Friday, December 21, 2012

- *မျက်ရည်ယိုဗုံး၊ မီးလောင်ဒဏ်ရာများ၊ ဆေးပညာအမြင်နှင့် အကုသိုလ် ဖန်တီးမှု*


- *မျက်ရည်ယိုဗုံး၊ မီးလောင်ဒဏ်ရာများ၊ ဆေးပညာအမြင်နှင့် အကုသိုလ် ဖန်တီးမှု*
-ဒေါက်တာ ဇီဝက (ကမ္ဘောဇ--၁၀-၁၂ -၂၀၁၁
အပိုင်း(၁)

သတင်းမီဒီယာအမျိုးမျိုး၊ အင်တာနက် ၀က်ဘ်ဆိုက် (Web Sites) များ၊ ရုပ်သံလွင့် ဌာနများမှာ ဖတ်ရှု မြင်သိလိုက်ရတဲ့ တန်ဆောင်မုန်း လပြည့်ကျော်(၁)ရက် ၂၉။၁၁။၂၀၁၂ ခုနှစ် နံနက် လင်းအားကြီး ဂ၃(နာရီအချိန်စီးနင်း တိုင်ခိုက်မှု၊ (သို့မဟုတ်) လက်ပတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းကို အင်အားသုံးဖြိုခွင်းမှုနှင့် အတူ ဘုရားသားတော် သမုတိ သံဃာတော်တွေ ၊ကျေးရွာသူ ကျေးရွာသားတွေ၊ မီးလျှံကြားမှာပြေးလွှား အော်ဟစ် ငြီးငြူသံ မြင်ကွင်းတွေဟာ ရင်နင့်စရာ စိတ်ထိခိုက်စရာ၊ ကြေကွဲ စရာတွေပါ။


တရုတ်ကို ကြောက် နေရတယ်လို့ ၀န်ခံ ပြောဆိုသူ ဦးအောင်မင်း
ဗုဒ္ဒဘာသာဝင်မိဘ (၂) ဦးက မွေးဖွားလာခဲ့ပြီး ဘာသာတရားအပေါ် နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်မှု၊ ကျင့်ကြံ အားထုတ်မှုတွေနဲ့ အတူ လူနာတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ဆောင်ပါးရှင်အနေနဲ့ ဒုတိယအကြိမ်မြောက်ကြေကွဲ ၀မ်းနည်း မျက်ရည်ဝဲခဲ့ရပါတယ်။
ပထမအကြိမ်ကတော့ (၂၀၀၇)ခုနှစ် ရွှေဝါရောင်အရေးအခင်း ဖြစ်ချိန် မြန်မာနိုင်ငံရဲ့ အမှောင် ကာလတွေ တုံးကပါ။

