Sunday, August 5, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ တွေ့ဆုံခဲ့ပြီး နိုင်ငံ၏စီးပွားရေး၊ တိုင်းရင်းသားအရေးနှင့် မီဒီယာကိစ္စရပ်များ ဆွေးနွေးခဲ့


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ တွေ့ဆုံခဲ့ပြီး နိုင်ငံ၏စီးပွားရေး၊ တိုင်းရင်းသားအရေးနှင့် မီဒီယာကိစ္စရပ်များ ဆွေးနွေးခဲ့  
Saturday, 04 August 2012 18:40
7442
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံရေးပါတီ ၁၄ ပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနေစဉ်
(ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်  နိုင်ငံရေးပါတီ ၁၄ပါတီတို့သည် သြဂုတ်လ ၄ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံ၏ စီးပွားရေး၊ တိုင်းရင်းသား အရေးနှင့် မီဒီယာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 
နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ၁၄ ပါတီနှင့် တက်ရောက်ခဲ့သူများမှာ  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦးနှင့် ဦးစိုင်းညွန့်လွင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေနှင့် ဦးသိန်းထွန်း၊ ကရင်ပြည်သူ့ပါတီမှ ဦးစောထွန်း အောင်မြင့်၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ဦးသိန်းညွန့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဦးထွန်းအောင်ကျော်၊ မွန်ဒီမိုကရေစီပါတီမှ ဦးမင်းကျော်ဝင်း၊ ဇိုမီးတိုင်းရင်းသားများ ကွန်ဂရက်ပါတီမှ ဦးတင်ခန်းလျန်၊ ချင်းတိုးတက်ရေးပါတီမှ ဦးလိုထန်းခက်၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီမှ ဦးကောင်းမြင့်ထွဋ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးအောင်မျိုးဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဦးနေ၀င်းထွန်း၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်နှင့် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်မှ ဦးတင်ဝင်းတို့ ဖြစ်ကြောင်း သိရသည်။ 
"သမ္မတကြီး ပြောသွားတာကတော့ ကျွန်တော်တို့ရဲ့ အမျိုးသားဝင်ငွေကို ဒေါ်လာသုံးထောင် ဖြစ်စေချင်တယ်။  အဲဒါနဲ့ပတ်သက်လို့ ဆက်စပ်နေတာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေပဲ။ စီးပွားရေး ပိတ်ဆို့မှုတွေ ရပ်တန့်မယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်ဆိုရင် ဖြစ်လာနိုင်မယ်။ ဥပမာအားဖြင့် ကမ္ဘောဒီးယားမှာ အထည်ချုပ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လူ ၂သိန်းလောက် အလုပ်အကိုင်ရကြတယ်။ အဲဒါလေးတွေ ပြောသွားတယ်"ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူ အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဌ ဦးသိန်းညွန့်က ပြောပါသည်။ ထို့ပြင် နိုင်ငံတော်သမ္မတက နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလည်း လုပ်နိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများကလည်း အားလုံးပူးပေါင်းလုပ်ဆောင်ပြီး အကြံဥာဏ်များ ပေးနိုင်ကြောင်း၊ အဆိုပါ အကြံဥာဏ်များကိုလည်း လေးလေးနက်နက်ဖြင့် အစိုးရအဖွဲ့မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။ 
 ဦးသိန်းညွန့်က "ကျွန်တော် အဓိကတင်ပြတာကတော့ မီဒီယာတွေ ကိစ္စပါ။ လျှပ်တစ်ပြက်၊ The Voice  ဂျာနယ်တွေကို တရားစွဲတဲ့ ကိစ္စတွေနဲ့ အခု  The Voice  ဂျာနယ် နဲ့ Envoy  ဂျာနယ်တွေကို ပိတ်ပစ် တာမျိုးတွေပေါ့။ အဲဒါတွေက မဖြစ်သင့်ဘူး။ စတုတ္ထမဏ္ဍိုင်ကို သမ္မတကြီးက အသိအမှတ်ပြုထားတဲ့ အချိန်မှာ ဒီလိုလုပ်တာက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အထောက်အကူမပြုတဲ့အပြင် ထိခိုက်နိုင်တယ်။ ဒါတွေကြောင့် ချက်ချင်း၊ အမြန်ဆုံးနဲ့ ဖြစ်နိုင်ရင် ပြုပြင်ပြောင်းလဲမှုအတွက် မဖြစ်သင့်တဲ့ တရားစွဲတာတွေကို ရပ်ဆိုင်းပေးဖို့၊ ပိတ်ထားတာတွေကို ပြန်ဖွင့်ပေးဖို့ အဲဒါတွေ ပြောခဲ့ပါတယ်။ သမ္မတကြီးက ပြန်ပြောတဲ့အခါမှာတော့ မီဒီယာတွေရဲ့ စတုတ္ထမဏ္ဍိုင်ကို အသိအမှတ်ပြုတယ်။ အခြေခံဥပဒေမှာပါတဲ့ လွတ်လပ်ခွင့်ကို ယူတဲ့အခါမှာ တာဝန်ယူမှု၊ တာဝန်ရှိမှုလည်း ခံယူရမယ်။ တည်ငြိမ်မှု ကို မထိခိုက်စေဘဲနဲ့ နိုင်ငံတော် လုံခြုံရေးကို မထိခိုက်စေဘဲနဲ့ ဟန်ချက်ညီညီ လုပ်သွားမယ်ဆိုရင် မီဒီယာကိစ္စတွေဟာ ပြေလည်သွားမှာပါလို့ ပြောခဲ့ပါတယ်" ဟု ပြောပါသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ တက်ရောက်ခဲ့သူ ပါတီ ဒုတိယခေါင်းဆောင် ဦးစိုင်းညွန့်လွင်က "ကျွန်တော်တို့က သုံးခု ဆွေးနွေးတယ်။ ပထမတစ်ချက်က နောင်လာမယ့်နှစ်တွေမှာ သန်းခေါင်စာရင်း ကောက်တဲ့အခါ အိမ်နီးချင်း နိုင်ငံတွေက လူမျိုးတွေ ခိုးဝင်နေတာ တွေရှိတယ်။ အဲဒီအချိန်မှာ ကောက်ရင် သူတို့က သန်းခေါင်စာရင်းထဲပါပြီး တိုင်းရင်းသားအစစ်တွေက ကျန်ခဲ့မှာကို စိတ်ပူတယ်။ အဲဒါကို ကာကွယ်ပေးဖို့နဲ့ အဲဒီအချိန်မှာ ပြည်ပရောက်နေတဲ့ သူတွေကို ပြန်လာခွင့်ပေးဖို့ပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ကတော့ သမ္မတကြီးက အကာအကွယ်ပေးမယ်။ သန်းခေါင်စာရင်းကောက်တာ က မြန်တယ်။ ဒါပေမယ့် ပြင်ဆင်ရတာက များတယ်။ နည်းပညာ လိုတယ်။ နိုင်ငံခြားက အကူအညီတွေ လိုတယ်လို့ ပြောတယ်။ ဒုတိယ အချက်ကတော့ ရှမ်းပြည်နယ်မှာ ပြည်ထောင်စုအဆင့်အထိ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးပေမယ့် ထိတွေ့မှုတွေ ရှိနေတယ်။ အဲဒါတွေမဖြစ်အောင် ကျွန်တော်တို့ကလည်း နိုင်တဲ့သူတွေကိုပြောမယ်။ သမ္မတကြီးဘက်ကလည်း ပြောပေးဖို့ပါ။ ဒါမှ ထာဝရငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားနိုင်မယ်ပေါ့။ အဲဒါကိုတော့ သမ္မတကြီးက ပြောတာကို သူလက်ခံတယ်။ တချို့ကိစ္စတွေက အောက်ခြေကအဖွဲ့တွေက သဘောမပေါက်သေးလို့ ဒီလိုဖြစ်ရတာပါ။ သူဆောင်ရွက်ပေးပါ့မယ်လို့ ပြောသွားပါတယ်။ နောက်တစ်ချက် ကျွန်တော်တို့ တင်တာကတော့ တိုင်းရင်းသားစာပေကိစ္စပါ"ဟု ပြောပါသည်။
ယခု လွှတ်တော်တွင် တင်ထားသည့် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းသည့်အခါတွင် အချက်အလက် စုဆောင်းသူအဖြစ် ပါဝင်ခွင့်ရလိုကြောင်း၊ အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း လွတ်လပ်သော ကော်မရှင်ဖြစ်စေရန် ကုမ္ပဏီများနှင့် ၀န်ကြီးဌာနများမှ ပါဝင်ခြင်းမရှိစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအောင်မျိုးဦးက ပြောပါသည်။
တွေ့ဆုံမှုတွင် နိုင်ငံတော် သမ္မတနှင့် အတူ စက်မှုဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ ပါဝင် ခဲ့ကြောင်း သိရသည်။

Comments 

+43 #7 naythurein 2012-08-05 00:00
ပြန်ကြားရေးဝန်ကြီးဌာနတစ်ခုလုံးကိုဖျက်သိမ်းပေးပါ
ပြန်ကြာရေးဝန်ကြီးတက်လုပ်နေတဲ့ဦးကျော်ဆန်းကိုတာဝန်မှ
အမြန်ဆုံးရပ်စဲလိုက်ပါ
ဒါမှ သမတ ရဲ့မှန်ကန်တဲ့ရဲရင့်တဲ့လုပ်ရပ်ကိုပြည်သူ
ပိုထောက်ခံလာပါလိမ့်မယ်၊ အယင်အာဏာရှင်တွေသုံးတဲ့လှုံခြုံရေး၊
လှုံခြုံရေးဆိုတဲ့စကားလုံးကိုပြည်သူတွေကြားထဲမှာမသုံးပါနဲ့
နားကြားပြင်းကပ်လွန်းလို့ပါ၊
အဲဒီနိုင်ငံတော်လှုံခြုံရေးဆိုတာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ
အမှန်တကယ် လိုအပ်နေတဲ့နေရာပါအဲဒီလှုံခြုံရေးကိုသမတတို့ရဲ့
အယင်နဲ့လက်ရှိအစိုးရရဲ့ နစခ ၀န်ထမ်းကြီးငယ်တို့ကိုယ်တိုင်
ကိုယ်ကျိုးအတွက်လာဘ်အကြီးအကျယ်စားပြီးချိုးဖေါက်ခဲ့
ကြလို့ နိုင်ငံတော်ရဲ့အနောက်ဘက်တံခါးကျိုးပေါက်သွားရ
