ဝန်ကြီးဌာနသတ်မှတ်ထားသည့် အခန်းဈေးအတိုင်း မလိုက်နာ သည့်အတွက် ခရီးသွား
ကုမ္ပဏီသေးများ ပိုမိုထိခိုက်လာ
ဇော်ဝင်းသန်း
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနက နိုင်ငံခြားရင်းနှီးမြှုပ်နှံ ထားသည့်ဟိုတယ်များ၏ အခြေခံ အဆင့် အခန်းခနှုန်းအတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
ထားအား အမေ ရိကန်ဒေါ်လာ ၁၅၀ ထက်မပိုရန် ဇွန်လ ၂၅ ရက်နေ့က အသိပေးထားပြီး ဖြစ် သော်လည်း ဟိုတယ်များအနေဖြင့် လိုက်နာဆောင်ရွက်မှုမရှိသည့်အပြင် ပြည်တွင်းပိုင် ဟိုတယ်များပါ အခန်းခများ တိုးမြှင့်လိုက်သည့်အတွက် အလတ်စားနှင့် အသေးစား ခရီးသွားလုပ်ငန်း ကုမ္ပဏီများ၏ လုပ်ငန်းထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း ပြောဆိုကြသည်။
လက်ရှိဖြစ်ပေါ်နေသော အဆင်မပြေ မှုများကို ကနဦးအနေဖြင့် ၀န်ကြီးဌာနသို့ ဇွန်လ ၂၃ ရက်နေ့က ခရီးသွားလုပ်ငန်း ရှင်များ စုစုည်းတင်ပြခဲ့ပြီးဖြစ်သည်။
အဆိုပါ တင်ပြချက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် ဟိုတယ်များနှင့် တိုင်းရင်းသားပိုင်ဟိုတယ်များ၏ ဒေသ တွင်းနိုင်ငံများ၏ စံနှုန်းထက် ၃၀၀ ရာခိုင် နှုန်းခန့်ကျော်လွန်နေသော ဈေးနှုန်းများ ကြောင့်သာမက လုပ်ငန်းဆက်လက် လုပ်ကိုင်၍ မရနိုင်တော့သည့် အနေ အထားအထိ ဟိုတယ်သတ်မှတ်ချက် များ အချိန်နှင့်အမျှ ပြောင်းလဲနေ ကြောင်း အဆိုပါခရီးသွားလုပ်ငန်းရှင် များက ပြောကြသည်။
ထို့ပြင် လက်ရှိအခြေအနေတွင် နိုင်ငံ တကာမှ ခရီးသွားဧည့်သည်များ မြန်မာ နိုင်ငံသို့ စရိတ်ကြီးလွန်း၍ မလာရောက် တော့ခြင်း၊ မြန်မာနိုင်ငံအား နှစ်ပေါင်း များစွာ ခရီးသွားလုပ်ငန်းမြှင့်တင်လာ ခဲ့သော ကုမ္ပဏီများအား အခန်းမ ရောင်းချတော့ခြင်း၊ ကမ္ဘာ့အလယ်၊ အိမ်နီးချင်းနိုင်ငံများအလယ် မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းဂုဏ်သိက္ခာ ကျဆင်းနေရခြင်းစသည်တို့သည် လက်ရှိမြန်မာနိုင်ငံ
အစိုးရ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ကြီးစွာ အနှောင့်အယှက်ဖြစ်လာနေပြီဖြစ် သည့်အတွက် ၀န်ကြီးဌာနနှင့် နှစ်ပေါင်း များစွာ လက်တွဲလုပ်ကိုင်နေသော မိတ်ဖက်ဟိုတယ်များမှ တာဝန်ယူ ဖြေရှင်းပေးကြရန် တောင်းဆိုကြောင်း Nature Dream ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ဇွန်လ၁၄ ရက်နေ့ က ခရီးသွားလုပ်ငန်းကုမ္ပဏီများ ဒုတိယ အကြိမ် ၀န်ကြီးဌာနသို့ စုပေါင်းလက်မှတ် ရေးထိုးပွဲတွင် ပြောကြားသည်။
