တနင်္သာရီတိုင်းဒေသကြီး
ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ၌ တည်ဆောက်လျက်ရှိသော
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်
ပူနန်ရွန်သို့ ဆက်သွယ်မည့် ကားလမ်းမဖောက်လုပ်ရာတွင် ပါဝင်ခဲ့သည့်
ဒေသခံများအနက် ကျန်ရှိသည့် အယောက် ၅၀၏ မြေယာများအတွက် ဒီဇင်ဘာလ ၉
ရက်နေ့တွင် လျော်ကြေးငွေများကို စီမံကိန်း အကောင်အထည်ဖော်လျက်ရှိသည့် ITD
(Italian-Thai Development Public Co.,Ltd) မှ စတင်ပေးအပ်ခဲ့ကြောင်း
ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေမှ
ပြောကြားခဲ့သည်။
အရှည် ၁၅၀ ကီလိုမီတာရှိသော အဆိုပါကားလမ်းမ ဖောက်လုပ်ရာတွင်ပါဝင်သည့်
ဒေသခံများ၏ ဥယျာဉ်ခြံမြေများမှ ပါဝင်သော အပင်အမျိုးအစားကိုလိုက်၍
လျော်ကြေးငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
''ဒီထားဝယ်-ပူနန်ရွန် ကားလမ်းပေါ်မှာတော့ အရင်ကပေးပြီးတဲ့သူတွေ
ရှိခဲ့ပါတယ်။ အခုက ကျန်နေတဲ့ပိုင်ရှင် ၅၀ ကို ပေးတာပါ။ ဒီလ ၉ ရက်နေ့က ဧက
၃၀၀ ကျော်အတွက် ကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော် လျော်ကြေးပေးခဲ့ပါတယ်။
စီမံကိန်းဧရိယာအတွင်းက ခြံတွေကိုလည်း ဆက်ပြီးလျော်ကြေးပေးသွားဦးမှာ ပါ။
လျော်ပေးတဲ့စနစ်ကတော့ အပင်လိုက်လျော်တာ ဖြစ်ပါတယ်။ မြန်မာ့ဘဏ်ထဲကိုလည်း
လျော်ကြေးငွေပေး ဖို့အတွက် ကျပ် ၂၆ ဘီလျံရရှိနေပြီ ဖြစ်ပါတယ်။
နောက်ထပ်လျော်ကြေးပေးဖို့ ကျန်သေးတဲ့လူတွေကိုလည်း ဆက်ပြီးလျော်ပေးသွားဖို့
ရှိပါတယ်'' ဟု ဦးတင်မောင်ဆွေက ပြောကြားခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံ ထားဝယ်ခရိုင်နှင့် ထိုင်းနိုင်ငံ
ကန်ချနာဘူရီခရိုင်သို့ ဆက်သွယ်ဖောက်လုပ်မည့် ၁၇၀ ကီလိုမီတာရှိသော
ကားလမ်းမပေါ်မှ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်း-မြန်မာနယ်စပ်
ထီးခီးအထိ ၁၅၀ ကီလိုမီတာအတွင်း ပါဝင်သော ဒေသခံများ၏ ခြံမြေများအပေါ်
လျော်ကြေးငွေများ ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းလမ်းမကြီး
ဖောက်လုပ်ရာတွင် ၈ လမ်းသွား လမ်းမကြီးအပြင် ရထားလမ်း၊ ဓာတ်အားလိုင်း၊
ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများအပြင်
နယ်စပ်ကုန်သွယ်ရေးဇုန်တစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ
အချက်အလက်များအရ သိရှိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်
အထူးစီးပွားရေးဇုန်စီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံ
နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင်
သဘောတူစာချုပ်ချုပ်ဆိုကာ ၇၅ နှစ် လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။
စီမံကိန်းဧရိယာ ၂၅၀ စတုရန်းကီလိုမီတာရှိသော ၎င်းစီမံကိန်းအတွက်
ထားဝယ်ခရိုင်အတွင်းမှ ကျေးရွာ ၁၅ ရွာ၊ အိမ်ခြေ ၄၁၇၃ လုံး