တာပါ၊နိုင်ငံတော်လှုံခြုံရေးကိုတကယ်တမ်း ကာကွယ်ချင်
တယ်ဆိုယင် ဒီနစခ ၀န်ထမ်းတွေအားလုံးကိုစစ်ဆေးပြီး
ပြစ်မှုထင်ရှားယင် သေဒဏ်ပေးလိုက်ပါ။ ဘာလို့လဲဆိုတော့
ဒါဟာနိုင်ငံတော်တစ်ခုလုံးနဲ့ဆိုင်တဲ့အရေးကြီးတဲ့လှုံခြုံရေး
ဖြစ်လို့ဘဲ၊ ပြီးယင် အနောက်မြောက်ဘက်တံခါးပေါက်ကို
ကျိုးပေါက်စေတဲ့ဝန်ထမ်းကြီးငယ်မှန်သမျှကိုလဲအလားတူ
စစ်ဆေးဖေါ်ထုတ်ပြီးမှတ်သားလောက်အောင်နောက်လူတွေ
နောင်ကြဉ်သွားအောင်ဆုံးမပြစ်ဒဏ်ပေးပါ၊
အဲဒါမှလှုံခြုံရေးကိုကာကွယ်မှုအစစ်အမှန်ဖြစ်ပါတယ်
သမတကိုပြည်သူတွေကမျက်စိဒေါက်ထောက်ကြည့်နေတယ်
ဆိုတာမမေ့ပါနဲ့၊ဘာမဟုတ်တဲ့ ဂျာနယ်အရေးအသားတွေက
နိုင်ငံတော်လှုံခြုံရေးကိုမထိခိုက်ပါဘူး အဲဒါ အာဏာရှင်တွေ
ကြောက်လို့သုံးတဲ့စကားလုံးတွေပါ၊ဦးကျော်ဆန်းလုပ်ရပ်ဟာ
ပြည်သူတစ်ရပ်လုံးကိုရန်စတာနဲ့အတူတူဘဲ၊ပြည်သူတစ်ရပ်လုံး
ကိုစော်ကားလိုက်တာနဲ့အတူတူပါဘဲ၊ဒါကြောင့်ပြည်သူကလုံးဝ
မလိုလားတော့တဲ့သူ့ကိုသမတရဲ့ အစိုးရအဖွဲ့ထဲမှအမြန်ဆုံး
ရှင်းလင်းဖယ်ရှားလိုက်တာအကောင်းဆုံးပါ။
 +24 #6 exodus88 2012-08-04 23:58
just talk, no work
  +43 #5 koswarkyal 2012-08-04 23:11
သမ္မတကြီးလည်းအရင် အာဏာရှင်တွေလိုပဲ လုံခြုံရေးဆိုတာကြီးကိုရှေ့တန်းတင်တာသဘာဝမကျပါ။ မီဒီယာဆိုတာတာဝန်မယူတဲ့မီဒီယာမရှိပါဘူး။ တာဝန်မယူရင် လူထုကဒဏ်ခတ်တာပါပဲ။ ဘယ်သူမှမယုံဘူး။ သြဇာမရှိဘူး။ ဒါပေမဲ့ လုံခြုံရေးတာဝန်ယူရမယ် တို့ ဘာတို့က အာဏာရှင်တွေရဲ့ လက်သုံးစကားပါ။ ဒီမိုကရေစီလိုလားတယ်ဆိုရင်သမ္မတကြီးအပေါ်ယံတွေမလုပ်ပါနဲ့။ လုံခြုံရေးဆိုတာ အရင်အာဏာရှင်တွေရဲ့ လုံခြုံရေးလား လာဘ်ပေးလာဘ်ယူကိစ္စတွေလားရှင်းရှင်းပြောပါ။ ပြန်ကြားရေးနဲ့စီစစ်ရေးကပြောတယ် တဲ့ အခုဝန်ကြီးဌာနတွေကတရားစွဲတာတွေဟာ သမ္မတရုံးကလာတာပါတဲ့။ သူတို့ကဓါးစာခံပါတဲ့။ The Voice ကလည်း သမ္မတကြီးအကြံပေး ဦးလှမောင်ရွှေတို့ ဦးတင်မောင်သန်းတို့ Egrass ကရှယ်ယာပါတာပါ။ ၀န်ကြီးအပြောင်းအရွှေ့သတင်းက ဦးအောင်မင်းတို့ ဦးစိုးသိန်းတို့ဆီကရတာပဲမဟုတ်လား။ သတင်းမထည့်စေချင်ရင် ကိုယ့်တာကိုယ်လုံအောင် လုပ်ပေါ့။ အခုကျမှဇာတ်ထတိုက်ပြီး ထောင်ချောက်ဆင်ထားတာ၊ အခုတော့ထင်သလိုဖြစ်မလာတော့ဘူး။ သမ္မတကြီးနဲ့ သမ္မတရုံးကိုအ ကြံပေးချင်ပါတယ်။ မီဒီယာတွေကို ရိုးရိုးသားသားရှင်းရှင်လင်းလင်းးဆက်ဆံပါ။
