အလုပ်သမား အဖွဲ့အစည်းများတွင် ပါဝင်မှုကြောင့် အလုပ်ထုတ်ခံရသည့် အလုပ်သမားများ ရှိလာ
နန်းတင်ထွေး
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
အလုပ်သမားများ အလုပ်သမားအဖွဲ့
အစည်းများတွင်ပါဝင်ခြင်းနှင့် အလုပ်
သမား ဖွဲ့စည်းခြင်းတို့ကြောင့် အလုပ်
ထုတ်ခံရမှုများရှိလာကြောင်း နိုင်ငံ
တကာအလုပ်သမားအဖွဲ့ (ILO) တာဝန်
ရှိသူတစ်ဦးက ပြောသည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
"အလုပ်သမားအဖွဲ့အစည်းတွေမှာ အမှုဆောင်ကော်မတီဝင်အဖြစ် ပါဝင်တဲ့ အလုပ်သမားအရေအတွက် အများကြီး ဟာ အလုပ်ထုတ်ခံခဲ့ရပါတယ်"ဟု ILO ၏ 'လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းမှု အစီအစဉ်'၏ နည်းပညာဆိုင်ရာ အကြံ ပေးအရာရှိရော့စ်ဝီလ်စန်ကပြောသည်။
အလုပ်ထုတ်ခံရသော အလုပ်သမား အများစုမှာ နိုင်ငံပိုင်စက်ရုံများမှဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစား အသောက်၊ ကုန်ထုတ်လုပ်ငန်းနှင့် အထည်ချုပ်စက်ရုံတို့မှ အများစုဖြစ် ကြောင်းလည်း ၎င်းကပြောသည်။
ယင်းပြဿနာ၏ အကြောင်းရင်းမှာ အလုပ်သမားဥပဒေသည် အသစ်ဖြစ်နေ ခြင်းနှင့် အကျိုးသက်ဝင်မှုအားနည်း နေခြင်းကြောင့်ဖြစ်ကြောင်း မစ္စတာဝီလ် စန်က သတင်းထောက်များအား ဇူလိုင် လ ၁၉ ရက်နေ့ ထရိတ်ဒါးဟိုတယ်၌ ပြုလုပ်သောရှင်းလင်းပွဲတွင်ပြောသည်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြည်ထောင်စုလွှတ်တော်မှ အလုပ် သမား အဖွဲ့အစည်းဥပဒေနှင့် ယခုနှစ် မတ်လတို့တွင် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတို့အား ပြဋ္ဌာန်းခဲ့သည်။
"အလုပ်သမားတွေအနေနဲ့ ခုံသမာဓိ ရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ လည်း စိုးရိမ်ပူပန်မှုတွေရှိနေတယ်။ ဥပဒေအရ သူတို့ကို ကာကွယ်ပေးထား ပေမယ့် ခုံသမာဓိရုံးရဲ့ဆုံးဖြတ်ချက်က တော့ အဲဒီလိုမဟုတ်ဘူး"ဟု မစ္စတာ ၀ီလ်စန်က ပြောသည်။
အလုပ်သမားအဖွဲ့အစည်း ဥပဒေ တွင် အလုပ်သမားအဖွဲ့အစည်းများ တရားဝင်ဖွဲ့စည်းခွင့်၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ကြား အငြင်းပွားမှု၊ သို့ မဟုတ် ညှိနှိုင်းမရသည့်အခြေအနေတို့ တွင် သပိတ်မှောက်ဆန္ဒပြခွင့်တို့လည်း ပါဝင်သည်။
အလုပ်ရှင်များကိုယ်တိုင်မှာလည်း ဥပဒေသစ်များ၏ ပြဋ္ဌာန်းချက်ပါအချက် များအား သဘောပေါက်နားလည်ခြင်း များ မရှိသေးကြောင်းနှင့် ယင်းအတွက် အလုပ်သမားအဖွဲ့အစည်းများတွင် ပါဝင်သူများအား အလုပ်ထုတ်ခြင်းများ ပြုလုပ်နေကြောင်း ရော့စ်ဝီလ်စန်က ပြောသည်။
ထို့အတွက် ILO မှ အလုပ်သမားနှင့် အလုပ်ရှင်များအပါအ၀င် အစိုးရအရာရှိ များအား ပညာပေးနှင့် သင်တန်းပေး အစီအစဉ်အား သုံးနှစ်အတွင်းပြုလုပ် ပေးသွားမည်ဖြစ်ကြောင်းနှင့် အလုပ်ရှင် များအတွက်သင်တန်းကို မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်မှ တစ်ဆင့် ပို့ချသွားမည်ဖြစ်ကြောင်းလည်း ရော့စ်ဝီလ်စန်က ပြောသည်။
No comments:
Post a Comment