Sunday, July 29, 2012

ဒုက္ခသည်များအတွက် ခြောက်လစာ စားနပ်ရိက္ခာများ အမေရိကန် ကူညီ

ဒုက္ခသည်များအတွက် ခြောက်လစာ စားနပ်ရိက္ခာများ အမေရိကန် ကူညီ

ဇော်ဝင်းသန်း
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

သံအမတ်ကြီးမစ္စတာဒဲရစ်မစ်ချဲလ် ရှင်းလင်းပြောကြားနေစဉ်။
ဓာတ်ပုံ - ဘူးသီး
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ နေရပ်စွန့်ခွာထွက်ပြေး နေရသော ပြည်သူများအတွက် အမေ ရိကန် အစိုးရက အမေရိကန်
ဒေါ်လာ သုံး သန်းတန်ဖိုးရှိ ခြောက်လစာစားနပ်ရိက္ခာ ကူညီပေးသွား
မည်ဟု သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ်က ပြောသည်။

အဆိုပါ ဒေါ်လာသုံးသန်းအား USAID ၏ ငြိမ်းချမ်းရေးအတွက် စားနပ် ရိက္ခာရုံးမှတစ်ဆင့် ကမ္ဘာ့စားနယ်ရိက္ခာ အစီအစဉ် (WFP) သို့ လှူဒါန်း
လိုက် ကြောင်း မစ္စတာ မစ်ချဲလ်က ဇူလိုင်လ ၂၀ ရက်နေ့ ရန်ကုန်မြို့ အမေရိကန် သံရုံးတွင်ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား
သည်။

"ဒီလှူဒါန်းငွေတွေနဲ့ WFP က ဆန် မက်ထရစ်တန်ချိန် ၃,၄၀၀ ခန့်ကို ၀ယ်ယူ မှာဖြစ်ပြီး ဒါဟာ လူပေါင်း ၅၅,၀၀၀ အတွက် ခြောက်လစာ
အကူအညီ ဖြစ်ပါ လိမ့်မယ်။

အဲဒီဆန်တွေကို ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရထိန်းချုပ်ထားရာ ဒေသတွေမှာ ရော၊ အစိုးရထိန်းချုပ်မှုမရှိတဲ့ ဒေသတွေ မှာပါရှိနေကြတဲ့ နေရပ်စွန့်ခွာထွက်ပြေး လာရသူတွေကို WFP က ဖြန့်ဝေသွား မှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ပင်မ စည်းမျဉ်းက အကူအညီလိုအပ်တဲ့ နေရာ ဒေသတွေမှာ ဘယ်လူမျိုးနွယ်စု၊ ဘယ် ဘာသာဝင်ဖြစ်ပါစေ၊ မြန်မာ
ပြည်သူတွေ ကို အကူအညီပေးသွားဖို့ပါပဲ"ဟု ၎င်းက ပြောကြားသည်။

ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင် ရာ အကူအညီများကိုလည်း တိုးမြှင့် သွားမည်ဟု ၎င်းက ပြောသည်။
ယခု သတင်းစာရှင်းလင်းပွဲသည် မစ္စတာ မစ်ချဲလ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန် ယူပြီး ပထမဆုံး
အကြိမ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲဖြစ်ရာ ၎င်း၏ အမေရိကန်သံအမတ် ခန့်အပ်လွှာအား လျင်လျင်မြန်မြန် လက်ခံပေးခဲ့သည့် အတွက် သမ္မတဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ဝင်များကို အထူးကျေးဇူးတင် ကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။