Thursday, November 22, 2012

ပြုပြင်ပြောင်းလဲရေး မေးခွန်းခြောက်ခွန်း

ပြုပြင်ပြောင်းလဲရေး မေးခွန်းခြောက်ခွန်း 

မြန်မာနိုင်ငံမှာ ဒီပြဿနာ စနေပါပြီ။ မထိရောက်တဲ့ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း
စည်းကမ်းတွေကို ပယ်ဖျက်ပစ်ရာမှာ သတ်သတ်မှတ်မှတ်လုပ်ကိုင်နိုင်ဖို့ဝန်ကြီးဌာနတွေမှာ အလုပ်အဖွဲ့တွေဖွဲ့၊ အချိန်မှန် လုပ်ကိုင်ဖို့များ လိုလေမလား။ မေးခွန်းခြောက်ခွန်းနဲ့ ပြန်လည်သုံးသပ်နိုင်ပါတယ်။
ပြုပြင်ပြောင်းလဲရေး မေးခွန်းခြောက်ခွန်း
22 November 2012
 ရေးသားသူ- တင်မောင်သန်း
ပြုပြင်ပြောင်းလဲရေးတိုင်းမှာ လူထုရဲ့ မျှော်လင့်ချက်တွေက ကြီးမားနေတတ်ကြပါတယ်။ မြင့်မားတဲ့ မျှော်...
ပြုပြင်ပြောင်းလဲရေး မေးခွန်းခြောက်ခွန်း  ရေးသားသူ- တင်မောင်သန်း  ပြုပြင်ပြောင်းလဲရေးတိုင်းမှာ လူထုရဲ့ မျှော်လင့်ချက်တွေက ကြီးမားနေတတ်ကြပါတယ်။ မြင့်မားတဲ့ မျှော်လင့်ချက်တွေကို ဘယ်လို ကိုင် တွယ်ဖြေရှင်းမလဲဆိုတာက ပြုပြင်ပြောင်းလဲရေးလုပ်နေသူတွေ အလေးထား စဉ်းစားရတဲ့ ပြဿနာတစ်ရပ်ပါ။ ပြုပြင်ပြောင်းလဲရေး အချိန်ရင့် လာလေ၊ လူတွေအားမလိုအားမရ ပိုဖြစ်လာလေ။ အချိန်မီ ဒီပြဿနာကို မကိုင်တွယ်နိုင်ရင် ပြုပြင်ပြောင်းလဲရေးအပေါ် လူတွေအယုံအကြည်မဲ့လာ ပြီး နိုင်ငံရေးအဆင့်ကို ရောက်သွားတတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီပြဿနာ စနေပါပြီ။ မထိရောက်တဲ့ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းတွေကို ပယ်ဖျက်ပစ်ရာမှာ သတ်သတ်မှတ်မှတ်လုပ်ကိုင်နိုင်ဖို့ဝန်ကြီးဌာနတွေမှာ အလုပ်အဖွဲ့တွေဖွဲ့၊ အချိန်မှန် လုပ်ကိုင်ဖို့များ လိုလေမလား။ မေးခွန်းခြောက်ခွန်းနဲ့ ပြန်လည်သုံးသပ်နိုင်ပါတယ်။ - ဘာကို  စိုးရိမ်မကင်း  ဖြစ်နေတာလဲ။ ချမှတ်လိုက်တဲ့ မူဝါဒတစ်ရပ် ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း ဒါမှမဟုတ် လုပ်ထုံး လုပ်နည်းက ဘာကိုအကျိုးရှိလာအောင် လုပ်ချင်တာလဲ။ှ - အရင်တကယ်ဖြစ်ခဲ့တဲ့ အ ဖြစ်တွေကို ပြန်ကြည့်လိုက် တဲ့အခါ ဒီချမှတ်ထားတဲ့ မူဝါ ဒကြောင့် ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းကြောင့် ကိုယ့်ရည်မှန်းချက်ကို တိုက်ရိုက်ဖြည့်ဆည်းနိုင်ခဲ့တာလား။ ဒါမှမဟုတ် တခြားနည်းနဲ့ ဖြည့်ဆည်းနိုင်ခဲ့တာလား။  - မူဝါဒ ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း တစ်ရပ်ကြောင့် လူဘယ်လောက်များများ အကျိုးကျေးဇူး ခံစားကြရသလဲ။ ဒါမှမဟုတ် လူဘယ်လောက်များများ အချိန်ကုန် အလုပ်များ၊ ဒုက္ခများသွားရတာလဲ။   - မူဝါဒကို အကောင်အထည် ဖော်ရတာကြောင့်  ကုန်ကျရတဲ့၊ ပေးလိုက်ရတဲ့ စရိတ်စကထက် အကျိုးကျေးဇူးကောင်းတွေ ရရှိတာက သာရဲ့လား။  - မူဝါဒ ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတစ်ရပ်ကို အကောင်အထည်ဖော်ရတာကြောင့် လူ့အခွင့်အရေးနဲ့  နိုင်ငံသားအခွင့်အရေးအပေါ် အပြုသဘော ဒါမှမဟုတ် အဆိုးသဘော သက်ရောက်မှု ရှိနိုင်သလား။  ဒီထောင့်ကနေ မူဝါဒတစ်ရပ် ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း တစ်ရပ်ကို ဥပမာအဖြစ်ထားပြီး ကျွန်တော် သုံးသပ်ကြည့်ချင်ပါတယ်။ အဲဒီမူဝါဒကတော့ နိုင်ငံခြားသား ပညာရှင်တွေ၊  စီမံခန့်ခွဲသူတွေ နယ်ကိုသွားတဲ့အခါမှာ သက်ဆိုင်ရာ ဌာနတွေဆီက  ကြိုတင်ခွင့်ပြုချက်ယူရတဲ့ ကိစ္စဖြစ်ပါတယ်။ ခွင့်ပြုချက်ရဖို့က အချိန်သုံးပတ်အထိ ကြာပါတယ်။  မှတ်မိကြမယ်ထင်ပါတယ်။ ၂၀၀၅  ခုနှစ်မှာ  မြန်မာနိုင်ငံကို Global Fund က အကူအညီပေးမယ်လို့ လာရောက်ပြီးမှ ပြန်ထွက်သွားခဲ့ဖူးပါတယ်။ ထွက်သွားရတဲ့ အကြောင်းတွေထဲက တစ်ကြောင်းကတော့ ဒီကိစ္စကပါ။ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ “ပုလိပ်နိုင်ငံ” တစ်နိုင်ငံ ဖြစ်တယ်လို့ နာမည်ပျက်နေတဲ့ အကြောင်းတွေထဲက တစ်ကြောင်းလည်းဖြစ်ပါတယ်။ စဉ်းစားကြည့်ရအောင်။  ၁။ ဘာကို စိုးရိမ်မကင်းဖြစ်နေတာလဲ။ ဘာအကျိုးရှိလာအောင် လုပ်ချင်တာလဲ။ လုံခြုံရေးကို စိုးရိမ်မကင်းဖြစ်တာလို့ နားလည်နိုင်ပါတယ်။ ဒါမှမဟုတ် လူမှုအဖွဲ့တွေက လုပ်နေတာကို  သိထားဖို့ လိုအပ်တယ်ဆိုပါတော့။ ဒီစိုးရိမ်မကင်းတဲ့ အချက်အောက်မှာ အမှန်အဖြစ် ယူဆထားချက်တွေ ရှိပါတယ်။ အဲဒီယူဆထားချက်တွေကို ကျွန်တော် မဆန်းစစ်သေးပါဘူး။ ဘာကြောင့်သိထားချင်ရတာလဲလို့ ကျွန်တော် မေးခွန်းမထုတ်သေးပါဘူး။ လုံခြုံရေးဆိုတဲ့ ထောင့်ကနေပဲ သိထားဖို့ လိုအပ်တယ်ဆိုတဲ့ ထောင့်ကနေပဲ  လက်ခံစဉ်းစားကြည့်ပါမယ်။ ၂။ အရင် တကယ်ဖြစ်ခဲ့တဲ့ အဖြစ်တွေကို ပြန်ကြည့်လိုက်တဲ့အခါ၊ ဒီချမှတ်ထားတဲ့ မူဝါဒကြောင့် ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း၊ လုပ် ထုံးလုပ်နည်းကြောင့် ကိုယ့်ရည်မှန်းချက်ကို တိုက်ရိုက်ဖြည့်ဆည်းနိုင်ခဲ့တာလား။ ဒါမှမဟုတ် တခြားနည်းနဲ့ ဖြည့်ဆည်းနိုင်ခဲ့တာလား။ ခုလိုအကြောင်းကြားချက်ပေါင်း ဘယ်နှခုရှိပြီလဲ  ပြန်ကြည့်ရပါမယ်။ နှစ်ပေါင်းက ၂၀ ကျော်ခဲ့ပြီဆိုတော့ ထောင်ချီရှိပြီလို့ နားလည်နိုင်ပါတယ်။ အဲဒီထောင်ချီတဲ့ အကြောင်းကြားချက်တွေထဲမှာ လုံခြုံရေးကို ထိပါးတဲ့ ကိစ္စဘယ်နှခုရှိခဲ့သလဲ။ ကျွန်တော်သိသလောက် မရှိပါဘူး။ ကဲ ရှိတယ်ပဲ ထားပါဦး။ ဆိုပါတော့ အဲဒီနိုင်ငံခြားသား ၀န်ထမ်းတစ်ယောက်က အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းတွေ ဖြန့်တယ်ဆိုပါတော့။ ဒါမှမဟုတ် ဖြန့်တော့မှဖြန့်ပေးတယ်လို့ သိလိုက်ရတာလား။   နိုင်ငံခြားသားတစ်ယောက်ဟာ နိုင်ငံတကာရဲမှတ်တမ်းဝင် တစ်ယောက်မဟုတ်ဘူးဆိုရင် တကယ်တော့ အမှုကိစ္စတိုင်းလောက် နီးနီးမှာ လုံခြုံရေးထိပါးလိုက်တော့မှ သိကြရတာပါ။ မြန်မာနိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားဟာ ဘယ်သွားသွား လူဝင်မှုကြီးကြပ်ရေးကို အကြောင်းကြားရမယ်လို့ သတ်မှတ်ထားတဲ့ ဥပဒေတစ်ရပ်လည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံကို ၀င်ရောက်လာခဲ့တဲ့ နိုင်ငံခြားသားတွေ နှစ်ပေါင်း ၂၀ ကျော်အ တွင်းမှာ သိန်းချီရှိခဲ့ပါပြီ။ အစိုးရကို ဒုက္ခပေးခဲ့တဲ့ နိုင်ငံခြားသား ကျွန်တော်မှတ်မိသလောက် ဆယ်ဂဏန်းပဲရှိမယ်။ ဥပမာ .. ကျိုင်းတုံကို ၀င်သွားတဲ့  မော်စလေရှိမယ်။  ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ရေကူးသွားတဲ့ ယက်တော ရှိမယ်။ မြို့တော်ခန်းမရှေ့ နိုင်ငံခြားသား ဆန္ဒပြတာနှစ်ခါလားမသိဘူးဖြစ်ဖူးတယ်။ ဒါကလည်း အကြောင်းကြားတဲ့အချိန်မှာ သိတာဟုတ်ပုံမရဘူး။ သိရင် ကာကွယ်နိုင်မှာပေါ့။ ဖြစ်မှပဲ ဒုက္ခပေးတဲ့သူလို့ သိလိုက်ရတာမျိုး။  လုံခြုံရေးအတွက် ကာကွယ်နိုင်တာနဲ့ အကြောင်းကြားချက် အဆက်အစပ် မရှိဘူးလို့ ဒီကိစ္စတွေက ပြတယ်။ စိုးရိမ်ချက်ကို မူဝါဒနဲ့ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်က မဖြည့်ဆည်းနိုင်ဘူး။  ဒီမေးခွန်း နှစ်ခွန်းနဲ့တင် ဖယ်ရှားပစ်လို့ရတဲ့ မူဝါဒ၊ ဥပဒေ၊ စည်းကမ်းပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်း တော်တော်များများ အစိုးရဌာနတွေမှာ ရှိမနေပေဘူးလား။  ၃။ မူဝါဒ ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းတစ်ရပ်ကြောင့်  လူဘယ်လောက်များများ အကျိုးကျေးဇူး ခံစားကြရသလဲ။  ဒါမှမဟုတ် လူဘယ်လောက်များများ အချိန်ကုန် အလုပ်များ၊ ဒုက္ခများသွားရတာလဲ။ လူမှုလုပ်ငန်းတွေ၊ လူမှုအဖွဲ့အစည်းတွေဟာ နိုင်ငံခြားအကူအညီနဲ့ ဆက်စပ်နေပါတယ်။ ဒီလုပ်ငန်းတွေမှာ ကြီးကြပ်ရတာ၊ ထိန်းကျောင်းဆန်းစစ်ရတာတွေရှိတယ်။ အလုပ်သဘောအရ နိုင်ငံခြားသား ၀န်ထမ်းတွေ သွားကြည့်ကြရတယ်။ ဒါ့အပြင် ခုလို နိုင်ငံတကာအကူအညီတွေ ပြန်ပေးဖို့ တာစူလာတဲ့အချိန်မှာ လုပ်ငန်းတွေလုပ်ဖို့ ကနဦးဆန်းစစ် အကဲဖြတ်ချက်တွေ (assessment) လုပ်ကြရပါတယ်။ သုတေသန လုပ်ကြရပါတယ်။ သက်ဆိုင်ရာ စီမံကိန်းက ပေးချင်တဲ့လူတွေ ကြုံတွေ့နေရတဲ့  အခက်အခဲတွေကို မေးရပါတယ်။ အောက်ခြေအထိ ဆင်းရတယ်။ ရွာတွေအထိ သွားရပါတယ်။ စီမံကိန်းကောင်း၊ မူဝါဒကောင်းဆိုတာ ခုလိုသွားမှရတာပါ။ ဒါက အလုပ်သဘာဝပါ။   ဒါ့အပြင် အခုဆိုရင် နိုင်ငံခြားသားဖြစ်နေတဲ့ မြန်မာတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေရှိတယ်။ နွေရာသီကျောင်းပိတ်ရက်ဆို နိုင်ငံတကာမှာသွားပြီး သူတို့လုပ်အားပေးကြတယ်။ ကျွန်တော့်သမီးငယ်က ခုဒုတိယနှစ် ရောက်ပြီ။ ပထမနှစ်ပြီးတော့ မြန်မာနိုင်ငံမှာ နွေရာသီလုပ်အားပေးဖို့ ကြိုးစားတယ်။ သူက ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးကို စိတ်ဝင်စားတယ်။ သူ့စိတ်ဝင်စားမှု ဘယ်ဒေသမှာ ရှိမယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ သူ့ကို လက်ခံမယ်ဆိုရင် အဖွဲ့တွေက စာတိုစာရှည်တင်ရမယ်။ မလုပ်ချင်ကြဘူး။ ခွင့်ပြုချက်ကလည်း  ရဖို့မသေချာပြန်ဘူး။  အချိန်ကလည်း ကြာဦးမယ်ဆိုတော့ ကျောင်းပြန်တက်ရမယ့်အချိန်နဲ့ ထူးမှာမဟုတ်ပါဘူးလို့ ပြောကြပါတယ်။ ဒါနဲ့ ရန်ကုန်တစ်လှည့်၊ မုံရွာတစ်လှည့် သူ့အဘိုးအဘွားတွေနဲ့နေ၊ ပြန်သွားရရှာတယ်။ နောက်နှစ်တော့ တခြားနိုင်ငံတစ်နိုင်ငံမှာပဲ အလုပ်သင်လုပ်အားပေးရှာတော့မယ်လို့ ပြောတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့နိုင်ငံခြားသား ဖြစ်ရပေမယ့် ဒါအဖေတို့နိုင်ငံဆိုပြီး ကျွန်တော် သမီးကို ခေါ်လာတယ်။ ကျွန်တော့် ရင်ထဲမကောင်းလိုက်တာ။ လက်တွေ့မှာ မထိရောက်တဲ့မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေက သမီးလို မြန်မာလူမျိုး လူငယ်တွေအတွက် ပိတ်ထားပါတယ်။ မူဝါဒသက်ရောက်ပုံက ခုမျိုးဆက်တင်မဟုတ်ဘူး။ နောက်မျိုးဆက်အထိ သွားပေတော့တာကိုး။ လူတွေမှာ စာတို စာရှည်တင် အလုပ်ရှုပ်၊ ဒုက္ခများ ကြရပါတယ်။ ဒီမထိရောက်တဲ့ မူဝါဒသက်ရောက်ပုံက နိုင်ငံတကာနဲ့ ပြည်တွင်းလူမှုအဖွဲ့အစည်းတွေအပေါ် အများကြီး သက်ရောက်နေပါတယ်။  နိုင်ငံတကာရန်ပုံငွေနဲ့ လုပ်ကိုင်နေကြရတဲ့ ကြိုက်တဲ့ လူမှု အဖွဲ့အစည်းကို သွားမေးကြည့်ပါ။ အစိုးရထိန်းချုပ်ချင်ပုံက မပြောင်းသေးဘူးဆိုတဲ့ အဖြေကို ကြားကြရပါလိမ့်မယ်။ သမ္မတကြီးရဲ့ နိုင်ငံတကာအကူအညီတွေကို ဖိတ်ခေါ်ကြိုဆိုရေး၊ ဖွင့်ရေး မူဝါဒကို ဒီမူဝါဒက ပြက်ရယ်ပြုနေသလိုပါပဲ။   ၄။ မူဝါဒကို အကောင်အထည်ဖော်ရတာကြောင့် ကုန်ကျရတဲ့၊ ပေးလိုက်ရတဲ့ စရိတ်စကထက် အကျိုးကျေးဇူးကောင်းတွေ ရရှိတာက သာရဲ့လား။ ပေးရတာတွေက ငွေကြေးသဘောရှိတယ်။ ထိတွေ့လို့မရတဲ့ လူမှုသဘောတွေ ရှိတယ်။ နိုင်ငံရေးသဘောတွေ ရှိတယ်။ ငွေကြေးသဘောတွက် ကြည့်ကြရအောင်။ လုပ်အားခတွေ ပါလာမယ်။ အဲဒီအကြောင်းကြားရတဲ့အဖွဲ့ စာရိုက်မိတ္တူကူးရ၊ တချို့နေရာတွေမှာ ကာယကံရှင်က ပုံစံတွေဖြည့်ရ၊ မိတ္တူတွေကူးရ၊ အကြောင်းကြားစာကို လက်ခံရတဲ့ ရုံးမှာလည်း စာလက်ခံ၊ ဖိုင်တွဲ၊ အထက်လူကြီးအဆင့်ဆင့်ဆီပို့၊ အဆင့်ဆင့်  အချိန်တွေသုံး၊ စက္ကူဖိုး၊ မင်ဖိုး၊ မိတ္တူဖိုး၊ ကားငှားခ၊ ဖုန်းဆက်စုံစမ်းရလို့ ဖုန်းခ။ အဆုံးအဖြတ်ပေးရတဲ့ အရာရှိခမျာလည်း အရေးကြီးတာ မစဉ်းစားရ။ မထိရောက်တဲ့ မူဝါဒနဲ့ အချိန်ကုန်ရလို့ စိတ်ဖိစီးမှုဖြစ်ရ။ အဲဒီ စိတ်ဖိစီးမှုရဲ့ ရုံးတွင်းဆက်ဆံရေးအကျိုးဆက်တွေ  ထိုးထွင်းဖန်တီးမလုပ်ရတဲ့ အကျိုးဆက်တွေ၊ အလုပ်မဟုတ်တာတွေနဲ့ ရှုပ်နေတယ်ဆိုတဲ့ ခံစားချက်နဲ့ ဉာဏ်ရည်တုံးသွားတာတွေ နေရာတကာ ၀န်ထမ်းတွေက ထိန်းချုပ်ချင်တဲ့ စိတ်အထာကျလာတာကြောင့် အစိုးရနာမည်ပျက်ရတာတွေ။ အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာရှိသူတွေမှာ “ငါခွင့်ပြုမှ ရောဂါ”  ရင့်လာပြီး ဗြူရိုကရေစီကြိုးနီစနစ်ခိုင်လာတာတွေ။ လုံခြုံရေးကြောင့်လို့  ယေဘုယျနားလည်တဲ့အတွက် “မိုးကျရွှေကိုယ်” ဘောင်းဘီဝတ်တွေ ဖန်တီးတဲ့ ဒုက္ခပဲလို့ နားလည်ပြီး စစ်တပ်နဲ့ လူထု အကွာအဟ ဖြစ်လာရတာတွေ။  ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ပြောပေမယ့် ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေတာတွေနဲ့ အဲဒါရဲ့ အကျိုးဆက်တွေ ။ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံခြားသားတွေကလည်းဖြစ်နေပြန်၊ Civil society လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်းတွေကလည်းဖြစ်နေပြန်၊ သူတို့ရဲ့ ကွန်ရက်က နိုင်ငံတိုင်းထိ ရှိနေပြန်တာမို့ မြန်မာနိုင်ငံရဲ့ ပုံရိပ်အပေါ် သက်ရောက်မှုတွေ။ စီးပွားရေးအရ၊ လူမှုသဘောအရ၊ နိုင်ငံရေးအရ ပေးလိုက်ရတာတွေဖြစ်ပါတယ်။  တစ်ဖက်မှာလည်း မူဝါဒ သဘောအရ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်ရာမှာ အဆင့်ဆင့် အလုပ်အကိုင်တွေ ရကြတယ်။ (လူ့အဖွဲ့အစည်းအတွက် အကျိုးများတဲ့ အလုပ် productive work ဟုတ်ရဲ့လားဆိုတာကလည်း ဆန်းစစ်ရမယ့် မေးခွန်းပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အလုပ်တွေရကြတယ်။) နားလည်မှုစာချွန် (MOU) လက်မှတ်ရေးထိုးထားတဲ့ ၀န်ကြီးဌာနတွေအနေနဲ့ ဆိုင်ရာလူမှုအဖွဲ့အစည်းတွေ ဘာလုပ်နေသလဲဆိုတာ သိနိုင်တယ်။ (သိလိုတာဟုတ်၊ မဟုတ်ကို တခြားသတင်းအချက်အလက်တွေ တောင်း၊ မတောင်း၊ အဲဒီအချက်အလက်တွေအပေါ် အခြေခံပြီး ဘာကို ဆောင်ရွက်တာလဲဆိုတာနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။ ဘာကြောင့် သိချင်ရတာလဲ။ သိဖို့ကော မူဝါဒသဘောအရလိုလို့လားဆိုတာကတော့ ဆက်လက်မေးရမယ့် မေးခွန်းပါ။ လိုအပ်တာ မလိုအပ်တာအပထား အဟန့်သဘောဖြစ်တယ်။ (အဲဒီအဟန့်ဟာ တကယ့်လုံခြုံရေး ထိပါးလာမယ့် ကိစ္စတွေအထိ တားဆီးနိုင်မယ့် အဟန့်ဖြစ်ရဲ့လား ဆိုတာကတော့ ဆက်လက်မေးမြန်းရမယ့် မေးခွန်းပါ။) အကျိုးကျေးဇူးတွေရှိဦးမှာပါ။  ခုလို အကျိုးအပြစ်ကို သိပြီးတဲ့နောက် ချမှတ်ထားတာတွေကြောင့် အစိုးရအနေနဲ့ ပေးလိုက်ရတာနဲ့ ရတာကိုချိန်ကြည့်ပြီး အသာအနာကို တွက်ရမှာပါ။ မူလရည်ရွယ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်၊ အနာထက် အကျိုးက များနေတယ်ဆိုရင်  အဲဒီမူဝါဒ၊  ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းကို ဆက်လက်ကျင့်သုံးဖို့ အကြောင်းတစ်ကြောင်း ဖြစ်ပေတာပေါ့။  ၅။ ပြီးတော့ မူဝါဒ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း တစ်ရပ်ကို အကောင်အထည် ဖော်ရတာကြောင့် လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးအပေါ် အပြုသဘော ဒါမှမဟုတ် အဆိုးသဘော သက်ရောက်မှုရှိနိုင်သလား စဉ်းစားရပါဦးမယ်။ လူမှုအဖွဲ့အစည်းတွေမှာ လုပ်နေတဲ့ နိုင်ငံခြားသားတွေကို သွားလာခွင့် ပေးထားပါတယ်။ အကြောင်းကြားဖို့ပဲ ပြောတာပါလို့ မကြာခဏဆိုသလို ၀န်ကြီးဌာနတွေက ပြော တတ်ကြပါတယ်။ အကြောင်းကြားတာနဲ့ ခွင့်ပြုချက်ယူရတာ ကွဲပါတယ်။ ခုဖြစ်နေတာက သက်ဆိုင်ရာ ၀န်ကြီးဌာန ခွင့်ပြုချက်ပါမှ သွားလာလို့ ရတာပါ။ မဟုတ်ရင် နယ်ရောက်တဲ့အခါ စာရွက်စာတမ်း မပါရင် အတားခံရပါတယ်။ မေးမြန်းခံရပါတယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပါတယ်။  လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို ချိုးဖောက်တာပါ။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်မှာ အပိုင်း(၄) ပိုင်းပါပါတယ်။   - တိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာနိုင်ပါတယ်။  - ဘယ်နေရာမှာပဲဖြစ်ဖြစ် နေထိုင်နိုင်တယ်။ - အဲဒီတိုင်းပြည်ကနေ ထွက်ခွာသွားနိုင်တယ်။ - ဒါပေမဲ့ အဲဒီသွားလာခွင့်ကို အစိုးရက ဟန့်တားနိုင်ပါတယ်။ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့၊  ငြိမ်ဝပ်ပိပြားရေးအတွက် ကာကွယ် ဖို့၊ အများပြည်သူရဲ့ ကျန်းမာရေးနဲ့ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ကာကွယ်ဖို့၊ တခြားသူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ထိပါးမယ့် အရေးက ကာကွယ်ဖို့ဆိုရင် အစိုးရက လူတစ်ယောက်ရဲ့ သွားလာခွင့်ကို ဟန့်တားနိုင်ပါတယ်။  လူမှုအဖွဲ့အစည်းတွေ နိုင်ငံခြားသား ၀န်ထမ်းတွေ ခရီးသွားလာနိုင်ပါတယ်။ ဒါပေမဲ့ ခွင့်တော့တောင်းရမယ်ဗျဆိုတာ လွတ်လပ်ခွင့်ကို ချိုးဖောက်ရာ ရောက်နေပါတယ်။ အစိုးရခွင့်ပြုမှ လုပ်နိုင်တာ လွတ်လပ်ခွင့်မဟုတ်ပါ။ ပြောင်းပြန်ပါပဲ။ အဲဒီလို အစိုးရဟာ လွတ်လပ်ခွင့်ကို ထိပါးနေတဲ့ အစိုးရသာ ဖြစ်ပါတယ်။  ၆။ မူဝါဒကို အကောင်အထည် ဖော်တာကြောင့် ရလာတဲ့ အကျိုးဟာ ဘာမှမလုပ်ဘဲထားတာကြောင့် ပေးလိုက်ရမယ့် အဖိုးအခထက် သာလေရဲ့လား။ လူမှုအဖွဲ့အစည်းတွေမှာ လုပ်နေတဲ့ နိုင်ငံခြားသားတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးထားတယ် ဆိုပါစို့။ အန္တရာယ် ရှိနိုင်ပါတယ်။ လုံခြုံရေးထိပါးချင်သူ ပါလာနိုင်တယ်။ ထိပါးနိုင်တဲ့ အန္တရာယ် ရှိနေနိုင်ပါတယ်။ လက်ရှိမူဝါဒကို ဆက်လက်ကျင့်သုံးနေတာကြောင့် အဲဒီလိုရလာမယ့် အဟန့်အကျိုးဟာ စောစောကတွက်ပြထားတဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုသဘောအရ ပေးရမှာတွေထက် သာလေရဲ့လား။  အထက်က မေးခွန်း ၅ မှာ ပြောခဲ့တာတွေကြောင့် နားလည်မှုလွဲမှာ ကျွန်တော်စိုးရိမ်ပါတယ်။ လက်ရှိအစိုးရဟာ လူ့အခွင့်အရေးကို တမင်ရည်ရွယ် ထိပါးနေတယ်လို့ ကျွန်တော် အဲဒီလို စွပ်စွဲနေတာ မဟုတ်ပါဘူး။ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီနဲ့ နေပြည်တော်မှာ ကျွန်တော်တွေ့တော့ လယ်ယာစိုက်ပျိုးရေး သုတေသနအတွက် ကျွန်တော်တို့ အတူလုပ်နေတဲ့ နိုင်ငံခြားသား ပညာရှင်တွေ သွားလာခွင့်နဲ့ပတ်သက်ပြီး ကျွန်တော်ပြောပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံခြားသားတွေဟာ ဘယ်နေရာမဆို သွားလာခွင့်ရှိပါတယ်။ သူတို့ လုံခြုံရေးကို ရှေ့ရှုပြီး ကန့်သတ်နယ်မြေကို မသွားဖို့ တားထားတာသာဖြစ်တယ်။ ခုဆိုရင် အပစ်အခတ်ရပ်စဲရေးတွေ ရှိလာပြီမို့ ကန့်သတ်နယ်မြေတွေ ပိုပြီးတော့တောင် နည်းလာပြီလို့ ဦးခင်ရီကပြောပါတယ်။ ဒါဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးကို ရှေ့ရှုဆောင်ရွက်လာတဲ့ လက်ရှိအစိုးရ ရဲ့ မူဝါဒလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ၀န်ကြီးဌာန တော်တော်များများနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဆင့်ဆင့်က လက်တွေ့ကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းတွေကတော့ ပြောင်းပြန်တွေဖြစ်နေပါတယ်။  ဒီဆောင်းပါးဟာ လူမှုအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေ သွားလာခွင့်အတွက် အဓိကထားပြောတာမဟုတ်ပါ။ အဲဒီအကြောင်းက ဥပမာသာဖြစ်ပါတယ်။ မထိရောက်တဲ့ မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို မေးခွန်းခြောက်ခွန်းနဲ့ ပြန်လည်သုံးသပ်ပြီး ပယ်ဖျက်ဖို့က အဓိကဖြစ်ပါတယ်။ ဒါကို အကောင်အထည်ဖော်ဖို့ဆိုရင် ၀န်ကြီးဌာနတိုင်းမှာ သတ်သတ်မှတ်မှတ် အလုပ်အဖွဲ့ ဖွဲ့ပြီး ပုံမှန်ကို ဆောင်ရွက်ရမှာပါ။  ယခု မေးခွန်းတွေက မူဝါဒတစ်ရပ်မှာရှိတဲ့ အောက်ခံအမှန်အဖြစ် ယူဆချက် (assumptions) တွေကို ဆန်းစစ်တာမဟုတ်သေးပါဘူး။ လက်ရှိရှိနေတဲ့ အောက်ခံအမှန်အဖြစ် ယူဆချက်တွေအပေါ်မှာ တည်ဆောက်ထားတဲ့ ရည်မှန်းချက်တစ်ရပ်ကို အကောင်အထည်ဖော်ရာမှာ ထိရောက်မှုရှိလေရဲ့လား ဆိုတာကိုပဲ ဆန်းစစ်ထားတာ ဖြစ်ပါတယ်။  ဥပမာ- လုံခြုံရေးဆိုင်ရာ အယူအဆကို ဒီဆောင်းပါးမှာ မဆန်းစစ်ပါဘူး။ အဲဒီလုံခြုံရေး ရည်မှန်းချက်ကိုကော တကယ် ဖြည့်ဆည်းနိုင်ရဲ့လားလို့ ဆန်းစစ်တာသာဖြစ်ပါတယ်။ တကယ့်ကွေ့ချိုးအပြောင်းအလဲတွေကို လုပ်ဖို့ဆိုရင်တော့ ကိုယ့်မှာရှိနေတဲ့ အဲဒီအောက်ခံအမှန်အဖြစ် ယူဆချက်တွေကို စိန်ခေါ်ရပါတယ်။ ဒါက သပ်သပ်ရေးရမှာပါ။  ခု မေးခွန်း ၆ ခွန်းနဲ့ ဆန်းစစ်ပြီး မူဝါဒအဟောင်းတွေကို ဖယ်ရှားတာဟာ အစိုးရနဲ့ နေ့တဓူဝ ဆက်ဆံရာမှာ “အရင်လိုမဟုတ်တော့ဘူးဟေ့ တကယ့်ကို အစိုးရက ပြုပြင်ပြောင်းလဲနေတာ” လို့ အများပြည်သူက ထင်မြင်လာနိုင်တဲ့ လုပ်ဆောင်ချက် (quick win) တစ်မျိုးလည်း ဖြစ်ပါတယ်။ ဘဏ္ဍာရေး ကုန်ကျမှုလည်းနည်း၊ ပြုပြင်ပြောင်းလဲရေးအပေါ် ပြည်သူလူထု ထောက်ခံမှုလည်းရ၊ အစိုးရနဲ့ ဆက်ဆံနေရတဲ့ သာမန်ပြည်သူ တွေအတွက် အများကြီး ချောမွေ့လွယ်ကူ အချိန်ကုန်လည်း သက်သာတဲ့ ဆောင်ရွက်ချက်ဖြစ်မှာပါ။   မေးခွန်းကခြောက်ခွန်းထဲပါ။ လက်ရှိ မူဝါဒ တော်တော်များများအတွက် မေးခွန်းက