အစိုးရကမျက်နှာ၂မျိုးနဲ့ဆကိဆံတာမကြိုက်ဘူး။ NLD ၊ နိုင်ငံရေးပါတီတွေကိုရွေးကောက်ပွဲကော်မရှင်ရဲ့လက်အောက်ခံ၊ ဂျာနယ်တွေဆိုရင် စီစစ်ရေးရဲ့လက်အောက်ခံ အဖြစ် သဘောထားပြီး ဟိုသတိပေး၊ဒီသတိပေး တရားတွေထစွဲတာမလုပ်ပါနဲ့။သတင်းမီဒီယာတွေက အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့မဟုတ်တာကို ဟုတ်အောင်တွန်းမပို့ပါနဲ့။ သမ္မတကြီးရဲ့အစိုးရအဖွဲ့ဝင်တွေအားလုံးကလည်း အပြစ်တွေနဲ့ချည်းပဲနော်။ အခုထိလည်းမပြောင်းသေးဘူး။ သမ္မတကြီးကိုယ့်ရဲ့အနီးနားကကလူတွေအရင်ထိန်းပြီးမှ မီဒီယာတွေကို Rules တွေထုတ်ရင်မကောင်းဘူးလား။NLD ကိုတရားစွဲခိုင်းတာ သမ္မတကြီးတာဝန်မကင်းဘူး။ သမ္မတကြီးရဲ့မှန်ကန်မှုအတွက် ထောက်ခံသင့်တာတွေကို ထောက်ခံခဲ့ပေမယ့် နောက်တခါ ဒီလိုတွေထပ်လုပ်နေရင် သမ္မတကြီးတာဝန်ပဲ။ မီဒီယာတွေကလည်း တရားဝင်ရေးကြကန့်ကွက်ကြမှာပဲ။
 
+29 #4 khinmgu 2012-08-04 22:25
Quoting salamander:
NLDနဲ.ဘာလို.မတွေ.တာလဲ။
-------------------------
ရှက်လို့ တဲ့။

:lol:
 +38 #3 aungzawtun 2012-08-04 21:50
အစိုးရအဖွဲ့ဆိုတဲ့ (တစ်ယောက်မှကင်းတယ်လို့မထင်ရတဲ့) လက်တစ်ဆုတ်စာလေးနဲ့..၊
ခရိုနီတွေအတွက်ပဲ...အဖတ်ဆည်ပေးနေတယ်ဆိုတာ
သိသာ...ပါတယ်........၊
အခုလိုဖြစ်လာတာဟာ...
သူ့တာဝန်လဲ..လုံးဝမကင်းဘူးဆိုတာသေချာပါတယ်...၊
အခုလဲငြိမ်နေပါတယ်...
-------------------------------------------------
အမေစု ခရီးသွားနေစဉ် ပြန်ကြားဝန်ကြီးဌာနအနေနဲ့ ဘာမှ မဖော်ပြနိုင်သလိုနေလာခဲ့ပါတယ်.. ဒါပေမယ့် အမေစုက မြန်မာကို ဗမာလို့သုံးနှုန်းကိုကြတော့ အစိုးရသတင်းစာက ပလုံစီလို့ အသံထွက်လာပါသေးတယ်
ရှက်ဖို့တော်တော်ကောင်းပါတယ်(ပြောနေပါတယ် သတင်းအစုံအလင်ပါ တဲ့)
 
+57 #2 Spider Orchid 2012-08-04 20:59
[ကုလားကိစ္စဖြစ်ကတည်းက...ငြိမ်သက်နေတဲ့ဝန်ကြီးဌာနဟာပြန်ကြားရေးဝန်ကြီးဌာနဖြစ်ပါတယ်..
အခုအပိတ်ခံလိုက်ရတဲ့ the voice အပါအ၀င်....
ပြည်တွင်းမီဒီယာအချို့ဟာဆတ်ဆတ်ထိမခံပဲ..
ကိုယ့်အမျိုးသားရေးအတွက်တုံ့ပြန်နေချိန်မှာ..
ပြည်တွင်းမီဒီယာကြီးတွေက..
တစ်ဖက်နိုင်ငံတွေက..လိမ်လည်ရေးသားထားတဲ့သတင်းတွေကို....
.ကြေငြာချက်တွေထုတ်ပြီး..ပြတ်သားစွာစိန်ခေါ်တိုက်ခိုက်နေချိန်မှာ.......
တာဝန်အရှိဆုံး.......ဦးကျော်ဆန်းဟာ.
သူအပါအ၀င်လက်တစ်ဆုတ်စာ..ခရိုနီ+အစိုးရ၀င်အသစ်နဲ့အဟောင်းတွေရဲ့...
အကျိုးစီးပွားကာကွယ်ဖို့ကိုပဲရည်ရွယ်ပြီး........
.ပြည်တွင်းမီဒီယာတွေကိုပြန်လည်တိုက်ခိုက်ဖို့.စီစဉ်နေတာပါ
တချိန်တုန်းက.....
