Monday, November 5, 2012

ကချင်ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားနေသည့် တစ်နှစ်ခွဲဝန်းကျင် ရှမ်းရွာများတွင်ပါ အမျိုးသမီးများပါမကျန် KIO/KIA မှ စစ်သား စုဆောင်းခြင်းများ ရှိနေသည့် အပြင် လူနေမှုဘဝ မလုံခြုံမှုကိုလည်း ခံစားနေရကြောင်း ဒေသခံများပြောကြား


ကချင်ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားနေသည့် တစ်နှစ်ခွဲဝန်းကျင် ရှမ်းရွာများတွင်ပါ အမျိုးသမီးများပါမကျန် KIO/KIA မှ စစ်သား စုဆောင်းခြင်းများ ရှိနေသည့် အပြင် လူနေမှုဘဝ မလုံခြုံမှုကိုလည်း ခံစားနေရကြောင်း ဒေသခံများပြောကြား   PDF Print
Sunday, 04 November 2012 09:59
AddThis Social Bookmark Button
ဝိုင်းမော်သာဂရ ဘုန်းကြီးကျောင်းမှ ရှမ်းဒုက္ခသည် စခန်းတစ်ခုကို စက်တင်ဘာလက တွေ့ရစဉ်
851ကချင်ပြည်နယ်၌ တပ်မတော် နှင့် KIO/KIA အကြား တိုက်ပွဲများ ဖြစ်ပွားသည့် တစ်နှစ်ခွဲဝန်းကျင် ကာလအတွင်း ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများတွင်ပါ အမျိုးသမီးများပါမကျန် KIO/KIA မှ စစ်သား စုဆောင်းခြင်းများ ရှိခဲ့သည့်အပြင် လူနေမှုဘ၀ မလုံခြုံမှုများကိုပါ ခံစားနေ ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIO/KIA တို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခု နှစ်ဇွန်လအတွင်းက ပြန်လည်စတင်ခဲ့ပါသည်။ ထိုသို့စတင်ခဲ့ခြင်းသည် KIO/KIA နှင့် တပ်မတော် အကြား ပဋိပက္ခဖြစ်မှု နှစ်ပေါင်း ၆၀ ကျော်ကြာ အရှည်ကြာဆုံး ပြည်တွင်းစစ်အနေဖြင့် ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ တိုက်ပွဲများသည် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် စတင်ခဲ့ကာ နောက်ပိုင်း၌ မြစ်ကြီး နား၊ ၀ိုင်းမော်၊ ဖားကန့်မြို့နယ်များ အထိပါ ဖြစ်ပွားသက်ရောက်မှုများ ရှိလာခဲ့သည်။
KIO/KIA နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်အချိန်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲ ရာမှ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက် ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ယင်းကဲ့သို့ တိုက်ပွဲ စတင်မဖြစ်ပွားမီ အချိန်ကပင် KIO/KIA  အနေဖြင့် တပ်သားဟောင်းများကို ပြန်လည်ခေါ်ယူခြင်း၊ တပ်သားသစ် များစုဆောင်းခြင်းနှင့် လက်နက်ကိုင် တပ်ဖွဲ့ကို ပြင်ဆင်မွမ်းမံခြင်းများ ကြိုတင်လုပ်ဆောင်ခဲ့သည်။ တိုက်ပွဲအစတွင် တပ်မတော်မှKIO/KIA ဌာနချုပ် လိုင်ဇာဘက်သို့ ထိုးစစ်ဆင်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ပိုင်းတွင်မူ နိုင်ငံတော်သမ္မတ ၏ အမိန့်ညွှန်ကြားချက် အတိုင်း မိမိကိုယ်ကို ခုခံကာကွယ်ရုံမှလွဲပြီး ထိုးစစ်မပြုလုပ်ကြောင်း တပ်မတော် အရာရှိများက တရားဝင်ထုတ်ဖော် ပြောဆိုခဲ့သည်။

ကချင်လူမျိုးမိသားစုတွေမှာ သားနှစ်ဦးရှိရင် တစ်ဦးက KIA ထဲ ၀င်ရမယ်။ မ၀င်မနေရဆိုပြီး ခွဲတမ်းချထားခဲ့တယ်။ နောက်မိန်းကလေးတွေကိုလည်း အကြောင်းအမျိုးမျိုးနဲ့ စွဲဆောင်ပြီး ကချင်နိုင်ငံတည်ထောင်ဖို့ အတွက်ဆိုပြီးKIA ထဲကို ၀င်ရောက်စေခဲ့ပါတယ်။ တဖြည်းဖြည်း နဲ့ ကချင်တွေတင်မကတော့ဘဲ ကချင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ ရှမ်း၊ ဗမာ၊ ကရင်၊ ကယား၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေကိုပါ  . . .

လက်ရှိအချိန်၌ KIO/KIA လက်အောက်တွင် တပ်မဟာ ငါးခုရှိပြီး တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ(၄)နှင့်တပ် မဟာ(၅)တို့ဖြစ်ကြပြီး ဌာနချုပ်မှာ လိုင်ဇာတွင်ရှိပါသည်။ KIO/KIA  ၏တပ်မဟာငါးခုနှင့် ဌာနချုပ်များ သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အခြေစိုက်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၉ခုနှစ်အတွင်း The New York Times သတင်းစာဆောင်းပါး ၌ ဖော်ပြခဲ့သော စာရင်းအရ KIO/KIA  တွင် တပ်သား ၄၀၀၀ ကျော် ရှိကြောင်း သိရပြီး ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်း BBC သတင်းဌာနသို့ KIO/KIA  မှ တာဝန် ရှိသူများ၏ ပြောကြားချက်အရ ၎င်းတို့တွင်တပ်သားသစ် ၁၀၀၀၀ ခန့် နှင့်တပ်သားဟောင်း ၁၀၀၀၀ ခန့် ကို ပြန်လည်ခေါ်ယူခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၁၁ခုနှစ် တိုက်ပွဲများ ပြန် လည်စတင်ချိန်တွင်KIO/KIA နှင့် တပ်မတော်တို့ နှစ်ဦးနှစ်ဖက်အကြား  အကျအဆုံးများစွာ ဖြစ်ပေါ်ခဲ့ပြီး တပ်သားသစ် လိုအပ်ချက်မှာလည်း KIO/KIAအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ် ဖြစ်လာခဲ့သည်။
တပ်သားသစ်များ လိုအပ်လာသည်နှင့်အတူ စစ်သားစုဆောင်းခြင်း များကိုKIO/KIA  မှ ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်ကြောင်းနှင့်  အမျိုးသမီးများပါမကျန် စစ်သားစုဆောင်းမှုသို့ ပါရှိခဲ့ကာ ဒေသခံများ၏ လူနေမှုဘ၀များလည်း လုံခြုံမှု မရှိဖြစ်လာရခြင်းကို ကြုံတွေ့လာရကြောင်း ဒေသခံများက ပြောကြားသည်။ KIO/KIA အနေဖြင့် ကနဦး အချိန်များက ကချင်လူမျိုးများကို KIO/KIA  သို့ ၀င်ရောက်ရန် စည်းရုံးမှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်သည်။
851a
ဝိုင်းမော်သာဂရ ဘုန်းကြီးကျောင်းရှိ ရှမ်းဒုက္ခသည်များအား စက်တင်ဘာလက တွေ့ရစဉ်
“ကချင်လူမျိုးမိသားစုတွေမှာ သားနှစ်ဦးရှိရင် တစ်ဦးက KIA ထဲ ၀င်ရမယ်။ မ၀င်မနေရဆိုပြီး ခွဲတမ်းချထားခဲ့တယ်။ နောက် မိန်းကလေးတွေကိုလည်း အကြောင်းအမျိုးမျိုးနဲ့ စွဲဆောင်ပြီး ကချင်နိုင်ငံ တည်ထောင်ဖို့အတွက်ဆိုပြီး KIAထဲကို ၀င်ရောက်စေခဲ့ပါတယ်။ တဖြည်းဖြည်း နဲ့ ကချင်တွေတင် မကတော့ဘဲ ကချင်ပြည်နယ်မှာ နေထိုင်နေကြတဲ့  ရှမ်း၊ ဗမာ၊ ကရင်၊ ကယား၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေကိုပါ ဖမ်းခေါ်ပြီး စစ်ထဲဝင်ခိုင်းတာတွေ ရှိလာတယ်။ တချို့ကိုလည်း စစ်တပ် ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းဆီးတယ်။ အကြပ်ကိုင်တယ်။ အသတ်မခံချင်ရင် KIA ထဲဝင်ရမယ်ဆိုပြီး အတင်းအကျပ် ၀င်ခိုင်းတာ တွေရှိပါတယ်။ ဒါတွေဟာ သူတို့ အစဉ်တစိုက် လုပ်ဆောင်လာခဲ့တာတွေပါ။ အခုချိန်မှာ တစ်ကျော့ပြန် လုပ်လာပါတယ်”ဟု ကချင်ပြည် နယ်ဒေသခံတစ်ဦးက ပြောပါသည်။
အခြားတစ်ဖက်တွင်လည်း ABSDF (မြောက်ပိုင်း)မှဟု စွပ်စွဲကာ KIO/KIA မှ စစ်သားစုဆောင်းမှု များရှိခဲ့သည်ဟု သိရသည်။ ABSDF (မြောက်ပိုင်း)သည် ၁၉၈၉ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကချင်) ဖြစ်ကာ KIOဗဟိုဌာနချုပ်သို့ ရောက်ရှိခဲ့သော တောခို ကျောင်းသားများ၏ တပ်မတော်ဖြစ်သည်။ ကချင်ပြည်နယ် ဗဟိုဌာနချုပ်သို့ ရောက်ရှိခဲ့သည့် တောခိုကျောင်းသားများကို KIO မှ စစ်သင်တန်းများ ပို့ချပေးခဲ့ပြီး KIA တပ်ရင်းများနှင့်အတူ တွဲဖက်ပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်စေခဲ့ပါသည်။ ၁၉၉၄ ခုနှစ် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးချိန်တွင်  KIO/KIA မှ ၎င်းတို့နယ်မြေအတွင်း အခြေချနေထိုင်နေသော ABSDF(မြောက်ပိုင်း)ကို ဆက်လက်ရပ်တည် ခွင့်ကို အခက်အခဲတွေ့စေခဲ့ပါသည်။ ထို့ကြောင့် ABSDF(မြောက်ပိုင်း) တပ်ဖွဲ့ဝင်များအနက် အချို့မှာKIO/KIA ဘက်သို့ ကူးပြောင်းသွားကာ အချို့မှာလည်း အခြားလက်နက်ကိုင် အဖွဲ့အစည်းများသို့ ၀င်ရောက်ခြင်း၊ တစ်ဖက်နိုင်ငံများသို့ သွား ရောက်ခြင်း၊ လက်နက်ချပြီး နေရပ်ထံပြန်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့အတွက်ကြောင့် ယခုအချိန်KIO/KIA မှ စစ်သားစုဆောင်းမှုများ ပြုလုပ်ရာတွင် ABSDF(မြောက်ပိုင်း) မှဟုဆိုကာ စစ်သားစုဆောင်းမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