ခြောက်ခွန်းအထိတောင် သွားဖို့လိုမယ် မထင်ကြောင်းပါဗျာ။ (စာရေးသူ တင်မောင်သန်းဟာ ယခင် သင့်ဘ၀ မဂ္ဂဇင်းအယ်ဒီတာ၊ ဗဟုဖွံ့ဖြိုးမှုအဖွဲ့ထူထောင်သူတွေထဲက တစ်ဦးပါ။ ယခု စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (MDRI-CESD) မှာ အကြီးတန်း သုတေသီအဖြစ် ဆောင်ရွက်နေပြီး ရန်ကုန်မြို့မှာ နေထိုင်နေပါတယ်။)လင့်ချက်တွေကို ဘယ်လို ကိုင် တွယ်ဖြေရှင်းမလဲဆိုတာ က ပြုပြင်ပြောင်း လဲရေးလုပ်နေသူတွေ အလေးထား စဉ်းစားရ တဲ့ ပြဿနာတစ်ရပ်ပါ။ ပြုပြင်ပြောင်းလဲရေး အချိန်ရင့် လာလေ၊ လူတွေအားမလိုအားမရ ပိုဖြစ်လာလေ။ အချိန်မီ ဒီပြဿနာကို မကိုင်တွယ်နိုင်ရင် ပြုပြင်ပြောင်းလဲရေးအပေါ် လူတွေ အယုံအကြည်မဲ့လာ ပြီး နိုင်ငံရေးအဆင့်ကို ရောက်သွား တတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီပြဿနာ စနေပါပြီ။ မထိရောက်တဲ့ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းတွေကို ပယ်ဖျက်ပစ်ရာမှာ သတ်သတ်မှတ်မှတ်လုပ်ကိုင်နိုင်ဖို့ဝန်ကြီးဌာနတွေမှာ အလုပ်အဖွဲ့တွေဖွဲ့၊ အချိန်မှန် လုပ်ကိုင်ဖို့များ လိုလေမလား။ မေးခွန်းခြောက်ခွန်းနဲ့ ပြန်လည်သုံးသပ်နိုင်ပါတယ်။
-      ဘာကို စိုးရိမ်မကင်း ဖြစ်နေတာလဲ။ ချမှတ်လိုက်တဲ့ မူဝါဒတစ်ရပ် ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း ဒါမှမဟုတ် လုပ်ထုံး လုပ်နည်းက ဘာကိုအကျိုးရှိလာအောင် လုပ်ချင်တာလဲ။
-      အရင်တကယ်ဖြစ်ခဲ့တဲ့ အ ဖြစ်တွေကို ပြန်ကြည့်လိုက် တဲ့အခါ ဒီချမှတ်ထားတဲ့ မူဝါ ဒကြောင့် ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းကြောင့် ကိုယ့်ရည်မှန်းချက်ကို တိုက်ရိုက်ဖြည့်ဆည်းနိုင်ခဲ့တာလား။ ဒါမှမဟုတ် တခြားနည်းနဲ့ ဖြည့်ဆည်းနိုင်ခဲ့တာလား။
-      မူဝါဒ ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း တစ်ရပ်ကြောင့် လူဘယ်လောက်များများ အကျိုးကျေးဇူး ခံစားကြရသလဲ။ ဒါမှမဟုတ် လူဘယ်လောက်များများ အချိန်ကုန် အလုပ်များ၊ ဒုက္ခများသွားရတာလဲ။
-      မူဝါဒကို အကောင်အထည် ဖော်ရတာကြောင့် ကုန်ကျရတဲ့၊ ပေးလိုက်ရတဲ့ စရိတ်စကထက် အကျိုးကျေးဇူးကောင်းတွေ ရရှိတာက သာရဲ့လား။
-      မူဝါဒ ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတစ်ရပ်ကို အကောင်အထည်ဖော်ရတာကြောင့် လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးအပေါ် အပြုသဘော ဒါမှမဟုတ် အဆိုးသဘော သက်ရောက်မှု ရှိနိုင်သလား။
ဒီထောင့်ကနေ မူဝါဒတစ်ရပ် ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း တစ်ရပ်ကို ဥပမာအဖြစ်ထားပြီး ကျွန်တော် သုံးသပ်ကြည့်ချင်ပါတယ်။ အဲဒီမူဝါဒကတော့ နိုင်ငံခြားသား ပညာရှင်တွေ၊ စီမံခန့်ခွဲသူတွေ နယ်ကိုသွားတဲ့အခါမှာ သက်ဆိုင်ရာ ဌာနတွေဆီက ကြိုတင်ခွင့်ပြုချက်ယူရတဲ့ ကိစ္စဖြစ်ပါတယ်။ ခွင့်ပြုချက်ရဖို့က အချိန်သုံးပတ်အထိ ကြာပါတယ်။
မှတ်မိကြမယ်ထင်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ မြန်မာနိုင်ငံကို Global Fund က အကူအညီပေးမယ်လို့ လာရောက်ပြီးမှ ပြန်ထွက်သွားခဲ့ဖူးပါတယ်။ ထွက်သွားရတဲ့ အကြောင်းတွေထဲက တစ်ကြောင်းကတော့ ဒီကိစ္စကပါ။ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ “ပုလိပ်နိုင်ငံ” တစ်နိုင်ငံ ဖြစ်တယ်လို့ နာမည်ပျက်နေတဲ့ အကြောင်းတွေထဲက တစ်ကြောင်းလည်းဖြစ်ပါတယ်။ စဉ်းစားကြည့်ရအောင်။
၁။    ဘာကို စိုးရိမ်မကင်းဖြစ်နေတာလဲ။ ဘာအကျိုးရှိလာအောင် လုပ်ချင်တာလဲ။ လုံခြုံရေးကို စိုးရိမ်မကင်းဖြစ်တာလို့ နားလည်နိုင်ပါတယ်။ ဒါမှမဟုတ် လူမှုအဖွဲ့တွေက လုပ်နေတာကို သိထားဖို့ လိုအပ်တယ်ဆိုပါတော့။ ဒီစိုးရိမ်မကင်းတဲ့ အချက်အောက်မှာ အမှန်အဖြစ် ယူဆထားချက်တွေ ရှိပါတယ်။ အဲဒီယူဆထားချက်တွေကို ကျွန်တော် မဆန်းစစ်သေးပါဘူး။ ဘာကြောင့်သိထားချင်ရတာလဲလို့ ကျွန်တော် မေးခွန်းမထုတ်သေးပါဘူး။ လုံခြုံရေးဆိုတဲ့ ထောင့်ကနေပဲ သိထားဖို့ လိုအပ်တယ်ဆိုတဲ့ ထောင့်ကနေပဲ လက်ခံစဉ်းစားကြည့်ပါမယ်။
၂။      အရင် တကယ်ဖြစ်ခဲ့တဲ့ အဖြစ်တွေကို ပြန်ကြည့်လိုက်တဲ့အခါ၊ ဒီချမှတ်ထားတဲ့ မူဝါဒကြောင့် ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း၊ လုပ် ထုံးလုပ်နည်းကြောင့် ကိုယ့်ရည်မှန်းချက်ကို တိုက်ရိုက်ဖြည့်ဆည်းနိုင်ခဲ့တာလား။ ဒါမှမဟုတ် တခြားနည်းနဲ့ ဖြည့်ဆည်းနိုင်ခဲ့တာလား။ ခုလိုအကြောင်းကြားချက်ပေါင်း ဘယ်နှခုရှိပြီလဲ ပြန်ကြည့်ရပါမယ်။ နှစ်ပေါင်းက ၂၀ ကျော်ခဲ့ပြီဆိုတော့ ထောင်ချီရှိပြီလို့ နားလည်နိုင်ပါတယ်။ အဲဒီထောင်ချီတဲ့ အကြောင်းကြားချက်တွေထဲမှာ လုံခြုံရေးကို ထိပါးတဲ့ ကိစ္စဘယ်နှခုရှိခဲ့သလဲ။ ကျွန်တော်သိသလောက် မရှိပါဘူး။ ကဲ ရှိတယ်ပဲ ထားပါဦး။ ဆိုပါတော့ အဲဒီနိုင်ငံခြားသား ၀န်ထမ်းတစ်ယောက်က အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းတွေ ဖြန့်တယ်ဆိုပါတော့။ ဒါမှမဟုတ် ဖြန့်တော့မှဖြန့်ပေးတယ်လို့ သိလိုက်ရတာလား။
