တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓမ္မထိမ်းမြားလက်ထပ်မှု ပြုလုပ်ရန်
ရောင်းစားခံထားရသည့် အမျိုးသမီးပမာဏမှာ သောင်းဂဏန်းအထိ ရှိနေပြီဖြစ်ကြောင်း
မြန်မာနိုင်ငံ လူကုန်ကူးမှုဗဟိုတွင် ဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ၊
ရဲမှူးကြီး ရာလျံမုန်း (အငြိမ်းစား)က ပြောကြားခဲ့သည်။
'' မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ ကမ္ဘောဒီးယားတို့ကနေ
တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့ အမျိုးသမီးတွေ အများကြီးရှိနေတယ်။
မြန်မာအမျိုးသမီးတွေဆိုလည်း သောင်းဂဏန်းမကရှိနေတယ်။ ရုပ်ရည်နဲ့
အသက်အရွယ်ကိုကြည့်ပြီး အရောင်းအ၀ယ်ဖြစ်နေကြတယ်'' ဟု ၎င်းက ဆက်လက်
ပြောကြားခဲ့သည်။
မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ရောင်းစားရာတွင်
နိုင်ငံအတွင်း အမျိုးသမီး ပြတ်လပ်မှုဖြစ်ပေါ်နေသော တရုတ်အမျိုးသားများက
ဇနီးမယားအဖြစ် ပေါင်းသင်းရန် ၀ယ်ယူခြင်းဖြစ်ပြီး
မြန်မာအမျိုးသမီးတစ်ဦးကို ဘုံမယားအဖြစ် အဓမ္မပေါင်းသင်းသည့် အဖြစ်မျိုးပါ
ဖြစ်ပေါ်နေသည်ဟု သိရသည်။
လူကုန်ကူးမှုမှာ လွန်စွာအကျိုးအမြတ်ရရှိသော အလုပ်ဖြစ်နေပြီး ၂၀၁၁
ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများတွင် ချစ်သူရည်းစားအဖြစ်
ဟန်ဆောင်လက်ထပ်ပြီးမှ တစ်ဘက်နိုင်ငံသို့ ရောင်းစားသည့်နည်းလမ်း
အထူးတွင်ကျယ်ခဲ့သည်ဟု ရဲမှူးကြီး ရာလျံမုန်း(အငြိမ်းစား)က ဆက်လက်
ပြောကြားခဲ့သည်။
'' အချို့က မိန်းကလေးကို ချစ်သူရည်းစားဟန်ဆောင်ပြီး
တစ်ဘက်နိုင်ငံရောက်မှ ရောင်းစားရုံသာမကပဲ လက်ထပ်စာချုပ်မှာ
လတ်မှတ်ထိုးပြီးမှ တစ်ဘက်နိုင်ငံကို ခေါ်သွားပြီး ရောင်းစားတာတွေ ရှိတယ်။
တောင်ကြီးသားတစ်ယောက်ဆိုရင် အဲဒီလိုရောင်းစားနေတာ
ကိုးယောက်မြောက်မိန်းမကျမှ မိတယ်'' ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံသို့ လူကုန်ကူးမှုတွင် အမျိုးသမီးများကိုသာမကဘဲ
ကလေးသူငယ်များကိုပါ မွေးစားရန် ရောင်းချခြင်းများ ရှိနေကြောင်း
သိရသည်။မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုများ၏ ၇၀
ရာခိုင်နှုန်းမှာ မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန်
ပို့ဆောင်ရောင်းစားခြင်းဖြစ်ကြောင်း သိရသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ လူကုန်ကူးမှု ပေါင်း ၈၈၅ မှုကို
ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးတရားခံ ၂၄၅၃ ဦးကိုလည်း
အရေးယူနိုင်ခဲ့ကြောင်း သိရသည်။ |
Comments
ဟေ.......ဟုတ်လား....။ ဟေ့ကောင်တွေ မင်းတို့ Like ကြ Share ကြသေးလား..။
ဘာမှမလုပ်ပါဘူးခင်ဗျ..။ အမိန့်အရ ..... ကူးရုံပဲကူးထားတာပါ...။
သြော် ............... အေးအေး...။ မင်းတို့ လုံး ၀င်မမန့်ကြနဲ့နော်..။ ဒါ ပေါ်လစီပဲ..။
(ဖုန်းချ၊ သက်ပြင်းချပြီး...... တော်ပါသေးရဲ့ ငါ့အမျိုးတစ်ယောက်မှ မပါလို့ ........။)
လွယ်လွယ် လေး ပါ၊ တရုပ် နယ်စပ် ဝင် မယ့် အရွယ် ရှိအမျိုး သမိး တိုင်းကို Personal GPS Locator ကို ဖြတ်ရခက် ခိုင်ခံ တဲ့စတီးကြိုး လေးနဲ့ မဆွဲ မနေရဆိုပြီး အစိုးရဋ္ဌာနက ပေးလိုက်လေ။
store data in side address, emergency contact or whatever necessary info.
အစိုးရ လည်း ကော်ပီ သီချင်းနားထောင် များပြီး ညဏ်က္ပန့်မြူး မှု မရှိ ဖြစ်ကုန်ပ။ ဖြစ်ရင် ဘာလုပ်မလဲ မသိ ငါးနှစ်အောက် ကလေးလိုအော် ပြောဖို့ပဲသိ။-
ရှိနေသေးရင်ထပ်ပြီး အမှုတွေထပ်လုပ်နေကြအုံးမှာပဲ။ စိနတွေကလဲတော်တော်လေးမိုက်ရိုင်းတယ်။
မန္တလေးမှာသူတို့ရဲ့ လူရောင်းလူဝယ်အေဂျင်စီရှိတယ်လို့သတင်းတွေ online ပေါ်မှာပျံ့နေတာပဲ။
အစိုးရအနေနဲ့ကဒီလိုမျိုးအမှုတွေတင်းတင်းကျပ်ကျပ်ကိုင်တွယ်သင့်တယ်။အမျိုးသားရေးကိစ္စအနေနဲ့