Sunday, November 11, 2012

ငလျင်နောက်ဆက်တွဲသတင်း

ငလျင်နောက်ဆက်တွဲသတင်း 

အမရပူရမြို့ရှိ ရွှေလင်းပင်ဘုရား ထီးတော်ယိုင်သွားစဉ်။ ဓာတ်ပုံ- ညီညီဇော်
7Day News Journal, 11 November 2012  —
ငလျင်နောက်ဆက်တွဲသတင်း(၈)-
ယနေ့နံနက်တွင်လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘိုမြို့ နယ်ရှိ ကျောက်မြောင်းမြို့နှင့် စဥ့်ကူးမြို့ကို ဆက်သွယ်သည့် တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူးတံတားဖြစ်သော ရတနာ သိင်္ဃ တံတား၏ ချဉ်းကပ်တံတားပြိုကျခဲ့သည့်အတွက် လူ၃ဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိသွားကြောင်း ထိုနေရာတွင်ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးနေသော အောင်ဇေယျလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြေငလျင်နောက်ဆက်တွဲသတင်း (၇) -
မြေငလျင်နှင့်ပတ်သက်၍ အစိုးရိမ်မပိုကြရန်နှင့် အခြေအမြစ်မရှိသော ကောလာဟလများကို မယုံရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်အကြံပြု
(၁၁-၁၁-၂၀၁၂)ရက်နေ့ နံနက် ( ၇နာရီ၊ ၄၂ မီနစ်၊ ၃၈ စက္ကန့်)အချိန်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုငးတိုငး ရွှေဘိုမြို့ရဲ့ မြောက်အရှေ့ယွန်းယွန်း (North northeast) ၅၆ ကီလိုမိတာ(၃၅ မိုင်)ခန့်အကွာ ပြည်တွင်းတစ်နေရာကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာစကေး(၆.၆)ရှိ ပြင်းန်သောမြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပါတယ်။
အခြား.အနီးဆုံးမြို့မှာ မိုးကုတ်မြို့၊ သပိတ်ကျဉ်း၊ ကျောက်မြောင်းမြို့ များဖြစ်ကြပါသည်။
မြေငလျင်ဗဟိုချက်ဟာ စစ်ကိုင်းငလျင်ကြောအပေါ်တွင်တည်ရှိနေပြီး မြေအောက်အနက် ၉.၉ ကီလိုမီတာ(၆ မိုင်)တွင် ဗဟိုပြုလှုပ်ရှားခဲ့သဖြင့် အနက်တိမ် ပြင်းအားကြီးမြေငလျင်(shallow depth strong earthquake) ဖြစ်သဖြင့် ပျက်စီးမှု များနိုင်ပါသည်။
မြေငလျင်ကြီးတို့၏အစဉ်အလာအတိုင်း နောက်ဆက်တွဲမြေငလျင်များ လှုပ်ရှားနိုင်သော်လည်း အများအားဖြင့် ပင်မမြေငလျင်ကြီးထက် အင်အားပိုမိုပြင်းထန် လေ့မရှိသောကြောင့် အများပြည်သူများအနေဖြင့် သတိထားရန်လိုသော်လည်း အစိုးရိမ်မလွန်ကြရန်လိုအပ်ပါသည်။
အထူးသဖြင့် အချိန်ကာလနေ့ရက်နာရီ အတိအကျဖြင့်ထွက်ပေါ်လာသောခန့်မှန်းမှုများဟာ အခြေအမြစ်ကင်းမဲ့သော ကောလဟလများသာဖြစ်သဖြင့် ပြည်သူများအနေဖြင့် သတိထားကြရန်လိုအပ်ပါမည်။
ငလျင်နောက်ဆက်တွဲသတင်း-၆
ငလျင်ထပ်မံလှုပ်မည်ဆိုသော သတင်းများကြောင့် စစ်ကိုင်းမြို့မဈေးကြီးကို ပိတ်ထားကြောင်း သတင်းရရှိသည်။ ဈေးရုံ ၂ ထပ်စလုံးကို ပိတ်ထားပြီး မြို့ခံလူထုမှာ နေအိမ်များထဲတွင်သာ နေထိုင်လျက်ရှိကြောင်း ဒေသခံတစ်ဦးဖြစ်သော မငယ်ကပြောသည်။
ငလျင်နောက်ဆက်တွဲသတင်း- ၅
မြစ်သားမြို့ ကင်းစိန်ဈေးအရှေ့ရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း စေတီတော် ၁၈ ဆူရှိသည့်အနက် စေတီကြီး ၅ ဆူ၊ အရံစေတီ ၄ဆူမှာ စိန်ဖူးတော် မြေခခဲ့သည်ဟု သိရသည်။ စေတီကြီး ၆ ဆူမှာ ဖောင်းရစ်တော် အထက်နားမှ စ၍ အက်ကွဲပျက်စီးခဲ့သည်။ မြေခခဲ့သည့် စိန်ဖူးတော်များအနက် ၄ ခုကိုသာ ပြန်လည် ရှာတွေ့ပြီဖြစ်သည်။
ငလျင်နောက်ဆက်တွဲသတင်း-၄ :
ကုန်းဘောင်ခေတ်ဦးက တည်ထားခဲ့သော ရွှေဘိုမြို့ ရှေးဟောင်းမြို့ထောင့်(ဒေါင့်)စေတီ၏ ရွှေထီးတော်မှာ ငလျင်ဒဏ်ကြောင့် မြေခသွားခဲ့ကြောင်းသတင်းရရှိသည်။ နံနက် ရှစ်နာရီခွဲခန့်တွင် ရွှေထီးတော်မြေခသွားခဲ့သည်ဟု ဒေသခံများကပြောသည်။
မုံရွာမြို့ မိုးညှင်းသံမ္ဗုဒ္ဓေစေတီတော်ကြီးမှာလည်း ပန်းဆွဲ၊ ပန်းတက်များ ကြွေကျခဲ့ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။