နိုင်ငံခြားသားတစ်ယောက်ဟာ နိုင်ငံတကာရဲမှတ်တမ်းဝင် တစ်ယောက်မဟုတ်ဘူးဆိုရင် တကယ်တော့ အမှုကိစ္စတိုင်းလောက် နီးနီးမှာ လုံခြုံရေးထိပါးလိုက်တော့မှ သိကြရတာပါ။ မြန်မာနိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားဟာ ဘယ်သွားသွား လူဝင်မှုကြီးကြပ်ရေးကို အကြောင်းကြားရမယ်လို့ သတ်မှတ်ထားတဲ့ ဥပဒေတစ်ရပ်လည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံကို ၀င်ရောက်လာခဲ့တဲ့ နိုင်ငံခြားသားတွေ နှစ်ပေါင်း ၂၀ ကျော်အ တွင်းမှာ သိန်းချီရှိခဲ့ပါပြီ။ အစိုးရကို ဒုက္ခပေးခဲ့တဲ့ နိုင်ငံခြားသား ကျွန်တော်မှတ်မိသလောက် ဆယ်ဂဏန်းပဲရှိမယ်။ ဥပမာ .. ကျိုင်းတုံကို ၀င်သွားတဲ့ မော်စလေရှိမယ်။ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ရေကူးသွားတဲ့ ယက်တော ရှိမယ်။ မြို့တော်ခန်းမရှေ့ နိုင်ငံခြားသား ဆန္ဒပြတာနှစ်ခါလားမသိဘူးဖြစ်ဖူးတယ်။ ဒါကလည်း အကြောင်းကြားတဲ့အချိန်မှာ သိတာဟုတ်ပုံမရဘူး။ သိရင် ကာကွယ်နိုင်မှာပေါ့။ ဖြစ်မှပဲ ဒုက္ခပေးတဲ့သူလို့ သိလိုက်ရတာမျိုး။ လုံခြုံရေးအတွက် ကာကွယ်နိုင်တာနဲ့ အကြောင်းကြားချက် အဆက်အစပ် မရှိဘူးလို့ ဒီကိစ္စတွေက ပြတယ်။ စိုးရိမ်ချက်ကို မူဝါဒနဲ့ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်က မဖြည့်ဆည်းနိုင်ဘူး။
ဒီမေးခွန်း နှစ်ခွန်းနဲ့တင် ဖယ်ရှားပစ်လို့ရတဲ့ မူဝါဒ၊ ဥပဒေ၊ စည်းကမ်းပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်း တော်တော်များများ အစိုးရဌာနတွေမှာ ရှိမနေပေဘူးလား။
၃။     မူဝါဒ ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းတစ်ရပ်ကြောင့် လူဘယ်လောက်များများ အကျိုးကျေးဇူး ခံစားကြရသလဲ။ ဒါမှမဟုတ် လူဘယ်လောက်များများ အချိန်ကုန် အလုပ်များ၊ ဒုက္ခများသွားရတာလဲ။ လူမှုလုပ်ငန်းတွေ၊ လူမှုအဖွဲ့အစည်းတွေဟာ နိုင်ငံခြားအကူအညီနဲ့ ဆက်စပ်နေပါတယ်။ ဒီလုပ်ငန်းတွေမှာ ကြီးကြပ်ရတာ၊ ထိန်းကျောင်းဆန်းစစ်ရတာတွေရှိတယ်။ အလုပ်သဘောအရ နိုင်ငံခြားသား ၀န်ထမ်းတွေ သွားကြည့်ကြရတယ်။ ဒါ့အပြင် ခုလို နိုင်ငံတကာအကူအညီတွေ ပြန်ပေးဖို့ တာစူလာတဲ့အချိန်မှာ လုပ်ငန်းတွေလုပ်ဖို့ ကနဦးဆန်းစစ် အကဲဖြတ်ချက်တွေ (assessment) လုပ်ကြရပါတယ်။ သုတေသန လုပ်ကြရပါတယ်။ သက်ဆိုင်ရာ စီမံကိန်းက ပေးချင်တဲ့လူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေးရပါတယ်။ အောက်ခြေအထိ ဆင်းရတယ်။ ရွာတွေအထိ သွားရပါတယ်။ စီမံကိန်းကောင်း၊ မူဝါဒကောင်းဆိုတာ ခုလိုသွားမှရတာပါ။ ဒါက အလုပ်သဘာဝပါ။
ဒါ့အပြင် အခုဆိုရင် နိုင်ငံခြားသားဖြစ်နေတဲ့ မြန်မာတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေရှိတယ်။ နွေရာသီကျောင်းပိတ်ရက်ဆို နိုင်ငံတကာမှာသွားပြီး သူတို့လုပ်အားပေးကြတယ်။ ကျွန်တော့်သမီးငယ်က ခုဒုတိယနှစ် ရောက်ပြီ။ ပထမနှစ်ပြီးတော့ မြန်မာနိုင်ငံမှာ နွေရာသီလုပ်အားပေးဖို့ ကြိုးစားတယ်။ သူက ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးကို စိတ်ဝင်စားတယ်။ သူ့စိတ်ဝင်စားမှု ဘယ်ဒေသမှာ ရှိမယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ သူ့ကို လက်ခံမယ်ဆိုရင် အဖွဲ့တွေက စာတိုစာရှည်တင်ရမယ်။ မလုပ်ချင်ကြဘူး။ ခွင့်ပြုချက်ကလည်း ရဖို့မသေချာပြန်ဘူး။
အချိန်ကလည်း ကြာဦးမယ်ဆိုတော့ ကျောင်းပြန်တက်ရမယ့်အချိန်နဲ့ ထူးမှာမဟုတ်ပါဘူးလို့ ပြောကြပါတယ်။ ဒါနဲ့ ရန်ကုန်တစ်လှည့်၊ မုံရွာတစ်လှည့် သူ့အဘိုးအဘွားတွေနဲ့နေ၊ ပြန်သွားရရှာတယ်။ နောက်နှစ်တော့ တခြားနိုင်ငံတစ်နိုင်ငံမှာပဲ အလုပ်သင်လုပ်အားပေးရှာတော့မယ်လို့ ပြောတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့နိုင်ငံခြားသား ဖြစ်ရပေမယ့် ဒါအဖေတို့နိုင်ငံဆိုပြီး ကျွန်တော် သမီးကို ခေါ်လာတယ်။ ကျွန်တော့် ရင်ထဲမကောင်းလိုက်တာ။ လက်တွေ့မှာ မထိရောက်တဲ့မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေက သမီးလို မြန်မာလူမျိုး လူငယ်တွေအတွက် ပိတ်ထားပါတယ်။ မူဝါဒသက်ရောက်ပုံက ခုမျိုးဆက်တင်မဟုတ်ဘူး။ နောက်မျိုးဆက်အထိ သွားပေတော့တာကိုး။ လူတွေမှာ စာတို စာရှည်တင် အလုပ်ရှုပ်၊ ဒုက္ခများ ကြရပါတယ်။ ဒီမထိရောက်တဲ့ မူဝါဒသက်ရောက်ပုံက နိုင်ငံတကာနဲ့ ပြည်တွင်းလူမှုအဖွဲ့အစည်းတွေအပေါ် အများကြီး သက်ရောက်နေပါတယ်။
နိုင်ငံတကာရန်ပုံငွေနဲ့ လုပ်ကိုင်နေကြရတဲ့ ကြိုက်တဲ့ လူမှု အဖွဲ့အစည်းကို သွားမေးကြည့်ပါ။ အစိုးရထိန်းချုပ်ချင်ပုံက မပြောင်းသေးဘူးဆိုတဲ့ အဖြေကို ကြားကြရပါလိမ့်မယ်။ သမ္မတကြီးရဲ့ နိုင်ငံတကာအကူအညီတွေကို ဖိတ်ခေါ်ကြိုဆိုရေး၊ ဖွင့်ရေး မူဝါဒကို ဒီမူဝါဒက ပြက်ရယ်ပြုနေသလိုပါပဲ။
