ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Friday, December 21, 2012
- *မျက်ရည်ယိုဗုံး၊ မီးလောင်ဒဏ်ရာများ၊ ဆေးပညာအမြင်နှင့် အကုသိုလ် ဖန်တီးမှု*(၂)
- *မျက်ရည်ယိုဗုံး၊ မီးလောင်ဒဏ်ရာများ၊ ဆေးပညာအမြင်နှင့် အကုသိုလ် ဖန်တီးမှု*(၂)
-ဒေါက်တာ ဇီဝက (ကမ္ဘောဇ)--၁၁-၁၂ -၂၀၁၁
နပန်းဗုံး ( Naplam Bomb)
ဗီယက်နမ် စစ်ပွဲတုံးက အမေရိကန် စစ်တပ်တွေ သုံးခဲ့တဲ့ ထင်ရှားသော မီးလောင်ဗုံး ( Incendiary Grenade/ Smoke Bomb ) အမျိုးအစား ဖြစ်ပြီး ဗီယက်နမ်စစ်ပွဲကာလအတွင်း ကမ္ဘာကျော် ဓါတ်ပုံဆရာ တဦးရဲ့ ပူလစ်ဇာ ဆုရ ဓါတ်ပုံကြောင့် ပိုမို ထင်ရှား လူသိများ ကမ္ဘာကျော်သွားခဲ့ပါတယ်။
နပန်း ဗုံးကြောင့် တကိုယ်လုံး မီး ပြင်းထန်စွာ လောင်ကျွမ်းခဲ့ပြီး ကိုယ်လုံးတီးနှင့် လမ်းမပေါ်သို့ ငိုယို ထွက်ပြေးလာတဲ့ မိန်းခလေးငယ် Kim Phuc ရဲ့ ဓါတ်ပုံပါပဲ။ သူ့ ခမျာစစ်ပွဲ ကာလမှာ ရခဲ့တဲ့ (နပန်းဗုံး )တကိုယ်လုံး ဒဏ်ရာကြောင့်အသက်မသေပေမယ့် ခွဲစိတ်မှု (Plastic Surgery) (Burns Treatment) ကို အကြိမ်ဖန်များစွာ ပြုလုပ် ကုသမှု ခံယူခဲ့ပြီး ခုဆိုရင် သားသည် မိခင် ၊အိမ်ထောင်သည် တစ်ဦး ဖြစ်နေပါပြီ။
ဗီယက်နမ် စစ်ပွဲ မီးလောင်ဗုံး ထိခဲ့သူ မိန်းခလေးငယ် Kim Phuc
ဒီဇာတ်လမ်းကိုရေရေ လည်လည် မသိတဲ့ ဆောင်းပါးရှင်တစ်ဦးက ၀က်ဘ်ဆိုက်(Website) တစ်ခုမှာ ဗီယက်နမ်က (နပန်း) Naplam ဆိုတဲ့ (ဗီယက်နမ်မလေး) လို့ ရမ်းသမ်း ရေးသားပြီး ဖော်ပြထားထားတာ ဖတ်လိုက်ရပါတယ်။
အမှန်တကယ်မှာက နပန်းဗုံး ( Naplam Bomb) ဆိုတာ Na= Napthenic Acid; Plam= Palmtic Acid; ပါဝင်တဲ့ ပစ္စည်း နှစ်မျိုး အတိုကောက်တွေနဲ့ ပေးထားတဲ့ နာမည်ပါ။
ပေါ်လီစတိုင်းရင်း (Polystyrene) နဲ့ ဘင်ဇင်း(Benzene) ပါဝင်တဲံ ဓါတ်ဆီ အပြစ်တမျိုး (Jellied Gasoline) (21% Benze+ 33% Gasoline + 46% Polystyrene) ဖြစ်ပါတယ်။