သူ့ကို.....မအေနှမကိုင်တုတ်ခါနီးအဆင့်အထိရောက်နေခဲ့တဲ့....
.ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေနဲ့ပလဲနံပသင့်အောင်..
အံ့သြလောက်ဖွယ်....လုပ်နေတာကလွဲရင်..
၊ရိုဟင်ဂျာအရေးမှာ.....ဘာမှမလှုပ်ရှားခဲ့ပါဘူး..
.သောက်ရှက်ကိုမရှိတာပါ..၊
..သူတာဝန်ထမ်းဆောင်စဉ်၊စစ်အာဏာရှင်လက်ထက်သူ့လက်သူ့ခြေကာလမှာတောင်..
သူ့မီဒီယာတွေကိုလူထုက..လုံးဝစိတ်မ၀င်စားတာပါ....အဲလောက်ကို ....
ထူးချွှန်တဲ့အရည်အချင်းပိုင်ရှင်ကျော်ဆန်းဖြစ်ပါတယ်..
မီဒီယာကလွပ်လပ်စွာရေးလို့ရလာလို့...
ကိုယ့်အစိုးရဆီကအပုတ်နံ့တွေကို....
ပြည်တွင်းမီဒီယာတွေပါးပါးလေးထည့်တာနဲ့တင်...
တကယ်ခံစားရတဲ့ပြည်သူက..သဘောပေါက်နေလေတော့...
.ပြည်တွင်းမီဒီယာတွေကအန္တရာယ်ပိုရှိလာတယ်လို့စဉ်းစားပြီး....
".ရန်တိုက်ပေးနေသည်၊သွေးထိုးနေသည်"လို့...
သူကိုယ်တိုင်ကြေငြာခဲ့တဲ့...
.ပြည်ပမီဒီယာတွေကို..သူကိုယ်တိုင်မာန်လျော့လို့....
ဆီပုလင်းလေးခါးချိတ်ပေးခဲ့ရပါတယ်.....၊
အခု...........ဂျာနယ်တွေပိတ်ဖို့ကျတော့...
ွှ့ပြန်လှုပ်ရှားလာပါတယ်...၊
ရိုဟင်ဂျာကိစ္စဗျောင်းဆန်နေတုန်းက...
ပြည်ပမီဒီယာတွေကတို့နိုင်ငံနဲ့တို့အစိုးရကို နိုင်ငံတကာမှာရှိတဲ့..
အစ္စလာမ်အသိုင်းအ၀ိုင်းနဲ့လှည့်ရန်တိုက်ပေးနေတုန်းက..
တို့ဆီကပြည်တွင်းမီဒီယာနဲ့ ပြည်သူတွေ..ပြည်ပမီဒီယာတွေကို..
ရှိသမျှအင်အားနဲ့..တုန့်ပြန်ပြောဆိုနေတုန်းက...
ကျော်ဆန်းဟာ..သေနေသလိုပါပဲ...၊
အမျိုးသားရေးနဲ့နိုင်ငံရေးအရ.
.နိုင်ငံတကာမှာမြန်မာဆိုတာ
ကိုအဖတ်ဆည်ဖို့အတွက်...
သူတာဝန်ယူဝန်ကြီုးလုပ်နေတဲ့......
့ပြန်ကြားရေးလုပ်ငန်းတွေနည်းစနစ်တွေနဲ့....လုပ်ရမဲ့အစား...
အစိုးရအဖွဲ့ဆိုတဲ့ (တစ်ယောက်မှကင်းတယ်လို့မထင်ရတဲ့) လက်တစ်ဆုတ်စာလေးနဲ့..၊
ခရိုနီတွေအတွက်ပဲ...အဖတ်ဆည်ပေးနေတယ်ဆိုတာ
သိသာ...ပါတယ်........၊
အခုလိုဖြစ်လာတာဟာ...
သူ့တာဝန်လဲ..လုံးဝမကင်းဘူးဆိုတာသေချာပါတယ်...၊
အခုလဲငြိမ်နေပါတယ်....၊
 +29 #1 salamander 2012-08-04 19:57
NLDနဲ.ဘာလို.မတွေ.တာလဲ။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။