၎။       မူဝါဒကို အကောင်အထည်ဖော်ရတာကြောင့် ကုန်ကျရတဲ့၊ ပေးလိုက်ရတဲ့ စရိတ်စကထက် အကျိုးကျေးဇူးကောင်းတွေ ရရှိတာက သာရဲ့လား။ ပေးရတာတွေက ငွေကြေးသဘောရှိတယ်။ ထိတွေ့လို့မရတဲ့ လူမှုသဘောတွေ ရှိတယ်။ နိုင်ငံရေးသဘောတွေ ရှိတယ်။ ငွေကြေးသဘောတွက် ကြည့်ကြရအောင်။ လုပ်အားခတွေ ပါလာမယ်။ အဲဒီအကြောင်းကြားရတဲ့အဖွဲ့ စာရိုက်မိတ္တူကူးရ၊ တချို့နေရာတွေမှာ ကာယကံရှင်က ပုံစံတွေဖြည့်ရ၊ မိတ္တူတွေကူးရ၊ အကြောင်းကြားစာကို လက်ခံရတဲ့ ရုံးမှာလည်း စာလက်ခံ၊ ဖိုင်တွဲ၊ အထက်လူကြီးအဆင့်ဆင့်ဆီပို့၊ အဆင့်ဆင့် အချိန်တွေသုံး၊ စက္ကူဖိုး၊ မင်ဖိုး၊ မိတ္တူဖိုး၊ ကားငှားခ၊ ဖုန်းဆက်စုံစမ်းရလို့ ဖုန်းခ။ အဆုံးအဖြတ်ပေးရတဲ့ အရာရှိခမျာလည်း အရေးကြီးတာ မစဉ်းစားရ။ မထိရောက်တဲ့ မူဝါဒနဲ့ အချိန်ကုန်ရလို့ စိတ်ဖိစီးမှုဖြစ်ရ။ အဲဒီ စိတ်ဖိစီးမှုရဲ့ ရုံးတွင်းဆက်ဆံရေးအကျိုးဆက်တွေ ထိုးထွင်းဖန်တီးမလုပ်ရတဲ့ အကျိုးဆက်တွေ၊ အလုပ်မဟုတ်တာတွေနဲ့ ရှုပ်နေတယ်ဆိုတဲ့ ခံစားချက်နဲ့ ဉာဏ်ရည်တုံးသွားတာတွေ နေရာတကာ ၀န်ထမ်းတွေက ထိန်းချုပ်ချင်တဲ့ စိတ်အထာကျလာတာကြောင့် အစိုးရနာမည်ပျက်ရတာတွေ။ အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာရှိသူတွေမှာ “ငါခွင့်ပြုမှ ရောဂါ” ရင့်လာပြီး ဗြူရိုကရေစီကြိုးနီစနစ်ခိုင်လာတာတွေ။ လုံခြုံရေးကြောင့်လို့ ယေဘုယျနားလည်တဲ့အတွက် “မိုးကျရွှေကိုယ်” ဘောင်းဘီဝတ်တွေ ဖန်တီးတဲ့ ဒုက္ခပဲလို့ နားလည်ပြီး စစ်တပ်နဲ့ လူထု အကွာအဟ ဖြစ်လာရတာတွေ။
ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ပြောပေမယ့် ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေတာတွေနဲ့ အဲဒါရဲ့ အကျိုးဆက်တွေ ။ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံခြားသားတွေကလည်းဖြစ်နေပြန်၊ Civil society လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်းတွေကလည်းဖြစ်နေပြန်၊ သူတို့ရဲ့ ကွန်ရက်က နိုင်ငံတိုင်းထိ ရှိနေပြန်တာမို့ မြန်မာနိုင်ငံရဲ့ ပုံရိပ်အပေါ် သက်ရောက်မှုတွေ။ စီးပွားရေးအရ၊ လူမှုသဘောအရ၊ နိုင်ငံရေးအရ ပေးလိုက်ရတာတွေဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မူဝါဒ သဘောအရ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်ရာမှာ အဆင့်ဆင့် အလုပ်အကိုင်တွေ ရကြတယ်။ (လူ့အဖွဲ့အစည်းအတွက် အကျိုးများတဲ့ အလုပ် productive work ဟုတ်ရဲ့လားဆိုတာကလည်း ဆန်းစစ်ရမယ့် မေးခွန်းပါ။ ဘယ်လိုပဲ
ဖြစ်ဖြစ် အလုပ်တွေရကြတယ်။) နားလည်မှုစာချွန် (MOU) လက်မှတ်ရေးထိုးထားတဲ့ ၀န်ကြီးဌာနတွေအနေနဲ့ ဆိုင်ရာလူမှုအဖွဲ့အစည်းတွေ ဘာလုပ်နေသလဲဆိုတာ သိနိုင်တယ်။ (သိလိုတာဟုတ်၊ မဟုတ်ကို တခြားသတင်းအချက်အလက်တွေ တောင်း၊ မတောင်း၊ အဲဒီအချက်အလက်တွေအပေါ် အခြေခံပြီး ဘာကို ဆောင်ရွက်တာလဲဆိုတာနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။ ဘာကြောင့် သိချင်ရတာလဲ။ သိဖို့ကော မူဝါဒသဘောအရလိုလို့လားဆိုတာကတော့ ဆက်လက်မေးရမယ့် မေးခွန်းပါ။ လိုအပ်တာ မလိုအပ်တာအပထား အဟန့်သဘောဖြစ်တယ်။ (အဲဒီအဟန့်ဟာ တကယ့်လုံခြုံရေး ထိပါးလာမယ့် ကိစ္စတွေအထိ တားဆီးနိုင်မယ့် အဟန့်ဖြစ်ရဲ့လား ဆိုတာကတော့ ဆက်လက်မေးမြန်းရမယ့် မေးခွန်းပါ။) အကျိုးကျေးဇူးတွေရှိဦးမှာပါ။
ခုလို အကျိုးအပြစ်ကို သိပြီးတဲ့နောက် ချမှတ်ထားတာတွေကြောင့် အစိုးရအနေနဲ့ ပေးလိုက်ရတာနဲ့ ရတာကိုချိန်ကြည့်ပြီး အသာအနာကို တွက်ရမှာပါ။ မူလရည်ရွယ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်၊ အနာထက် အကျိုးက များနေတယ်ဆိုရင် အဲဒီမူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းကို ဆက်လက်ကျင့်သုံးဖို့ အကြောင်းတစ်ကြောင်း ဖြစ်ပေတာပေါ့။
၅။      ပြီးတော့ မူဝါဒ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း တစ်ရပ်ကို အကောင်အထည် ဖော်ရတာကြောင့် လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးအပေါ် အပြုသဘော ဒါမှမဟုတ် အဆိုးသဘော သက်ရောက်မှုရှိနိုင်သလား စဉ်းစားရပါဦးမယ်။ လူမှုအဖွဲ့အစည်းတွေမှာ လုပ်နေတဲ့ နိုင်ငံခြားသားတွေကို သွားလာခွင့် ပေးထားပါတယ်။ အကြောင်းကြားဖို့ပဲ ပြောတာပါလို့ မကြာခဏဆိုသလို ၀န်ကြီးဌာနတွေက ပြော တတ်ကြပါတယ်။ အကြောင်းကြားတာနဲ့ ခွင့်ပြုချက်ယူရတာ ကွဲပါတယ်။ ခုဖြစ်နေတာက သက်ဆိုင်ရာ ၀န်ကြီးဌာန ခွင့်ပြုချက်ပါမှ သွားလာလို့ ရတာပါ။ မဟုတ်ရင် နယ်ရောက်တဲ့အခါ စာရွက်စာတမ်း မပါရင် အတားခံရပါတယ်။ မေးမြန်းခံရပါတယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပါတယ်။ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို ချိုးဖောက်တာပါ။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်မှာ အပိုင်း(၄) ပိုင်းပါပါတယ်။
-      တိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာနိုင်ပါတယ်။
-      ဘယ်နေရာမှာပဲဖြစ်ဖြစ် နေထိုင်နိုင်တယ်။
-      အဲဒီတိုင်းပြည်ကနေ ထွက်ခွာသွားနိုင်တယ်။
-      ဒါပေမဲ့ အဲဒီသွားလာခွင့်ကို အစိုးရက ဟန့်တားနိုင်ပါတယ်။ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့၊ ငြိမ်ဝပ်ပိပြားရေးအတွက် ကာကွယ်
