မိုဘိုင်းဖုန်းကဒ်ဈေးများ (၁)နှစ် နှစ်ခါမလျော့နိုင်သော်လည်း အင်တာနက် ပိုကောင်းအောင်စီစဉ်နေ
ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup on 26 Jul, 2012
by Myit Makha Mediagroup on 26 Jul, 2012
ဂျီအက်စ်အမ်နှင့် CDMA 800 MHz ၊ WCDMA မိုဘိုင်းဆင်းကဒ်များအား
ယခုနှစ်ကုန်ပိုင်းတွင်ဈေးနှုန်းကျဆင်းမည်ဆိုသော သတင်းမှာ
မှန်ကန်မှုမရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
“အပြင်မှာတော့
ပြောသံတွေ ကြားနေရပါတယ်။ ဒီလကုန်ကိုပဲ (၈၀၀၀၀) နဲ့ရမှာဆိုပြီး
ကြားနေပါတယ်။ ဆက်သွယ်ရေး အနေနဲ့ ကတော့ ဒီနှစ်ကုန်ပိုင်းအထိ
ဈေးနှုန်းလျှော့ချဖို့တော့ မရှိသေးပါဘူး။” ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းအင်ဂျင်နီယာဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုဘိုင်းဖုန်း
ဈေးနှုန်းများကို ယခုနှစ်အတွင်း ကျပ် နှစ်သိန်းတန်ဖုန်းကဒ်များသည်
ကျပ်တစ်သိန်းခွဲ၊ ကျပ် ရှစ်သောင်းနှင့် ကျပ်ငါးသောင်းနှုန်းအထိ
ဈေးကျနိုင်သည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။
ထို့ကြောင့် မိုဘိုင်းဖုန်းများလျှောက်ထားသူဦးရေ လျော့နည်းလာကာအရောင်းပါးလျှက်ရှိကြောင်း မိုဘိုင်း ဖုန်းဆိုင်များက သိရသည်။
“ပြောနေကြတာ နှစ်မကုန်ခင်မှာ ဖုန်းတစ်လုံးကို ငါးသောင်းစီ ဈေးကျမယ်၊ ဂျီအက်စ်အမ် ဆိုရင်ကျပ်တစ်သိန်းခွဲဆိုပြီး လည်းပြောတယ်၊ နောက်ဆုံးတော့ဆက်သွယ်ရေးက ဈေးလျော့မယ် ကြားနေရတာပဲ။”ဟု ကမာရွတ်မြို့နယ် Nokia ဖုန်းအရောင်းဆိုင်မှ ဆိုင်ရှင်က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးရံးမှ
မိုဘိုင်းဖုန်းများအား ယခုနှစ်အတွင်း ဈေးနှုန်းလျော့ချရန်
အစီအစဉ်မရှိသော်လည်း နောက်နှစ်များတွင်
ဈေးနှုန်းထပ်မံလျော့ချနိုင်ကြောင်း သိရသည်။
“ကျွန်တော်တို့ကတစ်နှစ်ကိုတစ်ခါတော့
ဈေးနှုန်းချပေးမှာပါ။ နိုင်ငံတကာနှင့် အညီဈေးနှုန်းကိုလည်းလျော့
နည်းအောင် လုပ်မှာဖြစ်ပြီးတစ်နှစ်ကိုဈေးနှုန်းက နှစ်ခါတော့ မချပါဘူး။”ဟု မြန်မာ့ဆက်သွယ်ရေးမှတာဝန် ရှိသူတစ်ဦးက ဆိုသည်။
ဆက်ပြီး၎င်းက “လက်ရှိမှာ အသုံးပြုနေတဲ့ လိုင်းတွေကိုပဲ အင်တာနက်မြန်နှုန်းပြည့်မီအောင် ဆက်သွယ်မှု ကောင်းမွန်အောင် ဆောင်ရွက်နေတယ်။” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင် မိုဘိုင်းဆင်းမ်ကဒ်များ
အရောင်းအ၀ယ်ပါးလျက်ရှိသော်လည်း အင်တာနက်လျှောက်ထားသူ ဦးရေမှာ
တိုးပွားနေကြောင်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၀န်ဆောင်မှုကဏ္ဍများမှာ
ယခင်ကထက် ပိုမိုမြန်ဆန်လာကြောင်း လျှောက်ထားသူများကဆိုသည်။
“ဖုန်းမှာ
အင်တာနက်သုံးတာကဆိုင်မှာသုံးတာထက် ပိုပြီး အဆင်ပြေလာပါတယ်။
စီဒီအမ်အေတွေကတော့လိုင်းပိုကောင်းတာပေါ့ အခုဂျီနဲ့ သုံးနေတာကတော့
ညနေပိုင်းကို ပိုပြီးလိုင်းကောင်းတယ်။” ဟု အသုံးပြုသူ တစ်ဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်
ဆက်သွယ်မူလုပ်ငန်းများနိုင်ငံတကာအဆင့်အတန်းပြည့်မီစေရန်
ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း စီစဉ်လျှက်ရှိပြီး
လက်ရှိတွင် ပုဂ္ဂလိကကုမ္ပဏီ (၁၃)ခုနှင့် ပူပေါင်းကာ ပထမနှစ်စီမံကိန်းအား
အကောင်အထည်ဖော်လျက်ရှိသည်။
No comments:
Post a Comment