ဂျပန်နိုင်ငံတွင် စံချိန်တင်မိုးရွာသွန်း၊ လူဦးရေ ငါးသောင်းကျော် ရေဘေးဒုက္ခကြုံတွေ့နေရ
(အေအက်ဖ်ပီ)
သဲသဲထွေး ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)
ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆက်သွယ်ရေး လမ်းကြောင်းများ ရေလွှမ်းမိုးခဲ့ရသည်။
ကူမာမိုတို စီရင်စုနယ်မှ အရေးပေါ် ကယ်ဆယ်ရေးလုပ်သားများ၏ သတင်း ပေးပို့ချက်များအရ ရွှံ့ညွန်များ တိုက်စား၍ နေအိမ်များ မျောပါ သွားကြောင်း၊ ရွှံ့ညွန်များ၊ ရေများစီးဆင်း မှုကြောင့် လမ်းများပိတ်ကာ လူများ သွားလာ၍မရဖြစ်နေကြောင်း တာဝန် ရှိသူများက ပြောသည်။
အချို့နေရာများ၌ တစ်နာရီလျှင် မိုးရေချိန် မီလီမီတာ ၁၀၀ နီးပါး (လေး လက်မ)ထိ ရွာသွန်းခဲ့ရာ ကယ်ဆယ်ရေး တပ်ဖွဲ့များကို နေရာအနှံ့ ချထားကြောင်း သိရသည်။အထူးသဖြင့် ကူမာမိုတိုနှင့် အိုအိတာ စီရင်စုနယ်မြေများသည် မိုးသည်း ထန်စွာရွာသွန်းမှုများကို ယခင်ကလည်း တွေ့ကြုံခံစားခဲ့ရကြောင်း ဂျပန် မိုးလေ ၀သဌာနက ပြောသည်။
အသက် ၆၀၊ ၇၀ နှင့် ၈၀ အရွယ်ရှိ သက်ကြီးရွယ်အိုလေးဦးသည် နေအိမ်မျောပါပြီး သေဆုံးခဲ့ကြောင်း ကူမာမိုတို စီရင်စုနယ်မြေက ပြောကြားပြီး အမျိုးသား တစ်ဦးပါ သေဆုံးခဲ့ကြောင်း သတင်း များတွင် ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါက ဒုက္ခ ရောက်သူ ဒေသခံများအား အကူအညီ များ အပြည့်အ၀ ပေးသွားမည်ဖြစ်ကြောင်း ကတိပေး ပြောကြားထားသည်။
တိုကျိုဝန်ကြီးချုပ်ရုံးက ဗဟိုအစိုးရ ၀န်ကြီးဌာနများအချင်းချင်း သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး ကိစ္စရပ် များလုပ်ဆောင်ရန် ပူးပေါင်းဆောင်ရွက် ရေးရုံးတစ်ရုံးကို ဖွဲ့စည်းလိုက်သည်။
ကူမာမိုတိုစီရင်စုတွင် ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားသည့် အိမ်ခြေ ၁၇,၀၀၀ ကျော်ရှိပြီး ပြောင်းရွှေ့ နေထိုင်ရန် ပြောကြားထားသည့် အိမ်ခြေ ၅,၀၀၀ ကျော်ရှိကြောင်း သိရသည်။
အိုအိတစီရင်စုတွင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားသည့် လူဦးရေ ၁၅,၀၀၀ နီးပါးရှိ ပြီး ပြောင်းရွှေ့ နေထိုင်ရန် ပြောကြားထားသည့် လူဦးရေ ၁၀,၀၀၀ ကျော်ရှိကြောင်းသိရသည်။
ပြည်တွင်းသတင်းဌာနများ၏ဖော်ပြ ချက်များအရ အိုအိတနှင့် ကူမာမိုတို နယ်များတွင် ဘေးလွတ်ရာသို့ ပြောင်း ရွှေ့ရန် အမိန့်ထုတ် ထားသည့် လူဦးရေ ၅၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။
No comments:
Post a Comment