Sunday, November 11, 2012

မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်း လွှင်နှင့်The Messenger ဂျာနယ် မှတွေ့ဆုံမေးမြန်း ချက်


မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်း လွှင်နှင့်The Messenger ဂျာနယ် မှတွေ့ဆုံမေးမြန်း ချက်


Messenger News Journal, 11 November 2012  —
ယနေ့နံနက်ဒေသစံတော်ချိန် ၇း၃၀နာရီခန့်တွင် စစ်ကိုင်းတိုင်းရွှေဘိုမြို့ နယ်အတွင်းလှုပ်ခတ်ခဲ့သောအင်အားရက်ခ်ျတာ စကေး ၆.၈ ပြင်းအား ရှိငလျှင်နှင့်ပတ်သက်၍မိုးလေ၀သနှင့်ဇလဗေဒပညာရှင်
ဒေါက်တာ ဦးထွန်းလွှင်နှင့်The Messenger ဂျာနယ်မှတွေ့ဆုံမေးမြန်းထားချက်တချို့ကိုဖေါ်ပြလိုက်ပါသည်။
……………………………………………………………………………………………………………………………………
Messengerးအခုမနက်လှုပ်ခဲ့တဲ့ငလျှင်နဲ့ပတ်သက်ပြီးမိုးလေ၀သပညာရှင်တစ်ယောက်အနေနဲ့သုံး 

သပ်ပြောပြပေးပါဦး။
ဒေါက်တာဦးထွန်းလွှင် – ငလျှင်လှုပ်တယ်ဆိုတာသဘာဝဘေးအန္တရာယ်တစ်
မျိုးပါပဲ။ဒီနေရာတွေကလှုပ်လေ့လှုပ်ထရှိတဲ့နေရာတွေပါ။စစ်ကိုင်း
ငလျှင်ကြောထဲမှာပဲဗျ။ဒီငလျှင်ကအနက်တိမ်တယ်။မြေကြီးအောက်၆မိုင်
လောက်မှာလှုပ်တာ။အနက်တိမ်တော့အပျက်အစီးများတယ်။အခုကလူနေ
သိပ်မထူထပ်တဲ့နေရာကြောင့်နည်းနည်းသက်သာသွားတယ်။ဒီနေရာတွေကတော့ငလျှင်လှုပ်တတ်တဲ့ဒေသတွေဖြစ်လို့အမြဲသတိရှိဖို့လိုတယ်။စစ်ကိုင်းတိုင်းထဲပါနေတာကိုး။စစ်ကိုင်းတိုင်းကငလျှင်အလှုပ်ဆုံးဒေသပဲလေ။
Messengerးဒီငလျှင်ရဲ့နောက်ဆက်တွဲအခြေအနေဘာတွေရှိလာနိုင်သလဲ။စိုးရိမ်စရာဘာများရှိနိုင်သေးသလဲ။
ဒေါက်တာဦးထွန်းလွှင် – အရမ်းကြီးစိုးရိမ်စရာမလိုပါဘူး။လှုပ်ပြီးရင်တော့
နောက်ဆက်တွဲငလျှင်လေးတွေကတော့လှုပ်ဦးမှာပဲ။တစ်ခါတလေ တစ်လ၊နှစ်လလောက်ကြာတယ်။ဒါပေမယ့် ပြင်းအားကတော့ပင်မ
ငလျှင်ကြီးလောက်မကြီးတော့ဘူး။ဒါပေမယ့်လည်း ည ကိုးနာရီလှုပ်မယ်၊ ဆယ့်တစ်နာရီလှုပ်မယ်ဆိုတဲ့ကောလာဟာလ တွေကိုအလွန်အမင်းမယုံ
ကြည်ကြဖို့လိုတယ်။ဘယ်သူမှလဲကြိုသိနိုင်တာမဟုတ်ဘူး။
Messengerး မြန်မာနိုင်ငံရဲ့ငလျှင်လှုပ်တတ်တဲ့ဒေသတွေကိုပြောပြပေးပါဦး။
ဒေါက်တာဦးထွန်းလွှင်-ငလျှင်လှုပ်တဲ့ဒေသတွေကတော့ရှိတယ်။စစ်ကိုင်းတစ်
ခုထဲတော့မဟုတ်ဘူး။စစ်ကိုင်းကတော့အများဆုံးလှုပ်တဲ့နေရာပေါ့။စစ်ကိုင်းကငလျှင်ကြောရှိတော့ပိုဂရုစိုက်သင့်တယ်။မြေငလျှင်ကြောကရခိုင်မှာလဲ
ရှိတယ်၊စစ်ကိုင်းမှာလဲရှိတယ်၊သံလွှင်မြစ်ကြောင်းမှာလဲရှိတယ်၊မေမြို့တို့
တောင်ကြီးတို့အပြင်မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာလဲရှိတယ်။
ဒီဒေသတွေမှာသတိထားသင့်ပါတယ်။ကျွန်တော်ပြောချင်တာက အကြောက်မလွန်ကြဖို့ပဲပြောချင်ပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။