ဓမ္မစက်ဖြင့် ပြီးလျှင် အာဏာစက်ဖြင့် ပြုလုပ်ရန် အသံတွေ ကြားနေတယ်
Saturday, December 15, 2012
မလိမ္မာသည့်အလျောက် သံဃာတော်ကို အစိုးမရခြင်းတည်းဟူသော အကြောင်းကြောင့်
ကိုယ်ထိလက်ရောက် ကျူးလွန်မိပါသည်။ အရှင်ဘုရား ထိုတပည့်တော်တိုးအား သံဃာတော်သည် နောင်အခါ
စောင့်စည်းခြင်းငှာ အပြစ်ကို အပြစ်အားဖြင့် ရှုမြင်၍ ကရုဏာရှေ့ထား
မေတ္တာအားဖြင့် ခွင့်လွှတ်တော်မူပါဘုရား"
ဟုဆရာတော် ဦးဝီရသူက ချိုးပေးဖြစ်သည်။ နိုင်ငံတော်အစိုးရကိုယ်စား သမ္မတရုံးဝန်ကြီး
ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက သံဃာတော်များကို တောင်းပန်ကြောင်း
ထပ်မံလျှောက်ထားခဲ့စဉ်က ဖြစ်သည် ။။။
ဤသို့ ဆရာတော် ဦးဝီရသူက တောင်းပန်စာကို ချိုးပေးတိုင်ပေးပြီး
ဝန်ကြီးဦးလှထွန်းမှာ အစိုးရကိုယ်စား တာဝန်ခံ လိုက်ဆိုကာ တောင်းပန်သည်ဟု
ဆိုတော့ သာဓု သာဓု သာဓု သုံးကြိမ်ခေါ်လိုက်ရပါသည် ။
ဒီမိုကရေစီနိုင်ငံတွင် လမ်းပေါ်ထွက်ဆန္ဒပြကြရာ နည်းလမ်းပေါင်းများစွာကို
ပြည်သူတို့ က အသုံးပြုသလို အစိုးရကလည်း နည်းမျိုးစုံဖြင့် ကူညီခြင်း ၊
တားဆီးခြင်း စသော နည်းမျိုးကို အသုံးပြုတတ်ကြသည် ။
တကိုယ်တော်ဆန္ဒထုတ်ဖေါ်ပြခြင်းကို မည်သူမျှ လိုက်လံတားမြစ်ဖမ်းဆီးခြင်းမည်း
မရှိသလို လူငါးဦးမကျော်လျှင် ဖမ်းဆီးတားမြစ်ခြင်းလည်း
ဒီမိုကရေစီနိုင်ငံများမှာ မကျင့်သုံးကြပေ ။ ၄င်းစံနုံးများကို
မြန်မာနိုင်ငံအစိုးရများက အတူယူလေးစား တန်ဖိုးထားရန်လိုသည် ။
သာမန်အားဖြင့် ဒီမိုကရေစီနိုင်ငံများတွင် လူစုလူဝေးဖြင့်
ဆန္ဒထုတ်ဖေါ်ရန် မြို့ လည်ရပ်ကွက်များတွင် နေရာသတ်မှတ်ထားပေးသည် ။
အထူးသဖြင့် သမ္မတအိမ်တော်အနီး ပါလီမန်အိမ်တော်အနီး အစိုးရရုံးနှင့်
နီးကပ်သော နေရာများတွင် သတ်မှတ်ပေးထားတတ်ပါသည် ။
ဆန္ဒထုတ်ဖေါ်ကြမည်ဆိုသောအခါ ရဲထံမှ ပါမစ်ခွင့်ယူပြီး အသံချဲ့ စက်
မသုံးလျှင် ငွေကြေး မပေးရခြင်း နှင့် အချိန်ကာလ နေ့ ရက်တို့ ကို
လက်မှတ်ထိုးကာ နယ်မြေခံ ရဲထံတွင် လူကိုယ်တိုင်သွား၍ဖြစ်စေ အင်တာနတ်ဖြင့်
အီးမေးရေးပြီး လျှောက်သည်ဖြစ်စေ လျှောက်ထားသည်များကို တင်သွင်းပေးပို့
့နိုင်သည် ။ ၄င်းလျှောက်ထားသည်များကို ချက်ချင်းပင် မဆိုင်းမတွ
