Thursday, November 22, 2012

နိုင်ငံပိုင် သတင်းစာများ၏ အခန်းကဏ္ဍကို ယခုလွှတ်တော်သက်တမ်း၌ပင် ရုပ်သိမ်းသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောကြား


နိုင်ငံပိုင် သတင်းစာများ၏ အခန်းကဏ္ဍကို ယခုလွှတ်တော်သက်တမ်း၌ပင် ရုပ်သိမ်း သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောကြား   PDF Print
Wednesday, 21 November 2012 10:28
AddThis Social Bookmark Button
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် လွှတ်တော်၌ ပြောကြားနေစဉ်

နိုင်ငံပိုင်သတင်းစာများ၏အခန်းကဏ္ဍကိုယခုလွှတ်တော်သက်တမ်း၌ပင်ရုပ်သိမ်းသင့်ကြောင်းနှင့်    ပြန်ကြားရေးဝန်ကြီးဌာန၏ အများပြည်သူဝန်ဆောင်မှု မီဒီယာအစီအစဉ်ကို လည်း ပြန်လည် စဉ်းစားသုံးသပ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောကြားခဲ့ပါသည်။
ha21-11-2နိုဝင်ဘာလ ၂၀ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း သည့် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ ပါ ပြန်ကြားရေးဝန်ကြီးဌာန၏ အလွဲသုံးစားမှုများနှင့် ပတ်သက် ၍ ဆွေးနွေးရာတွင် ဦးသိန်းညွန့်က ထိုသို့ ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာဖိုးများ၊ ဆိပ်ကမ်းခွန်များအပေါ် အလွဲသုံးစားမှုများမှာ ၀န်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းကြောင့် ဖြစ်ကြောင်းကိုလည်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
ပါလီမန် ဒီမိုကရေစီခေတ်နှင့် ဖဆပလခေတ်များတွင်ပင် နိုင်ငံပိုင်သတင်းစာမရှိဘဲ ပါတီ၏ အာဘော် သတင်းစာများသာ ရှိခဲ့ကြောင်း၊ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေလျက်ရှိသော မြန်မာ့ အလင်းနှင့် ကြေးမုံသတင်းစာများကိုလည်း ယင်းတို့၏ ရှယ်ယာဝင်များ၊ တည်ထောင်သူ မိသားစု များကို ပြန်လည်လွှဲပြောင်းသင့်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
“ပြန်ကြားရေးဝန်ကြီးဌာနမှာ အလွဲသုံးစားမှုတွေ တွေ့ရတဲ့အခါမှာ သတင်းစာတွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာဆိုတဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ရင် ရုပ်သိမ်းသင့်ပါပြီ။ ပုဂ္ဂလိကကဏ္ဍကို ပြန်လည်လွှဲအပ်ပေးခြင်းအားဖြင့် သတင်းမီဒီယာ လွတ်လပ်မှုအတွက် မြှင့် တင်ဆောင်ရွက်ပေးနိုင်ပါတယ်။ အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း ပြည်ထောင်စုလွှတ်တော်ကို ပြန်ကြားရေးဌာနက ပြန်လည်အစီရင်ခံ တင်ပြတဲ့အခါမှာ အလွဲသုံးစားမှုတွေနဲ့ လွှမ်းခြုံနေတဲ့ နိုင်ငံပိုင်သတင်းစာတွေရဲ့ အခန်းကဏ္ဍကို ရုပ်သိမ်းသင့်ကြောင်း အကြံပြုချက်အပေါ်မှာ တုံ့ပြန်မှုပေးပြီးတော့ နိုင်ငံပိုင် သတင်းစာတွေနေရာမှာ ပုဂ္ဂလိကသတင်းစာတွေ ကျယ်ကျယ်ပြန့်ပြန့် အားကောင်းပြီးတော့ ဒီမိုကရေစီပုံရိပ်ကို အားကောင်းအောင်လုပ်ဖို့ နာယကကြီးမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ အကြံပြုပါတယ်” ဟု သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့ပါသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များအရ ပြန်ကြားရေး ၀န်ကြီးဌာနတွင် ၀န်ထမ်းများ၏ အလွဲသုံးစားမှုနှင့် မရိုးသား မသမာသောသဘောဖြင့် ဆောင် ရွက်မှုကြောင့် ကျပ်သန်း ၁၁၇ ဒသမ ၇၀၁ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
Comments 
 
+1 #9 Public Servant 2012-11-23 00:37
Quote:
ဆိပ်ကမ်းခွန်များအပေါ် အလွဲသုံးစားမှုများမှာ ၀န်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းကြောင့် ဖြစ်ကြောင်း
ဘာကိုပြောတာပါလဲ နားလည်သူများရှင်းပေးကြပါဦး။ သတင်းဆက်ပြတ်သွားလို့။
 