ရွှေ့ပြောင်းပေးရမည်ဖြစ်ပြီး ဒေသခံများ၏ နေအိမ်များကို
မူလအရွယ်အစားကိုလိုက်၍ ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ကာ
ဥယျာဉ်ခြံမြေများအတွက် လျော်ကြေးငွေပေးချေရန်ကိုမူ ပြီးခဲ့သောဇွန်လ ၁၆
ရက်နေ့က ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံကျေးရွာများမှ
သမာဓိလူကြီးများ ပါဝင်သောအဖွဲ့နှင့် ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးတို့မှ
ညှိနှိုင်းသတ်မှတ်ပေးခဲ့သော လျော်ကြေးငွေနှုန်းထားအတိုင်း
ပေးချေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စီမံကိန်းအထောက်အကူပြု အဖွဲ့မှ ယခင်က
ဒေသခံပြည်သူများဆီသို့ လျော်ကြေးငွေနှင့် ပတ်သက်၍ အဆိုပြုလွှာများရေးသားကာ
တင်ပြခိုင်းခဲ့ပြီး လျော်ကြေးငွေ ပေးချေခဲ့ရာ ဒေသခံအများစုမှာ
ရသင့်ရထိုက်သော လျော်ကြေးငွေများ မရရှိခဲ့ဘဲ နစ်နာမှုများရှိခဲ့သဖြင့်
ထိုအချိန်က နစ်နာခဲ့သူများကို ယခုပေးချေသော ဈေးနှုန်းအတိုင်း
ပြန်လည်ပြင်ဆင်သတ်မှတ်၍ လျော်ကြေးငွေများ ပေးအပ်သင့်ကြောင်း ဒေသခံများဆီမှ
စုံစမ်းသိရှိရသည်။
(၁၆-၆-၂၀၁၂) ရက်နေ့ ရေဖြူမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ခန်းမတွင်ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာများမှ
သမာဓိလူကြီးများပါဝင်သော သီးနှံလျော်ကြေးသတ်မှတ်ရေးအဖွဲ့နှင့်
ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ပါဝင်သော ဥယျာဉ်ခြံ/လယ် ပိုင်ရှင်များ
ညှိနှိုင်းသဘောတူညီချက်အရ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာအတွင်း
လယ်/ဥယျာဉ်/မြေတန်ဖိုး အပါအ၀င်နှင့် နှစ်ရှည်သီးနှံပင်များအား ပေးလျော်မည့်
လျော်ကြေးနှုန်းထားများ
စဉ် |
သီးနှံအမည် |
အမျိုးအစား |
ပေးလျော်မည့်နှုန်းထား |
မှတ်ချက် |
၁။ |
လယ် |
ကောင်း |
၃၀၀၀၀၀၀/- |
|
|
|
သင့် |
၁၅၀၀၀၀၀/- |
|
၂။ |
ရာဘာ |
အပင်ကြီး |
၁၀၀၀၀၀/- |
မြေတန်ဖိုး |
|
|
အပင်လတ် |
၇၀၀၀၀/- |
အပါအ၀င် |
|
|
အပင်ငယ် |
၃၀၀၀၀/- |
|
၃။ |
သီဟို |
အပင်ကြီး |
၉၀၀၀၀/- |
မြေတန်ဖိုး |
|
|
အပင်လတ် |
၇၀၀၀၀/- |
အပါအ၀င် |
|
|
အပင်ငယ် |
၃၀၀၀၀/- |
|
၎။ |
ကွမ်းသီးပင် |
အပင်ကြီး |
၃၀၀၀၀/- |
မြေတန်ဖိုး |
|
|
(၂၁ နှစ်မှ ၃၀ နှစ်ထိ) |
|
အပါအ၀င် |
|
|
အပင်လတ် |
၄၀၀၀၀/- |
|
|
|
(၅ နှစ်မှ ၂၀ နှစ်ထိ) |
|
|
|
|
အပင်ငယ် |
၁၀၀၀၀/- |
|
|
|
(၁ နှစ်မှ ၄ နှစ်ထိ) |
|
|
၅။ |
အုန်းပင် |
အပင်ကြီး |
၁၀၀၀၀၀/- |
မြေတန်ဖိုး |
|
|
(၂၁ နှစ်မှ ၃၁ နှစ်ထိ) |
|
အပါအ၀င် |
|
|
အပင်လတ် |
၅၀၀၀၀/- |
|
|
|
(၇ နှစ်မှ ၂၀ နှစ်ထိ) |
|
|
|
|
အပင်ငယ် |
၁၀၀၀၀/- |
|
|
|
(၁ နှစ်မှ ၆ နှစ်ထိ) |
|
|
၆။ |
ထန်းပင် |
အပင်ကြီး |
၇၀၀၀၀/- |
မြေတန်ဖိုး |
|
|
(၈ နှစ်အထက်) |
|
အပါအ၀င် |
|
|
အပင်ငယ် |
၃၀၀၀၀/- |
|
|
|
(၁ နှစ်မှ ၈ နှစ်ထိ) |
|
|
|
No comments:
Post a Comment