"ကျွန်မတို့ ခရီးသွားလုပ်ငန်းရှင်တွေ ရဲ့ တောင်းဆိုမှုကြောင့် ဇွန်လ ၂၅ ရက် နေ့မှာ ၀န်ကြီးဌာကနေ တိကျတဲ့ လမ်းညွှန်ချက်တွေ ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြားပိုင်ဟိုတယ်တွေနဲ့ တိုင်းရင်းသားပိုင် ဟိုတယ်တချို့က လုံးဝ လိုက်နာဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး။ အခုဆို ၀န်ကြီးဌာနလမ်းညွှန်ချက် ထုတ် ပြီးတာ ရက်သတ္တသုံးပတ်လောက်အထိ ရှိနေပါပြီ"ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် လက်ရှိအခြေအနေကြောင့် ခရီးသွားလုပ်ငန်းကုမ္ပဏီနှင့် ဟိုတယ် များအကြား နားလည်မှုလွဲမည်ကို စိုးရိမ် မိကြောင်းနှင့် အတူတကွ နားလည်မှုရှိရှိ ပူးပေါင်းလုပ်ကိုင်လိုကြောင်း Myanmar Tourex ခရီးသွားလုပ်ငန်းကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးစိုးသူရ ကပြောသည်။
"ကျွန်တော်တို့ သွားရင်းသွားရင်းနဲ့ အရမ်းထိပ်တိုက်တွေ့တဲ့ပုံစံမျိုးဖြစ်သွား မှာကိုတော့ စိုးရိမ်ပါတယ်။ ကျွန်တော်တို့ အေးဂျင့်နဲ့ ဟိုတယ်တွေဆိုတာ အတူ တကွ ပူးပေါင်း အလုပ်လုပ်ရမှာပါ။ လက်ရှိမှာ နိုင်ငံခြားပိုင် ဟိုတယ်တွေလို့ ပြောထားပေမယ့် ပြည်တွင်း
ဟိုတယ်တွေ လည်း ဒီခြေရာကိုလိုက်ပြီး ဈေးနှုန်းတွေ လိုက်တင်တာကို တွေ့ရပါတယ်။ ဒီအတိုင်းသာဆက်ဖြစ်နေရင် မလိုလား အပ်တဲ့ ရိုက်ခတ်မှုတွေဖြစ်လာနိုင်တယ် လို့ ကျွန်တော်ထင်ပါတယ်"ဟု ဦးသူရက ပြောသည်။
"ပထမဆုံး ကျွန်တော်တို့ ခရီးသွား ကုမ္ပဏီ ၃၀ ၀ိုင်းပြီး လက်မှတ်ထိုးပြီး ၀န်ကြီးဌာနကိုတင်လိုက်ပါတယ်။ ဒီကုမ္ပဏီ ၃၀ လောက် လက်မှတ်ထိုးတင် တာကို ဒီနိုင်ငံခြားပိုင်ဟိုတယ်တွေက ကျွန်တော့အထင် ဂရုစိုက်ကြမှာ မဟုတ် ပါဘူး။ ဒါကြောင့် ကျွန်တော်တို့
အားလုံး ပါဝင်ပြီး စည်းလုံးရမယ်။ ကျွန်တော်တို့ ဘောင်ထဲကနေ သွားလို့ရသလောက် သွားမယ်။ နောက် ဘယ်လိုဆက်လုပ်မလဲ
ဆိုတာကို ခရီးသွားလုပ်ငန်းရှင်များ အသင်း(အမ်တာ)တို့၊ ၀န်ကြီးဌာနတို့ အားလုံးပူးပေါင်းပြီး ဆောင်ရွက်သင့်ပါ တယ်"ဟု ၎င်းက ဆက်ပြောသည်။
"သတင်းစာပါ ဖော်ပြချက်အရ ၀န်ကြီးဌာနမှ အထူးစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းပြီး နိုင်ငံခြားပိုင် ဟိုတယ်များတွင် ရာနှုန်းပြည့် အခန်း ငှားရမ်းရမှုရှိ၊ မရှိနှင့် ကြိုတင်အခန်း ၀ယ်ယူမှု ရှိ၊ မရှိ သိရှိစေရန် စစ်ဆေး ခဲ့ရာ မည်သည့်ဟိုတယ်မှ ရာနှုန်းပြည့် ငှားရမ်းမှု
ရှိသည်ကို မတွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။ သို့သော် ပြည်တွင်းခရီးသွားလုပ်ငန်း ကုမ္ပဏီများမှ ကြိုတင်အခန်းဝယ်ယူရန် ဆက်သွယ်ရာတွင်မူ ဟိုတယ်အခန်း အားလုံးပြည့်နေသည်ဟု ဆိုကြောင်း ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။
" ၁၀၀ ရာခိုင်နှုန်း ဈေးတက်တာ။ အခုက မတရားလောဘကြီးပြီး ၃၀၀ ရာခိုင်နှုန်းအထိ ဈေးတက်သွားတာ ပါ။ ဘယ်နိုင်ငံမှ ဒီလို
