Friday, December 21, 2012

- *မျက်ရည်ယိုဗုံး၊ မီးလောင်ဒဏ်ရာများ၊ ဆေးပညာအမြင်နှင့် အကုသိုလ် ဖန်တီးမှု*(၃)


 
- *မျက်ရည်ယိုဗုံး၊ မီးလောင်ဒဏ်ရာများ၊ ဆေးပညာအမြင်နှင့် အကုသိုလ် ဖန်တီးမှု*(၃) 
-ဒေါက်တာ ဇီဝက (ကမ္ဘောဇ)--၁၇-၁၂ -၂၀၁၁


မီးလောင်ဒါဏ်ရာတွေကို စနစ်တကျ အချိန်မှီ မကုသနိုင်သလိုပဲဖြစ်ဖြစ် ၊မီးလောင် ဒါဏ်ရာ ပြင်းထန်ရင်ပဲ ဖြစ်ဖြစ် နောက်ပိုင်းမှာ အမာရွတ်တွဲ (Contracted Scars) အမာရွတ် အဖုအထစ် ၊အကျည်းတန် မီးလောင် ဒါဏ်ရာများ (Ugly Scars- Keloid) ဆိုတာတွေ ဖြစ်ပေါ်ခဲ့ရင် ပလပ်စတစ် ဆာ၈ျရီနည်းတွေနဲ့ ၊အရေပြား၊ မျက်နှာ၊ ခြေလက် ပြန်လည်လှပ၊ ကြည့်ကောင်းအောင် လှုပ်ရှား ဖုပ်ကိုင် အလုပ်လုပ်နိုင်၊ သာမန် လူကောင်း ဘသရောက်အောင် ပြုပြင် ကုသ မှုတွေ ပေးရပါတယ်။


ဗီယက်နမ် စစ်ပွဲ မီးလောင်ဗုံး ထိခဲ့သူ မိန်းခလေးငယ် Kim Phuc
ငွေမရှိလို့၊ ဆေးကုသစရိတ် မတတ်နိုင်လို့ မကုသနိုင်ရင်တော့ တသက်တာ ဒုက္ခိတ ဘ၀နဲ့ ၀မ်းနည်းစွာ အဆုံး သတ်ရမှာဖြစ်ပါတယ်။ ဗီယက်နမ် စစ်ပွဲမှာ နပန်း လောင်မီးဗုံး ဒါဏ်ရာရှင် (Kim Phuc) ဆိုရင် အကြိမ် (၅၀) ထက်မနည်း (Plastic Surgery) ကုသမှု ခံယူခဲ့ရပါတယ်။
လက်ပတောင်းတောင် သပိတ်စခန်းြေိုခွင်းမှုကြောင့် ဒါဏ်ရာရတဲ့ ရဟန်းသံဃာတော်နဲ့ ရွာသားတွေရဲ့ ဒါဏ်ရာတွေကို ရှုမြင်သုံးသပ်ချက်အရ သာမန် မျက်ရည်ယိုဗုံးသုံးပြီး အဓိကရုဏ်းကို ဖြိုခွင်းထိန်းချုပ်တာထက် ၊သြန်းခေါင်ကျော်လင်းအားကြီး အိပ်စက်ချိန်မှာ၊ (အကြမ်းဖက်၊ ရုန်းရင်းဆန်ခတ်၊ ခုခံနေချိန်မဟုတ်) ရန်သူစခန်းကို သိမ်းသလိုမျိုး အပိုင်အနိုင်ရလိုပြီး အပြီးအပြတ် ရှင်းလိုတဲ့ စိတ်ရည်ရွယ်ချက်နဲ့ ကြိုတင်အကွက်ချပြီး အင်အားကိုလိုအပ်တာထက် ပိုသုံးနှိမ်နင်း ထိမ်းချုပ်တယ်လို့ မြင်ပါတယ်။


သင်္ကန်းတွေ ပေါက်ပြဲ ဇကာကျ မီးလောင် ဒါဏ်ရာတွေ ပြင်းထန်တာကိုကြည့်ခြင်းအားဖြင့် မီးလောင်ဗုံး(လောင်မီးဗုံး) ( Incendiary Grenade), (Military Round-Tear Gas Grenades) အပြင်၊ ဓါတုပစ္စည်းသုံး၊မီးခိုးဗုံး၊ အထူးမျက်ရည်ယိုဗုံး၊ (ဥပမာ- နပန်းဗုံး) အလားတူ အခြားဗုံးများ၊ အသုံးပြု ပါဝင်တယ်လို့ ယူဆနိုင်ပါတယ်။
နောက်ပြီး မသင်္ကာ၊ သံသယ ဖြစ်စရာ မရိုးသားမှုလို့ ဆိုနိုင်တဲ့ အချက်က ရေနဲ့ အရင်ဖြန်းတာပါ။ အဓိကရုဏ်းတွေမှာ ရေလုံး အားပြင်းပြင်း ၊မီးသတ်ပိုက်နဲ့ အရင်ထိုး ပက်တာ၊ ဆန္ဒပြသူတွေ အုပ်စုဖွဲ့ ရှေ့ တက်မလာအောင် ၊ပြန်လည်ခုခံ ရန်မပြု နိုင်အောင်၊ လူစုခွဲဖို့ ဖြစ်ပါတယ်။ မရမှသာ သာမန် မျက်ရည်ယိုဗုံး ကို သုံးကြတာဖြစ်ပါတယ်။