+7 #8 soranotomo 2012-11-22 17:44
လေးစားပါတယ် ဦးသိန်းညွန့်.
ဦးသိန်းညွန့်လို တကယ်အလုပ်လုပ်တဲ့သူတွေ အများကြီး လိုပါတယ်....
ကျနော်တို့ တနိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒနယ် အသီးသီးက ပြည်သူတွေအနေနဲ့ ကိုယ်မြို့နယ်က ရွေးချယ်ခံ ဆိုတဲ့ ကိုယ်စားလှယ်တွေကို မျက်ခြေမပြတ် စောင့်ကြည့်နေသင့်တယ်...
သူတို့ တတွေဟာ ပြည်သူတွေကို အမှန်တကယ် ကိုယ်စားပြုတဲ့ အသံတွေ လွှတ်တော်မှာ ထွက်ရဲ့လား.....
ပြည်သူတွေကို အမှန်တကယ်ကာကွယ်ပေးမဲ့ ဥပဒေကြမ်းတွေ တင်ဖို့ ကြိုးစားနေရဲ့လား...
ကိုယ်တိုင်မလုပ်နိုင်ရင်တောင် တကယ်လုပ်မယ့်သူတွေ လုပ်ချင်စိတ်ရှိတဲ့သူတွေကိုတော့ သေချာရွေးပြီး မဲပေးသင့်ပါတယ်....
လွှတ်တော်မှာ သွားပြီး ငိုက်နေတဲ့ ကိုယ်စားလှယ်တို့ .... တခြားမြို့နယ်ကကိုယ်စားလှယ်တွေက ပြည်သူတွေအတွက် တင်တဲ့ တင်ပြချက်တွေကို ဘုကလန့်တိုက်နေတဲ့ ကိုယ်စားလှယ်တို့ ... အဲလို လူမျိုးတွေသာ လွှတ်တော်မှာ ကြာကြာရှိနေရင်
နိုင်ငံ ပိုပြီးနာမယ်.. ...
ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက အစိတ်သားဆိုတဲ့ဟာတွေဟာ တကယ်ကို ဂလန့်ုတိုက်ဖို့ ရှိနေသလိုပဲ....

( နိုင်ငံတိုင်းက ပြည်သူတွေဟာ သူတို့နဲ့တန်တဲ့ အစိုးရကို သူတို့ ရကြတာပါ) ဆိုတဲ့ စကားအတိုင်းဆိုရင်....
ကျနော်တို့တတွေ ဒီ့ထက်ပိုကောင်းတဲ့ အစိုးရ ကို ရွေးချယ်နိုင်မှ ဖြစ်မယ်....
အဲလို အစိုးရဖြစ်ဖို့ ဦးသိန်းညွန့်လို ကိုယ်စားလှယ်တွေ များများ ရွေးပေးနိုင်ရမယ်..
အဲလို ကိုယ်စားလှယ်တွေကို အသိအမှတ်ပြုကြရမယ်... ထောက်ခံရမယ်....
ကျနော်ပြောချင်တာက လွတ်လွတ်လပ်လပ်ေ၇ွးချယ်ခွင့်မရှိတုန်းက အခြေအနေကို မပြောလိုပါဘူး....
ရွေးချယ်ပိုင်ခွင့် ရှိနေရဲ့သားနဲ့မှ... နောက်သက်တမ်းမှာ ပြည်သူကို အမှန်တကယ် ကိုယ်စားပြုမယ့် အစိုးရကို မရွေးနိုင်ခဲ့ရင်......
 
+16 #7 Cornerstone 2012-11-22 12:46
လွတ်တော်ထဲမှာ လူတွေကကင်မရာကြီးတွေနဲ့ လိုက်ရိုက်နေကြတာကို....ဒီပုံမှာတွေ့ရသလို ဖြစ်နေမယ်လို့ ထင်မထားဘူးဗျ. auto-camera system တွေတပ်ပါလားဗျာ...HD camera တွေနဲ့ ထောင့်တွေကပဲ ရိုက်ကြပါလားဗျာ..အဆိုတင်သွင်း ဆွေးနွေးကြတာ အနှောင့်ယှက်ဖြစ်မှာပဲ. Premier league ဘယ်လိုက်ရိုက်လဲ နည်းနည်းစဉ်းစားကြည့်ပါလို့ ပြောရင် ကျွန်တော်လွန်းသွားမလား မသိဘူး
 
+9 #6 minhtetpaizin 2012-11-22 10:46
သတင်းစာတွေကို လွတ်လပ်စွာထုတ်ဝေခွင့်ပြုဖို့ကိစ္စပဲ အရင်လုပ်ကြပါအုံး။ အဲဒီအချိန်ကျရင်အစိုးရသတင်းစာတွေ သူ့သဘောသူဆောင်သွားကြပါလိမ့်မယ် ။
 