ဈေးနှုန်းမရှိပါဘူး"ဟု ဒေါ်စံပယ်အောင်က ဆက်ပြောသည်။ KMA ဟိုတယ်အုပ်စု၏ အထွေထွေ မန်နေဂျာဖြစ်သူ မစ္စတာ ဖရန့်ဂျန်မတ် က မြန်မာနိုင်ငံသည် ဈေးကြီးသည့် ခရီးသွားဒေသအဖြစ် တဖြည်းဖြည်း ကမ္ဘာအနှံ့ပျံ့နှံ့နေပြီဖြစ်ကြောင်း သတိ ပေး ပြောဆိုသည်။
"ကျွန်တော်တို့ သတိထားသင့်တာက အခုအခန်းနှုန်းထားတွေနဲ့ ဧည့်သည် တွေကိုပေးနေတဲ့ ၀န်ဆောင်မှုတွေနဲ့ တန်ရဲ့လားဆိုတာပါ။ ရေရှည်လုပ်ငန်း ရပ်တည်ဖို့အတွက် ဒီကိစ္စကို သေချာ စဉ်းစားကိုင်တွယ်ဖို့ လိုပါတယ်"ဟု မစ္စတာ ဂျန်မတ်က ပြောသည်။
Orchestra ခရီးသွားလုပ်ငန်းကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဒေါက်တာအောင်မြတ်ကျော်က ဟိုတယ်များသည် လတ်တလော အချိန်အတွက် သာ စဉ်းစားကာ အခန်းဈေးနှုန်း အဆမတန်တင်ပြီး ခေါင်းပုံဖြတ် အမြတ် ထုတ်နေကြောင်း ပြောသည်။
သို့ဖြစ်၍ ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းသည် လွန်ခဲ့သည့် ရက်သတ္တပတ်က အင်းလျားလိတ် ဟိုတယ်တွင် ပြည်တွင်း ပြည်ပဟိုတယ် များ၊ ခရီးသွားလုပ်ငန်းကုမ္ပဏီများ၊ ပုဂ္ဂလိက ခရီးသွားအဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး လတ်တလောအခန်းဈေးနှုန်း ပြဿနာကို ထပ်မံဆွေးနွေးခဲ့သည်။
အစည်းအဝေးတက်ရောက်ခဲ့သူ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး ဦးတင်ထွန်းအောင်က လွန်ခဲ့သော လက ၀န်ကြီးဌာနမှ အခြေခံအဆင့် အခန်းခ နှုန်းထားအား အမေရိကန်ဒေါ်လာ ၁၅၀ သတ်မှတ်လိုက်မှုနှင့် ပတ်သက်ပြီး ၀န်ကြီးက ထပ်မံခေါ်တွေ့ရှင်းလင်း ခြင်းဖြစ်သည်ဟု ပြောသည်။
"ပြီးခဲ့တဲ့လက ၀န်ကြီးဌာနက ကြေညာတဲ့ အခြေခံအဆင့်အခန်းနှုန်းထားနဲ့ ပတ်သက်ပြီး သေချာပြန်ရှင်းပါတယ်။ အဲဒီအခန်းနှုန်း
ထားက နှစ်ယောက်စာ အခန်းအတွက်ဖြစ်ပြီး၊ နံနက်စာနဲ့ တခြား အခြေခံ ၀န်ဆောင်မှုတွေလည်းပါပြီးဖြစ် တယ်လို့ ၀န်ကြီးက ပြောပါတယ်။ ဒါကို အစည်းအဝေးတက်တဲ့ ဟိုတယ်တိုင်း ကလည်း လက်ခံကြပါတယ်။ လိုက်နာမှု မရှိရင်တော့ ၀န်ကြီးဌာနက ကြေညာ ထားတဲ့အတိုင်း အရေးယူသွားမှာဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။
ပါ့ခ်ရွိုင်ရယ် ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက ဟိုတယ်အနေဖြင့် ၀န်ကြီးဌာန မှ သတ်မှတ်ထားသည့် အခြေခံအဆင့် အခန်းနှုန်းထား
ဖြင့် ခရီးသွားကုမ္ပဏီ များကို ချပေးနေကြောင်း ပြောသည်။
"ကျွန်မတို့က ၀န်ကြီးဌာနက လမ်းညွှန်ထားချက်အတိုင်း အခြေခံ အဆင့်နှစ်ယောက်အိပ်အခန်းကို အမေ ရိကန် ဒေါ်လာ ၁၅၀ နဲ့ ခရီးသွားကုမ္ပဏီ တွေကို ပြီးခဲ့တဲ့ ၁၈ ရက်နေ့ကတည်းက အခန်းတွေ ပေးနေပါတယ်။ ကျွန်မတို့ ဟိုတယ်လိုပဲ တခြားဟိုတယ်
တွေလည်း ၀န်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ဖို့ လိုပါတယ်"ဟု ဈေးကွက်နှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။
No comments:
Post a Comment