851b
လိုင်ဇာရှိ KIA စခန်းတွင် စစ်သင်တန်းတက်နေသော KIA စစ်သားများကို စက်တင်ဘာလက တွေ့ရစဉ် Photo: AFP
KIO/KIA မှစစ်သားစုဆောင်းမှုများ ပြုလုပ်ရာတွင် အနီးစပ်ဆုံး သာဓကအနေဖြင့် အောက်တိုဘာလအတွင်းက ကချင်ပြည်နယ် တနိုင်း မြို့နယ်နှင့် ပူတာအိုမြို့နယ်များမှ လူငယ်များကိုKIO/KIA မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးမှုများအနက် အောက်တိုဘာလ ၂၃ရက်နေ့ညနေပိုင်းက ပူတာအိုမြို့ မှ ၂၂မိုင်ကွာဝေးသော လုံရှာရန် ကျေး ရွာမှ လူငယ် ၂၂ ဦး ဖမ်းဆီးခံခဲ့ရခြင်းမှာ အထင်ရှားဆုံးဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံခဲ့ရသော လူငယ် ၂၂ ဦးတွင် အမျိုးသား ၁၉ ဦး နှင့် အမျိုးသမီးသုံးဦး ပါဝင်ခဲ့ကာ လုံရှာရန်ကျေးရွာသည် ရ၀မ်၊ လီဆူး၊ ဂျိန်းဖောနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာဖြစ်ပါသည်။
ကချင်ပြည်နယ်အတွင်း၌ နေထိုင်သူလူဦးရေ စုစုပေါင်း ၁၅၈၅၃၀၁ ဦးဝန်းကျင်ရှိသည့်အ နက် အဆိုပါ လူဦးရေ စာရင်းတွင် ကချင်မျိုးနွယ်စု ၆၂၈၂၈၂ ဦး၊ ဗမာလူမျိုး ၄၅၁၃၇၁ ဦး၊ ရှမ်းလူမျိုး ၃၇၇၈၄၆ နှင့် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် အခြားတိုင်းရင်းသား ၁၂၆၈၄၃ ဦးလည်း ပါဝင်ကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ် ခဲ့သော KIO/KIA နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ပြောခဲ့သည်။
ကချင်ပြည်နယ်အတွင်း ပြည်ထောင်စု တိုင်းရင်းသားအားလုံး မှီတင်းနေထိုင်နေကြသည့်အတွက်  တိုင်းရင်းသားတစ်မျိုးနှင့်တစ်မျိုး  လူမျိုးစွဲများမထားရှိဘဲ မှန်ကန်သော သဘောထားအမြင်များ ထားရှိပြီး  မျှတစွာ ဆက်ဆံပေးရန် ကေအိုင်အို အဖွဲ့သို့ အထူးအလေးထား တိုက်တွန်းလိုကြောင်း ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
“အခုဆိုရင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်နဲ့ တရုတ်နယ်စပ်တစ်ဝိုက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း တွေမှာ လူဦးရေ တစ်သိန်းနီးပါးရှိ တယ်။ အဲဒီမှာရှိနေတဲ့ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းက ကချင်လူမျိုးတွေ ဖြစ်ကြတယ်။ အံ့သြစရာ ကောင်း တာက အဲဒီစခန်းတွေမှာ အသက် ၁၅ နှစ်ကနေ အသက် ၅၀အောက် ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတွေ ကို မတွေ့ရတာပဲ။KIO/KIA တွေ က စစ်တပ်ကို ယှဉ်မတိုက်ဘူး။ ပြောက်ကျားစစ်ပဲ တိုက်ကြတယ်။ ချောင်းပစ်ပြေးပေါ့။ ချောင်းပစ်ပြေး ပြီးရင် နီးရာ ကချင်ရွာထဲဝင်ပြီး အ ရပ်သား၊ ရွာသားအသွင်နဲ့ နေလိုက်တယ်။ စစ်တပ်က လိုက်တိုက်ရင်း အဲဒီရွာတွေ ပျက်တော့တာပဲ။ စစ်ဘေးရှောင်တို့၊ စစ်ပြေးတို့ဆိုတာ အဲလိုနည်းနဲ့ စပေါ်လာခဲ့တာ”ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်အတွင်း ရှည်ကြာသော ပြည်တွင်းစစ်၏ ဒဏ်ကို ဒေသခံများက အများဆုံးခံခဲ့ကြရကာ ကျေးရွာများမီးသင့်ပျက်စီးခဲ့ခြင်းနှင့် လူငယ်များစစ်သား စုဆောင်းရေးသို့ ပါရှိခဲ့ခြင်းများက ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ အထူး သဖြင့် ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသား မဟုတ်သော ဒေသခံများမှာပဋိပက္ခများ၏ ဆိုးကျိုးကိုအများဆုံး ခံစားခဲ့ရခြင်းဖြစ်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကချင်ပြည်နယ်ကရှမ်းတွေဟာ ငြိမ်း ချမ်းရေးစကားကို မပြောကြတာဟာ ကြောက်လို့ပါ။ ရှမ်းတွေက တောင်သူတွေများတယ်။ သူတို့ကို ကာ ကွယ်ပေးနိုင်မယ့် အစိုးရနဲ့ဝေး တယ်။ နီးရာဓား ကြောက်ရတဲ့သဘောပါ။ ဟိုအရင်တုန်းက ရှမ်း လူမျိုးအရေး လှုပ်ရှားတက်ကြွသူတွေကို ခေါ်ပြီးသတ်ပစ်တာမျိုးတွေ ရှိခဲ့တယ်။ အခုလည်း ဘယ်မီဒီယာ က ဘယ်လောက်ပဲမေးမေး ကိုယ်တွေ့ကြုံခဲ့တဲ့လူတွေက ခင်ဗျားတို့ကို ဘာမှပြောမှာမဟုတ်ဘူး”ဟု ၀ိုင်းမော်မြို့ခံတစ်ဦးက ပြောပြခဲ့သည်။
“ဘုန်ကြီးကျောင်းလည်း လက်နက်ကြီးတွေ လာထိကုန်တယ်။ ဘယ်လိုမှလည်း ညှိလို့မရတော့ ငါလည်း ပြေးနေရတာပဲ။ ရွာသားတွေကိုလည်းပဲ တွေ့ရာနေရာ မှာ စစ်မှုထမ်းဖို့ အများကြီး ခေါ်သွားလိုက်တယ်။ အခုတော့ ပြန်ပြီး အလင်းဝင်လာတဲ့ လူတွေလည်းရှိတယ်။ လူပေါင်း ၂၀ ကျော်လောက်တော့ ကျန်သေးတယ်။ အခုလိုထ တိုက်ကြတော့မှပဲ လူတွေလည်း ကောင်းကောင်းမနေရ၊ ဘုန်းကြီးတွေလည်းကောင်းကောင်း မနေရတော့ဘူး။ လယ်ကွင်းတွေလည်း မလုပ်ရဘူး။ ကျွဲတွေ၊ နွားတွေလည်း ပစ်ထားရတယ်။ လာမယ့် နှစ် တွေမှာစားရေးသောက်ရေးက မစဉ်းစားဝံ့စရာပဲ”ဟု မြစ်ကြီးနားမြို့နယ် အတွင်းရှိ ရှမ်းရွာတစ်ခုမှ ဘုန်းတော်ကြီးက မိန့်ကြားခဲ့သည်။
မြစ်ကြီးနားဝန်းကျင်မှစ၍ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်ရိုးတစ် လျှောက်တွင် ရှမ်းလူမျိုးအများစုသာ နေထိုင်သော ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပြီး ထက်ဝက်ခန့်မှာ လုံခြုံမှု မရှိကြောင်းလည်း ဒေသခံများက ပြောပြခဲ့သည်။
“နန့်ဝါဆိုတဲ့ရွာမှာ အိမ်တွေကန်ဖွင့် အတင်းအဓမ္မ၀င်လာပြီး လူငယ်တွေကို ဖမ်းခေါ်သွားတယ်။ ငွေပေးပြီး လွတ်လာတာလည်း ရှိတယ်။ ပြေးပြီး လွတ်လာတဲ့လူ လည်းရှိတယ်။ သူတို့နဲ့အိမ်ထောင် ပြုလိုက်ရတဲ့ ကလေးမတွေလည်းရှိတယ်။ ဘယ်သူက ဘယ်လောက် မေးမေး အဖြေမှန်တော့ရမှာ မဟုတ်ဘူး။ ကိုယ့်ကို လာသတ်မှာတော့ ကြောက်ရတာကိုး။ အခုလောလော ဆယ်လည်း တနိုင်း၊ ပယင်းမှော်က လူတွေဖမ်းသွားတာ ဘာသတင်းမှ သဲသဲကွဲကွဲ မကြားရသေးဘူး။ ကချင်ပြည်နယ်က ရှမ်းတွေရဲ့ဘ၀ က အကြောက်တရားနဲ့ အသက်ရှင်ရတာ” ဟု ၀ိုင်းမော်မြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားခဲ့ သည်။
လွန်ခဲ့သောနှစ်အတွင်းက နှစ်ဖက်ပစ်ခတ်မှုကြောင့် တစ်ရွာလုံး ပြေးလာခဲ့ရသော ရှမ်းရွာများမှာ ဂါးဒီယန်၊ စံပိုင်၊ ကန်တော်ယန်၊ နန့်ဆန်ယန် စသောရွာများဖြစ်ပြီး မိမိတို့ပိုင်ဆိုင်သော အိုးအိမ်၊ ကျွဲ၊ နွား၊ ကြက်၊ ၀က်များကို အားလုံးပစ် ချထားခဲ့ရသည်ဟု ဒုက္ခသည်တစ်ဦး ကပြောကြားခဲ့သည်။ နယ်မြေမအေး ချမ်းမှုကြောင့် မြို့၊ ရွာနှင့် ဝေးကွာ သော လယ်ကွင်းများ၌ လယ်ယာ အလုပ်လုပ်ကိုင်နိုင်မှုမရှိကြောင်းလည်း ဒေသခံများက ဆိုပါသည်။
“မိုးကောင်း၊ နမ္မတီး ၀န်းကျင် မှာရှိတဲ့ ရှမ်းရွာ ၁၀ ရွာဝန်းကျင် ကတော့ အေးချမ်းလုံခြုံမှုမရှိပါဘူး။ အဲ့ဒါမပြောနဲ့ မိုးကောင်းမြို့ပေါ် ရပ်ကွက်တွေတောင်မှ မလုံခြုံဘူးလို့ ပြောလို့ရတယ်။ မြို့ပေါ်ဆီဆိုင်တွေ ဆက်ကြေးကောက်တယ်လို့ ကြားရတယ်။ ဖားကန့်ဘက်တက်တဲ့ ကားတိုင်းကိုလည်းပဲ ဆက်ကြေးတွေ ကောက်ပါတယ်။ မိုးကောင်းဝန်းကျင်က ကျေးရွာတွေမှာတော့ စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းခေါ်သွားတာ ရှိခဲ့တယ်။ အခုတော့ တော်တော်များများ ပြန်ရောက်ပါပြီ”ဟု မိုးကောင်းမြို့ ကျားဖြူပါတီဥက္ကဋ္ဌ ဦးသန်းတင့်အောင်က ပြောကြားခဲ့သည်။
ထို့အပြင် ၂၀၁၁ ခုနှစ် ဇွန်လ အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ် ပွားပြီးနောက် စစ်ဘေးဒဏ်သင့် ဒေ သများအနက် ပူတာအိုဒေသမှာ စား ၀တ်နေရေးအတွက် ခက်ခဲစွာနေ ထိုင်နေရပြီး အဆိုပါဒေသသို့ ရိက္ခာ များပေးပို့နိုင်ရန်အတွက် ပျက်စီးခဲ့ ရသော ပူတာအိုလမ်းပိုင်းကို ယခုနှစ် ပွင့်လင်းရာသီတွင် ပြုပြင်မည် ဖြစ်သဖြင့် ပြုပြင်မှုများအပေါ် အ နှောင့်အယှက်များ မပြုရန် မေတ္တာ ရပ်ခံကြောင်း မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ငြိမ်းချမ်းရေးဆွေး နွေးပွဲသို့ တက်ရောက်ခဲ့သည့် KIO/KIA ခေါင်းဆောင်များကို ပြောကြားခဲ့သည်။
KIO/KIA မှ အမျိုးသမီးများပါမကျန် စစ်သားစုဆောင်းခြင်းများ ရှိနေသည်ဆိုသည်ကို KIO/KIA အ ဖွဲ့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွဲ့ဝင် ဗိုလ်မှူးကြီး ဂျီးနောင်က “ဘယ်သူစုဆောင်းသလဲတော့ မသိပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကတော့ မစုဆောင်းခိုင်းပါဘူး”ဟု ပြန်လည်ဖြေ ကြားခဲ့သည်။
လက်ရှိတွင် ၎င်းသည် နိုင်ငံရေးရုံးသို့ ရောက်ရှိနေသည့်အတွက် တိုက်ပွဲများ မည်သည့်နေရာတွင် ဖြစ်ပွားနေသည်ကို မသိရှိကြောင်း၊ ဖြစ်တော့ ဖြစ်ပွားနေကြောင်း ဗိုလ်မှူးကြီး ဂျီးနောင်က ဆိုပါသည်။
ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိရန်အတွက် KIO/KIA နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီတို့၏ ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့ ၌ ပြုလုပ်ခဲ့သော်လည်း ထူးခြားသည့် အဖြေထွက်ပေါ်ခဲ့ခြင်းမရှိပေ။ အဆိုပါ ဆွေးနွေးပွဲသို့ တပ်ပိုင်းဆိုင် ရာနှစ်ဘက်ခေါင်းဆောင်များ တက်ရောက်ခဲ့ခြင်းမရှိသဖြင့် စစ်ရေးဆိုင် ရာ ထူးခြားသည့်အဖြေ ထွက်ပေါ်ခဲ့ ခြင်းမရှိဘဲ နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးရန်သာ သဘောတူညီခဲ့ကြသည်။
မိမိကိုယ်ကိုယ်ခုခံကာကွယ်ရုံမှ လွဲပြီး ထိုးစစ်မပြုလုပ်ရန် နိုင်ငံတော် သမ္မတ၏ အမိန့်ညွှန်ကြားချက်ကို နာခံလျက်ရှိကြောင်း တပ်မတော်အရာရှိများက တရားဝင်ထုတ်ဖော်ပြော ဆိုမှုများရှိခဲ့သည့်တိုင် တိုက်ပွဲဖြစ်ပွား မှုများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲ  ဖြစ်သည်။ ထိုသို့ဖြစ်ပွားရာတွင် အောက်တိုဘာလ တစ်လတည်းတွင် တိုက်ပွဲပေါင်း ၉၀ ကျော်ဖြစ်ခဲ့သည်ဟု KIO/KIA မှဗိုလ်မှူးကြီးဂျီးနောင်က ပြောကြားသည်။
တပ်မတော်ဘက်မှ ထိုးစစ်မပြု လုပ်ကြောင်း တပ်မတော်အရာရှိများ က အခိုင်အမာ ပြောဆိုနေသော်လည်း ယခုလပိုင်းအတွင်း တပ်မတော်၏ ထိုးစစ်များကို ဆက်တိုက် ရင်ဆိုင်နေရကြောင်း KIO/KIA ဘက်မှ တုံ့ပြန်ပြောကြားခဲ့သည်။
တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် တစ်နှစ်ခွဲဝန်းကျင်ကာလအတွင်း မြစ်ကြီးနား၊ ဗန်းမော်၊ ၀ိုင်းမော်၊ မိုးမောက် စသည့်မြို့နယ်များမှ ဒေသခံတိုင်းရင်းသားများသည် မိမိတို့နေထိုင်ရာ ကျေးရွာများကို စွန့်ခွာ ကာ မြို့ပေါ် ကယ်ဆယ်ရေးစခန်းများ၊ တောတွင်း ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိကြပြီး နေရပ်မှစွန့်ခွာရသူ ဦးရေမှာ တစ်သိန်းဝန်းကျင် ရှိနေကြောင်း သိရှိရသည်။
 