ဖို့၊ အများပြည်သူရဲ့ ကျန်းမာရေးနဲ့ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ကာကွယ်ဖို့၊ တခြားသူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ထိပါးမယ့် အရေးက ကာကွယ်ဖို့ဆိုရင် အစိုးရက လူတစ်ယောက်ရဲ့ သွားလာခွင့်ကို ဟန့်တားနိုင်ပါတယ်။
လူမှုအဖွဲ့အစည်းတွေ နိုင်ငံခြားသား ၀န်ထမ်းတွေ ခရီးသွားလာနိုင်ပါတယ်။ ဒါပေမဲ့ ခွင့်တော့တောင်းရမယ်ဗျဆိုတာ လွတ်လပ်ခွင့်ကို ချိုးဖောက်ရာ ရောက်နေပါတယ်။ အစိုးရခွင့်ပြုမှ လုပ်နိုင်တာ လွတ်လပ်ခွင့်မဟုတ်ပါ။ ပြောင်းပြန်ပါပဲ။ အဲဒီလို အစိုးရဟာ လွတ်လပ်ခွင့်ကို ထိပါးနေတဲ့ အစိုးရသာ ဖြစ်ပါတယ်။
၆။      မူဝါဒကို အကောင်အထည် ဖော်တာကြောင့် ရလာတဲ့ အကျိုးဟာ ဘာမှမလုပ်ဘဲထားတာကြောင့် ပေးလိုက်ရမယ့် အဖိုးအခထက် သာလေရဲ့လား။ လူမှုအဖွဲ့အစည်းတွေမှာ လုပ်နေတဲ့ နိုင်ငံခြားသားတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးထားတယ် ဆိုပါစို့။ အန္တရာယ် ရှိနိုင်ပါတယ်။ လုံခြုံရေးထိပါးချင်သူ ပါလာနိုင်တယ်။ ထိပါးနိုင်တဲ့ အန္တရာယ် ရှိနေနိုင်ပါတယ်။ လက်ရှိမူဝါဒကို ဆက်လက်ကျင့်သုံးနေတာကြောင့် အဲဒီလိုရလာမယ့် အဟန့်အကျိုးဟာ စောစောကတွက်ပြထားတဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုသဘောအရ ပေးရမှာတွေထက် သာလေရဲ့လား။
အထက်က မေးခွန်း ၅ မှာ ပြောခဲ့တာတွေကြောင့် နားလည်မှုလွဲမှာ ကျွန်တော်စိုးရိမ်ပါတယ်။ လက်ရှိအစိုးရဟာ လူ့အခွင့်အရေးကို တမင်ရည်ရွယ် ထိပါးနေတယ်လို့ ကျွန်တော် အဲဒီလို စွပ်စွဲနေတာ မဟုတ်ပါဘူး။ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီနဲ့ နေပြည်တော်မှာ ကျွန်တော်တွေ့တော့ လယ်ယာစိုက်ပျိုးရေး သုတေသနအတွက် ကျွန်တော်တို့ အတူလုပ်နေတဲ့ နိုင်ငံခြားသား ပညာရှင်တွေ သွားလာခွင့်နဲ့ပတ်သက်ပြီး ကျွန်တော်ပြောပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံခြားသားတွေဟာ ဘယ်နေရာမဆို သွားလာခွင့်ရှိပါတယ်။ သူတို့ လုံခြုံရေးကို ရှေ့ရှုပြီး ကန့်သတ်နယ်မြေကို မသွားဖို့ တားထားတာသာဖြစ်တယ်။ ခုဆိုရင် အပစ်အခတ်ရပ်စဲရေးတွေ ရှိလာပြီမို့ ကန့်သတ်နယ်မြေတွေ ပိုပြီးတော့တောင် နည်းလာပြီလို့ ဦးခင်ရီကပြောပါတယ်။ ဒါဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးကို ရှေ့ရှုဆောင်ရွက်လာတဲ့ လက်ရှိအစိုးရ ရဲ့ မူဝါဒလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ၀န်ကြီးဌာန တော်တော်များများနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဆင့်ဆင့်က လက်တွေ့ကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းတွေကတော့ ပြောင်းပြန်တွေဖြစ်နေပါတယ်။
ဒီဆောင်းပါးဟာ လူမှုအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေ သွားလာခွင့်အတွက် အဓိကထားပြောတာမဟုတ်ပါ။ အဲဒီအကြောင်းက ဥပမာသာဖြစ်ပါတယ်။ မထိရောက်တဲ့ မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို မေးခွန်းခြောက်ခွန်းနဲ့ ပြန်လည်သုံးသပ်ပြီး ပယ်ဖျက်ဖို့က အဓိကဖြစ်ပါတယ်။ ဒါကို အကောင်အထည်ဖော်ဖို့ဆိုရင် ၀န်ကြီးဌာနတိုင်းမှာ သတ်သတ်မှတ်မှတ် အလုပ်အဖွဲ့ ဖွဲ့ပြီး ပုံမှန်ကို ဆောင်ရွက်ရမှာပါ။
ယခု မေးခွန်းတွေက မူဝါဒတစ်ရပ်မှာရှိတဲ့ အောက်ခံအမှန်အဖြစ် ယူဆချက် (assumptions) တွေကို ဆန်းစစ်တာမဟုတ်သေးပါဘူး။ လက်ရှိရှိနေတဲ့ အောက်ခံအမှန်အဖြစ် ယူဆချက်တွေအပေါ်မှာ တည်ဆောက်ထားတဲ့ ရည်မှန်းချက်တစ်ရပ်ကို အကောင်အထည်ဖော်ရာမှာ ထိရောက်မှုရှိလေရဲ့လား ဆိုတာကိုပဲ ဆန်းစစ်ထားတာ ဖြစ်ပါတယ်။ ဥပမာ- လုံခြုံရေးဆိုင်ရာ အယူအဆကို ဒီဆောင်းပါးမှာ မဆန်းစစ်ပါဘူး။ အဲဒီလုံခြုံရေး ရည်မှန်းချက်ကိုကော တကယ် ဖြည့်ဆည်းနိုင်ရဲ့လားလို့ ဆန်းစစ်တာသာဖြစ်ပါတယ်။ တကယ့်ကွေ့ချိုးအပြောင်းအလဲတွေကို လုပ်ဖို့ဆိုရင်တော့ ကိုယ့်မှာရှိနေတဲ့ အဲဒီအောက်ခံအမှန်အဖြစ် ယူဆချက်တွေကို စိန်ခေါ်ရပါတယ်။ ဒါက သပ်သပ်ရေးရမှာပါ။
ခု မေးခွန်း ၆ ခွန်းနဲ့ ဆန်းစစ်ပြီး မူဝါဒအဟောင်းတွေကို ဖယ်ရှားတာဟာ အစိုးရနဲ့ နေ့တဓူဝ ဆက်ဆံရာမှာ “အရင်လိုမဟုတ်တော့ဘူးဟေ့ တကယ့်ကို အစိုးရက ပြုပြင်ပြောင်းလဲနေတာ” လို့ အများပြည်သူက ထင်မြင်လာနိုင်တဲ့ လုပ်ဆောင်ချက် (quick win) တစ်မျိုးလည်း ဖြစ်ပါတယ်။ ဘဏ္ဍာရေး ကုန်ကျမှုလည်းနည်း၊ ပြုပြင်ပြောင်းလဲရေးအပေါ် ပြည်သူလူထု ထောက်ခံမှုလည်းရ၊ အစိုးရနဲ့ ဆက်ဆံနေရတဲ့ သာမန်ပြည်သူ တွေအတွက် အများကြီး ချောမွေ့လွယ်ကူ အချိန်ကုန်လည်း သက်သာတဲ့ ဆောင်ရွက်ချက်ဖြစ်မှာပါ။
မေးခွန်းကခြောက်ခွန်းထဲပါ။ လက်ရှိ မူဝါဒ တော်တော်များများအတွက် မေးခွန်းက ခြောက်ခွန်းအထိတောင် သွားဖို့လိုမယ် မထင်ကြောင်းပါဗျာ။
(စာရေးသူ တင်မောင်သန်းဟာ ယခင် သင့်ဘ၀ မဂ္ဂဇင်းအယ်ဒီတာ၊ ဗဟုဖွံ့ဖြိုးမှုအဖွဲ့ထူထောင်သူတွေထဲက တစ်ဦးပါ။ ယခု စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (MDRI-CESD) မှာ အကြီးတန်း သုတေသီအဖြစ် ဆောင်ရွက်နေပြီး ရန်ကုန်မြို့မှာ နေထိုင်နေပါတယ်။)
7Day News Journal
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။