မြန်မာနိုင်ငံအတွက် လက်နက် ကြားခံဝယ်ယူပေးခြင်း မရှိခဲ့ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးငြင်းဆို
Popular News Journal, 16 December 2012 —- ရန်ကုန်၊ ဒီဇင်ဘာ ၁၅ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုကို ချိုးဖောက်၍ မြန်မာနိုင်ငံအတွက် လက်နက် ကြားခံဝယ်ယူပေးခြင်း မရှိခဲ့ကြောင်းမြန်မာနိုင်ငံ သို့ ရောက်ရှိနေသော အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ခါရှစ်က ငြင်းဆို လိုက်ပြီး အိန္ဒိယ တပ်မတော်အတွက်ဝယ်ယူထားသော ဆွီဒင်လုပ် စစ်လက်နက်များ မြန်မာ့တပ်မတော်တွင် အသုံးပြုနေသည့် ကိစ္စအပေါ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။
“သေချာတာတစ်ခုကတော့ ကျွန်တော်တို့(မြန်မာတပ့်မတော်အတွက်) လက်နက်ရောင်းဝယ်မှု မလုပ်ခဲ့ဘူး။
ဘယ်လိုတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ ကျွန်တော်တို့ စုံစမ်းအဖြေရှာသွားမယ်”ဟု ၎င်းက ပြောသည်။
KIA တို့ သိမ်းဆည်းရမိခဲ့သော မြန်မာ့တပ်မတော်မှ တင့်ကားဖျက်လက်နက်(Carl Gustaf M3 anti-tank rifle) နှင့်စစ်လက်နက်ပစ္စည်းများ၏ ဓာတ်ပုံများအား ဆွီဒင်သတင်းစာများက ယခုတစ်ပတ်တွင် ပုံနှိပ်ဖော်ပြခဲ့ကြသည်။
ဓာတ်ပုံတစ်ပုံတွင် လက်နက်၏ နံပါတ်စဉ်ကို ရှင်းရှင်းလင်းလင်း မြင်ရရာ ယင်းလက်နက်များသည် အိန္ဒိယတပ်မတော်မှ
ဝယ်ယူထားသောလက်နက်များဖြစ်ကြောင်း ဆွီဒင် လက်နက်မပြန့်ပွားရေးနှင့် ပို့ကုန်ထိန်းချုပ်ရေးအေဂျင်စီ SANEC က ဆိုသည်။

PN-055

No comments:
Post a Comment