Palmitic Aicd ဆိုတာ အုန်းဆီ (Coconut Oil ) မှာ ပါဝင်တဲ့ Fatty Acid ဆီမျိုး ဖြစ်ပြီး ဓ့တု ဆေးရည်ကို ဖြစ်ခဲစေပါတယ်။ မူလ ပထမ နကန်းဗုံး ဖော်မြူလာဟာ မီးတောက်ဖို့ နဲနဲ ခက်ခဲတာမို့ ထပ်မံတီထွင်တဲ့ နပန်းဗုံး -ဘီ (Napalm-B) မှာ မီးအလွယ်တကူ တောက်စေတဲ့ (Thermite, White Phosphorous) တို့ ကို Pyrotecnic Initiator အဖြစ် (မီးလောင်မှု အစပျိုး) အဖြစ် ဖြည့်စွက် ကြပါတယ်။ စပေါ် ခါစတုန်းက Latex ရာဘာတမျိုး ထည့်သွင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ရာဘာ (Rubber) ရှားပါးမှုကြောင့် အစားထိုးပစ္စည်းတွေ ထည့်သွင်းပြုလုပ်ခဲ့ကြပါတယ်။
နပန်းဗုံးဘယ်လောက်ပြင်းထန်သလဲ ဆိုရင် အပူချိန် ၅၀၀- ဒီဂရီ (စင်တီဂရိတ်) ဆဲစီးယပ်(Celsius) =1500 F(ဖာရင်ဟိုက်) ကနေ ၁၂၀၀ စင်တီဂရိတ်= ၂၂၀၀ ဒီဂရီ ဖာရင်ဟိုက် အထိ အပူရှိန်နဲ့ လောင်ကျွမ်းတာ ဖြစ်လို့ အလွန် ပြင်းထန်တဲ့ မီးလောင် ဒဏ်ရာတွေကို ဖြစ်ေစပါတယ်။
နပန်းမီးလောင်ဗုံး လောင်ကျွမ်းပြီး ရင် အန္တရာယ် ရှိ ကာဗွန်မိုနောက်ဆိုဒ် (CO)နဲ့ ၊ ကာဗွန်ဒိုင်အောက်ဆိုက် (Co2) တို့ ထွက်ပေါ်ပြီး (၁၁၀ )ကီလိုမီတာ /နာရီ ရှိတဲ့ လေပြင်းတစ်ခု တိုက်ခတ် ဖြစ်ပေါ်စေနိုင်တာမို့ မီးလောင်ကျွမ်းမှုကို ပိုမို အားဖြည့် လောင်ကျွမ်းသေနိုင်ပါတယ်။
မှတ်ချက်။--။ ရေဆူအမှတ် ၁၀၀ ဒီဂရီ စင်တီ ဂရိတ် (ဆဲလ်စီယပ်စ်) မီးထွက်သေနတ် (Fire/ Flame Thorower) တွေမှာ နပန်း လောက်မီးဗုံး ပါလေ့ရှိပါတယ်။
မျက်ရည်ယိုဗုံး (သာမန်)နဲ့  အထူးမျက်ရည်ယိုဗုံး ၊မီးခိုးဗုံး၊ မီးလောင်ဗုံး တွေ အကြောင်း ဖော်ပြပြီးတဲ့ နောက်၊ မီးလောင် ဒါဏ်ရာ (Burns Injury Wound) တွေ အကြောင်း အနည်းငယ် ဆက်ပြီး ရှင်းပြပါရစေ။
အပိုင်း (၂)
မီးလောင်ဒါဏ်ရာများ (Burns, Injury, Wounds)
(Burns and Scalds ) လို့  ခွဲစိတ်ကု ပညာ(ဆေးသိပ္ပံ) မှာဆိုတဲ့ ဒါဏ်ရာတွေဟာ အပူကြောင့် အဓိက ဖြစ်ပေါ်တဲ့ အရေပြား လောင်ကျွမ်းမှုမျိုး ဖြစ်ပါတယ်။ Hot Injury တွေ ဖြစ်ပြီး အေးလွန်းရင် (ရေခဲ အမှတ်အောက်) လဲ ( Clod Injury ) ဥပမာ -နှင်းကိုက်နာ (Frost Bite) အဖြစ် ခန္ဒာကိုယ်အရေပြား ၊ခြေဖျား၊ လက်ဖျားတွေ သွေးမလျှောက်တာ၊ ဆဲလ်ကလပ်စည်း အတွင်းရှိ အရည်များအေးခဲ ( Ice Crystal) တာကြောင့် ပျက်စီး ဒါဏ်ရာ ရတတ်ပါသေးတယ်။ မှတ်ချက်။)
မီးတောက် (Flame) ဓါတုပစ္စည်း (Chemicals ) (အက်ဆစ်၊အယ်လ်ကာလီ)များ လျှပ်စစ်ဓါတ် (ဗို့ အားပြင်း) အနုမြူ ရောင်ခြည် အမျိုးမျိုး (Nuclear Waves) ၊အရည်ပျော်သော သတ္တုများ၊ အပူချိန် မြှင့်ပေးသော အရည်(ဆီပူ၊ ရေနွေးပူ) စတာတွေကြောင့် မီးနဲ့ အပူလောင်ဒါဏ်ရာ များ ရနိုင်ပါတယ်။