Comments 

-1 #30 senglawn 2012-11-06 08:52
Quoting iris:
KIA ကောင်းလားဆိုးလားဆိုတာ မြို့ပေါ်ထိုင်ပြီးအမျိုးသားရေးစိတ်ဓာတ်နဲ့ပြောနေလို့လဲအပိုပါပဲ။ တကယ့်ကချင်ပြည်နယ်ထဲကိုသွားကြည့်ကြပါအုံး။ ကချင်စစ်သားမဖြစ်ချင်ရင်ငွေးပေးပြီးပြန်ရွေးနေရတဲ့လူတွေတစ်ပုံကြီးပဲ။ အခုထိလဲဆပ်ကြေးတွေကလာကောက်နေကြတုံး။ တိုက်ပွဲဖြစ်နေလို့ စီးပွားရေးအခြေအနေမကောင်းရတဲ့အထဲ သူတို့တောင်းသလောက်လဲ ရှာပေးနေရတဲ့ပြည်သူတွေဒုက္ခကိုလဲ စာနာနားလည်စေချင်ပါတယ်။ ရိုးရိုးလေးစဉ်းစားလို့ရပါတယ်။ ခင်ဗျားတို့ကိုယ်တိုင်ရရော အမျိုးအတွက်ဆိုပြီး တောထဲဝင်ကြလို့လား။ တာဆို KIA ကလူသစ်ဘယ်လိုစုစောင်းတယ်ဆိုတာသိသင့်တယ်။

It is no strange that Army recurit Soldiers! It is not totally news.. KIA dit it; KNU dit it, Our Gov; dit it.... Top of that... General Aung San did it too....
+9 #29 iris 2012-11-06 00:12
KIA ကောင်းလားဆိုးလားဆိုတာ မြို့ပေါ်ထိုင်ပြီးအမျိုးသားရေးစိတ်ဓာတ်နဲ့ပြောနေလို့လဲအပိုပါပဲ။ တကယ့်ကချင်ပြည်နယ်ထဲကိုသွားကြည့်ကြပါအုံး။ ကချင်စစ်သားမဖြစ်ချင်ရင်ငွေးပေးပြီးပြန်ရွေးနေရတဲ့လူတွေတစ်ပုံကြီးပဲ။ အခုထိလဲဆပ်ကြေးတွေကလာကောက်နေကြတုံး။ တိုက်ပွဲဖြစ်နေလို့ စီးပွားရေးအခြေအနေမကောင်းရတဲ့အထဲ သူတို့တောင်းသလောက်လဲ ရှာပေးနေရတဲ့ပြည်သူတွေဒုက္ခကိုလဲ စာနာနားလည်စေချင်ပါတယ်။ ရိုးရိုးလေးစဉ်းစားလို့ရပါတယ်။ ခင်ဗျားတို့ကိုယ်တိုင်ရရော အမျိုးအတွက်ဆိုပြီး တောထဲဝင်ကြလို့လား။ တာဆို KIA ကလူသစ်ဘယ်လိုစုစောင်းတယ်ဆိုတာသိသင့်တယ်။
+6 #28 iris 2012-11-06 00:04
Quote:
မြန်မာနိုင်ငံမှာ သေနတ်ကိုင်တဲ့ ဘယ်အဖွဲ့အစည်းမဆို ပြည်သူလူထုကို အကျိုးပြုတဲ့ အဖွဲ့အစည်းရှိရင် လည်ပင်းကို ဓားတင်အဖြတ်ခံချင်တယ်။ သူတို့ကို မေးခွန်းတွေမေးရင် ဝေ့လည်ကြောင်ပတ်တွေ ဖြေမယ်၊ မသိပါဘူး လုပ်မယ်၊ ရူးချင်ယောင်ဆောင်မယ်။ အကုန်လုံး ပြည်သူလူထုကို ဘယ်ကို ဒုက္ခပေးရမယ်ဆိုတာဘဲ သိတယ်။ ဘယ်လို ခိုးရ၊ ၀ှက်ရမယ်ဆိုတာဘဲ သိတယ်။ ဘယ်လို အနိုင်ကျင့် ဗိုလ်ကျမယ်ဆိုတာဘဲ သိတယ်


အမှန်တရားပဲ။ အမျိုးအတွက်တိုက်နေပါတယ်လို့ ကြွေးကျော်နေတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ ဥပုဒ်မစောင့်ကြဘူး။ ဒါးမြအကြီးစားတွေပဲ။
+3 #27 ramdu 2012-11-05 19:49
တိုင်းရင်းသားစစ်ဗိုလ်ချုပ်က လက်အောက် စစ်တပ်ရာနဲ့ချီပြီး အာဏာသိမ်းတယ် လို့ အမိန့်ထုပ်လိုက်ရင် မြန်မာနိုင်ငံဟာ လွပ်လပ်ရေးကို အင်္ဂလိပ်လက်ကယူခဲ့ပြီး နောက် ….. တို့ရဲ့ သိမ်းပိုက်မှုကို ခံလိုက်ရသည် ဆိုပြီး သမိုင်းစာအုပ်မှာ မိတ်ဆွေ သင်နေရဦးမယ်။