၂၀၀၈ မတိုင်မီ ယခင် အစိုးရတွင် ၀န်ကြီးချုပ် ဘ၀ဖြင့် လက်ပတောင်းတောင် စီမံကိန်းအား စာချုပ်ချုပ်ခဲ့သူ ဦးသိန်းစိန်
အကုသိုလ် အ၀ိဇ္ဖာ အမှောင်တွေ ဖုံးနေတဲ့ အဲဒီကာလ အချိန်က ငြိမ်းချမ်းစွာ မေတ္တာ ဘာဝနာ ပွါးများ၊ ဘုရားရှင်ရဲ့ သုတ်ပရိတ်တော်များ၊ ရွတ်ဖတ်ရင်း စီတန်း လမ်းလှောက်နေတဲ့ သံဃာတော်တန်းကြီးနဲ့ လုပ်သား ပြည်သူတွေ ရေထဲမှာ မှောက်ရက် အနေအထား ၊သင်္ကန်း ရေစိုစုတ်ပြဲ ဒါဏ်ရာ ဗလပွနဲ့ ပျံလွန်တော် မူနေတဲ့ သံဃာတော် ရုပ်အလောင်းများ၊ (ငွေကြာယံ စီနင်းမှု) မြင်ကွင်းမှ ဘုရားဆင်းတုတော် အကျိုးအပြတ်၊ သွေးကွက်၊ အုဌ်ကျိုး အုဌ်ပဲ့  ဖရိုဖရဲ အပျက်အစီးများနဲ့ သံဃာတော်များ သီတင်းသုံးရာ (၀ိဟာရ)တွေ စစ်မြေပြင် စစ်တလင်း မြင်ကွင်းပမာ ဖြစ်ရတာတွေ၊ ကြိုးတုပ် ရိုက်နှက်ခံရ၊ ဖမ်းဆီးထောင်ချ ခံရတဲ့ သတင်းတွေ၊ မြင်ကွင်းတွေဟာ မျက်စေ့ထဲက ယနေ့တိုင် အာရုံမှာပုံရိပ်ထင် မှတ်သိမှုမှာ မှတ်တမ်းတင် သတိရဆဲ။
ဗုဒ္ဒဘာသာဝင်စစ်စစ် ၊ရတနာ (၃)ပါး ယုံကြည် ကိုင်းရှိုင်းသူတွေ မှန်သမျှ၊ သမုတိ ရဟန်း သံဃာတော်များ ဆိုတာ ဘုရားရှင်ရဲ့ သားတော်တွေ ဖြစ်ပြီး ရတနာ (၃)ပါး အနွယ်ဝင် ၊သူတော်စင်များ ဖြစ်တာမို့ စိတ်နဲ့တောင် ပြစ်မှားရင် ခင်ပွန်းကြီး (၁၀)ပါး ၊အနန္တ (၅) ပါးဂိုဏ်းသင့်ပြီး သံသရာမှာ ၊၀ိဘက်ကြမ္မာဝင်၊တရားထူးတရားမြတ်ကို မသိမမြင် ၊ နိုင်တဲ့ အကြီးမားဆုံး အကုသိုလ်၊ကံကြီးထိုက်မှုတွေ ဆိုတာ သိကြပါတယ်။
(အ၀ိဇ္ဖာ) နဲ့ (မောဟ) အမှောင် ဖုံးတဲ့အခါ လူဆိုတဲ့ သတ္တ၀ါဟာ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ တိရစ္ဆာန် တွေထက် ပိုပြီး ကြီးလေးတဲ့ အကုသိုလ် အမှုတွေကို ပြုတတ်ကြပါတယ်။ဘယ်သူသေသေ၊ ငတေ မာရင်ပြီးရော ဆိုတဲ့ (ထုံး) နှလုံးမူပြီး ဘာမဆို လုပ်ဝံ့ကြပါတယ်။

သပိတ်စခန်းနှင့် ဖြိုခွင်းမှုကို တရားဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်၊ အင်အား အများကြီး မသုံးခဲ့ပါဘူးလို့ ဆိုတဲ့ သူကဆို ၊နေပြည်တော်က ညွှန်ကြားချက်အရ ဒီမိုကရေစီကျင့်စဉ်၊ တည်ဆဲ(အာဏာရှင်) ဥပဒေများအရ ဆောင်ရွက်ခဲ့တာပါလို့ ပေါ့ပေါ့လွယ်လွယ် ပြောသူက ပြော ခဲ့ကြပါတယ်။
မီးလောင်ဗုံး၊ ဓာတုဗုံး မဟုတ်ပါဘူးလို့ တဖက်က ဗြောင်ကွယ် ပြောဆိုရင်း၊ ပါလာတဲ့ စကားက " Chemical- လေးတွေစင်တာ " ဒီလိုပဲ ဖြစ်တတ်ပါတယ်တဲ့။
သံယောင်လိုက် (ဘူး)ကွယ်ရင်း ပြောခဲ့တဲ့ စကာူးတွေကြားမှာ (ဖော့စဖရပ်) ပါတဲ့ ဗုံးတွေ မသုံးတော့ပါဘူး၊ ဆိုတာ ပါသေး။ ရှေ့ ကဖုံး ၊နောက်ကပေါ် -- ပုဆိုးမလုံတဲ့ အရုး။ ဖုံးဖိလို့ မရသလို ပါလား။ အစိုးရ အဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက်တွေကလည်း ခုတမျိုး၊ တော်ကြာတမျိုး အပြောင်းအလဲတွေ မြန်လိုက်ကြတာ ကြက်အီး တပေါက်တောင် မကြာ။
ပြည်တွင်းက ဆေးပညာရှင်၊ ဆရာဝန် သမားတော်တွေ ဆိုရင်လဲ တုံးအောက်က -(ဖား )လိုပြား၊ နီးရာ(ဓါး) ကြောက်ရတာကြောင့် ဒါဏ်ရာ အမျိုးအစားကို မြင်ရင်၊ဘာကြောင့် ဖြစ်ရတယ်ဆိုတာ သိရက်နဲ့ ရေငုံ နှုတ်ပိတ် နေကြရ။ မှုခင်းဆိုင်ရာ ဆရာဝန်ကြီးတွေ အနေနဲ့ မှတ်ချက် မပေးရဲကြ။ သာမန်မီးလောင် ဒဏ်ရာ ပါလို့ မပွင့်တပွင့် ပြောသူတွေက ပြောကြတယ်။ ဆေးရုံမှာ ဒါဏ်၇ာရသူတွေကို စာရင်း သွင်းတော့လဲ ရာဇ၀တ် မှုခင်းဆိုင်ရာ အမှု( Criminal Case) တဲ့။
ဒီလို အခြေအနေတွေကြောင့် ဒီဆောင်းပါးကိုရေးရပါတယ်။ လူညီ(ဤ) (ကျွဲ ) ဖြစ်မဟုတ်ပဲ မြန်မာ နိုင်ငံ ဆိုနေကျ စကားအတိုင်း ပြောရရင် နိုင်ငံတကာစံနှုန်း၊ စံညျွန်းများနဲ့ အညီ ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ သတ်မှတ် ၊လက်ခံ ကျင့်သုံးကြတဲ့ နိုင်ငံတကာ ဥပဒေ ဆိုင်ရာ အမြင်၊ ဆေးပညာဆိုင်ရာ အမြင် များနဲ့ တင်ပြ သွားမှာ ဖြစ်ပါတယ်။