+22 #5 ရန်ကုန်အောင် 2012-11-22 00:25
မှန်ပါတယ်။
အမှားကြာ အမှန်ဖြစ်နေကြတာ ကြာပါပြီ။
ပြည်သူအတွက် အရှုံးခံပြီး ရောင်းချပေးနေပါတယ်ဆိုပြီး ဆုံးသွားတဲ့ အရင်းအနှီးတွေထဲမှာ ရောနှောပြီးထည့်ပေးလိုက်တဲ့ ၀န်ကြီး ဧည့်ခံစရိတ်တွေ၊ ၀န်ထမ်း သက်သာဆိုတဲ့ တိုင်းမရတဲ့ ငွေကြေးတွေ ဟာ အတောမသတ်နိုင်တဲ့ ဆုံးရှုံးမှုတွေပါပဲ။ အဲဒီအထဲမှာ MD. GM တွေရဲ့  အသုံးစရိတ်တွေ ထပ်ပေါင်းလိုက်တော့ အကြွေးတွေ ပင်လယ်ဝေပြီး ပြည်သူတွေဆီမှာ ဒိုင်ခံ ဆပ်ရမယ့် အပေါက်ဖြစ်နေပါပြီလေ။
 
+52 #4 Truth Seeker 2012-11-21 18:33
သတင်းလွတ်လပ်ခွင့်အပြည့်ရှိတဲ့ သတင်းမှန်တွေကိုသာရေးသားထုတ်ဝေမဲ့ နေ့စဉ်ထုတ်သတင်းစာတွေလိုပါတယ်။ စည်းကမ်းရှိဖို့က သတင်းစာတိုက်ကိုယ်တိုင်နဲ့ စာဖတ်သူတွေက ဝိုင်းထိန်းရမှာပါ။ ခုအတိုင်းကတော့ အစိုးရအာဘော်သတင်းစာဖြစ်နေတုန်းပဲ။ အိုဘားမားခရီးစဉ်သတင်းတောင် အပြည့်အစုံမတင်ရဲမှတော့ ဝန်ကြီးပြောင်းလည်း ဘာမှမထူးဘူး။
ပြောမဲ့သာပြောရတာ။ တဖက်ကလည်းစဉ်းစားမိတယ်။ အမည်ပြောင်းသိပ်တော်တဲ့သူတွေ အုပ်ချုပ်နေတဲ့ကာလဆိုတော့ တော်ကြာ နိုင်ငံပိုင်သတင်းစာကို ပုဂ္ဂလိကပိုင်သတင်းစာလို့ အမည်လေးပဲပြောင်းပြီး ခပ်တည်တည်ဆက်ထုတ်နေအုံးမယ်။ ပြီးမှ ပြည်သူ့ဆန္ဒကို လိုက်လျောပါတယ်ဆိုပြီး ကိုယ်တွေကချီးမွမ်းနေရအုံးမယ်။ 
+90 #3 ဇော်ကြီး 2012-11-21 14:10
မှန်လိုက်တာအဘညွန့်ရယ်...။ ဒီသတင်းစာက နာရေးထည့်ဖို့နဲ့ ဈေးသည်တွေပစ္စည်းထုတ်ဖို့လောက်ပဲ အသုံးဝင်တဲ့၊ ပြည်သူ့ဘဏ္ဍာငွေအလဟသဖြုံးတီးနေတဲ့၊စက္ကူဖြုံးတီးနေတဲ့ စာစောင်သက်သက်ထက်မပိုပါဘူး။ မီဒီယာကိုမီဒီယာနဲ့တိုက်ဆိုတဲ့ခပ်ကြောင်ကြောင်အိုင်ဒီယာပိုင်ရှင်ဂျပုကျော်ဆန်းမဲဇာပို့လိုက်ကတည်းက တပါတည်းထည့်လိုက်ဖို့ကောင်းပါတယ်။ :lol: 
+135 #2 Mr.talkative11 2012-11-21 11:18
ကြိတ်ထား ဘညွန့်ရေ။ (တကယ်လေးစားလို့ 'ဘ' တပ်ခေါ်တာပါ)
သူများနိုင်ငံသတင်းစာတွေမှာ ဝေဝေဆာဆာ ဖော်ပြကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အိုဘားမား တွေ့ဆုံတဲ့ပုံတောင်မထည့်နိုင်တဲ့ မြန်မာသတင်းစာတွေကတော့ ရှက်ဖွယ်လိလိပါပဲ။
ဒီလို နိုင်ငံကို အရှက်ရစေ၊ ပြည်သူ့အာဘော်ကိုလဲ မဆောင်၊ သတင်းသမားတာဝန်လဲ မကျေ တဲ့ နိုင်ငံပိုင်သတင်းစာတွေကတော့ တကယ်ကို ဖျက်သိမ်းသင့်ပါပြီ။ လူပြောင်းသော်လဲ မူမပြောင်းရင် မရှိတာပဲ ကောင်းပါတယ်။ 
+141 #1 Bigger Biggest 2012-11-21 11:04
ဦးသိန်းညွန့်ကတော့ တော်တော်အလုပ်လုပ်တဲ့ အမတ်ပဲဗျာ...သင်္ဃန်းကျွန်းက ပြည်သူတွေတော့ မဲပေးရကျိုးတော်တော်နပ်တာပဲ .....ပြည်သူက တင်မြှောက်တဲ့ အမတ်ဆိုတော့လည်း ပြည်သူ့ အတွက်အလုပ်လုပ်ပေးတာပဲ...ဟို အစိတ်သားကတော့ ဘုကလန့်တိုက်ဖို့ပဲ ထိုင်နေကြတာနဲ့ တူပါတယ်... :-)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။