ကွန်းမန့်တွေဘာလို့ရေးလဲဆိုရင် မတူညီတဲ့အမြင်တွေကို ဖလှယ်ချင်လို့ပါ။ ဒါကြောင့် ထောက်ပြတဲ့လူရှိရင်ပိုသဘောကျတယ်။ ကိုယ့်အမြင်က မှားခဲ့ရင် ပြင်ဖို့ဝန်မလေးပါဘူး။

ကြိုပြောထားချင်တာက မိတ်ဆွေကိုပြန်ရန်တွေ့တာမဟုတ်ဘူး။ မိတ်ဆွေကိုလည်းကျွန်တော်ပြန်ပြောချင်လို့ပါ။ ဒါကိုလည်း မိတ်ဆွေလွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။ ဒါက ဒီမိုဂရေစီပဲမဟုတ်လား။

မိတ်ဆွေကပြောတယ်။ ကေအိုင်အိုက ခွဲထွက်ချင်လို့ခေါင်းဆောင်တွေမလာတာ။ ကေအိုင်အို ကမတွေ့ရဲတာမဆွေးနွေးရဲတာ။ အရင်စစ်အစိုးရအကြောင်းတွေလာမပြောနဲ့။ ဟုတ်ပြီကျွန်တော်ကပြောမယ်။ စစ်အစိုးအရအကြောင်းတွေကိုပြန်လှည့်မနေဘူး။ မိတ်ဆွေရဲ့သုံးသပ်ချက်တွေကရောဘာလို့ဒီဆွေးနွေးပွဲတစ်ခုတည်းပေါ်မှာပဲအခြေခံနေတာလဲ။ ကျွန်တော်ပြောပြမယ်။ လက်ရှိအစိုးရလက်ထက်ပဲ။ ၀န်ကြီးဦးအောင်မင်းမတိုင်ခင်မှာ အစိုးရဘက်က ဘယ်သူ့ကိုဦးဆောင်ပြီးဆွေးနွေးစေခဲ့လဲ။ ဦင်္းအောင်သောင်း။ ဦးအောင်သောင်းဆိုတာကရော ဘာအာဏာလက်ကိုင်ထားတဲ့သူလဲ။ လွှတ်တော်အမတ်တစ်ယောက်ပဲ။ လွှတ်တော်အမတ်ထဲမှာတောင် ဒေါ်အောင်ဆန်းဆုကြည်တို့လိုပြည်သူတစ်ရပ်လုံးကျောထောက်နောက်ခံပြုပေးတဲ့သူမျိုးမဟုတ်ဘူး။ ကောင်းပြီ။ သူလာတယ်။ ကေအိုင်အိုကဘယ်သူလာလဲ။ ဆွေးနွေးချင်လွန်းလို့ ကေအိုင်အိုဥက္ကဋ္ဌဦးဇောင်းခရာ လာတယ်။ ကေအိုင်အိုသည် ကေအိုင်အေရဲ့အပေါ်မှာရှိတယ်။ လက်ရှိဆွေးနွေးပွဲကို မတက်တဲ့ ဗိုလ်ချုပ်ဂွန်မော်ထက်သူကကြီးတယ်။ ကုန်ကုန်ပြောမယ်။ တက်ရောက်လာတဲ့သူသည် ကေအိုင်အို၊ကေအိုင်အေ အဖွဲ့အစည်းရဲ့အကြီးဆုံး။ ကဲအဲဒီဆွေးနွေးပွဲက အစိုးရက လက်ရှိအာဏာလက်ကိုင်ထားသူလည်းမဟုတ်၊ ၀န်ကြီးလဲမဟုတ်တဲ့သူကိုဦးဆောင်ပြီးဆွေးနွေးစေတယ်။ ဘာအဖြေထွက်လဲ။ ဘာမှ မထွက်ဘူး။ သူ့အထက်အစိုးရကိုတင်ပြသလားလဲမသိရဘူး။ ဖြစ်သလိုလုပ်သွားတာနော်။ နောက်ဆုံးဆွေးနွေးပွဲပါရပ်သွားတယ်။

ကဲမိတ်ဆွေဖြစ်စဉ်ကိုပြန်ကြည့်ပါ။ အကြောင်းနဲ့အကျိုးဆိုတာစပ်ဆက်နေတာနော်။ ရှေ့မှာပူပူနွေးနွေးအတွေ့အကြုံက နောက်ထပ်ဝန်ကြီးဦးအောင်မင်းတို့ဆွေးနွေးပွဲကိုလာရိုက်ခတ်တာဖြစ်တယ်လို့ပဲမြင်တယ်။

တိုင်းရင်းသားစစ်ဗိုလ်ချုပ်က လက်အောက် စစ်တပ်ရာနဲ့ချီပြီး အာဏာသိမ်းတယ် လို့ အမိန့်ထုပ်လိုက်ရင် မြန်မာနိုင်ငံဟာ လွပ်လပ်ရေးကို အင်္ဂလိပ်လက်ကယူခဲ့ပြီး နောက် ….. တို့ရဲ့ သိမ်းပိုက်မှုကို ခံလိုက်ရသည် ဆိုပြီး သမိုင်းစာအုပ်မှာ မိတ်ဆွေ သင်နေရဦးမယ်
မိတ်ဆွေရဲ့ဒီစကားကတော့ လုံးဝကိုအဓိပ္ပာယ်မဲ့လွန်းတယ်။ လက်နက်ကိုင်တွေခွဲထွက်ချင်တိုင်း ကျန်တဲ့သူ့အနွယ်ဝင်တွေအားလုံးခွဲထွက်ချင်နေတယ်ဆိုပြီးသိမ်းကျုံးစော်ကားလိုက်တာဖြစ်တယ်။ လုံးဝတရားနည်းလမ်းမကျဘူး။ မောင်မောင်သည် ကချင်ဖြစ်သည်။ မောင်မောင်သည်လူဆိုးဖြစ်သည်။ ထို့ကြောင့် ကချင်လူမျိုးအားလုံးသည်လူဆိုးဖြစ်သည် ဆိုတဲ့နည်းလမ်းမကျတဲ့အမြင်မျိုးဖြစ်တယ်။ ကောင်းပြီ။ ကျွန်တော်က လက်ရှိနဲ့အဆက်ဆက်သော ဗမာလူမျိုးခေါင်းဆောင်တွေကိုသဘောမတွေ့လှဘူး။ ဒါပေမဲ့ ဒါဟာ ဗမာလူမျိုးတိုင်းကိုသဘောမတွေ့ဘူးလို့ အဓိပ္ပာယ်မသက်ရောက်ဘူး။ ကျွန်တော်တို့ယုံစားတဲ့အမျိုးသားခေါင်းဆောင်ကြီးက ဗိုလ်ချုပ်အောင်ဆန်းမဟုတ်လား။ သူက ဗမာလူမျိုးမဟုတ်လား။ ဗိုလ်ချုပ်ရဲ့ခေါင်းဆောင်မှုအောက်မှာ တိုင်းရင်းသားပေါင်းစုံပါရှိတယ်။ ဗိုလ်ချုပ်က တိုင်းပြည်နဲ့လူမျိုးအပေါ်၊ တိုင်းရင်းသားတွေအပေါ် စေတနာမှန်တယ်လို့ သူ့ကိုယ်သူယုံကြည်ချက်ခိုင်ခန့်တယ်။ ဒါကြောင့်ဗိုလ်ချုပ်ကသူ့ရဲ့ဦးဆောင်မှုအောက်မှာ တိုင်းရင်းသားပေါင်းစုံကို ကဏ္ဍစုံမှာပါဝင်စေခဲ့တယ်။

မိတ်ဆွေပြောသလို ခြွင်းချက် အုပ်ချုပ်ရေးပိုင်း၊ စစ်ရေးပိုင်းတွေမှာ တိုင်းရင်းသားတွေ မပါဝင်နိုင် ဆိုတာမျိုးမဟုတ်ဘူး။

ဘာကြောင့်တိုင်းရင်းသားတွေကိုကဏ္ဍစုံမှာမထည့်ရဲသလဲဆိုရင်။ တစ်ချို့သောခေါင်းဆောင်တွေက ဗိုလ်ချုပ်လိုစေတနာမမှန်လို့။
အဲဒီတစ်ချို့သောခေါင်းဆောင်တွေဆိုတာက ခေါင်းဆောင်တွေအားလုံးကိုကိုယ်စားမပြုဘူး။ အဲဒီတစ်ချို့သောခေါင်းဆောင်တွေရဲ့လုပ်ဆောင်ချက်ဟာ သူ့ရဲ့မျိုးနွယ်ဝင်တွေဖြစ်တဲ့ ဗမာတစ်မျိုးသားလုံးကိုကိုယ်စားမပြုဘူး။ကျွန်တောမယုံကြည်ဘူး။ ဗမာလူမျိုးတိုင်းရဲ့ဆန္ဒလို့ကျွန်တော်မယုံကြည်ဘူး။ မိတ်ဆွေလိုလူတိုင်းမမြင်ဘူး။
-3 #26 senglawn 2012-11-05 14:53
Becasue of the this Article ... More conflict will be occured between Shan and Kachin. Actually, we have good relationship and share our benefit long long ago... Medial should think seriously before writing article or news.. Because of you... there will be more conflict... is it your intention ???
-7 #25 senglawn 2012-11-05 14:36
Hi all, I don't know why Eleven Media wrote this news/article. But Acutally, this is not rally news at all because there are alot of Chan, Chin and other ethnics in the KIA since before I was born.... and Before KIA was well established.... What I am talking about KIA is for Kachin State, those people live in Kachin State.. Actually, in the Kachin State, Most of the Area are Shan Areas. You can see the Names of the Townships/vallages and rivers .. For instance, Moe Nyein Tsp, Mo Goung, Nam Ma Ti.. and Moe Goung Chaung, Nan Yin Chaung (rivers)etc.. all are Shan Name.... The reason I talking about all this is that Because of this article .. " I don't want to see the conflict between Shan and Kachin"... We live together peacefully in Kachin State since our Great Great... Grand Grand.. Father....
+38 #24 C Thu Tun 2012-11-05 14:20
ဖြစ်ပျက်နေတာတွေကို ဘက်မလိုက်ဘဲ ဖော်ပြနေတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ သတင်းမှန်တွေကို သိသိလာမယ်ဆိုရင် ပြည်သူလူထူက တရားခံဘယ်သူလဲဆိုတာ အလိုလိုနားလည်လာမှာပါ၊ ပြည်ထောင်စုသားအချင်းချင်း ရန်ဖြစ်နေအောင်လုပ်နေတာဘယ်သူတွေလဲ၊ တကယ်တမ်း အကျိုးအမြတ်ရနေတာ ဘယ်သူတွေလဲ။ တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘ္ဘာကြီးတခုလုံးကို မမြင်အောင်လုပ်ထားတာ၊ရိုးသားတဲ့တိုင်းရင်းသားတွေကို အသိညာဏ်တိုးတက်စေမဲ့ အေးချမ်းစွာပညာသင်ကြားခွင့် မရအောင် လုပ်နေတာ ဘယ်သူတွေလဲ၊ သက်သေပြ နိုင်ဖို့ အခုက စပြီး ၊ ပွင့်လင်းဖြောင့်မတ်တဲ့ သတင်းမီဒီယာတွေ တကယ်ကို လိုအပ်နေတာပါ၊ ဆက်လက်ပြီး မှန်ကန်တဲ့ နှစ်ဖက်သတင်းမှန်တွေ ဖော်ပြပေးပါလို့ တောင်းဆိုပါတယ်၊ တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာ EMG
+27 #23 Naymyo Nwae 2012-11-05 13:59
မိတ်ဆွေတို့....
အသင်တို့သည် ပြည်သူ့မျက်နှာမထောက်ဘဲကိုယ်ကျိုးရှာသွားကြ
သောခေါင်းဆောင်အချို့ကိုသာမုန်းချင်မုန်းပါ တပ်မတော်ကိုတော့
မမုန်းလိုက်၊စိတ်မနာလိုက်ကြပါနဲ့။ တပ်မတော်နှင့်ပြည်သူတစ်သား
တည်းမရှိသောနိုင်ငံသည် အဖက်ဖက်ကတပန်းရှုံးသောကြောင့်ဖြစ်
သည်။ ပြီးတော့ စစ်သားတွေကိုမုန်းနေမဲ့အစား သူတို့တွေရဲ့ဘဝ
တွေကိုမြင်အောင်ကြည့်ပြီး စာနာနားလည်ပေးကြဖို့ပြောချင်ပါတယ်။
+5 #22 David1970 2012-11-05 12:20
Kachin, kayin ,kayar,Shan,Mon, Rakhine,Chin, etc.., all are our brothers.

