ရွှေတိဂုံစေတီရင်ပြင်တော်တစ်ဝိုက်တွင် ၀ိုင်ဖိုင်အခမဲ့သုံးနိုင်တော့မည်
ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup on 30 Jul, 2012
by Myit Makha Mediagroup on 30 Jul, 2012
ရွှေတိဂုံစေတီရင်ပြင်တော်တစ်ဝှိက်တွင်
သြဂုတ်လလဆန်းမှ စ၍ ၀ါယာလက်/ဝိုင်ဖိုင်စနစ် အခမဲ့အသုံးပြုနိုင်တော့ မည်
ဖြစ်ကြောင်းရွှေတိဂုံစေတီဂေါပကအဖွဲ့ရုံးက သိရသည်။
ဘုရားဖူးလာသူများ
စေတီတော်ရင်ပြင်တွင် ဘုရားဖူးရင်းဝိုင်ဖိုင်အသုံးပြုစေရန်အတွက်
ရည်ရွယ်တပ်ဆင် ခြင်းဖြစ်သည်ဟုဂေါပကအဖွဲ့ရုံးမှ ဦးသန်းခိုင်က ဆိုသည်။
ဝိုင်ဖိုင်အသုံးပြုရာတွင်
မိနစ် (၃၀)စာကဒ်များဖြင့်အခမဲ့အသုံးပြုနိုင်မည်ဖြစ်ကာ မိနစ်
(၃၀)အချိန်ကုန်ပါက နောက်ထပ် ကဒ်ထပ်ယူနိုင်ကြောင်းကိုလည်း သိရှိရသည်။
“ ဝိုင်ဖိုင်ကို Password ပေးထားမှာဖြစ်တယ်။ အသုံးပြုသူတွေကတော့အချိန်မရွေးအသုံးပြုနိုင်ရန်အတွက်အသုံးပြု ခွင့်ကဒ်ထုတ်ပေးမှာဖြစ်တယ်။” ဟု ဦးသန်းခိုင်က ပြောသည်
စေတီတော်
စတင်ဖွင့်ချိန်မှ ပိတ်ချိန်အထိ
အချိန်မရွေးအသုံးပြုနိုင်ရန်ဖြစ်ကာလတ်တလောတွင်စမ်းသပ်ကာလအဖြစ်
လိုင်းတစ်လိုင်းသာဖွင့်ထားသော်လည်း နောင်တွင် စေတီတော်မုခ်အားလုံး၌
တပ်ဆင်နိုင်ရန်စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
၎င်းဝါယာလက် စနစ်အား ခရစ်စတယ်လ်ရှိုင်းကုမ္ပဏီမှ ရွှေတိဂုံစေတီတော်ဂေါပကရုံးသို့ လှူဒါန်းထားခြင်းဖြစ်သည်။
ရွှေတိဂုံစေတီတော်သို့
ဇူလိုင် ၁ ရက်မှစ၍ ၂၄ ရက်အထိ ဧည့်ဝင်ဦးရေ ၁၄၃၈၃ဦးရှိပြီး ထိုင်း၊ ဂျပန်၊
ကိုရီးယား၊ တရုတ်နှင့် မလေးရှားနိုင်ငံတို့မှအများဆုံးလာရာက်
ကြည်ညိုလျက်ရှိပြီကြောင်းနှင့် လာမည့်ပွင့်လင်းကာလများတွင်း ဘုရားဖူးများ
ပိုမိုဝင်ရောက်လာဖွယ်ရှိကြောင်းကိုလည်း သိရှိရသည်။
No comments:
Post a Comment