(Burns ) ဆိုတာက (Naked Flame- အပူရ၊ှိန်ပြင်း မီးတောက်)၊ မီးလျှံ၊ဓါတုပစ္စည်း အမျိုးမျိုး ၊ ဗို့ အားမြှင့် လျှပ်စစ် တို့ ကြောင့် ဖြစ်တဲ့ ဒါဏ်ရာတွေ ဖြစ်ပြီး (Scalds) ဆိုတာကျတော့ အပူရှိန် မြင့်မားတဲ့ အရည် (ဥပမာ- ဆီပူ-ရေပူ )၊ သတ္တု၊ အရည်ပျော် အပူ၊ အက်ဆစ်ရည် တွှို ထိတွေ့ တာကြောင့် ရတဲ့ ဒါဏ်ရာတွေပါ။
ခွဲစိတ်ကုပညာ (Surgery) မှာ အပူလောင်ဒါဏ်ရာတွေကို ၊ဒါဏ်ရာအလိုက် ခွဲခြား သတ်မှတ်ရာမှာ ၊မီးလောင်တဲ့ ဒီဂရီ အလိုက် (First, Second; Third) ဒီဂရီ စသည် ။ ဧရိယာလောင်ကျွမ်းမှု အနည်းအများ( Body Surface Area Percentage ) ရာခိုင်နှုံး (Rule of Extentnines ) အရ သတ်မှတ်။ အတိမ်အနက် (Depth)၊ အပေါ်ယံ အရေပြား (Superficial)၊ အရေပြား အပေါ်ပိုင်း (Epidermis) ၊ အရေပြားအောက်ပိုင်း၊ အနက်ပိုင်း (Dermis) မှ သည် ကြွက်သား ၊အရိုးအထိအနက် ( Partial Thickness- Full Thickness Skin Burns) ဆိုပြီး ခွဲခြား သတ်မှတ် ထားရှိပါတယ်။
အရေပြားလောင်ကျွမ်းရာမှာ ခေါင်းပိုင်းတွေမှာ လောင်ကျွမ်းတာဟာ ခြေလက်၊ ကိုယ်တွေ ထက်ပိုပြီး စိုးရမ်ရပါတယ်။ လောင်ကျွမ်းတဲ့ ဧရိယာ များ-မများ (Extent) ရာခိုင်နှုန်း မြင့်ရင် ၊ဒါမှ မဟုတ် နက်ရှိုင်းစွာ လောက်ကျွမ်းခဲ့ရင် ရေ၊ ဆားဓါတ်၊ ပလာစမာ( Plasma) သွေးထဲက ပစ္စည်း ဆုံးရှုံးမှု များရင် ပြင်းထန်ရင် အသက်ဆုံးရှုံး နိုင်ပါတယ်။
မျက်နှာ၊ ရုပ်ဆင်းအင်္ဂါပျက်၊ မျက်စေ့ ကွယ်နိုင်သလို ခြေလက် အဆစ်တွမှ လောင်ကျွမ်းမှု များပြီး ၊အချိန်မီ အထူးဂရုပြု မကုသရင် နောင်အခါအမာရွတ်၊ ( Contracted Scar) ကြောင့် ခြေလက်၊ အဆစ်တွေ ပူးကပ် လှုပ်ရှား မရ ဖြစ်တတ်ပါတယ်။ သာမန် မျက်ရည်ယိုဗုံး ဒါဏ်ကြောင့် အရေပြား ယားယံ ပူစပ် ပူလောင် ဖြစ်တတ်ပေမယ့် ဓါတု ပစဏည်းတွေနဲ့ တိုက်ရိုက်ထိရင် အပေါ်ယံ အရေပြား ပွန်းပဲ့ နိုင်ပါတယ်။
မီးခိုးဗုံး၊ အထူးမျက်ရည်ယိုဗုံး တွေကြောင့် မီးလောင်ဒါဏ်ရာ ပိုပြင်းထန်နိုင်စေပြီး မီးစုန်းဖြူ နပန်းဗုံး၊ လောက်မီး ဗုံးတွေကြောင့် ဆိုးဝါးပြင်းထန်တဲ့ မီး အပူလောင်ဒါဏ်ရာ တွေ ဖြစစေနိုင်ပါတယ်။ ကုသဖို့ ခက်တဲ့ ဒါဏ်ရာတွေ ဖြစ်ပါတယ်။
