ဒုတိယသမ္မတ ရွေးချယ်မှုအတွက် ပြည်ထောင်စုလွှတ်တော်အဆုံးအဖြတ်ကို လေ့လာသူများ စောင့်ကြည့်နေ
ကျော်ဆုမွန်
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
လစ်လပ်နေသည့် ဒုတိယသမ္မတ
တစ်နေရာအတွက် လျာထားခြင်းနှင့်
ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်
၏ အဆုံးအဖြတ်မှာ လွန်စွာအရေးကြီး
လှကြောင်း နိုင်ငံရေးလေ့လာသူများက လေ့လာ ပြောဆိုကြသည်။အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
အနားယူသွားသည့် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနေရာ တွင် အစားထိုး ပြန်လည်ခန့်ထားရန် အတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်း တင်သွင်းထား
သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တရားဝင် ထုတ်ပြန်ချက်တစ်စုံတစ်ရာမရှိသေးသည်ကို တွေ့ရသည်။
ဇူလိုင်လ ၁၆ ရက်နေ့က ဒုတိယသမ္မတ လောင်းအမည်ကို လွှတ်တော်က ကြေညာမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း ၁၀ ရက်ကျော် ကြာမြင့်ခဲ့ သည့်တိုင် အမည်စာရင်း ထုတ်ပြန်နိုင် ခြင်း မရှိသည့်အပေါ် စောင့်ကြည့်လေ့ လာသူများက မေးခွန်းများထုတ်လာ ကြသည်။
ဒုတိယသမ္မတလောင်းကို အခြေခံ ဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီ ခြင်းရှိမရှိ ဆန်းစစ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်များမှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ၊ လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ် တစ်ဦးစီနှင့် လွှတ်တော်နှစ်ရပ်ပေါင်းမှ တပ်မတော်သားကိုယ်စားလှယ်တစ်ဦး၊ စုစုပေါင်း ခုနစ်ဦးပါဝင်သည့် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်း ပြည့်မီ မမီ စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းထား သည်။ ဒုတိယသမ္မတ ရွေးချယ်ရေးနှင့်ပတ် သက်ပြီး စိစစ်နေဆဲဖြစ်ကြောင်း အဖွဲ့ တွင်ပါဝင်သည့် ပြည့်သူ့လွှတ်တော် အမတ် ဦးဌေးဦးက ယခုလ ၂၄ ရက်နေ့ က ပြောသည်။
"ဒုတိယသမ္မတ က ကျွန်တော်တို့ အဖွဲ့နဲ့ စိစစ်နေတာဖြစ်တဲ့အတွက် အဖွဲ့ ရဲ့ သဘောထားအတိုင်းပဲပြောလို့ ရပါ မယ်။ ကျွန်တော့
သဘောထားအတိုင်း ပြောလို့ မရပါဘူး။ ကျွန်တော်ပြောလို့ ကို မရပါဘူး။ အဖွဲ့က ထုတ်ပြန်မှာပါ။ ကြန့်ကြာတယ်ဆိုတာ အလုပ်
အပေါ် မူတည်တာပေါ့။ အလုပ်လုပ်တာများ ရင် ကြာမှာပေါ့ဗျာ။ နည်းရင်မြန်မှာ ပေါ့ဗျာ။ မူလခန့်မှန်းထားတာက ကျွန်တော်က ခန့်မှန်းထားတာမှ မရှိတာ။ သူတို့ခန့်မှန်းထားတာ ဘယ်လောက်မှန်း လဲ ကျွန်တော်မသိဘူး။ အခက်အခဲတော့ မရှိနိုင်ပါဘူး အကုန်လုံးကောင်းဖို့ အား လုံးဝိုင်းစဉ်းစားနေတာပဲ"ဟုပြောသည်။
အခြေခံဥပဒေတွင် ဖော်ပြထားသည့် သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်း ခုနစ်ချက်ရှိသည့်အနက် မိမိကိုယ်တိုင် သော်လည်း
ကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး၊ သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရား ၀င်သားသမီးတစ်ဦးဦး၏ဇနီး၊ သို့မဟုတ် ခင်ပွန်းတစ်ဦးဦးသော်လည်းကောင်း၊ နိုင်ငံခြား
အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်သူ၊ သို့မဟုတ် နိုင်ငံ ခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ် သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံ ခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရ သော အခွင့်အရေးများနှင့် ကျေးဇူးခံခွင့် များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ စသည့် အချက်များလည်း ပါဝင်သည်။
ဒုတိယသမ္မတရွေးချယ်ရေးနှင့် ပတ် သက်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပွဲကို ယခုအပတ်အတွင်း ပြုလုပ်မည်ဖြစ်ကာ ထိုလွှတ်တော်မှ တစ်ဆင့် အရည်အချင်းနှင့် ပြည့်မီသည့် ဒုတိယသမ္မတလောင်း ရွေးချယ်ရန် အတည်ပြုမည် ဖြစ်သည်ဟုသိရသည်။
"ပြည်ထောင်စုလွှတ်တော်က အခု အချိန်မှာ အရမ်းအရေးကြီးတဲ့အချိန်ကို ရောက်နေပြီ။ ဆုံးဖြတ်ချက်မှားလို့ အပြစ် တင်စရာရှိလည်း သူ့ကိုပဲတင်ရမှာ။ ဒီတော့ အခုချိန်က အရမ်းအရေးကြီးတဲ့ ကာလလို့ ပြောလို့ရပါတယ်"ဟု သတင်း စာဆရာ မောင်ဝံသက ပြောသည်။
"၂၀၁၅ ခုနှစ် မတိုင်မီ အခြေခံဥပဒေ ကိုမပြင်ဆင်ဘူးဆိုရင် အဲဒီအချိန်ကျရင် ဒီပုံစံအတိုင်းပဲ ဖြစ်နေမယ်။ ပြည်ထောင် စုလွှတ်တော်
ဟာ အခုချိန်မှာတော့ တာဝန်အရှိဆုံးလို့ပဲ ပြောရမယ်" ဟု မောင်ဝံသက ပြောသည်။
အကယ်၍ လက်ရှိ တပ်မတော်သား ကိုယ်စားလှယ်များက ရွေးချယ်ထား သည့် ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ် စိစစ်ဆဲဖြစ်ပါက ယခင် ဒုတိယသမ္မတ ဖြစ်နိုင် ခြေရှိသည်ဟု နာမည်ထွက်ခဲ့သူ များထဲမှ မည်သူထပ်မံ နာမည်စာရင်း တင်သွင်း ခံရမည်လဲဟူသည့် မေးခွန်း သည်လည်း ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး စောင့်ကြည့် လေ့လာသူများထံတွင် ရှိနေ သည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ အရည်အချင်းရှိတဲ့သူကိုပဲ လွှတ်တော်က ရွေးချယ်မှာပဲ။ ပထမ ဦးမြင့်ဆွေကို နာမည်စာရင်း
တင်သွင်းတဲ့အချိန်တုန်းက အရည်အချင်းအတိအကျကို သတိ မထားခဲ့မိလို့ အခုအချိန် ပြန်စိစစ်နေတာ ပဲလို့ ယူဆတယ်"ဟု ဒီမိုကရက်တစ် ပါတီ(မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
ဒုတိယသမ္မတလောင်းများအဖြစ် ဦးမြင့်ဆွေနည်းတူကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်းလည်း နာမည် ထွက်ခဲ့ရာ ယခုအချိန် ပြန်လည်စိစစ် နေဆဲအချိန်တွင် ၎င်း၏အမည်စာရင်း ပါလာဦးမည်လားဟု သတင်းများထွက်ရှိ လာပြန်သည်။
No comments:
Post a Comment