Sunday, August 5, 2012

ဘဏ်ခွဲအများဆုံး ဖွင့်ထားသော ကမ္ဘောဇဘဏ်မှ ပြည်တွင်း ငွေလွှဲခနှုန်းထား သုံးပုံတစ်ပုံလျှော့ချ


ဘဏ်ခွဲအများဆုံး ဖွင့်ထားသော ကမ္ဘောဇဘဏ်မှ ပြည်တွင်း ငွေလွှဲခနှုန်းထား သုံးပုံတစ်ပုံလျှော့ချ  

Sunday, 05 August 2012 11:15
မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဘဏ်ခွဲအများဆုံး ဖွင့်ထားသော ပုဂ္ဂလိကဘဏ် ဖြစ်သည့် ကမ္ဘောဇဘဏ် မှ မြို့၁၁ မြို့ရှိဘဏ်ခွဲများမှ လွဲ၍ ကျန်ဘဏ်ခွဲများ၏ ငွေလွှဲနှုန်းထားများကို သုံးပုံတစ်ပုံ လျှော့ချပေးခဲ့ကြောင်း ကမ္ဘောဇဘဏ် တာဝန်ရှိသူ များထံမှ သတင်းရရှိပါသည်။ “သြဂုတ်လ ၁ ရက်နေ့ကစပြီး လျှော့ချပေးခဲ့တာပါ။ တစ်နိုင်ငံလုံး မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ အချင်းချင်း လွှဲပို့ရင် အရင် ကျပ်တစ်ရာကို ၁၅ ပြား ယူတာကနေ အခု ကျပ်တစ်ရာကို ၁၀ပြားပဲ ကျသင့်တော့မှာဖြစ်ပါတယ်။ တခြားဘဏ်ကနေ လွှဲရင်တော့ အရင်နှုန်းထားအတိုင်း ပါပဲ” ဟု ကမ္ဘောဇဘဏ် တာဝန်ရှိသူတစ်ဦး က ပြောကြားပါသည်။
မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်သွားလာရ ခက်ခဲသော မြို့များမှာ အခြားမြို့များထက် ယခင်ကတည်းက ငွေလွှဲခနှုန်းထားမြင့်မား လျက်ရှိသည်။ ထိုမြို့များအနက် မူဆယ်၊ မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ မြစ်ကြီးနား၊ ထား ၀ယ်၊ ကျိုင်းတုံမြို့များရှိ ဘဏ်ခွဲများ မှ ငွေလွှဲခနှုန်းထားများကို ယခင်က အတက် ပြား၂၀၊ အဆင်း ၁၅ ပြား ရယူရာမှ ယခုအတက် ၁၅ ပြား၊ အ ဆင်း ၁၀ ပြားသာ ရယူတော့မည်ဖြစ်ကြောင်း၊ ဖားကန့်မြို့ဘဏ်ခွဲမှ ယခင် အတက်ပြား ၅၀၊ အဆင်းပြား၂၀ ရ ယူရာမှ ယခု အတက်ပြား ၅၀၊ အ ဆင်း ၁၅ ပြားငွေလွှဲခကောက်ခံသွား မည်ဖြစ်ပြီး မောင်တောမြို့ဘဏ်ခွဲမှ ယခင် အတက်ပြား ၄၀၊ အဆင်းပြား ၂၀ ကောက်ခံရာမှ ယခုအတက်ပြား ၄၀၊ အဆင်း ၁၅ ပြားသတ်မှတ် ထားကာ ဗန်းမော်မြို့ဘဏ်ခွဲမှ ယခင် အတက် ပြား၄၀၊  အဆင်းပြား ၂၀ ကောက်ခံရာမှ ယခုသြဂုတ်လ ၁ ရက် နေ့မှစ၍ အတက်ပြား ၂၀၊ အဆင်း ၁၅ပြားနှုန်းသာ ကောက်ခံတော့မည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ ကြေညာချက် ထုတ်ပြန်ထားပါသည်။
ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံးဖွင့်လှစ် ထားသောဘဏ်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင်း ဘဏ်ခွဲပေါင်း ၇၀ ကျော်ဖွင့်လှစ်ပြီးဖြစ်သည်။ ယင်း ဘဏ်သည် ပြည်တွင်းလက်လီ၊ လက်ကား ဘဏ်လုပ်ငန်းများ၊ နိုင်ငံခြား ဘဏ်လုပ်ငန်းများနှင့် ပြည်ပငွေလွှဲ အ၀င်လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသော ဘဏ်တစ်ခု ဖြစ်ပါသည်။
ယခုအခါတွင် လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် အချို့တွင်ပါ L\C ဖွင့်ခွင့်အား ဗဟိုဘဏ်မှ ခွင့်ပြုပေးထားကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။