မျက်ရည်ယိုဗုံး( Tear gas Grenades)/ Bombs။
မျက်ရည်ယိုဗုံး အကြောင်းအသေးစိတ် မပြောခင် ဘာကြောင့် ၊ဘာရည်ရွယ်ချက်င်္တေနဲ့ မျက်ရည်ယှိုဗုံး ထုတ်လုပ်ပြီး သုံးကြသလဲ ဆိုတာ အရင် ပြောပြချင်ပါတယ်။
လူထု အုံကြွ၊ ဆူပူဆန္ဒပြမှု ၊အဓိကရုဏ်းတွေ ဖြစ်တဲ့အခါ တရားဥပဒေ စိုးမိုးရေးအတွက် နည်းလမ်းတကျ ၊ဒီမိုကရေစီကျင့်စဉ်အရ နှိမ်နင်း ထိန်းချုပ်ဖို့ နဲ့ နိုင်ငံတကာ ဥပဒေများနဲ့ အညီ ဆောင်ရွက်ဖို့ ၊ လူထုကို ပြင်းထန်စွာ ထိခိုက် ၊အသက်ဆုံးရှုံးမှု မရှိဘဲ လူစုလူဝေး၊ လူအုပ်ကို ဖြိုခွဲရာမှာ သုံးဖို့ ရည်၇ွယ်ထုတ်လုပ် သုံးစွဲကြတာပါ။
Lacrimatory Agent/ Lacrimator လို့ ခေါ်ဝေါ် သတ်မှတ်ပြီး ၊လက်တင်ဘာသာစကား( lacrimata ) ဆိုတဲ့ မျက်ရည်( Tear ) လို့ အဓိပ္ပါယ်ရတာမို့ မျက်ရည်ယိုဗုံး ( Tear gas Bomb ) လို့ လူသိများပေမယ့် ( Smoke Bomb ) မီးခိုးဗုံး အုပ်စုထဲမှာ ပါဝင်ပါတယ်။
ပါဝင်လေ့ရှိတဲ့ သမရိုးကျ ဓာတု အစ္စည်းတွေကတော့ OC ! Cs! CR !CN ( Phenacyl Chloride)၊ Nonivamide ၊ Bromoace Tone Xylyl -Propannethial -S- Oxide ဆိုတာတွေ ဖြစ်ပြီး ကြက်သွန်လှီးရင် မျက်ရည် ကျစေတဲ့ ( Syn-Propanethial-s- Oxide ) ကန့် ဒြပ်ပေါင်းတမျိုးလည်း ပါရှိပါတယ်။