Our university life was full of beauties because of those different races.

Should stop fighting each other and built new country with many races.

Burmese government including army need to patient and continue to discuss with all races.

All the races especially Kachin army need to participate for your Kachin people.

We all want peace for our pitiful people especially woman and child in Kachin state.
+49 #21 zinlinn 2012-11-05 11:20
စိတ်ထဲမှာမကောင်းဘူး.... စစ်တပ်ကိုသိပ်ကြည့်လို့မရပေမယ့် သူတို့ကိုလည်းပြည်သူတွေကနားလည်ပေးနိုင်အောင်လည်းကြိုးစားသင့်ပါတယ်.... ကချင်ကိစ္စကိုတစ်ခုခုအဖြေထွက်အောင်လုပ်သင့်နေပြီထင်ပါတယ်.... တစ်ဦးတစ်ယောက်ချင်းဆီကိုမပြောနိုင်ပေမယ့် ရခိုင်ကိစ္စကအစစစ်တပ်တစ်ခုလုံးကိုဆိုရင်တော့ယုံပါတယ်.... သူတို့ပြောစကားရှိတယ်လေ တပ်မတော်သည်အမျိုးသားရေးကိုဘယ်တော့မှသစ္စာမဖောက် တဲ့ .....အဲ့ဒိစကားကိုတော့ယုံတယ် ဘာလို့လဲဆိုတော့ပြောမသင့်တဲ့ခိုင်လုံတဲ့အကြောင်းတွေလည်းရှိတယ်လေ.... စစ်တပ်ကလည်းတိုင်းရင်းသားတွေအပေါ်တန်းတူညီတူလုံးဝဆက်ဆံသင့်ပါတယ်... တိုင်းရင်းသားတွေရော တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေရော ပြန်ပြီးနိုင်ငံ နဲ့လူမျိုးအပေါ်မှာရိုးသားသင့်တယ်ထင်ပါတယ်... ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းရင်းသားတွေရဲ့တချို့ဒေသတွေမှာတပ်မတော်သာမထိန်းချုပ်နိုင်ခဲ့ရင်တရုတ်ကျွတ်ဖြစ်နေလောက်ပါပြီ... ဥပမာ.. ကူမင်တန်ကျူးကျော်မှု့ကြောင့်ပေါ့... တရုတ်ကျွန်ဖြစ်ခဲ့ရရင်အခုဒေသကတိုးတက်နေပြီလို့ခံယူရင်တော့လည်း တမျိုးပေါ့ဗျာ.... ဒီလိုပြောလို့စိတ်တော့မဆိုးစေချင်ကြဘူး.... ကျွန်တော်စိတ်ထဲမှာ မြန်မာစကားကိုပီပီသသပြောတက်တဲ့ကုလား၊ တရုတ်တွေကို ဘယ်လိုမှကိုယ့်နိုင်ငံသား လူမျိုးလိုခံစားလို့မရပေးမယ့် မြန်စကားတစ်လုံးမှမတက်တဲ့တိုင်းရင်းသားတွေကိုတော့ကိုယ့်တကယ့်သွေးချင်းလိုခံစားရပါတယ်....
+43 #20 myo kyaw 2012-11-05 10:58
Quoting AlbertNT:
အမှန်တရားရေးတဲ့ comments တွေအနီ မိုင်းနပ်စ် ပြနေပါလား။ တပ်မတော်ကောင်းလားမကောင်းတော့ မသိဘူး။ စာတတ်တဲ့သူတိုင်း မျက်စိရှိ နားရှိတဲ့သူတိုင်းသိတယ်။
မယုံရင်နိုင်ငံသားတစ်ယောက်စီကိုမေးကြည့်ပါလား။ ၁၀ ယောက်မှာ စစ်သားကို ငါးယောက်ကြိုက်ရင် နေအနောက် ဘက်ကထွက်လိမ့်မယ်။

မိတ်ဆွေလို အရင်တုံးကအယူအဆတွေနဲ့ မပြောပါနဲ့။ ယခုက မီဒီယာတွေတင်ဆက်မှုကြောင့် ဘယ်လက်နက်ကိုင်တွေက ဘယ်လို၊ တပ်မတော်ကဘယ်လို။ စသည်ဖြင့် သိလာကြပါပြီ။ တပ်မတော်ကို လုံးဝကောင်း လာပြီလို့လည်း မဆိုလိုသေးပါဘူး။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါပြီ။ တပ်မတော်မရှိတဲ့ နိုင်ငံဟာ ဘာနိုင်ငံဖြစ်သွားမလဲ။ မိတ်ဆွေစဉ်းစားကြည့်ပါ။ နိုင်ငံတကာသတင်းတွေလည်း ဖတ်ကြည့်လိုက်ပါဦး။ မိတ်ဆွေဟာ တပ်မတော်ကို မကြိုက် သေးတာပါ။ အရင်တုံးက အကျင့်ပြက်တဲ့သူတွေလည်း ရှိခဲ့တာပေါ့ဗျာ။ အင်္ဂုလိမာလတောင် အမှားသိရင် ဘုရားကတောင် ခွင့်လွတ်သေးတာပဲလေ။ တကယ်တမ်း တပ်မတော်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ဖွဲ့ခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံခဲ့ရဘူးဆိုလျှင် မိတ်ဆွေ ဟာ ယခုစစ်သားတစ်ယောက် ဖြစ်နေပါပြီ။ http://www.youtube.com/watch?v=7jcJHxDQbzg&feature=related အဲ့ဒီ 4;44 မိနစ်မှာ ကြည့်လိုက်ပါ။ မြန်မာနိုင်ငံသားတိုင်း စစ်ထဲမ၀င်မနေရဆိုပြီး လုပ်ရမယ်တဲ့။ အမေရီကန်နိုင်ငံသားတိုင်း ဘာကြောင့် အမေရိကန်တပ်မတော်ကို ချစ်ကြပါသလဲ။ ဂျပန်နိုင်ငံ ကာကွယ်ရေးတပ်ကို ဂျပန်တွေ ဘာကြောင့် လေးစားကြပါသလဲ။ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ နိုင်ငံတကာမှာ စစ်တပ်ကို ချစ်ကြတဲ့သူတွေချည်းပါပဲ။ စစ်တပ်ဆိုတာလည်း ပြည်သူတွေနဲ့ ဖွဲ့စည်းထားတာပဲမဟုတ်လားဗျာ။ မိတ်ဆွေတို့ ကျွန်တော်တို့ အခု ဒီမိုကရေစီအစိုးရမှာ လုပ်ရမှာက စည်းကမ်းပြည့်ဝတဲ့ တပ်မတော်ဖြစ်အောင် အတူလက်တွဲ သွားသင်ပြီထင်ပါတယ်။ မိတ်ဆွေရဲ့ သားသမီးတွေခေတ်ရောက်ရင် ပိုပိုပြီး ကောင်းမွန်လာအောင်ပေါ့ဗျာ…
+25 #19 MZ Aye 2012-11-05 10:21
Quoting Phoe Khant:
ထူးဆန်းတယ်ဗျာ။မရိုးသားသလိုခံစားရတယ်။ ကိုယ့်အပြစ်ကိုဖုံးကွယ်ပြီးရန်ဖက်မကောင်းကြောင်းပြောနေသလိုဘဲ။သတင်းမဟုတ်သလိုဘဲ။
သိချင်တာက တိုက်ပွဲသတင်း ၊ ဘာ့ကြောင့်ဖြစ်လဲသတင်း ။ နှစ်ဘက်စလုံးရဲ့ အင်အားပြောင်းလဲတဲ့သတင်း။ ဘယ်သူက ရှေ့တိုးနေလဲဆိုတဲ့သတင်း၊ခုတော့ ??
ခုချိန်ထိ တပ်မတော်ဘက်မှ ထိုးစစ် ပြု လား မပြုဘူးလား ဆိုတာတောင် သတင်းထဲ သဲသဲကွဲကွဲမပါသလိုဘဲ။
မေးပါရစေ။ မြန်မာ့တပ်မတော်ကော Portor မဆွဲဖူးဘူးလား။ကလေးစစ်သားမစု ဖူးဘူးလား။ တဘက်သတ်ကြီးလိုဘဲ။
ဒီတိုင်းဆိုရင်တော့ငြိမ်းချမ်းရေးတော့.......ရွှေပြည်တော်.......

P.S I am not a Kachin.

