Sunday, November 11, 2012

ငလျင်နောက်ဆက်တွဲသတင်း ၃


ငလျင်နောက်ဆက်တွဲသတင်း ၃ 

ဓာတ်ပုံ - ညီညီဇော်
7Day News Journal, 11 November 2012  —-
( စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကူးတံတား ထိပ်ရှိ စစ်ကိုင်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ခြင်္သေ့ရုပ်တစ်ခု ငလျင်ဒဏ်ကြောင့် ပြုတ် ကျနေသည်ကိုတွေ့ရစဉ်။)
ငလျင်နောက်ဆက်တွဲသတင်း ၃ : စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် ယနေ့နံနက် အင်အားကြီးင လျင်တစ်ခု လှုပ်ခတ်ပြီးသွားပြီ ဖြစ်သည့် အတွက် စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ အခြားဒေသများတွင်လည်း မြေငလျင်အန္တရာယ်ကို သတိပြုရန် လိုကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ အတွင်းရေးမှုး ဦးစိုးသူရထွန်းက ပြောကြားသည်။


ယနေ့နံနက် လှုပ်ခဲ့သော မြေငလျင်မှာ ၁၉၅၆ ခုနှစ် စစ်ကိုင်းမြို့ အနီးပြင်းအား ၇ ရှိ ငလျင်ကြီး လှုပ်ခဲ့သော ငလျင်နောက်ပိုင်း စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် အင်အား အကြီးဆုံး ဖြစ်သည်။ မူလက မြေငလျင်ပြင်းအားကို ၇ ရစ်ချတ်တာစကေး၊ ၆.၆ ရစ်ချတ်တာစကေးဟူ၍ အမျိုးမျိုးကြေငြာကြသော်လည်း နောက်ဆုံး ၆.၈ ပြင်းအားရှိသည်ဟု အတည်ပြုလိုက်ကြောင်း ယင်းက ပြောကြားသည်။
၁၉၂၉ ၊ ဒီဇင်ဘာလတွင် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်၌ှဆွာမြို့အနီးဗဟိုပြုကာ ပြင်းအား ၇ ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ထိုပြတ်ရွေ့ကြောတစ်လျှောက်ရှိ ဖြူး၊ ပဲခူး၊ တကောင်း၊ တောင်ငူ စသော ဒေသများတွင်လည်း ကာလအနည်းငယ်ခြား၍ ငလျင်ကြီးများ ဆက်တိုက်လှုပ်ခဲ့ဖူးသည်။
ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် ငလျင်လှုပ်နိုင်သော အပိုင်း ၁၀ခု ၀န်းကျင်ခန့်ရှိသည့် အတွက် ပြတ်ရွေ့တစ်လျှောက်ကျန်ဒေသများတွင်လည်း မြေငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်း ဦးစိုးသူရထွန်းက အကြံပြုပြောကြားသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။