သပိတ် မှောက် ဆန္ဒပြနေသော ရဟန်းသံဃာ တော်များ
အဲဒီဓာတု ပစ္စည်းတွေရဲ့ အဓိက ပစ်မှတ်ကတော့ မျက်စေ့၊နှာခေါင်း၊ပါးစပ်ဆိုင်ရာ ခံစားမှု အာရုံကြော ( Trigeminal Sensory Nerve ) ဖြစ်ပါတယ်။ နောက်ပြီး မျက်လုံး မျက်ကြည်လွှာ (Cornea) မျက်ရည်ဂလင်း ( Lacrimal Gland ) နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း၊ အသက်ရှူ လမ်းကြောင်ေးတွမှာ ရှိတဲ့ ချွဲမြှေး (Mucus Membrane) ကို လှုံ့ ဆော်တဲ့ အတွက် ကသိကအောင့် ဖြစ်စေမှု (Irraitation) ကြောင့် နှာချေ၊ ချောင်းဆိုး၊ အသက်ရှူကြပ်၊ မျက်ရည် ယိုစီးပြီး ၊မျက်စေ့တွေ နာကျင်စေပြီး အမြင်အာရုံကိုခေတ္တ မှုံဝါးစေပါတယ်။ အထူးသဖြင့် အင်ဇိုင်း (Enzyme) ဓါတ်ကူပစ္စည်းတွေထဲက Sul phydryl Functional Group) ကြောင့် မျက်စေ့မှာ ရှိတဲ့ မျက်ရည်ဂလင်းကို ကသိကအောက် လှုံ့ ဆော်မှု ဖြစ်စေပြီး မျက်၇ည် တအားထွက်ဖို့ ဖန်တီးပါတယ်။

လက်ပတောင်းတောင် အကြမ်းဖက် ဖြိုခွင်းမှုတွင် မီးလောင်ဗုံးသင့် ခံရသည့် သံဃာတော် တပါး
မျက်ရည်ယိုဗုံး မဟုတ်ပေမယ့် ကိုယ့်ရဲ့ ကာအိနြေ္ဒ နဲ့ အရှက်ကို ကာကွယ်ဖို့ သုံးတဲ့ ( Pepper Spray) ခရုတ်ရည်ဖြန်း ဆေးကြောင့် မျက်စိစပ် ၊ မျက်ရည်ထွက်စေပြီး နှောက်ယှက်သူ အနား မကပ်နိုင်အောင် ကာကွယ်တာမျိုးကိုလည်း တကိုယ်ရေသုံး မျက်ရည်ယို လက်နက်လို့ ဆိုနိုင်ပါတယ်။
ခရုတ်ရည် ပက်ဖြန်းဆေး (Spray) နဲ့ မျက်ရည်ယိုဗုံး ကွာခြားတာ ကတော့ ငရုတ်ရည် ဖြန်းဆေးမှာ ငရုတ်မျိုးစုံ ( Jalapenos Chiletpin, Cayenne, Habaneros ) က ရရှိတဲ့ OC( Oleoresin Capsicum) အများအားဖြင့် ကမ္ဘာ့ အပူ စပ်ဆုံးခရုတ်လို့ ခေါ်တဲ့ ကုလားအော်ငရုတ် (Bhut Jalokia) (India)၊ ကရင်နီ ငရုတ်တွေက ရရှိတဲ့ (OC) ဆိုတာတွေကို ဟင်းရွက်ဆီ တမျိုးမှာ ပျော်ဝင်စေပြီး ဖြန်းပက်ဆေး အဖြစ် သုံးတာကြောင့် မျက်စေ့ကိုပူလောင် စေရုံမက ရောင်ရမ်း နာကျင် (Painful Burning Inflammatory Action ) စေတဲ့ သတ္တိ ရှိပါတယ်။ မျက်ရည်ယိုဗုံးကျတော့ မျက်ရည် တအား ထွက်စေရုံပဲ အာနိသင် ရှိပြီး လောင်ကျွမ်း ရောင်ရမ်းစေတဲ့ အထိ ၊ငရုတ်ရည်လောက် မပြင်းထန်ပါဘူး။
မျက်ရည်ယိုဗုံးကို ၁၉၁၄ ခုနှစ်မှာ Xylyl Bromide နဲ့ စတင်ထုတ်လုပ် သုံးစွဲ ခဲ့ပြီး လူထု အဓိကရုဏ်း ၊ဆူပူအုံကြွမှုတွေ၊ ဓာတု စစ်ပွဲတွေမှာ အသုံးပြုခဲ့ကြပါတယ်။ ပထမ ကမ္ဘာစစ်မှာလံ သုံးခဲ့ကြပါတယ်။ ဖင်လန်၊ ဝသစတေလျ၊ အမေရိကန်၊ နိုင်ငံတွေမှာ CN နဲ့ အလားတူ (Mace) ဆိုတာကို တကိုယ်ရေ သုံးရန် မျက်ရည်ယိုလက်နက်မှာ ထည့်သွင်း ထုတ်လုပ်ကြပါတယ်။ Xylyl Bromide; CN (Cholotophenone) CS ဆိုတဲ့ ဓာတု ပစ္စည်းတွေဟာ လက်ဟောင်း မျက်ရည်ယို ဗုံးသုံး ဓာတု ပစ္စည်းတွေ ဖြစ်ပြီး (CS) ကိုတော့ အများဆုံး သုံးလေ့ ရှိပါတယ်။



