ပထမအကြိမ်၊ လွှတ်တော် ဆဌမပုံမှန် အစည်းအဝေးများ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၉
ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရုံး
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပြန်လည်စတင်မည့်
လွှတ်တော်အစည်းအဝေးများတွင် နိုင်ငံတော် အရအသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ
ကိစ္စများကို အဓိက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ၂၀၁၃-၂၀၁၄
ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ဥပဒေကြမ်းကို တင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် အနယ်နယ် အရပ်ရပ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်
သက်ဆိုင်ရာ လွှတ်တော်များသို့ မကြာမီ သတင်းပေးပို့မှုများ
ဆောင်ရွက်ရမည်ဖြစ်သည်။
ပြီးခဲ့သည့် ပဉ္စမအကြိမ် လွှတ်တော်ကို၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် စတင်ခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။ |