Friday, December 21, 2012

“ရခိုင်ရှိ ရွှေ့ပြော7zOYowို့၏ ဒုက္ခသည်စခန်းအနီးနေထိုင်သူတို့ ကျန်းမာရေးဆိုင်ရာ အန္တရာယ် ကျရောက်နေဟု ယူနီဆက်မြန်မာ ထုတ်ပြန် “


“ရခိုင်ရှိ ရွှေ့ပြောင်းနေထိုင်သူတို့၏ ဒုက္ခသည်စခန်းအနီးနေထိုင်သူတို့ ကျန်းမာရေးဆိုင်ရာ အန္တရာယ် ကျရောက်နေဟု ယူနီဆက်မြန်မာ ထုတ်ပြန် “


Popular News Journal, 21 December 2012  —  ရန်ကုန်၊ ဒီဇင်ဘာ ၂၁
ရခိုင်ဒေသရှိ ရွှေ့ပြောင်းနေထိုင်သူများ၏ ဒုက္ခသည်စခန်းများ အနီးတစ်ဝိုက်၌ နေထိုင်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ
ကျရောက်လျက်ရှိသည်ဟု ဒီဇင်ဘာ ၂ဝရက်နေ့တွင် ယူနီဆက်မြန်မာက ထုတ်ပြန်သည်။


ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် မူရင်းဒေသမှရွှေ့ပြောင်းနေထိုင်သူများတွင် ရေကောင်းရေသန့်ရရှိမှု အကန့်အသတ်များ
ရှိနေခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး (အိမ်သာ) မလုံလောက်ခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး နိမ့်ပါးခြင်းတို့ကြောင့် ဖြစ်ပြီး ကလေး
သူငယ်များအပါအဝင်ဘေးအန္တရာယ်နှင့်ကြုံတွေ့နေရသူများမှာ ဝမ်းပျက်ဝမ်းလျောရောဂါ၊ အခြားရေကြောင့်ဖြစ်ပွားတတ်သည့်ရောဂါများ
အပါအ၀င် ကူးစက်နိုင်သည့်အန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့ နေကြရသည်ဟု ဖော်ပြထားသည်။

”ရခိုင်ပြည်နယ်အတွင်းမှာ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေမှာ ယနေ့အထိ တိုးတက်မှုတွေရှိပေမယ့်လည်း
အထူးသဖြင့် ကျေးလက်ဒေသက စခန်းတွေမှာ ကလေးသူငယ်တွေနဲ့ ၄င်းတို့ရဲ့ မိသားစုဝင်တွေကို ရေမသန့်ရှင်းမှုနဲ့ အိမ်သာမလုံလောက်တဲ့
အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ နာမကျန်းမှုတွေမှ ကာကွယ်ဖို့အတွက် အများကြီးလုပ်ဆောင်ဖို့လိုပါတယ်” ဟု မကြာမီက အသစ်ရောက်ရှိလာ
သည့် ယူနီဆက် (မြန်မာ)၏ ဌာနေကိုယ်စားလှယ် မစ္စတာဘက်ထရန်ဗိန်းဗဲ(လ်)က ပြောသည်။

ယူနီဆက် (မြန်မာ)၏ ဆန်းစစ်ချက်အရ ရခိုင်တွင် ရွှေ့ပြောင်းနေထိုင်သူစုစုပေါင်း ၁၁၅ ဝဝဝ ရှိသည့် အနက် စစ်တွေမြို့ ပတ်ဝန်းကျင်တွင်
ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ၈၅ဝဝဝ ခန့်ရှိသည်။

မြို့ပေါ်ရှိကယ်ဆယ်ရေးစခန်းများသည် သွားရေးလာရေးလွယ်ကူပြီး ပိုမိုကောင်းမွန်သော်လည်း ကျေးလက်ရှိ ကယ်ဆယ်ရေးစခန်းများတွင်မူ
ရွှေ့ပြောင်းနေထိုင်သူများပြားပြီး သွားလာရေးခက်ခဲနေကြောင်း၊ လူနေမှုသိပ်သည်းနေသည့်အပြင် တစ်ကိုယ်ရည်သန့်ရှင်းရေးမှာလည်း
အဆင့်အတန်းနိမ့်ကျနေကြောင်း၊ထို့အပြင် အိမ်သာဆောက်လုပ်ရန် နေရာမရှိသည့်အတွက်ကြောင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အခြေအနေမှာ
လည်း ဆိုးဝါးလျက်ရှိနေ ပြီး ရွှေ့ပြောင်းနေထိုင်သူ ထက်ဝက်ကျော်ခန့်ကသာ ရေကောင်းရေ
သန့်လို့ ယူဆလို့ရသည့် ရေကို သုံးစွဲလျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NW

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။