ထိုင် သပိတ် ဆန္ဒပြနေသော ရဟန်းသံဃာ တော်များ
(CS) (CS Gas ) လို့ ဆိုပေမယ့် တကယ်တမ်းမှာက (Ortho- Choro- Benzylmalano- Nitrile) အော်သို ကလိုရို ဘင်ဇိုင်း မာလာနို နိုင်ထရိုင် ခေါ်တဲ့ အဖြူရောင် အမှုန့်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတု ပစ္စည်း အမှုန့် တွေကို ၊ဗုံးဘူး၊ (Canister) သို့မဟုတ် ၊လက်ပစ်ဗုံး (Grenade) ထဲမှာထည့်ပြီး (မက်သလင်း ကလိုရိုဒ်) ဓါတ်ကူ ပစ္စည်း နဲ့ လေထဲမှာ ပျံ့ကျဲစေတာကို Tear Gas လို့ ခေါ်တာပါ။ ဖောက်ခွဲလိုက်ရင် အဖြူရောင်အခိုး အငွေ့တွေ (Smoke) တွေ ထွက်ပေါ်လာပြီး ဆန္ဒပြသူတွေရဲ့ အမြင်ကို ထိခိုက်စေပါတယ်။
အဓိကရုဏ်းတွေမှာ များသောအားဖြင့် နိုင်ငံတကာ လုပ်ပုံ လုပ်နည်းအနေနဲ့ ပထမဆုံး လူထုကို သတိပေး၊ ကြေငြာချက်တွေ ထုတ်ပြန် ဖတ်ကြားပြီးတဲ့ အခါ ရေလုံးအားကောင်းတဲ့ မီးသတ်ပိုက် နဲ့ ထိုးဖြန်း ပက်ပြိး လူစုခွဲရပါတယ်။ ဒီနည်းနဲ့ မရပဲ လူထုက ပြန်လည် တုန့်ပြန်ခုခံမှသာ မျက်ရည်ယိုဗုံးကို နောက်တဆင့် သုံးစွဲလေ့ ရှိကြပါတယ်။မျက်ရည်ယိုဗုံးကိုစစ်တပ်၊ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ အဓိကရုဏ်းထိန်း ရဲတွေ သုံးစွဲပြီး၊ လူထု အုံကြွမှု၊ဆန္ဒပြမှုတွေကို ထိန်းသိမ်းကြပါတယ်။
မျက်ရည်ယိုဗုံးမှာ အကြမ်းဖျင်းအားဖြင့် သာမန်မျက်ရည်ယိုဗုံးနဲ့ (အထူး) စစ်သုံး မျက်ရည်ယိုဗုံး (Military Rounf Flamable Tear Gas Grenade)ဆိုပြိး ရှိရာမှာ သာမန် မျက်ရည်ယိုဗုံးဟာ Nonflamable ဖြစ်ပြိး စစ်သုံးမှာ ကတော့ ဘန်ကာ၊ လှိုဏ်ခေါင်း တို့ ထဲမှာ ရှိသူတွေကို မျက်ရည်ယိုယုံသာမက မီးလောင်၊ မနေနိုင်အောင် ခိုအောင်းနေရာမှ ထွက်လာစေဖို့ အထူးစီမံထားမှု ပါပဲ။
ပိုပြီး ပြင်းထန်အောင် ဖန်တီး ပြုလုပ်ထားပါတယ်။ (ABCM 7 A 2)/A 3, AN -A14, M 18) ဗုံးများ။
(CS) ဓာတု ပစ္စည်းသုံး Tear Gas (Smoke Bomb) တွေကို လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ NBC လေ့ကျင့်ရေး (Nuclear ; Biological; Chemical Warfare )တွေမှာလဲ သုံးလေ့ ရှိပြီး ၊သင်တန်းသားတွေအတွက် ပြင်းထန်တဲ့ ထိခိုက် နစ်နာမှုတွေ မရှိအောင် အကာအကွယ် အစီအစဉ်တွေလဲ ပြုလုပ်ထားရပါတယ်။
CS Tear Gas Grenade မျက်ရည်ယိုဗုံး တွေရဲ့ ထူးခြားချက် ကတော့ ငရုတ်နံ့ ထွက်တာဖြစ်ပါတယ်။ မျက်ရည်ယိုဗုံးကြောင့် မျက်ရည်ယို၊နှာရည်ယို ၊ချောင်းဆိုး၊ အသက်ရှူရ ခက်စေပြီး ၊သွေးပေါင်ချိန် မြင့်တက်မှု (Bp)၊ပျို့အန်ချင်စိတ်နဲ့ နှလုံးခုန် နှေးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အရေပြားကို ပူစပ် ပူလောင် (Burning Sensation and Irritation) ဖြစ်စေနိုင်ပေမယ့် မီးလောင်ဗုံးလို့ ခေါ်တဲ့ (Incendiary Bomb Grenade ) တွေလို အပြင်းအထန် လောင်ကျွမ်ဒ ဒဏ်၇ာ (Severe Burns and Scald) ကိုတော့ မဖြစစေပါဘူး။
နောက်ပြိး သာမန် မျက်ရည် ယိုဗုံးဆိုလျှင် လေကောင်းလေသန့် ပြန်ရှူ ရှိုက်ရရင် ပြန်ကောင်းသွားနိုင်ပါတယ်။
သာမန် မျက်ရည်ယိုဗုံးကြောင့် အသက်ဆုံးရှုံးစေမှု မရှိသေးဘူးလို့ မှတ်တမ်းတွေမှာ ဆိုပါတယ်။


