Sunday, November 11, 2012

ရွှေဘိုမြို့အနီး အင်အားပြင်း ငလျင်


ရွှေဘိုမြို့အနီး အင်အားပြင်း ငလျင်

ရွှေဘိုမြို့အနီး အင်အားပြင်း ငလျင်

  

အမရပူရမြို့ရှိ ရွှေလင်းပင်ဘုရား ထီးတော်ယိုင်သွားစဉ်။

 

 

Some guidelines for Earthquake : Before, During, After
ငလျင်လှုပ်ရင် ဘာလုပ်ကြမလဲ - မလှုပ်မီ၊ လှုပ်နေစဉ်၊ လှုပ်ပြီးနောက်

Reference: http://themimu.info/DRRWG/index.php?name=publication&file=sorttype&page_id=25&doc_type=25

 

ရွှေဘိုငလျင်ကြောင့် နောက်ထပ် အင်အားကြီးငလျင်ထပ်မံလှုပ်ခတ်နိုင်ကြောင်း ပညာရှင်များသုံးသပ်(အရေးကြီးသတင်း လက်ဆင့်ကမ်းShare ပေးကြပါရန်)

ယနေ့နံနက် ၇:၄၀ အချိန်တွင် လှုပ်ခတ်ခဲ့သော အင်အား ရစ်ချတ်တာစကေးလ် ၆.၈ ရှိ ရွှေဘိုငလျင်ကြီးကြောင့် နောက်ဆက်တွဲငလျင်(After Shock)များထပ်မံလှုပ်ခတ်နိုင်ကြောင်း မိုးဇလမှ ပညာရှင်များက သုံးသပ်ပြောဆိုလိုက်သည်။ ထို့အတူ ညနေ ၅ နာရီခန့်အချိန်တွင် ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်အက
ွာကို ဗဟိုပြုပြီး အင်အား ရစ်ချတ်တာစကေးလ် ၅.၈ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်ခဲ့သည်။ အဆိုပါငလျင်များမှာ စစ်ကိုင်းပြတ်ရွေ့ကြော လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ပြတ်ရွေ့ကြောတည်ရှိရာ မြို့များအနေဖြင့် အင်အားကြီးငလျင်ထပ်မံလှုပ်ခတ်နိုင်ခြေရှိနေကြောင်း မိုးဇလမှ တာဝန်ရှိသူတစ်ဦးက PDK သို့ပြောကြားသည်။ အဆိုပါစစ်ကိုင်းပြတ်ရွေ့ကြောတည်ရှိရာမြို့များအနက် အစိုးရိမ်ရဆုံးမြို့များမှာ လူနေသိပ်သည်းသော ပဲခူး-ဖြူးဧရိယာ၊ မန္တလေး-စစ်ကိုင်း-တောင်ငူဧရိယာ နှင့် လူနေကျဲပါးသော ပူတာအို-တနိုင်းဧရိယာ နှင့် ကလေး-ဟုမ္မလင်းဧရိယာတို့ဖြစ်ပြီးပျက်စီးမှုအားမကြီးနိုင်သော်လည်း ဆိုးရွာသော ပျက်စီးမှုများဖြစ်ပေါ်နိုင်သည့် မြို့များမှာ တောင်ငူ၊ တောင်တွင်းကြီး၊ ပုဂံ-ညောင်ဦး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ရွှေဘို၊ ၀န်းသို၊ ခမ္မတီး၊ ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီးနှင့် ကွမ်းလုံမြို့တို့ဖြစ်သည်။ ရန်ကုန်ဧရိယာအနေနှင့် ပျက်စီးမှုအားအကြီးဆုံးဖြစ်နိုင်လောက်သည့် ဇုန်ထဲတွင်မပါဝင်သော်လည်း စစ်ကိုင်းပြတ်ရွေ့ကြောပေါ် တည့်တည့်ခွထိုင်ထားသည့် ပဲခူးမြို့နှင့် မိုင် ၅၀၊ စစ်ကိုင်းပြတ်ရွေ့ကြောဖြတ်သန်းရာ သုံးခွပြတ်ရွေ့ကြောနှင့် မိုင် ၃၀ ဝေးကွာသောကြောင့် ပဲခူးမြို့ ငလျင်ဒဏ်ခံရလျင် ရန်ကုန်သည်လည်း ခံစားရတတ်သည်ကို ၁၉၃၀ ပဲခူးငလျင်က သက်သေ ထူနေကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသွားပါသည်။ သို့ဖြစ်၍ အဆိုပါမြို့များအနီးတွင် နေထိုင်သူများအနေဖြင့် ငလျင်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် PDK မှ မေးမြန်းရေးသာဖော်ပြလိုက်ပါသည်။
Photo by: 7Days News Journal
News by: People Development for Knowledge


No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။