Thursday, November 22, 2012

အကူအညီ ပေးတယ်ဆိုတာ ပေးပုံ ပေးနည်းက အ ရေးကြီးပါတယ်


အကူအညီ ပေးတယ်ဆိုတာ ပေးပုံ ပေးနည်းက အ ရေးကြီးပါတယ် 


Popular News Journal, 22 November 2012  —-
ဒေါ်အောင်ဆန်းစုကြည်နှင့် နယူးဇီလန် ၀န်ကြီးချုပ်တို့ တွေ့ဆုံမှု အပြီးတွင် မီဒီယာတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က” မြန်မာနိုင်ငံကို ကူညီပေးမယ်လို့တော့ ပြောထားတာ ရှိပါတယ်။
အဲဒီတော့ အန်တီ တို့ အနေနဲ့ ကပြောရရင် အကူအညီပေးတယ်ဆိုတာတော့ ဟုတ်ပါတယ်ဒါပေ
မဲ့ ပေးပုံပေးနည်းက ဘယ် လိုကူညီမှာလဲပေးပုံပေးနည်းက အရေးကြီးပါတယ်။ပြည်သူရဲ့ အင်အားကို ဖြည့်ပေးမှာလား၊အစိုးရရဲ့ အင်အားကိုဖြည့်ပေးမှာလား။


ဒါမျိုးတွေ ပေါ့ အန်တီတို့ နိုင်ငံဟာ အာဏာရှင် စနစ်ရဲ့ အောက်မှာအကြာကြီးနေခဲ့ ရတာဆိုတော့ အစိုးရရဲ့အင်အားဟာ အင်မတန်မှ ကြီးနေတယ်။ဒါကိုထပ်ဖြည့်ပေးမှာလား ၊လက်ရှိ ဒီမို ကရေစီစနစ် ကို အင်အားဖြည့်မှာလား ပြောဖြစ်ပါတယ် “ဟု ပေါ်ပြူလာနယူးစ်ဂျာနယ်၏ကြားဖြတ်မေးမြန်းသော” ရှေ့လျောက် လားရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် နယူးဇီလန် နိုင်ငံ အနေဖြင့် အကူအညီပေးမည့် အခြေ အနေအားမေးမြန်းခဲ့ ရာ ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ပြန်လည် ဖြေကြားခဲ့သည်။
(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်နှင့် နယူးဇီလန်ဝန်ကြီးချုပ်တို့သည် နေပြည်တော် ဟိုတယ်ဇုံ ၊ သင်္ဂဟ ဟိုတယ်၌ ယနေ့ ညနေ ၄ နာရီ ခွဲတွင် တွေ့ဆုံ နေကြောင်းသိရသည်။ah)
ထို့ပြင် နယူးဇီလန်ဝန်ကြီးချုပ်နှင့် လိုက်ပါလာသော ပြည်ပ မီဒီယာများမှ မေး ခွန်း ၆ ခု ကျော် ကို ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည် ဖြေကြားခဲ့ပြီး ၀န်ကြီးချုပ်မှ သစ်သီးလက်ဆောင်
နှင့် အမှတ်တရ ဆွဲပြားတစ်ခု ပေးအပ်ခဲ့ကြောင်းသိရသည်။
ah

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။