Sunday, November 11, 2012

တရားရုံးများသို့ သတင်းမီဒီယာများ ၀င်ရောက်ခွင့်အား တားမြစ်၊ ကန့်သတ်ထားခြင်း မရှိကြောင်းနှင့် တရားရုံးများနှင့် သတင်းမီဒီယာများအကြား မည်သည့်အခါကမှ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ဖူးခြင်း မရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ပြောကြား


တရားရုံးများသို့ သတင်းမီဒီယာများ ၀င်ရောက်ခွင့်အား တားမြစ်၊ ကန့်သတ်ထားခြင်း မရှိကြောင်းနှင့် တရားရုံးများနှင့် သတင်းမီဒီယာများအကြား မည်သည့်အခါကမှ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ဖူးခြင်း မရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ပြောကြား   PDF Print
Sunday, 11 November 2012 14:39
AddThis Social Bookmark Button
မန္တလေးမြို့ရှိ တရားရုံးတစ်ခု၌ လေ့လာနေသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီ အဖွဲ့ဝင်များအား နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်
864တရားရုံးများသို့ သတင်းမီဒီယာများ ၀င်ရောက်ခွင့်အား တားမြစ်ကန့်သတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ မရှိကြောင်းနှင့် တရားရုံးများနှင့် သတင်းမီဒီ ယာ များ အကြားတွင် မည်သည့်အခါကမှ ပြဿနာ တစ်စုံတစ် ရာ ဖြစ်ပွားခဲ့ဖူးခြင်း မရှိခဲ့ပါကြောင်း ပြည်ထောင်စု တရားလွှတ်တော် ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဒီပဲယင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်း၏ ‘တရားရုံးများသို့ သတင်းမီဒီယာများ ၀င်ရောက်ခွင့်အား တားမြစ်ကန့်သတ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များရှိ၊ မရှိ သိလိုသည့် မေးခွန်းကိုပြန်လည်ဖြေကြားရာ၌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 အမှုစစ်တရားသူကြီး၏ ခွင့်ပြုချက်အရ စည်းကမ်းချက်များနှင့်အညီ မည်သူမဆို တရားရုံးများသို့ ၀င်ရောက်လေ့လာနိုင်ပါကြောင်း၊ ထိုသို့ ၀င်ရောက်လေ့လာစဉ် တရားစီရင်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် အမှုသည်များ၏ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးတို့ကို ထိခိုက်နစ်နာစေနိုင်သည့် ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတင်ခြင်းတို့ကို ခွင့်မပြုခြင်းအပေါ်   .   .   .


ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးဦးစိုးညွန့်က မြန်မာနိုင်ငံတွင် တရားရုံးများသို့ သတင်း မီဒီယာအဖွဲ့များ ၀င်ရောက်ခွင့်အား ကန့်သတ်တားမြစ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြာားချက်များ မရှိပါကြောင်း၊ သို့ရာတွင် နိုင်ငံသားများ၏မူလ အခွင့်အရေးကို ကာကွယ်သည့် အနေဖြင့် တရားရုံးစစ်ဆေးဆဲ အမှုမှ တရားခံနှင့် အမှုသည်များကို ဖြစ်စေ၊ တရားရုံးကိုဖြစ်စေ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတင် ရိုက်ကူးခြင်းကို ခွင့်မပြုခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တရားစီရင်မှု ဖြောင့်မတ်ရေး၊ တရားခွင်လုံခြုံရေးနှင့် စည်းကမ်းသေ၀ပ်ရေးကို တာဝန်ယူထားသည့် အမှုစစ် တရားသူကြီးက သတင်းမီဒီယာများ ကို တရားရုံးအတွင်း ၀င်ရောက်ခွင့် မပြုခြင်းကြောင့် တရားရုံးများသည် အမှောင်ချကာ အဂတိလိုက်စားမှုများ ရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် အမှန်တရားနှင့် ကင်းကွာသည့် ဆုံးဖြတ်ချက်များ ဖြစ်ပေါ်စေနိုင်ခြင်း စသည်ဖြင့် ထင်မြင်ယူဆဖွယ်ရာရှိသည် ဆိုသည့် ဝေဖန်ချက်သည် တရားရုံးများက အမှုသည်များ၊ တရားလို၊ တရားခံများ၊ သက်သေများ၏ ဂုဏ်သိက္ခာ၊လူ့အခွင့်အရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ကို သတိမပြုဘဲ တရားရုံးများအား ဂုဏ်သိက္ခာညှိုးနွမ်းအောင် စွပ်စွဲ ပြောဆိုရာရောက်၍ လျော်ကန်သင့်မြတ်မှု မရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးစိုး ညွန့်က ‘‘အချုပ်အားဖြင့် သက်ဆိုင်ရာ အမှုစစ်တရားသူကြီး၏ ခွင့်ပြုချက်အရ စည်းကမ်းချက်များနှင့်အညီ မည်သူမဆို တရားရုံးများသို့ဝင်ရောက် လေ့လာနိုင်ပါကြောင်း၊ ထိုသို့ ၀င်ရောက်လေ့လာစဉ် တရားစီရင်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် အမှုသည်များ၏ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးတို့ကို ထိခိုက်နစ်နာစေနိုင်သည့် ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတင်ခြင်းတို့ ကို ခွင့်မပြုခြင်းအပေါ် အထင်အမြင်လွဲမှားရန် အကြောင်းမရှိပါကြောင်း၊ အမှန်အားဖြင့် သတင်းမီဒီယာအဖွဲ့များနှင့် တရားရုံးများအကြားတွင် မည်သည့်အခါကမှ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ဖူးခြင်း မရှိပါကြောင်းနှင့် ယခုလည်း မည်သည့်ပြဿနာမှ မရှိပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါတယ်”ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။