ခုကိစ္စမှာက ၊ရေစိုရင် စိုထိုင်းတဲ့လေ၊ရေငွေ့ ရှိရင် လောင်ကျွမ်းမှု ပိုမိုပြင်းထန်စေတဲ့ ၊မီးစုန်းဖြူ ( White Phosphorous) ပါဝင်တဲ့ ၊လောင်မီးဗုံး၊အထူးမျက်ရည်ယို ဗုံးတွေနဲ့ ဓါတ်ပြုအား ပိုမို ပြင်းထန်စေဖို့ ကြိုတင်စီမံသလို ဖြစ်နေပါတယ်။
မီးစုန်းဖြူ(သို့မဟုတ်) အလားတူ ဓါတုပစ္စည်း ပါဝင်တဲ့ ဗုံးတွေဟာ ရေစို၊ချွေးစိုနေတဲ့ အ၀တ်၊သင်္ကန်း တွေနဲ့ ထိရင် ပိုမို မီးလောင် ဒါဏ်ရာရစေနိုင်ပါတယ်။ ဒါဏ်ရာ ပို ပြင်းထန်စေပါတယ်။
ဓါတု ပစ္စည်းသုံး နပန်းဗုံး သုံးခဲ့ရင် ပါဝင်တဲ့ ပစ္စည်းတွေ ထိကပ်ရင် ၊အဲဒီပစဏည်းတွေ ကုန်တဲ့ အထိ လောင်ကျွမ်းတာမို့ ဘယ်လိုမှ မီးငြိမ်းသတ်လို့ မရပဲ အသားတွေမှာ ကပ်ရင် ပြတ်ကျတဲ့အထိ ၊ အ၀တ်အစား သင်္ကန်းဆိုရင် ဆိုရင် ဇကာပေါက် ဖြစ်တဲ့ အထိ၊ ပြင်းထန်စွာလောင်ကျွမ်းပါတယ်။ သာမန် မျက်ရည်ယိုဗုံးကြောင့် အ၀တ်အစားတွေ ဇကာပေါက် ဖြစ်ပြီး မီးလောင်ဒါဏ်ရာတွေ ပြင်းထန်ဖို့ အင်မတန် ခဲယဉ်းပါတယ်။ ဗွီဒီယိုမှတ်တမ်းတွေမှာ ၊သပိတ်စခန်း မီးအကြီးအကျယ်လောင်ကျွမ်းနေတာ၊ သာမန် မျက်ရည်ယိုဗုံးကြောင့် လုံးဝ မဖြစ်နိုင်ပါ။
အခင်းဖြစ်ပွါးရာနေရာကို အ၀တ်၊သင်္ကန်း ကျန်ရှိတဲ့ ပစ္စည်းတွေကို မီးရှို့ ပစ်၊ သဲနဲ့ ခင်း၊ ရေနဲ့ ဖြန်းပစ်တယ်ဆိုတာ သက်သေခံပစ္စည်း အထောက်အထား ပစ္စည်းတွေနဲ့ နေရာ(Scene) ကိုဖျောက်ဖျက် ပစ်တာဖြစ်ပါတယ်။
၁၉၉၃ ခုနှစ် ဧပြီလ(၉) ရက်နေ့ တုံးက ၊အမေရိကန်နိုင်ငံ၊ Texas ပြည်နယ်က Branch Davidian Complex နဲ့ (FBI) တပ်ဖွဲ့ တွေ ၀င်ရောက်စီးနင်း၊ မီးလောင်တိုက်သွင်းခဲ့စဉ်က ၊ အဖြစ်အပျက်ဆိုရင် သက်ဆိုင်ရာ အာဏာ ပိုင်တွေက အဖြစ်မှန်တွေကို ထိန်းချုပ် ဖုံးကွယ် လိမ်ညာထားခဲ့ကြပြီး ၊နှစပေါင်း အတော်ကြာမှ တရားသူကြီးချုပ် (Janet Reno) ရဲ့  ရိုးသားတည်ကြည် ဖြောင့်မတ် စွာမနေမနား ကြိုးစားမှုကြောင့် ၊ နောက်ဆုံးမှာ အမှန်တရားဖော်ထုတ် နိုင်ခဲ့ပါတယ်။

