ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရန်ကုန်တိုင်း ဒေသကြီး
တာဝန်ခံ ရာထူးကို ဦးအောင်သိန်းလင်းထံမှ ဦးမောင်မောင်သိမ်းက လွှဲပြောင်း
ရယူခဲ့ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း
ရန်ကုန်တိုင်း ဒေသကြီးမှ အမှုဆောင်တစ်ဦးက ပြောကြားခဲ့ပါသည်။
"ရန်ကုန်တိုင်း တာဝန်ခံ ရာထူးကို ဦးအောင်သိန်းလင်းဆီကနေ
ဦးမောင်မောင်သိမ်းက လွှဲပြောင်း တာဝန်ယူလိုက်တာပါ။ မနေ့က ပြည်ခိုင်ဖြိုး
ရန်ကုန်ရုံးမှာ တိုင်း၊ မြို့နယ်၊ ခရိုင်က အမှုဆောင်တွေကို ဖိတ်ကြားပြီး
တာဝန် လွှဲပြောင်းတာကို အသိပေးပါတယ်။ ဒီနေ့မှာလည်း တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်ကို ခေါ်ယူပြီး ပြောပြခဲ့ပါတယ်" ဟု ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ရန်ကုန်တိုင်းဒေသကြီး) မှ အမှုဆောင်
တစ်ဦးက ပြောပါသည်။ ဦးအောင်သိန်းလင်းအား ပြည်ထောင်စု
ကြံ့ခိုင်းရေးအသင်း (ရန်ကုန်တိုင်း ဒေသကြီး) ၏ တိုင်းတာဝန်ခံအဖြစ်မှ
ပြောင်းရွေ့လိုက်သော်လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင်မှု ဆက်လက်ထားရှိဆဲ
ဖြစ်ကြောင်း သိရပါသည်။ ဦးအောင်သိန်းလင်းနေရာ၌ လွှဲပြောင်း တာဝန်ရယူခဲ့သည့်
ဦးမောင်မောင်သိမ်းသည် ယခင်အစိုးရလက်ထက်က မွေးမြူရေးနှင့် ရေလုပ်ငန်း
ဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါသည်။ |
Comments
ဘာပဲပြောပြောတရုတ်သတင်းစာမှာတော့ မြန်မာအစိုးရက
မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မှာပဲ ဆိုတာမျိုးဖြစ်သွားပြီ..
အဲတော့ အောင်သိန်းလင်း... သေသေကျေကျေ... ဠင်းတပဲဆွဲဆွဲ စိတ်မဝင်စားပါ...
အဲခွေးပါးစပ်က ထွက်သောစကားမမှန်ပါဆိုတဲ့ တရားဝင် ဖြေရှင်းချက်မျိုးသာ ကြားချင်ပါတယ်...
(၂)ဗဟိုအလုပ်အမှူဆောင်၊ တိုင်းဒေသကြီးတာဝန်ခံ... ဒီရာထူးတွေနဲ့ ပြည်သူတွေကို ကြည်ဖြူသည်ဖြစ်စေ မကြည်ဖြူသည်ဖြစ်စေ ဦးဆောင်စေခဲ့ပြီး အခုစကားတွေထွက်မှ ပါတီနဲ့မဆိုင်ဘူးဆိုရင် ကြံ့ဖွံ့တွေလွှတ်တော်ထဲမှာမရှိသင့်တော့ဘူး..
(၃)နေရာ change ရုံနဲ့ပြီးသွားပြီလား...
ဧရာဝတီ ကို ဖျက်ဆီး တဲ့ ပေါ်လစီ ရှိသူမှန်သမျှ အကယ်၍ ဒီချုပ်ပင် ဖြစ်ပါစေ အခြေအနေ မကောင်းနိုင်ပါဘူး..
မြန်မာပြည်သူအားလုံးနီးပါး က ဧရာဝတီ ပျက်ဆီး သွားမှာ အရမ်းစိုးရိမ် ကြတယ်..
လုပ်မယ်မထင်ဘူး....
ကြည့်နေ....
မျက်နှာပြောင်တိုက်ပြီး.....လူကြားထဲလျှောက်သွားအုံးမှာ....
(သိနိုင်ဘူးလေ.. စိတ်တွေဘာတွေ ကရောင်ကယက်ဖြစ်ပြီး လုပ်မိလုပ်ရာများ လုပ်လိုက်လေမလားလို့...)
ပြန်ပေးပြန်ပေး..... ငါ့ဟာ ပြန်ပေး ..........
မပေး..ပေး... ပေး..ပေး... ငါ့ဟာ ပြန်ပေး ..........
မာမူတို့ ကယ်ကြပါ... ဘိုင်ကြီးတို့..ကယ်ကြပါ..
ရှိဖော်ကြီးတို့... အတယ်ကြီးတို့လဲ ကြည့် မနေကြပါနဲ့.. ကယ်တော်မူကြပါ......
ပြည်သူကိုစော်ကားသော ထို...ဦးအောင်သိန်းလင်းအားပါတီတွင်းရာထူးနေရာသာမက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားပေးရန်ပါ တောင်းဆိုပါသည်။