Quoting Phoe Khant:

ထူးဆန်းတယ်ဗျာ။မရိုးသားသလိုခံစားရတယ်။ ကိုယ့်အပြစ်ကိုဖုံးကွယ်ပြီးရန်ဖက်မကောင်းကြောင်းပြောနေသလိုဘဲ။သတင်းမဟုတ်သလိုဘဲ။
သိချင်တာက တိုက်ပွဲသတင်း ၊ ဘာ့ကြောင့်ဖြစ်လဲသတင်း ။ နှစ်ဘက်စလုံးရဲ့ အင်အားပြောင်းလဲတဲ့သတင်း။ ဘယ်သူက ရှေ့တိုးနေလဲဆိုတဲ့သတင်း၊ခုတော့ ??
ခုချိန်ထိ တပ်မတော်ဘက်မှ ထိုးစစ် ပြု လား မပြုဘူးလား ဆိုတာတောင် သတင်းထဲ သဲသဲကွဲကွဲမပါသလိုဘဲ။
မေးပါရစေ။ မြန်မာ့တပ်မတော်ကော Portor မဆွဲဖူးဘူးလား။ကလေးစစ်သားမစု ဖူးဘူးလား။ တဘက်သတ်ကြီးလိုဘဲ။
ဒီတိုင်းဆိုရင်တော့ငြိမ်းချမ်းရေးတော့.......ရွှေပြည်တော်.......

P.S I am not a Kachin.

You want to see like that news??? See Kachin Newspapers & Website...They always say the bad news of Myanmar Army all the time...
-42 #18 AlbertNT 2012-11-05 09:25
အမှန်တရားရေးတဲ့ comments တွေအနီ မိုင်းနပ်စ် ပြနေပါလား။ တပ်မတော်ကောင်းလားမကောင်းတော့ မသိဘူး။ စာတတ်တဲ့သူတိုင်း မျက်စိရှိ နားရှိတဲ့သူတိုင်းသိတယ်။
မယုံရင်နိုင်ငံသားတစ်ယောက်စီကိုမေးကြည့်ပါလား။ ၁၀ ယောက်မှာ စစ်သားကို ငါးယောက်ကြိုက်ရင် နေအနောက် ဘက်ကထွက်လိမ့်မယ်။
+37 #17 U Thant 2012-11-05 08:54
Quoting phyophyo86:
အစိုးရထိုးစစ်ဆိုတဲ့အကြောင်းနဲ့ ပတ်သတ်လို့ ကျွန်တော်သိသမျှကို အနည်းငယ် ရှင်းပြလိုပါတယ်။ KIO KIA မှာ အမှန်တကယ် တပ်စွဲထားသော စခန်းတွေဟာ သိပ်အများကြီးမဟုတ်ပါဘူး။ သူတို့ တပ်သားတွေအများစုက ရွားသားအဖြစ်နဲ့နေတယ် အစိုးရစစ်ကြောင်းတွေ ရေခပ်ဆင်းတာတို့ ရိက္ခာပို့တာတို့ရှိရင် ဖြတ်တိုက်တယ် ပစ်ပြေးတယ် အဲတော့ လိုက်ရှင်းလင်းရင် ရွားသားအဖြစ်ပြန်နေတယ် ပြီး အစိုးရကပစ်ရင် ရွာသားကိုပစ်ပါတယ် ရွာကို မီးရှို့တယ်စသင့် ပြည်ပမီဒီယာနဲ့ စွပ်စွဲတယ်။ နောက်တစ်ခုက မြို့ပေါ်မှာပါ သူတို့လွှတ်ထားတဲ့ ထောက်လှမ်းရေးရှိတယ်။ အစိုးရထောက်လှမ်းရေးဆိုတာက ဖမ်းမိတယ်ဆိုရင် စစ်ဆေးတာတို့ လုပ်ရတာပေါ့။ သူတို့ထောက်လှမ်းရေးတွေက လူထုကိုလှုံ့ဆော်မယ် ပြီးရင် ဆန္ဒပြပွဲတွေလုပ်မယ် အစိုးရက တဖက်သတ် ပစ်သယောင်လုပ်မယ်။ အဲဒါက မြေပေါ်မြေအောက် ပူးပေါင်း စစ်ဆင်ရေးဗျူဟာကျင့်သုံးတာကို တွေ့ရပါတယ်။ နောက် KIO KIA တပ်တွေအများကြီးမရှိပဲ များသောအားဖြင့် တောင်ကုန်းတွေ ဗျူဟာကုန်းတွေမှာ နေရာယူထားတာက တပ်မတော်စခန်းတွေဖြစ်တယ် အဲဒီစခန်းမှာရှိတဲ့အင်အားကို ရိက္ခာပို့ဖို့လိုလာတယ် ရိက္ခာပို့တဲ့အခါမှာ ပို့ရတဲ့လမ်းကြောင်းကို ပိတ်ပြီးတိုက်ခိုက်တယ် တံတားတွေဖျက်တယ် အဲတော့ လမ်းကြောင်းမရှိတော့ဘူး မရှိတော့ တောကြိုအုံကြားကနေ ပို့ရတယ် အဲဒီလမ်းကြောင်းတွေမှာက KIA တပ်တွေက အစဖြောက်နေတယ် သူတို့နဲ့ ထိတွေ့မှုဖြစ်တာနဲ့ ပစ်ပြီး ပြေးတာပဲ ပြီး အပေါ်မှာပြောခဲ့သလို ရွာသားယောင်ဆောင် ပြီးတာနဲ့ အစိုးရက စတင်ထိုးစစ်ဆင်ပါတယ်ပြော အဲတော့ ရိက္ခာမပို့ဘူးပဲဆိုပါစို့ တပ်စခန်းမှာရှိတဲ့သူတွေက ငတ်ပြတ်လာတယ် အဲဒီအချိန်မှာ စိတ်ဓါတ်ကျကုန်တယ် အဲတော့မှ KIA က အဲဒီစခန်းတွေကို လူအင်အားတွေသုံးပြီး တက်သိမ်းတယ် သူတို့ကျင့်သုံးတဲ့ဗျူဟာက သူပုန်မှာလူ့အခွင့်အရေးပြစရာမလိုတဲ့အတွက် အဖက်ဖက်ကသူတို့နစ်နာတယ်ပြောတာ အစိုးရမှာက နိုင်ငံတကာကော အတိုက်အခံတွေကော တပ်မတော်ကော တခြားသူတွေပါ ပြသနာပေါင်းစုံရှင်းရတော့ အဖက်ဖက်ကနေ စဉ်းစားရတယ်။ အဲဒီတော့ စဉ်းစားကြည့်ရင် အရှင်းကြီးလေ သူတို့ထက် သမိုင်းမှာပိုကြာတဲ့ ပိုပြီးနာမည်ရှိတဲ့ KNU တောင် တပ်မတော်ကော အစိုးရနဲ့ပါပြေလည်တယ် တစ်လောကတောင် KNLA နဲ့ ရုပ်ရှင်အစီးအရုံးနဲ့ ဘောလုံးတောင် ကန်သွားသေးတယ် အဲတော့ ဘယ်ဘက်ကနေ လျှော့ဖို့လိုမယ်ဆိုတာက အရင်းကြီးလေ ခုတောင် KIA ဆီက ဆက်ကြေးတောင်းစာရသေးတယ် သူတို့ကို လုပ်ငန်းရှင်တိုင်းက သိန်း ၂၅၀ ပေးရမယ် မပေးရင် သတ်ပစ်တဲ့အထိ ထွက်ပြေးရင် လိုက်သတ်တဲ့အထိ အရေးယူမယ်တဲ့ ကျွန်တော်ပြောချင်တာရှိတယ် အမှန်တကယ် တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့လက်နက်ကိုင်အဖွဲ့ဆိုရင် အဲလိုအကြမ်းဖက်လုပ်ရပ်တွေလုပ်ပါ့မလား ဆက်ကြေးကောက်ပါ့မလား အတင်းလူစုပါ့မလား နည်းမျိုးစုံသုံးပြီး ယုတ်မာမလား စဉ်းစားပါ တကယ်သာကိုယ်စားပြုအဖွဲ့ဆိုရင် အနစ်နာခံပြမယ် တံတားမိုင်းခွဲမဲ့အစား ဒုက္ခသည်တွေကို ကူညီမယ် ခုတော့ ဒုက္ခသည်တွေထဲမှာ 15 နှစ်ကနေ 50 အရွယ်အထိ လူကောင်းမှ မကျန်ဆိုတာက သူတို့ဘာလုပ်တယ်ဆိုတာ အရှင်းကြီးပေါ်လွင်နေတာပဲလေ။ ကျွန်တော်ကတော့ မှန်ကန်စွာ သတင်းထုတ်ပြန်ပြီး လူထုအနေနဲ့လည်း သေချာဘာကြောင့်ဖြစ်တယ်ဆိုတာကို သိစေချင်တယ်။ ဟိုတစ်လောကပဲ မင်္ဂလာဆောင်တာ ၁လတောင်မပြည့်သေးတဲ့ ကောင်လေးတစ်ယောက် တိုက်ပွဲကျသွားတယ်လေ။ သူတို့မိသားစုနေရာကလည်း စဉ်းစားကြည့်ပေါ့ အမှန်တကယ်တော့ တကယ်တိုက်နေရတဲ့ တပ်မတော်သားတွေရဲ့မိသားစုတွေဟာ ငြိမ်းချမ်းရေးကို အလိုအပ်ဆုံးပါ ဘယ်သူမှ ကိုယ့်ချစ်ခင်ရသူကို မမြင်တွေ့ရတော့ပဲ မဆုံးရှုံးချင်ဘူးလေ


That is exactly as I know. Every body should know that. We love Kachin. But we do not need KIA/KIO .
+14 #16 White Flag 2012-11-05 05:51
သူခိုးကြီးရင် ဓားပြ ။ ဓားပြကြီးရင် သူပုန်။ သူပုန်ကြီးရင် ကော ? သဘောတရားချင်း အတူတူပဲလို့ထင်ပါတယ်။ ကဲ နှစ်ဘက်စလုံး သူများမကောင်း ငါသာကောင်း လို့။
+34 #15 myo kyaw 2012-11-05 05:34
Quoting ramdu:
(ခွဲထွက်မယ့်သူတစ်စုံတစ်ယောက်ရှိရင်ပြတ်ပြတ်သားငြင်းဆန်တယ်။)
(ဒါပေမဲ့နားမလည်နိုင်တာတစ်ခုရှိတယ်။ လက်နက်ကိုင်တိုင်းတောင်းဆိုနေတာက တန်းတူရေတူ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်။ )
.