(FBI) နဲ့ ပတ်သက်ရာအဆောက်အဦးကို ၀င်ရောက်ရှာဖွေတော့မှ စစ်သုံး (TearGas -မီးလောင်ဗုံး)တွေ သုံးခဲ့ပါတယ်။ အထက်ညွှန်ကြားချက်အရ ၀င်ရာက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်လို့ (အမှန်) ကိုဝန်ခံခဲ့ဘူး ပါတယ်။
ဒီသတင်းဟာ ဟိုးလေးတကျော် ဖုံးဖိလို့ မရအောင် ဖြစ်ခဲ့ဘူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်(ဥက္ကဌ) အဖြစ် ဆောင်ရွက်တဲ့ (စုံစမ်းရေးကော်မရှင်) ဟာ၊ မှန်ကန် တည်ကြည် ဖြောင့်မတ် စွာနဲ့ မှန်မှန်ကန်ကန် သမာသမတ် ၊အမှုမှန် ဖြစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ရင်တော့ ရဟန်း၊ရှင်လူ၊ ပြည်သူတွေ၊ ကြေနပ် ၀မ်းမြောက်ကြမှာပါ။
ဒေါ်စုရဲ့  သတင်းစာရှင်းလင်းပွဲမှာ ဆိုခဲ့သလိုပဲ ရာနှုန်းပြည့် လူတိုင်းကြေနပ်တဲ့ အဖြေ မရနိုင်ဘူး ဆိုတဲ့ အတိုင်း ၊မဟုတ် မမှန်တာ လုပ်သူကတော့ အဖြစ်မှန် ပေါ်မှာစိုးရိမ်ပြိး ပေါ်ရင်ကြေနပ်မှာ မဟုတ်ပါဘူး။

နိုင်ငံတကာမှာ မျက်ရည်ယိုဗုံး၊ ဓါတုပစ္စည်းသုံးဗုံး၊ မီးခိုးဗုံး၊ မီးလောင်ဗုံး၊ နပန်းဗုံးတွေ သုံးစွဲရေးမှာ အကန် အသတ်တွေ ရှိပါတယ်။
The Hauge Conuention of (1899- 1907) ; Chemical Weapon Convention ; Biological Weapon Protocol; Several Geneva Convention စတဲ့ နိုင်ငံတကာစာချုပ်တွေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ ရှိပါတယ်။
CCw(1980) ; UN Convention on certain Conventional Weapon; Protocol-3 of CCW မှာ ဆိုရင် မီးလောင်ကျွမ်းစေတဲ့ လက်နက်တွေကို သာမန်အရပ်သား လူထု (Civilian) တွေအပေါ်မှာ မဆင်မခြင်၊ မသုံးစွဲဖို့ တားမြစ် ပိတ်ပင်ထားပါတယ်။
Chemical Weapon convention (၁၉၉၃)မှာ အင်ဂိုလာနိုင်ငံ၊ အီဂျစ်၊ မြောက်ကိုရီားယး၊ ဆိုမာလီယာ၊ ဆီးရီယားဆိုတဲ့ (၅) နိုင်ငံကလွဲရင် နိုင်ငံတော်တော်များများက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
CWC မှာ မြန်မာ နိုင်ငံက ဆ၉၉၃ ခုနှစ် ဗန်န၀ါရီလ ၁၄ -ရက်နေ့ မှာ သဘောတူ လက်မှတ်ရေးထိုးထားတယ်လို့ လေ့လာသိရှိရပါတယ်။


မိဘ မျိုးရိုးစဉ်ဆက် ဗုဒ္ဒဘာသာဝင်စစ်စစ် ၊ရတနာ (၃)ပါးကို ကြည်ညို ကိုင်းရှိုင်းသူ မှန်သမျှ ၊ ဒီဖြစ်ရပ်မျိုးဟာ အကုသိုလ် တကာမှာ အပြစ် အကြီးလေးဆုံး ဖြစ်တဲ့ (ကံကြီးထိုက်မှု) ဖြစ်တာမို့ စိုးရိမ် ကြောက်ရွံ့ ကြပါတယ်။

" လောကီ စည်းစိမ်" သည်သာ "အဓိက " လို့ ရှုမြင်ခံယူသူ လူ့ အန္ဒပုထုဇဉ်တွေကတော့ ၊ ခရဲ ဆိုတာ ချို(၈ျို) နဲ့  လား "၀ိပါက် ကြမ္မာ၊ သံသရာ " ဆိုတာ အလကားပါလို့ ၊ အမိုက်မှောင် ဖုံးနေကြဥိးမှာပါပဲ။


ဆောင်းပါးရှင်

ဒေါက်တာ ဇီဝက (ကမ္ဘောဇ)

ရည်ညွှန်း ကိုးကား

၁။ Wikipedia
၂။ သတင်းမီဒီယာ ရုပ်သံလွှင့် ဌာန အမျိုးမျိုး
၃။ Internet - Website များ
၎။ ဆေးသိပ္ပံ ခွဲစိတ်ကုပညာ စာအုပ်စာတမ်းများ
။။။။။။။။။။။။။။။။။။။။။။။။။။။
ဆက်လက်ဖော်ပြပါဦးမည်။
( တာဝန်ခံ အယ်ဒီတာ ။ဟစ်တိုင်)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။