ဓာတု ဓါတ်ငွေ့ ဗုံး၊ မီးခိုးဗုံးများ Chemical Gas Grenade(Smoke Bombs) မီးလောင်ဗုံးများ (Incendiary Grenade)
သတ္တုအစအနများ ပေါက်ွဲ လွင့်စင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရစေတဲ့ ပေါက်ကွဲ လက်ပစ်ဗုံး (Explosive Grenades) တွေနဲ့ မတူတဲ့ ဓါတု ဓါတ်ငွေ့  လလက်ပစ်ဗုံး (မီးခိုးဗုံး) တွေဟာ သာမန်မျက်ရည်ယိုဗုံးမျိုး မဟုတ်ပဲ ၊မီးခိုးလုံး၊ဓါတ်ငွေ့လုံး ထွက်စေဖို့ နဲ့ မီးလောင်ကျွမ်း ထိခိုက် ဒါဏ်၇ာပြင်းထန်စေဖို့ စီမံထုတ်လုပ်ထားတဲ့ လက်နက်တွေ ဖြစ်ပါတယ်။

သာမန်အားဖြင့် Tear GasGrenade တွေမှာ Cs Gas (၈၀)မှ (၁၂၀) ဂရမ် ပါဝင်ပြီး၊ ပိုမို ပြင်းထန် လောင်ကျွမ်းမှု ပါအောင် ဆိုရင် Pyrotecnic ခေါ် လောင်ကျွမ်းစေတဲ့ ပစ္စည်းတွေ ထည့်သွင်းလေ့ ရှိကြတယ်။
(M-18) Smoke Granade (M 7 A 2) CS Gas Grenade ဆိုတဲ့ မျက်ရည်ယိုဗုံး ၊လက်နက်တွေဟာ မီးခိုးဗုံးတွေ ဖြစ်ကြပါတယ်။
စစ်ပွဲတွေမှာ သုံးတဲ့ အ၀ါရောင်ပါတဲ့ အချက်ပြ မီးခိုးဗုံးတွေမှာ ဆိုရင် ပိုတက်စီယမ် ကလိုရိတ်နဲ့ လက်တို့ စ်( Lactose) အရောင်ဆိုးဆေးတွေ ပါရှိပါတယ်။
HC Smoke Bomb (Hexachlorechane/ Zinc Smoke Mixture သို့မဟုတ် T:A (Terepthalic Acid) ဗုံးတွေဟာ ပြင်းထန်တဲ့ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး အမျိုးအစား တွေပါ။ HC Smoke Bomb ကထွက်ရှိတာတွေထဲမှာ HCL ပါရှိတာကြောင့် အသက်ရှူ ရှိုက်မှုကို အပြင်းအထန် ထိခိုက် စေရုံမက HCL ဟိုက်ဒရို ကလိုရစ် အက်ဆစ် ကြောင့် အရေပြား အ၀တ်အစားတွေကိုပြင်းထန်စွာ လောင်ကျွမ်းစေပါတယ်။ ပေါက်ကွဲပြီးခါစ ဗုံးခွံကို လည်း လက်နဲ့ ထိကိုင်ရင် တအားပူပြီး မီးလောင်ဒဏ်၇ာ ဖြစ်စေနိုင်ပါတယ်။