ခွင့်ပြုချက်ပေးကာ လိုအပ်သည်များကို စောင့်ရှောက်နိုင်ရန်အတွက်
ရဲများတွင် အစီအစဉ်များ ပြုလုပ်ချိန် ရရှိသွားတတ်ပါသည် ။
ဆန္ဒပြနေသောလူအုပ်စုမှာ ကြေညာချက်များကို ဖြန့် ဝေခြင်း ၊
လူထုဟောပြောပွဲများကို ဟောပြောခြင်းများ ၊ သရုပ်ဆောင်ပြသခြင်းများကို
ပြုလုပ်ချိန်ခွင့်ပြုမိန့် ပါမစ်ရထားသည့်အတိုင်း ဆောင်ရွက်ခွင့်ရရှိကြသည်
။ ကြေညာချက်များကို ပါလီမန်သို့ ၎င်း၊ သမ္မတသို့ ၎င်း ၊ ၀န်ကြီးချုပ်ထံသို
့၎င်း ၊ သို တည်းမဟုတ် သက်ဆိုင်ရာသံရုံးများသို့  ပေးပို့လိုလျှင်
တာဝန်ကျ ရဲလုံခြုံရေးမှ ရဲကားဖြင့် ဆန္ဒပြသူများ၏ ကိုယ်စားလှယ်
-၃-ယောက်ခန့် ကို လိုက်လံပို့ ဆောင်ပေးတတ်ပါသည် ။ ၄င်းကိုယ်စားလှယ်များမှ
ကြေညာချက်များကို ပေးပို့ ပြီးပြန်လာသည့်အခါမှ ဆန္ဒပြသည့် လူအုပ်စုမှာ
အချိန်ကာလအတိအကျကို လေးစားစွာဖြင့် ခွင့်ပြုချက်နေရာမှ ထွက်ခွါရသည် ။
ဤသည်မှာ ကျွန်တောတို့  ပြုလုပ်ခဲ့ သော - တွေ့ ကြုံဖူးသော
ဒီမိုကရေစီနိုင်ငံများ၏ ဆန္ဒထုတ်ဖေါ်သည့် အခန်းအနားအကြောင်းအရာဖြစ်သည် ။
အကယ်၍ ဤသို့ သော အချက်အလက်များကို မြန်မာနိုင်ငံအစိုးရသည် သေသေချာချာ
သိထားသည်ဆိုပါက မည်သည့်အကြမ်းဖက် ပြသနာများနှင့် မည်သည့် အဓိကရုဏ်းများ
ဝန်းနည်းဘွယ်ရာ ဖြစ်ပေါ်ခြင်းငှာ လုံးဝပေါ်ပေါက်မည် မဟုတ်ချေ ။
သို့ အတူ ဆန္ဒပြနေသော လူအုပ်စုများမှာ
ညအိပ်ဆန္ဒပြနေသည်ဆိုလျှင်လည်း ခွင့်ပြုချက်ပေးထားသော ဆန္ဒပြနေရာမှာ
တသက်လုံးညအိပ်ဆန္ဒပြခွင့် ရရှိကြသည် ။ ဆန္ဒပြခွင့်မဟုတ်သော
နေရာများတွင်မူ ညအိပ်ဆန္ဒပြခွင့်လည်းမရှိသလို နေ့ လည်းဆန္ဒပြခွင့် မရှိ ။
အကယ်၍ ပုဒ်မ္မ(၁၄၄ ) ထုတ်ပြန်ထားသော နယ်မြေတွင်ဆိုလျှင်လည်း
လုံးဝလူစုလူဝေးဖြင့် ဆန္ဒထုတ်ဖေါ်ခွင့်မပြုလုပ်ရချေ ။ တချိန်တည်းမှာပင်
ပုဒ်မ္မ ( ၁၄၄ ) ၏ အနှစ်သာရကိုလည်း ပြည်သူတရပ်လုံးသိရှိအောင်
ပညာပေးသင်တန်းများကို သင်ကြားပေးရန် အထူးလိုအပ်နေပါပြီ ။ ပြည်သူများ
သိရှိရန်လိုအပ်သကဲ့ သို့  ပဋိပက္ခ အဓိကရုဏ်းများကို နှိမ်နှင်းရသော
လုံခြုံရေးရဲများကလည်း ပုဒ်မ္မ ( ၁၄၄ ) ၏ အခမ်းကဏ္ဍ လုပ်ပိုင်ခွင့်ကို
အနှစ်သာရရှိရှိ သိထားလေ့လာထားရန် လိုအပ်နေပါပြီ ။ ရဲလုပ်နေပြီး
