေးခေါ်ဆင်ခြင်တုံတရားပေါ်တွင်သာ များစွာတည် နေပေ တော့သည်။
လျှပ်စစ်(၂)ဝန်ကြီးဌာနတွင်လည်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်မှ ဦးဇော်မင်း နည်းတူလက်အောက်ငယ်သား အခွင့်အရေး သမားတစ်သိုက်နှင့် ဌာနကြီးအားသွန်လို သွန်မှောက်လို မှောက် လုပ်ခဲ့ကြပြီး နိုင်ငံတော်က ချပေးသည့် ဘတ်ဂျက်သည် ထုံးစံ အတိုင်း လက်ချိုးရေလို့ရသည့် ဒီကုမ္ပဏီကြီးများ အတွက်သာဖြစ်ခဲ့သည်။
ဝန်ကြီးဌာန အတွင်းဝန်ထမ်းအဆင့်ပေါင်းစုံတက်ညီလက်ညီ အဂတိပြုခဲ့ကြသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနရောက်ပြန်တော့လည်း ကုမ္ပဏီကြီးများနှင့် လက်ဝါးရိုက်ပြန်သည်။
အခြား ဝန်ကြီးများအဆိုအရ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေဧ။် အရှိန်ဖြင့် ဦးဇော်မင်းနှင့် ဦးခင် မောင်မြင့်အား မည်သူမှမထိရဲဟု ဆိုသည်။


လျှပ်စစ်(၂)ဝန်ကြီးဦးခင်မောင်စိုးလက်ထက် ရောက်တော့လည်း ယခင်ဝန်ကြီး ဦးခင်မောင်မြင့်ဧ။် အမွေကိုတစ်သွေ မသိမ်း လိုက်နာခဲ့ သည်။
အရည်အချင်းမရှိ လုပ်ငန်းနားမလည်သည့်အပြင် ပွဲစားများအလိုကျ အတိုင်း စီမံကိန်းလုပ်ငန်းကြီးများတွင် ရက်ရောစွာဖြင့် ကန်ထရိုက်တာကြီးများ အလိုကျ လက်ခံ ပြီး အဂတိမှုများကို မမြင်ယောင်ဆောင် နေခဲ့သည်။
ဘတ်ဂျက်တွေရသမျှအကုန်သုံးနေ သော်လည်း လျှပ်စစ်(၁)မှထုတ်ပေးလိုက်သည့်ဓါတ်အားကိုပင် အပြည့်အဝ လက်ခံနိုင် ခြင်းမရှိ၊
ပြည်သူကိုလည်းမဖြန့်ဖြူးနိုင် ဌာနမှာ တစ်စတစ်စဆုတ်ယုတ်လာသည်။

နေပြည်တော်စည်ပင်၊မြို့တော်ဝန် သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်နှင့် လက်အောက် စစ်ဘောင်းဘီချွတ် တပည့်သားမြေး အခွင့်အရေးသမား များမှာလည်း နေပြည်တော်မြို့ တော်ကြီးမှာ ၎င်းတို့ဧ။် စားကျက်ကြီးသဖွယ် အပိုင်စား ယူထားလျှက် အဂတိမှုများကို ညီညီညွတ်ညွတ် လိုက်စားနေကြသည်။
နေပြည်တော်ရှိနေရာ ကောင်းမြေများအား မိမိကိုယ်ပိုင်ပစ္စည်းများကဲ့သို့ အကွက်ဖေါ်ပြီး သည်နှင့် မိမိတို့ဝန်ကြီးအချင်းချင်းချပေး ပြီး တစ်ဆအမြတ်ဖြင့် ရောင်းစားကြသည်။
ဇီဝကဆေးဆိုင်ခန်းများ၊အခြားဈေးဆိုင်များ လည်းအလားတူပင်။
မြေကွက်များကို အကြိမ်ကြိမ် ဖော်ထုတ်တိုင်း မိမိတို့ဝန်ကြီးများ ကုမ္ပဏီကြီးများကို မိမိတို့အချင်းချင်း အကြိမ်ကြိမ်ခွဲတမ်းချပေးသည်။
ပြည်သူများ အတွက်မူ စည်ပင်ဝန်ထမ်းအဆင့်ဆင့်အတွက် တန်ဘိုးတစ်ဆ ဆောင်းပေးရသည်။
စည်ပင်ဌာနတွင်အောက်ခြေကလည်းအပေါ်အကြီးအကဲကို ကြည်ညိုသည်၊
ကြေနပ် သည်။အပေါ်အကြီးအကဲကလည်းအောက်က လုပ်ရပ်ကိုခွင့်ပြုထားသည်။
အခြားဌာန ကဲ့သို့အသံအထွက်၍အဂတိမှုမရှိသကဲ့သို့ အပေါ်ယံသုံးသပ်၍ရသည်။
သို့သော်နိုင်ငံဧ။် အထင်ကရအဓိပတိမြို့တော်ကြီး နေပြည်တော်အတွက်မူ အလားအလာ မကောင်းပေ။
အမင်္ဂလာများရှိနေပေသည်။အထူးသဖြင့် customer ဝန်ထမ်းပြည်သူတွေဧ။် မေတ္တာများ များစွာစူးနစ်နေသည်ဟု သုံးသပ်ရပေသည်။
ပြည်သူတွေထံမှသိမ်းဆည်းထားသော၊ ပြည်သူတွေထံအကွက်ရိုက်ရောင်း ချထားသော မြေကွက်များတွင် ကြေညာခဲ့ သည့်ဂတိ ဂဝတ်များအတိုင်း ဖြည့်ဆည်းပေးမှုမရှိခြင်း၊
ပြည်သူများအပေါ်အခွန်အခများကောက်ခံ နေသော်လည်းပြည်လည်ဖြည့်ဆည်း ပေးရမည့် ဝန်ဆောင်မှုများ မရှိခြင်း၊
ယုတ်အစွဆုံး သမ္မတကြီးမှစ၍ ဝန်ထမ်းများ၊ပြည်သူများ အားလုံးသွားလာ နေသည့် အဓိကလမ်းများကို တောင် ပြည်ဆင်ဖာထေးမှု မရှိဘဲ အဂတိပြု၍ ရရာရကြောင်းကိုသာ ရှာဖွေဖန်တီး နေကြ သည်ကိုတွေ့မြင်ရပေသည်။
သို့ပါ၍ အစိုးရအောက်ခြေဝန်ထမ်းများမှစ၍အဆင့်ဆင့် အကြီးအကဲများ အထိ အဂတိလိုက်စားမှု ကင်းရှင်းစေလိုပါလျှင် သမ္မတကြီးအမိန့်ရှိသည့် အတိုင်းအောက်ခြေ ဝန်ထမ်းများကို ဖော်ထုတ်အရေး ယူရုံဖြင့်ပပျောက် မသွားနိုင်ပါ။

ဝန်ထမ်းများအားလုံးနှင့် ဌာနတစ်ခုလုံးကိုပါလေ့ကျင့် ဖျက်ဆီးပေးထားသည့် ကိုယ်ကျိုး ကြည့်အတ္တသမား ပြည်ထောင်စ ဝန်ကြီးအချို့ကိုဦးစွာအရေးယူ ပြောင်းလဲဖယ်ရှားသင့်ပါ ကြောင်း သမ္မတကြီးနှင့် တစ်ကွ တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ် အေးချမ်းရေး ကော်မ တီတို့ကိုလေးနက်စွာ တင်ပြလိုက်ရပါသည်။
အကြီးတန်းအရာရှိတစ်ဦး၊နေပြည်တော်
-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။