မီးလောင်ဗုံး( Incendiary Grende)
မီးလောင်ကျွမ်း (Fire) ကိုဖြစ်စေ၊ မီးလောင်ဒါဏ်ရာ (Burns) တွေကို ဖြစ်စေတဲ့ ဗုံးအမျိုးအစား တွေ ဖြစ်ပြီး နပန်းဗုံး( Naplm Bomb) - မီးလျှံထွက် လက်နက်( Flame Thrower) သာမိုက် (Termite) မီးစုန်းဖြူ (White Phosphorous) ၊ အခြား ဓါတု ပစ္စည်းမျိုးစုံ ပါဝင်တဲ့ လက်ပစ်ဗုံး(Grenade)ုံးလက်နက် တွေ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိသျှ အိမ်စောင့် တပ်ဖွဲ့ (British Home Gurad) တွေ သုံးခဲ့တဲ့ နံပတ် (၇၆) အထူးလောင်မီးဗုံး မှာပြင်းထန်စွာ လောင်ကျွမ်းစေတဲ့ မီးစုန်းဖြူ (White Phosphorous) ပါဝင်ပါတယ်။
သာမိုက် (Termite)၊ သာမိတ်(Termate) နဲ့ မီးစုန်းဖြူ ပါဝင်တဲ့ မီးလောင်ဗုံးတွေဟာ အပူချိန် ၂၈၀၀ စင်တီ၈ရိတ်၊ ၅၀၇၀ ဖာရင်ဟိုက် အထိ မြင့်မား ပြင်းထန်တဲ့ မီးလောင်ကျွမ်း မှု(Fire) ပို ဖြစ်စေပြိး ၊ဆိုးဆိုးဝါးဝါး ပြင်းထန်တဲ့ မီးလောင်ဒဏ်၇ာ (Burns) တွေကို ဖြစ်စေပါတယ်။


ဒီဗုံးမျိုးတွေဟာ တအား မြင့်မားတဲ့ အပူချိန်ကို အချိန်တိုအတွင်း ဖြစ်ပေါ်စေတာမို့ ၊မီးလောင်ဒဏ်ရာ(Burns) ကို ပြင်းထန်စေတာပါ။ ဒါ့အပြင် မီးစုန်းဖြူဟာ ရေနဲ့ ထိတွေ့ ရင် မီးလောင်ကျွမ်းမှုကို ပိုပြင်းထန်စေတဲ့ အဆိပ်ပြင်း သတ္တု ဖြစ်ပါတယ်။ မီးစုန်းဖြူ (၅၀)မှ (၁၀၀ ) မီလီ ဂရမ်အတွင်း ဆိုရင် လူကို သေစေနိုင်ပါတယ်။ Molotov Cocktail ဆိုတဲ့ မီးလောင်ဗုံးဟာ ထင်ရှားတဲ့ လက်နက် တမျိုးပါ။
ဒေါက်တာ ဇီဝက (ကမ္ဘောဇ)

ရည်ညွှန်း ကိုးကား

၁။ Wikipedia
၂။ သတင်းမီဒီယာ ရုပ်သံလွှင့် ဌာန အမျိုးမျိုး
၃။ Internet - Website များ
၎။ ဆေးသိပ္ပံ ခွဲစိတ်ကုပညာ စာအုပ်စာတမ်းများ
။။။။။။။။။။။။။။။။။။။။။။။။။။။
ဆက်လက်ဖော်ပြပါဦးမည်။
( တာဝန်ခံ အယ်ဒီတာ ။ဟစ်တိုင်)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။