ဒါဏ်ရာတွေ ကုသရာမှာ အချိန်မှီ စနစ်တကျ ၊ထိထိရောက်ရောက် ကုသပေးဖို့လဲ လိုအပ်ပါတယ်။ မီးလောင် ဒါဏ်ရာပြင်းထန်ရင် ခွဲစိတ်ကုသမှု ပညာမှာ (ပထမ)နာရီဟာသိပ်အရေးကြိးပါတယ်။ သေရေး ရှင်ရေး ဆုံးဖြတ်တာမို့ (Golden Hour ) ရွှေပမာ တန်ဖိုးရှိအချိန် လို့ ခေါ်ဆိုလေ့ ရှိပါတယ်။
ရေ၊ ဓါတ်ဆား ၊ ပလာစမာတွေ ဆုံးရှုံးမှုကို အချိန်မီ ဖြည့်တင်းပေးရသလို မီးလောင်ဒါဏ်ရာတွေကိုလည်း မီးလောင်ဒါဏ်ရာ ရစေတဲ့ ပစ္စည်းအလိုက် ဆေးကြော သန့် စင်မှု ပြုပြီး စနစ်တကျ ကုသပေးရပါတယ်။ရောဂါ ပိုးဝင်ကူးစက်မှု (Infection) မရှိအောင်လို့ ၊လိုအပ်တဲ့ ပဋိဇီဝဆေးများ ( Antibiotics ) အပြင် နာကျင်ကိုင်ခံ သက်သာပျောက်ဆေး၊ မေးခိုင်ကာကွယ်ဆေး စတာတွေ ပြည့်စုံအောင် ပေးဖို့ လိုပါတယ်။
မီးလောင်ဒါဏ်ရာဟာ အပေါ်ယံကြော (Superficial) မဟုတ်ပဲ Full Thickness ( 3 rd OR 4 th- Degree) ပြင်းထန် နက်ရှိုင်းခဲ့ရင် မီးလောင်ဒါဏ်ရာ အထူးကုဌာန (Burn *Care Unit/ Plastic surgery Department ) တွေမှာ အထူးလျေ့ကျင့် ထားပြီး အတွေ့ အကြုံ ရှိတဲ့ ခွဲ စိတ်ဆရာဝန် (Plastic Surgeon) တွေရဲ့ ကုသမှုကို ခံယူဖို့ လိုအပ်ပါတယ်။ အေ၇ပြား ဆုံးရှုံးမှု ရှိခဲ့ရင် (Skin Graft) အရေပြား အစားထိုး ကုသမှုတွေ လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
မီးလောင် ဒါဏ်ရာတွေကိုဆေးကြောရာမှာ သာမန်အားဖြင့် နော်မယ်စေလိုင်း (Normal Saline- N/S) ကို သုံးပေမယ့် အထူးဒါဏ်ရာ၊ (ဥပမာ- မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးတွေ မှာ အက်ဆစ်တို့- ဖော့စ်ဖရပ်တို့ ပါခဲ့ရင် သက်ဆိုင်ရာ သင့်လျှော်တဲ့ ဆေးကြောရပါမယ်။ (ဥပမာ- အယ်လ်ကာလီဓါတ် ပါဝင်တဲ့ ရေနဲ့ ၅% ဆိုဒီယမ် ဘိုင်ဆာလ်ဖိုက်ဆေးရည်တွေ သုံး၊ မီးလောင် ဒါဏ်ရာတွေကို ဆေးကြောပြိး ရင် ရှေးတုံးက ခရမ်းရောင်လူးဆေး (Gentian Violfet) ကို အပေါ်ယံမီးလောင် နာတွေမှာသုံးပြီး၊ Silver Nitrate အဖြူရောင် လိမ်းဆေးကို သုံးခဲ့ကြပေမယ့် ၊ ခုနောက်ပိုင်းမှာ အများဆုံး သုံးလေ့ရှိတာက Silver Sulpha Diazine ( Silvadene) , Mafenide Acetate ( Sulphamylon), (Poly Mixin-B Sulfate) Acticoat တွေကို ပထမပိုင်း (၃) ရက်လောက်မှာ သုံးလေ့ ရှိကြပါတယ်။ ဒါ့အပြင် မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးထားတာ (၅) နှစ်ကျော်ရင် ထပ်ထိုးဖို့ လိုပါတယ်။
ခရမ်းပြာ လူးဆေး မရှိလို့ ရရာ မှင်ပြာ လိမ်းတာဟာ လွဲမှားတဲ့ ကုသမှု ဖြစ်ပြီး ဒါဏ်ရာကို ပိုဆိုးစေပါတယ်။ မီးလောင် အပူ ဒါဏ်ရာတွေဟာ လောင်ကျွမ်းတဲ့ နေရာ အတိုင်းအတာ ကျယ်ပြန့် မယ်ဆိုရင် ၊ တကယ်လို့ အရေပြားလွှာ အနက်ပိုင်း ( Dermis) အထိ၊ အရေပြား အထူတစ်ခုလုံး ( Full Thickness ) ဖြစ်မယ်ဆိုရင် အရေပြား ပျက်စီး ဆုံးရှုံးမှု များတာကြောင့် ဒီဒါဏ်ရာတွေဟာကုရာမှာ ခက်ခဲ ကြာမြင့်ပါတယ်။ သာမန်အပေါ်ယံ အရေုကား ပွန်းပဲ့ လောင်တာနဲ့ အတူပဲ၊ အရေပြားအောက်က တွယ်ဆက် တစ်သျှူး တွေ၊ သွေးကြော၊ အာရုံကြော၊ ဆံပင်အိတ်(Hair Follicle) ၊ ချွေးအဆီဂလင်း (Sweat and Sebaseous Gland) တွေပါ ပျက်စီးတဲ့ အတွက် ဒါဏ်ရာကိုကုသရာမှာ အထူးကောင်းမွန်တဲ့ ဆေးပတ်တီး (ဥပမာ- ဆိုဖရာကျူ (Sofratulle ) ၊ ဆိုဖရာမိုင်ဆင်၊ ပဋိဇီဝဆေး၊( Antibiotic) ပါဝင်တဲ့ ဆေးပတ္တီး တွေကို သုံးရပါတယ်။ သာမန်ဆေးပတ္တီး (Gauze) နဲ့ အနာပေါ် အုပ်ခြင်း (Dressing) ထက် ပိုကောင်းမွန် အကျိုး သက်ရောက်မှုကောင်းပြီး အနာကျက် မြန်ပါတယ်။ သွေးပြည် သငံရည် ၊ အရည်တရွှဲရွှဲ နဲ့ အနာကျက်နှေးစေတဲ့ သာမန်ဆေးပတ္တီး စ(Gauze) နဲ့ မတူပါဘူး။ ဒါပေမယ့် ဈေးကြိးတာကြောင့် ဂွမ်းပတ္တီးတောင် အနိုင်နိုင် ဖြစ်နေတဲ့ ပြည်သူ့ ဆေးရုံမှာ လူနာရှင်က ဆေး၊ပတ္တီး၊ ဂွမ်းလိပ် ကအစ ၀ယ်ပေးနေရတဲ့ (စရိတ် အကုန်ပေး- ကျန်းမာရေး) စနစ် ရှိနေရာတွေမှာတော့ "ကြားဖူးတယ်၊ သုံးဖူးတယ် " ဒါပေမယ့် "ဒီဆေးရုံမှာ မရှိဘူး " အခြေအနေတွေ တွေ့ ကြုံရမှာပါ။
ဒေါက်တာ ဇီဝက (ကမ္ဘောဇ)
ရည်ညွှန်း ကိုးကား
၁။ Wikipedia
၂။ သတင်းမီဒီယာ ရုပ်သံလွှင့် ဌာန အမျိုးမျိုး
၃။ Internet - Website များ
၎။ ဆေးသိပ္ပံ ခွဲစိတ်ကုပညာ စာအုပ်စာတမ်းများ
။။။။။။။။။။။။။။။။။။။။။။။။။။။
ဆက်လက်ဖော်ပြပါဦးမည်။
( တာဝန်ခံ အယ်ဒီတာ ။ဟစ်တိုင်)
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets
No comments:
Post a Comment