Sunday, November 11, 2012

ယနေ့ နံနက် ရစ်ချတ်တာ စကေး ၆.၆ အင်အားပြင်း ငလျင် ရွှေဘိုမြို့အနီး ဗဟိုပြု လှုပ် ခတ်


ယနေ့ နံနက် ရစ်ချတ်တာ စကေး ၆.၆ အင်အားပြင်း ငလျင် ရွှေဘိုမြို့အနီး ဗဟိုပြု လှုပ် ခတ် 


7Day News Journal, 11 November 2012  —-  ယနေ့ နံနက် ၇နာရီ မိနစ် ၄၅မိနစ်ဝန်းကျင်တွင် ရွှေဘိုမြို့ အရှေ့မြာက်ဘက် ၁၅ မိုင်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချတ်တာ စကေး ၆ဒသမ ၆ ရှိ အင်အားပြင်း ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်လှုပ်ခတ်မှုကို ရွှေဘို၊ မန္တလေး၊ မုံရွာ ၊အမရပူရ ၊မိုးကုတ် ၊ စစ်ကိုင်း စသော မြို့များတွင် ပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်သည် ။

စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့များတွင် နေအိမ်အချို့ပြိုလဲမှုများရှိကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။ ငလျင်ကြောင့် အမရပူရရှိ စေတီအချို့ထီးတော်ယိုင်ခြင်း၊စိန်ဖူးတော်ပြုတ်ကျခြင်းများရှိကြောင်း မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။
မန္တလေးမြို့ရှိ ဟိုတယ်အချို့တွင်လည်းနံရံ၊မျက်နှာ ကျက်များ မှ ကြွေပြားများ ကွာကျခဲ့ကြောင်း သိရသည်။ အင်အားကြီး ငလျင်များလှုပ်ခတ်ပြီးလျှင် နောက်ဆက်တွဲ မြေငလျင်ငယ်များ လှုပ်တတ်၍ သတိထားရန် လိုကြောင်း မြေငလျင် ပညာရှင်များက ပြောကြားထားသည်။

ငလျင်နောက်ဆက်တွဲသတင်း : ရွှေဘို မြို့ထောင့်စေတီ မှာ ယနေ့နံနက်က လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထီးတော်စောင်းသွားပြီး စိန်ဖူးတော် ပြုတ်ကျ ခဲ့ကြောင်း ရွှေဘိုမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုသူရိန်က ဖုန်းဖြင့် ပြောကြားသည်။
ရွှေဘိုကျောက်မြောင်း ရှိတည်ဆောက်လျှက်ရှိသော ဧရာဝတီ မြစ်ကူတံတား စီမံကိန်းတွင် ပြိုကျ ပျက်စီးမှုများရှိပြီး လူအချို့ထိခိုက်ဒဏ်ရာရ ကာ သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသော်လည်း အသေးစိပ်ကို အတည်ပြု၍ မရသေးပေ။

ငလျင်နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည် ဖြစ်ကြောင်း 7 Day News အင်တာနက်သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
Messenger News သတင်းဖော်ပြချက်တွင်လည်း ယနေ့နံနက် ၇ နာရီ ၃၅ ပတ်ဝန်းကျင်တွင်လှူပ်ခတ်ခဲ့သော ငလျှင်၏ ပြင်းအားသည် အ၀ါရောင်အဆင့်ရှိပြီး(အင်အားပြင်း) သပိတ်ကျင်းမြို့နယ်ပတ်ဝန်းကျင်တွင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်လျှက်ရှိနေသေးကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။ မန္တလေးတိုင်းဒေသကြိး သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ယနေ့နံနက်ပိုင်းကလှုပ်ခတ်ခဲ့သည် ငလျှင်ဒဏ်ကြောင့် နေအိပ်အတော်များများ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းဒေသခံများ၏ သတင်းပေးချက်အရသိရသည်။ မန္တလေးတိုင်းဒေသကြီးသပိတ်ကျင်းမြို့နယ် တွင်နောက်ဆက်တွဲငလျင်(အင်အားမပြင်း) များ ယခုအချိန်ထိလှုပ်ခတ်နေသေးကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။