မိတ်ဆွေကသာ ငြင်းဆန်နေတာ KIA/KIO ကခွဲထွက်ချင်လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ခေါင်းဆောင်ပိုင်းတွေကမလာတာပေါ့ဗျ။ နောက်ကွယ်က တရုတ်ပညာရှင်တွေရဲ့ အကြံဥာဏ်တွေလည်း ပါမပေါ့။
တွေ့ဆုံပွဲတွင် တိုင်းရင်းသားများ တောင်းဆိုနေသော ဖက်ဒရယ်မူကိစ္စ၊ ပြည်နယ်များအပြင် တိုင်းဒေသကြီး အစိုးရများသို့ ပါဝါခွဲဝေပေးရေး၊ ဒေသသယံဇာတများမှ အကျိုးအမြတ်များကို ပြန်လည်ခွဲဝေပေးရေး၊ ရခိုင်ပြည်နယ်အရေးနှင့် အခြားတိုင်းရင်းသား အရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ From EMG
ဘယ်သူက တန်းတူရေတူ အခွင့်ရေး မပေးဘူးပြောလို့လဲ။ ပေးမယ်ပြောနေတာကို KIA/KIO ကမတွေ့ရဲ၊ မဆွေးနွေးရဲတာပါ။ အရင်တုံးကစစ်အစိုးရအကြောင်းတွေကိုတော့ လာမပြောပါနဲ့တော့။ အခုက ဒီမိုကရေစီအစိုးရဖြစ်နေပါပြီ။ အရင်တုံးက တန်းတူညီတူ အခွင့်အရေးမရတာဆိုတာကလည်း အုပ်ချုပ်ရေးပိုင်း၊ စစ်ရေးပိုင်းတွေမှာ တိုင်းရင်းသားတွေ မပါဝင်နိုင်ခဲ့တာပါ။ တခြားနေရာတွေမှာ တန်းတူညီတူပါပဲ။ ဒါကလည်း အခြေအနေတစ်ခုကြောင့်ပါ။ အရင်တုံးက ကချင်ပြည်နယ် တိုင်းမှုး ဟာ ကချင်တိုင်းရင်းသား တစ်ယောက်ပါ(အဆိုတော် L ခွန်းရီရဲ့ဖခင်ပါ) စစ်ခေါင်းဆောင်တွေမှာလည်း ထူးချွန်တဲ့ တိုင်းရင်းသားတွေရှိခဲ့ပါတယ်။ သူရဘွဲရခဲ့တဲ့ ဗိုလ်မှုးတိုက်ချွန်းဟာလည်း ချင်းတိုင်းရင်းသားတစ်ယောက်ပါ။ တိုင်းရင်းသားတွေ အများကြီး စစ်ခေါင်းဆောင်တွေ ရှိခဲ့ပါတယ်။ ဒါမေမယ့် ၁၉၆၀ နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေက ပြည်နယ်ခွဲထွက်ရေးတောင်းတော့ ခေါင်းဆောင်ပိုင်းမှာ ခွဲထွက်မယ့် တိုင်းရင်းသားလူမျိုးရှိရင် စစ်တပ်မှာ အမိန့်ပဲ ၊ စစ်ဗိုလ်ချုပ်က အမိန့်တစ်ချက်ပေးတာနဲ့ ဘာမှမစဉ်းစားရဘူး မဖြစ်မနေလုပ်ရတာပါ။ အဲ့ဒီအချိန်မှာ တိုင်းရင်းသားစစ်ဗိုလ်ချုပ်က လက်အောက် စစ်တပ်ရာနဲ့ချီပြီး အာဏာသိမ်းတယ် လို့ အမိန့်ထုပ်လိုက်ရင် မြန်မာနိုင်ငံဟာ လွပ်လပ်ရေးကို အင်္ဂလိပ်လက်ကယူခဲ့ပြီး နောက် ….. တို့ရဲ့ သိမ်းပိုက်မှုကို ခံလိုက်ရသည် ဆိုပြီး သမိုင်းစာအုပ်မှာ မိတ်ဆွေ သင်နေရဦးမယ်။ စကားမစပ် ဗိုလ်ချုပ်ခင်ညွန့်ကို အနားပေးတော့ ဗိုလ်ချုပ်ရာထူးနဲ့ အနားမပေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ စစ်အမိန့် ၊အာဏာရှိလို့ သူ့ကို အရပ်ဘက် ၀န်ကြီးရာထူးကို အရင်ချပြီးမှ အကျယ်ချုပ်ဆိုပြီး အမိန့်ချခဲ့တာပါ။ ဆိုလိုတာက ခွဲထွက်ရေးတောင်းနေတဲ့ တိုင်းရင်းသားတွေရှိနေခဲ့တဲ့အတွက် စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းတွေကို တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးမရခဲ့တာပါ။

ဝန်ကြီးဦးအောင်မင်းက ဆွေးနွေးခဲ့ရာတွင် ဖက်ဒရယ်ဆိုသည်မှာ အုပ်ချုပ်ရေးအာဏာအချို့ကို ဗဟိုကကိုင်ပြီး အချို့ကို ပြည်နယ်က ကိုင်သည်ဟု Oxford Dictionary တွင် အဓိပ္ပါယ် ဖွင့်ဆိုထားကြောင်း၊ ယင်းမှာ Powersharing ပင်ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ရှမ်းပြည်နယ်ကို ရှမ်းကအုပ်ချုပ်ရမည်၊ ကရင်ပြည်နယ်ကို ကရင်အုပ်ချုပ်ရမည်ဖြစ်ပြီး အခြေခံဥပဒေနှင့် ညီရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်ပါက ပြင်နိုင်သည့် အခြေအနေ ပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ From EMG အခုတော့ ဆွေးနွေးနေကြပါပြီ။
+45 #14 myo kyaw 2012-11-05 05:32
Quoting ramdu:
(တပ်မတော်ဟာ တိုင်းရင်းသားတွေအချင်းချင်းတိုက်ဖို့ပဲရည်မှန်းထားတာလား။ လက်ရှိရခိုင်ဒေသလိုမျိုး တိုင်းပြည်နယ်နိမိတ်၊ ပြည်ပရန်တွေ ကာကွယ်ဖို့ကောမရည်မှန်းဘူးလားလို့ပေါ့။)

(သူတို့ကအရမ်းရိုးသားတယ်)


မိတ်ဆွေ သေချာစဉ်းစားပါဦး မြန်မာက တိုက်လေယဉ်တွေ၊ ဒုံးကျည်တွေ၊ တင့်ကားတွေ များစွာဝယ်ခဲ့တာဟာ တိုင်းရင်းသားတွေနဲ့ တိုက်ဖို့လား။ တိုင်းရင်းသားတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ လေယဉ်လုံးဝ သုံးခွင့်မရှိပါ။ ဥပဒေရှိပါတယ်မိတ်ဆွေ။ တိုက်လေယဉ်သုံးပြီး တိုက်လိုက်လျှင် တိုက်ပွဲ ၁ နာရီထဲနဲ့ ရန်သူတစ်တပ်လုံး ဖြိုခွဲနိုင်ပါတယ်။ အဲ့ဒီလိုပဲ KIO/ KIA နဲ့တိုက်ရာမှာ တိုက်လေယဉ်တွေ ၊ဒုံးကျည်တွေ၊တင့်ကားတွေလည်း မသုံးခဲ့ပါဘူး။

(သူတို့ကအရမ်းရိုးသားတယ်)

သိပ်ဟုတ်တာပေါ့ဗျာ။ သူတို့၊တနည်းအားဖြင့် ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ သိပ်ရိုးသားပါတယ်။ လက်ရှိရှမ်းပြည်မှာ ၊ ကချင်ပြည်နယ်မှာ ဘိန်းစိုက်နေကြတဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ သိပ်ရိုးသားကြတယ်။ ရိုးသားကြလွန်းလို့ အဲ့လိုဖြစ်နေကြတာပါ။ သူတို့ကရိုးတော့ စီးပွားရေးသမား တရုတ်တွေက ကျွန်တော်တို့ တိုင်းရင်းသားတွေကို ဘိန်းစိုက်ခိုင်းတယ်။ ပြီး တရုတ်တွေက ကုန်ချောလုပ်ပြီး နိုင်ငံတကာကို ဒေါ်လာဘီလီယံနဲ့ ချီပြီး ရောင်းနေတာ။ အဲ့ဒီလုပ်ငန်းတွေကို ကာကွယ်ဖို့ တိုင်းရင်းသားတွေကို လက်နက်တပ်ပေးလိုက်ပြန်ရော။ ငါးကျဉ်းဆီနဲ့ ငါးကျဉ်းကျော်တာပေါ့ဗျာ။ ဘယ်လိုဘဲတွက်တွက် တရုတ်ပြည်၊ တရုတ်လူမျိုးက နာမည်လည်းမပြက်ဘူး။ ပိုက်ဆံလည်းရမယ်။ ဟုတ်တယ်မို့လား။ တရုတ်မှာ ဘိန်းလုံးဝမစိုက်ဘူးကွ ဆိုပြီး ကမ္ဘာကို အတိအလင်း ပြောရဲတယ်။ အခုဘိန်းစိုက်တဲ့တောင်သူတွေ မြန်မာတိုင်းရင်းသာတွေ ချမ်းသာတဲ့သူတွေမရှိပါဘူး။ လက်လုပ်လက်စားဘ၀ပဲလေ။
ဘယ်လိုပဲဖြစ်ဖြစ် အမြန်ဆုံး ငြိမ်းချမ်းရေးရရှိဖို့သာ ဆုတောင်းလျှက်…
-22 #13 ramdu 2012-11-04 23:12
တိုင်းရင်းသားတွေဘာကြောင့်လက်နက်ကိုင်သလဲ။ အားလုံးရဲ့လေသံက တစ်သံထဲပဲ။ ပြည်ထောင်စုကြီးကိုဖြစ်ပေါ်လာစေတဲ့ ပင်လုံစာချုပ်ပါအချက်အလက်တွေကိုခံစားချင်တယ်။ ဖရက်ဒရယ်ပြည်ထောင်စုပေါ့။ ခွဲထွက်ဖို့လည်းမဟုတ်ဘူး။ ခွဲထွက်လို့လဲ ပြည်နယ်အများစုမှာကောင်းကျိုးမရှိဘူး။ ကချင်၊ ရှမ်းတို့လိုပြည်နယ်တွေဟာ သီးခြားခွဲထွက်လိုက်ရင်ကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်ကုန်ပြီး ဒေသခံတွေပိုပြီးအနေအထိုင်ဆင်းရဲမယ်။ ဒါကြောင့် အဲဒီဒေသမှာ ဇာတိချက်ကြွေပြီးကြီးပြင်းလာသူတစ်ယောက်အနေနဲ့ မှန်သောစကားကိုပြောမယ်။ ခွဲထွက်မယ့်သူတစ်စုံတစ်ယောက်ရှိရင်ပြတ်ပြတ်သားငြင်းဆန်တယ်။

ဒါပေမဲ့နားမလည်နိုင်တာတစ်ခုရှိတယ်။ လက်နက်ကိုင်တိုင်းတောင်းဆိုနေတာက တန်းတူရေတူ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်။ ဒါကိုဘာလို့တောင်းသလဲဆိုတော့ တန်းတူညီတူမရှိလို့ပေါ့။ ၀န်ကြီးဦးအောင်မင်းကလည်းဒါကိုလက်နက်ကိုင်တွေတောင်းဆို ထားပါတယ်လို့ဝန်ခံတယ်။ ဒီလိုဝန်ခံတယ်ဆိုကတည်းက တန်းတူညီတူရှိမနေပါဘူးဆိုကိုဝန်ခံတာပါပဲ။ ဒီတောင်းဆိုချက်က ဒီလောက်အများကြီးညှိုနှိုင်းနေရအောင် ဘာများလွန်လွန်းနေလို့လဲ။

ကျွန်တော်တို့နေတဲ့အရပ်ဒေသမှာတော့ အစိုးရတပ်ကို ဗမာတပ်လို့ပဲလူတိုင်းခေါ်တယ်။ တိုင်းရင်းသားတွေရဲ့စိတ်ထဲမှာက ကချင်တွေဖွဲ့ထားတဲ့တပ် ကချင်ကိုကာကွယ်တဲ့တပ်။ ရှမ်းတွေဖွဲ့ထားတဲ့တပ် ရှမ်းကိုကာကွယ်တဲ့တပ်။ ပလောင်တွေဖွဲ့ထားတဲ့တပ် ပလောင်ကိုကာကွယ်တဲ့တပ်။ အစိုးရတပ်လို့ခေါ်ပါလို့ တောင်းဆိုတဲ့တပ်မတော်ကိုတော့ ဗမာခေါင်းဆောင်တွေနဲ့ချည်းစုဖွဲ့ထားတာကြောင့် . . .။ ဒါကြောင့် ပြည်ထောင်စုတပ်မတော်ဆိုတာက လက်ရှိအခြေအနေရဲ့ Essential ပါ။

နောက်တစ်ခုပြောချင်တာက ကျွန်တော်တို့နေတဲ့အရပ်မှာပေါ့။ တပ်သားတွေက သူတို့နဲ့တိုက်နေရတဲ့ လက်နက်ကိုင်တွေကိုဆဲရေးတိုင်းထွာနေတာကို တပ်ရင်းမှူးကကြားသွားတယ်။ အဲဒီမှာတပ်ရင်းမှူးက တပ်သားတွေကိုခေါ်ပြောတယ်။ သူတို့ကိုဘာမှဆဲစရာမလိုဘူး။ သူတို့ရှိလို့ငါတို့ရှိတယ်။ သူတို့သာမရှိရင်ငါတို့လည်းရှိစရာအကြောင်းမရှိဘူး။ ဆိုပြီးမှပေါ့။ ကျွန်တော်စဉ်းစားတယ်။ တပ်မတော်ဟာ တိုင်းရင်းသားတွေအချင်းချင်းတိုက်ဖို့ပဲရည်မှန်းထားတာလား။ လက်ရှိရခိုင်ဒေသလိုမျိုး တိုင်းပြည်နယ်နိမိတ်၊ ပြည်ပရန်တွေ ကာကွယ်ဖို့ကောမရည်မှန်းဘူးလားလို့ပေါ့။

တပ်မတော်နဲ့အစိုးရသာတစ်ကယ်စေတနာမှန်မယ်ဆိုရင်။ KIO သာမကလက်နက်ကိုင်အားလုံးငြိမ်းချမ်းရေးတစ်ကယ်ဆွေးနွေးမယ်။ တန်းတူရည်တူနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကဏ္ဍပေါင်းစုံ(အထူးသဖြင့်တပ်မတော်)မှာ တိုင်းရင်းသားတွေထင်သာမြင်သာရှိအောင်ပါဝင်လာမယ်ဆိုရင် သူတို့လက်နက်တစ်ကယ်စွန့်မယ်လို့ပြောရဲတယ်။ ဘာလို့ပြောရဲတာလဲ၊ ဘယ်ပေါ်မှာအခြေခံသလဲဆိုတော့

သူတို့ကအရမ်းရိုးသားတယ်

မယုံဘူးလား။ ဒီစကားကိုတော့ကျွန်တော်ပြောတာမဟုတ်ဘူး။ ငြိမ်းချမ်းရေးလုပ်ဆောင်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ခင်ညွန့်ပြောတာ။ လက်ရှိငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့ ၀န်ကြီးဦးအောင်မင်းပြောတာ . . .
-42 #12 aungnaing2000 2012-11-04 22:56
what is a beautiful lie again??? U should check out again, and post again. I don't think this is true story! Coz Our Gov lie everytime.
+48 #11 myanmayatanar 2012-11-04 22:13
KIA ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးရပြီး စားခွက်ပျောက်မှာ စိုးရိမ်နေကြပြီနဲ့တူတယ်။ ဒါကြောင့် ဆွေးနွေးပွဲကို အဆင့်မရှိတဲ့ကောင်တွေ လွှတ်လိုက်တာပေါ့။
+57 #10 San Bwal 2012-11-04 21:34
နိုင်ငံရေးဆွေးနွေးပွဲမလုပ်ခင် အပြစ်အခတ်ရပ်စဲရအောင် ဆိုတော့လည်းမဟုတ်...ရဲရဲတောက်စစ်သွေးကြွပြနေလိုက်တဲ့ KIO.. အခုနိုင်ငံရေးဆွးနွေးကြရအောင် လုပ်တော့လဲ ဆိုတော့လည်း အပစ်အခတ်ရှိနေတာကိုအကြောင်းပြပြီး မလာရဲပြန်. စစ်သားယောက်ကျားကြီးတွေဘဲကွာ တစ်ယောက်မျက်နှာတစ်ယောက် ဒဲ့ကြည့်ပြီး မှဖြဲစမ်းပါ..အခုတော့ဘယ်နှယ့်..(တူရို့တေနပ်နဲ့ကြစ်နေရို့) ဆိုပဲ
+9 #9 myanmahero 2012-11-04 21:12
Government (group) and KIO/KIA, you guys need to talk. Please do not blame each other ^__^.

We, as a nation we need to care each other, in fact, selfish people are unwanted. Get out and go hell (either government or KIO/KIA).
+78 #8 zarnimaung 2012-11-04 19:15
ကချင်ပြည်နယ်ဖွဲ့ စည်းဖို့ ဗိုလ်ချုပ်နဲ့ ဖဆပလ အဖွဲ့ က ပြည်မ အုပ်ချုပ်ရေး အောက်ကရှမ်း နဲ့ ဗမာတွေ အများဆုံး နေ တဲ့ မိုးညှင်း ။ မိုးကောင်း ဗန်းမော်နဲ့ မြစ်ကြီးနားခရိုင်တွေကို ထည့် သွင်း ပြီး ပြည်နယ် အင်္ဂါ ရပ်နဲ့ ညီအောင် ဖွဲ့ စည်းပေးခဲ့ တာ ဟာ KIA ဒုက်ခ ပေး ဖို့ ဖြစ်လာတယ်။ ဒါကြောင့် ဒီနယ်တွေကို ကချင်ပြည်နယ်ထဲ ဆက်လက်ထည့်သွင်းဖို့ သင့် မသင့် စဉ်းစားကြဖို့လိုပြီ။ အခု လဲ ငြိမ်းချမ်း ရေးဆွေးနွေးဖို့ အစိုး၇ ဖက်က အဆင့် အမြင့် ဆုံး နယ်ဖက် စစ်ဖက်က လူတွေ သွား ပေ မဲ့ KIA ဖက်က အရေးမပါတဲ့ လူတွေ လွတ်လိုက်တာ ဒင်းတို့ သဘောထား က အ၇မ်း သိသာလွန်းတယ်။ အကြောင်းပြချက်က စစ်ဆင်ရေး ကွက်ကဲနေလို့တဲ့။ ပြည်ထောင်စုတပ်ဖက်က စစ်ဆင်ရေး ကွပ်ကဲမှူး ရော ဒေ သ တိုင်းမှူး နှစ်ယောက်လုံးရော
အစည်း အဝေးတက်ဖို့ လာနေ ချိန်မှာ KIA တပ်မှူးက စစ်ဆင်ရေး ကွပ်ကဲနေတယ်ဆို တော့ ဒင်းတို့ ဘယ်လောက်မရိုးသား လဲဆိုတာ ပြနေတာဘဲ
-79 #7 Phoe Khant 2012-11-04 18:37
ထူးဆန်းတယ်ဗျာ။မရိုးသားသလိုခံစားရတယ်။ ကိုယ့်အပြစ်ကိုဖုံးကွယ်ပြီးရန်ဖက်မကောင်းကြောင်းပြောနေသလိုဘဲ။သတင်းမဟုတ်သလိုဘဲ။
သိချင်တာက တိုက်ပွဲသတင်း ၊ ဘာ့ကြောင့်ဖြစ်လဲသတင်း ။ နှစ်ဘက်စလုံးရဲ့ အင်အားပြောင်းလဲတဲ့သတင်း။ ဘယ်သူက ရှေ့တိုးနေလဲဆိုတဲ့သတင်း၊ခုတော့ ??
ခုချိန်ထိ တပ်မတော်ဘက်မှ ထိုးစစ် ပြု လား မပြုဘူးလား ဆိုတာတောင် သတင်းထဲ သဲသဲကွဲကွဲမပါသလိုဘဲ။
မေးပါရစေ။ မြန်မာ့တပ်မတော်ကော Portor မဆွဲဖူးဘူးလား။ကလေးစစ်သားမစု ဖူးဘူးလား။ တဘက်သတ်ကြီးလိုဘဲ။
ဒီတိုင်းဆိုရင်တော့ငြိမ်းချမ်းရေးတော့.......ရွှေပြည်တော်.......

P.S I am not a Kachin.
+86 #6 ကိုလတ် 2012-11-04 18:29
KIA သာ၇ိုးသားတယ်ဆို၇င် ကချင်လူမျီုးတွှေအတွှက်ကြီုးပမ်းနေတယ်ဆို၇င်၊KIA ခေါင်းဆောင်တွှေသာကောင်းစားေ၇းလို့ မတွှေးဘူးဆို၇င်၊ ကချင်ပြည်ကိုယ်ပိုင်အုပ်ချုပ်ခွှင့် ကိုလိုတယ်ဆို၇င်၊ ငြိမ်းချမ်းေ၇းတကယ်မြတ်နိုးတယ်ဆို၇င်၊ ဘာလို့ ငြိမ်းချမ်းေ၇းဆွှေးနွှေပွှဲကိုခေါင်းဆောင် ဗိုလ်ဂွှမ်မော်မတက်တာလဲ။ တက်ခဲ့ လို့ ၇ှိ၇င်အမှန်တွှေပေါ်မှာကြောက်လို့ လား။ဒါမှမဟုတ်ငြိမ်းချမ်းေ၇း၇ခဲ့ လို့ ၇ှိ၇င်အာဏာလက်လွှတ်ဖြစ်သွှားမှာမို့ လားလို့ မေးချင်နေပါတယ်။ ခင်ဗျားတို့ ကြောင့် ကချင်လူထုဒုကေ၇ာက်နေတာကိုတွှေ့ နေလျှက်နှင့် ခင်ဗျားနတို့ ငြိမ်းချမ်းေ၇းမယူတာအံ့ သြတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။