ဥပဒေအချက်အလက်များကို မသိဘဲ တောင်းစားလဘ်စား မည့် -အချက်ကိုသာ သိသော
ပုလိပ်ညဉ် ရှိနေသည့် စိတ်မျိုးကို ယခုအချိန်မှာ
ဖျောက်ဖျက်ပေးရန်လိုနေပါပြီ ။ ပြုလုပ်နေသူများရှိလျှင်လည်း
ဖမ်းဆီးအရေးယူရမည့် အချိန်ဖြစ်သည် ။ ယခုအချိန်သည် တရားသူကြီးက
တရားခံဖြစ်ရမည့် အချိန် ၊ ရဲက တရားခံဖြစ်ရမည့် -၂၁-ရာစု -အချိန် ဖြစ်သည်
။ ဒီမိုကရေစီနိုင်ငံများသည် လူသားတို့ ၏ လူ့ အခွင့်အရေးများနှင့် လူ
့အကျင့်စရိုက်များကို အကောင်းဆုံးပြုပြင်ထိမ်းသိမ်း ပဲ့ ပြင်တတ်သော
စည်းကမ်းချက်များကို ချမှတ်ထားတတ်ရာ သမ္မတသည်၎င်း ၊ ၀န်ကြီးချုပ်သည်၎င်း ၊
တရားသူကြီးသည်၎င်း တရားခွင်တွင် တရားခံလုံးလုံးဖြစ်သွားသူများ
ဖြစ်သွားကြပါပြီ ။
ကျွန်တော်တို့ မှာ မြန်မာနိုင်ငံ ရွေ့ နေပါသည်ဟု ပြောနေသော
ဝေါဟာရကို လက်မခံချင်ဘဲ အောင့်အီးကာ လက်ခံနေရသည် ။ ရွေ့ လျှင် ရွေ့ 
သည့်အနေအထားမှာ ခလုပ်ကန်သင်းများ အဖုအထစ်များ မရှိစေ မတိုက်မိစေဘဲ
ဖြောင့်ဖြူသာယာစွာဖြင့် လမ်းခရီးချောမွေ့ ကာ ရွေ့ စေရမည်ဖြစ်သည် ။ ခုတော့
ရွေ့ နေပါသည်ဟု တချို့ က ပြောနေချိန် မည်သည့်အတွက်ကြောင့်
အဖုအထစ်ပြသနာများကို ကြားရသနည်း ဆန်းစစ်တော့ ဥပဒေ၏အထက်မှာ လူတန်းစားတချို့
့ ရှိနေသည်ကိုလည်း မမြင်ရသော်တောင်မှ မှန်းဆကြည့်၍ သိသာနိုင်ပါပြီ ။
ကျွန်တော်တို့ မှာ စင်စစ်အားဖြင့် မြန်မာနိုင်ငံကို တလိမ့်လိမ့် ရွေ့
့စေချင်၍ ဘ၀ကို အနစ်နာခံကာ နိုင်ငံရေးလောကမှာ ကူသန်းကျော်ဖြတ်
နေကြသူများဖြစ်သည် ။ ထို့ ကြောင့် ယခုဖြစ်နေသော
လက်ပံတောင်းတောင်စီမံကိန်း ဆန္ဒထုတ်ဖေါ်ပွဲတွေမှာ
အကြမ်းဖက်ဖြိုခွဲခြင်းများကို လက်မခံ ၊ ဖမ်းဆီးနေခြင်းများကို လုံးဝ
မနှစ်သက် ။ စောစောကတင်ပြသလို ပြည်သူများကလည်း ဆန္ဒထုတ်ဖေါ်ခွင့်ကို
သိရှိသလို အစိုးရကလည်း ခွင့်ပြုမည်ဆိုလျှင် မည်သူမျှ ထိခိုက်နာကျင်ကြမည်
မဟုတ်သည်မှာ သေချာလှပါသည် ။
ခုတော့ ဆရာတော်တွေကို အစိုးရကိုယ်စား ၀န်ကြီးဦးလှထွန်းတို့ က
တောင်းပန်ဝန်ချ သည်ဆိုတော့ ကြားရသူမြင်ရသူ အပေါင်းတို့ မှာ
စစ်ယူနီဖေါင်းချွတ်အစိုးရ၏ ဆင်ခြင်တုံတရားများကို လက်ခံသဘောကျမိပါတော့သည်
။ ၄င်းကဲ့ သို့ သာ ဖြစ်ရချေမည် မဟုတ်ပါလား ။ ဗုဒ္ဒ၏ ဆိုဆုံးမကို
ခံယူထားသော ဗုဒ္ဒဘာသာဝင်များအဖို့  ဆယ်ပါးသီလကို ခါးဝတ်ပုဆိုး
မြွေစွယ်မကျိုး ရှိထားရမည်မှာ အမှန်ပင်ဖြစ်သည် ။ ၄င်းမှန်ကန်သောအချက်ကို
အစိုးရမှ စံနမူနာပြသလိုက်ခြင်းမှာ ချီးကြူးလေးစားစရာဖြစ်ပါတော့သည် ။
ခုတော့ ဓမ္မစက်ဖြင့် အရာခပ်သိမ်းတို့ မှာ မြန်မာနိုင်ငံ၌
ငြိမ်းချမ်းစွာဖြေရှင်းလိုက်ပြီဖြစ်၍ အေးချမ်းသာယာ သွားပြီဖြစ်ကြောင်း
ပြော၍ ရပါတော့မည် ။ ဓမ္မစက်ဖြင့် နိုင်ငံတည်ငြိမ်သွားပြီဆိုတော့
ဗုဒ္ဒဘာသာဝင်များ၏ တရားတော်အတိုင်း တယောက်ကိုတယောက်
နားလည်ခွင့်ပြုကြပြီးပြီဆိုတော့ တခုသာကျန်ပါတော့သည် ။
၎င်းမှာ အာဏာစက်သာကျန်ပါတော့သည် ။ ဓမ္မစက်က ခွင့်လွှတ်ပြီဆိုသော်လည်း
အာဏာစက်က ရှိနေသေးသည်မို့  ၄င်းအာဏာစက်ဖြင့် ဆောင်ရွက်ရန် ကျန်နေသည် ။
ယခုလက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ အကြမ်းဖက် ဖြိုခွဲမှုတွင်
အာဏာစက်ဖြင့် ဥပဒေကဲ့ သို့ တည်သောအမိန့် ဖြင့် ဆောင်ရွက်ရန်လိုပါသေးသည် ။
ယခုအကြမ်းဖက် မီးလောင်ဗုံးဖြင့် ဖြိုခွဲခြင်းသည် သမ္မတဦးသိန်းစိန်၏
ခိုင်းစေသော အမိန့် မဟုတ်ကြောင်းကျွန်တော်တို့  နားလည်နေသည် ။
တနေရာရာမှာ တစုံတယောက်ယောက်က မှားယွင်းနေသော အမိန်
့ဖြစ်ချင်ဖြစ်နေပေလိမ့်မည် ။ မည်သို့ ပင်ဆိုစေ မုံရွာ ရဲမှူးကြီး
ဦးတင်ထွန်းသည် မီးလောင်ဗုံးကို လိုသည်ထက်ပိုသုံးစွဲခြင်းနှင့် ပုဒ်မ (
၁၄၄ ) ၏ အမိန့် ပါ အနှစ်သာရ ကို ရဲမှူးကြီး တယောက်လုပ်နေပြီး
မသိနားမလည်လဲ အပြစ်မဲ့  ရဟန်းသံင်္ဃာများအား လူမဆန်စွာ အိပ်စက်
ကျိန်းနေချိန်မှာ ရက်ရက်စက်စက် ပြုလုပ်သူဖြစ်သည် ။ သူ့ အား အမှုဖွင့်ရန်
ဆေးရုံရှိ ရဟန်းသံင်္ဃာတပါးပါး သို့ မဟုတ် လူတယောက်ယောက်ကို
ခွင့်ပြုရန်လိုသည် ။ သို့ မှသာ လက်ပံတောင်းတောင်စီမံကိန်းလို နောင်မည်သို
့မျှ မီးလောင်ဗုံးမျိုး သို့ မဟုတ် မည်သည့် အန္တရယ်ပြုမည့် ဗုံးများ
မသုံးကြတော့သလို အဓိကရုဏ်းများကို နှိမ်နှင်းရာ၌လည်း
ဥပဒေအချက်အလက်အတိုင်း ဆောင်ရွက်ကြမည်ဟု ယုံကြည်ပါသည် ။ ထို့ ကြောင့်
ဓမ္မစက်ပြီးသွားလျှင် အာဏာစက်ဖြင့် ဆောင်ရွက်ရန် လိုနေပါသေးကြောင်း။။။။။။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment