စတုတ္ထမဏ္ဍိုင် (အင်တာနက် သတင်း စုစည်းမှုများ)
ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
လျှပ်စစ်
Home
ပြည်သူ့ရင်ဖွင့်စကား
နည်းပညာသတင်း
အာရောဂျံ
Monday, November 5, 2012
ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား
ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား
Written by ဇွဲဝေယံ
Saturday, 03 November 2012 11:26
မင်္ဂလာပါ ကိုအောင်ဇော် (ဧရာဝတီ)။ အကိုရေးသားထားတဲ့ Fresh Arakan Strife Bad Omen for Reform ဆိုတဲ့ ဆောင်းပါးကို ပြန်ပြီး ဝေဖန်ထားတာပါ။ ဝါရင့် သုံးသပ်သူ တစ်ယောက် မဟုတ်ပေမယ့် ကျန်ခဲ့တယ်လို့ ထင်တဲ့ အချက်တွေကို ဖော်ပြထားတာပါ။
‘ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို လျှင်လျှင်မြန်မြန် မရပ်တန့်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံနဲ့ ရခိုင်ဒေသရဲ့ တည်ငြိမ်မှုကို ထိခိုက် လာနိုင်ပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဒီကိစ္စမှာ နှုတ်ဆိတ်နေမယ် ဆိုရင် မြန်မာ့ ဒီမိုကရေစီ လမ်းကြောင်းဟာ နောက်ပြန်လှည့်သွားနိုင်ပါတယ်’
လို့ အကို ရေးခဲ့တယ်။
ဘာကြောင့် ဒီအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာခဲ့တာလဲ။ ကိုအောင်ဇော်ကတော့ ဒါဟာ ဘာသာရေးဆိုင်ရာလည်း မဟုတ်သလို လူမျိုးရေးဆိုင်ရာလည်း မဟုတ်ပါဘူးလို့ ရည်ညွှန်းထားပါတယ်။ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင် ပစ်ဆူဝန်ရဲ့ ‘ဒီကိစ္စဟာ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဥပဒေဆိုင်ရာ ကိစ္စတစ်ရပ် ဖြစ်တယ်’ ဆိုတဲ့ စကားကိုလည်း ကိုးကားထားပါတယ်။ ဒါ့အပြင် လူတစ်စုကနေ ဒီကိစ္စတွေ ဖန်တီးဖို့ နောက်ကွယ်က ကြံစည်နေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ လက်ရှိ ဒီမိုကရေစီ ခေါင်းဆောင်တွေကိုလည်း တုံ့ပြန်ဖို့ လက်နှေးနေတဲ့အတွက် အပြစ်တင်ခဲ့ပါတယ်။
ကိုအောင်ဇော်အနေနဲ့ သီအိုရီနှစ်ခုကိုလည်း ဖော်ပြခဲ့ပါတယ်။ သီအိုရီ တစ်ခုကတော့ ကြံ့ခိုင်ရေး ပါတီအတွင်းက အမာခံ ခေါင်းဆောင် တစ်ချို့ကနေ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ရပ်တန့်သွားအောင် လုပ်ဆောင်တာလို့ ဖော်ပြထားပါတယ်။ နောက်သီအိုရီ တစ်ခုကတော့ စစ်တပ်ကို လူမြင်ကွင်းထဲ ပြန်ခေါ်လာပြီး အာဏာကို ပြန်ထိန်းဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့ရှိ ဖေယာလမ်းအား အောက်တိုဘာလ ၃၁ ရက်နေ့ကတွေ့ရစဉ်
အာရပ် နွေဦးတော်လှန်ရေး ဖြစ်ပြီးနောက်ပိုင်းမှာ မူဆလင် အစွန်းရောက်တွေ အနေနဲ့ သူတို့ရဲ့ ဦးတည်ချက်ကို အမေရိကန်ဆီ တိုက်ရိုက် ပစ်မှတ်ထားရာကနေ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ နေရာတွေကို ပြောင်းလဲလာခဲ့ပါတယ်။ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ပြောသလို သူတို့အနေနဲ့ ပိုပြီး အားနည်းတဲ့ ဒေသတွေကို ဦးတည်လာတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဲဒီ့ ဒေသတွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ ဒေသတွေ ဆိုရင် သူတို့ အနေနဲ့ ပစ်မှတ်ထားလာနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ အာဏာရှင် လက်အောက်ကနေ လွတ်မြောက်လာတာ မကြာသေးပါဘူး။ ဒီတော့ ဒီမိုကရေ ဖွံ့ဖြိုးရေး လုပ်ဆောင်နေတုန်း အာနည်းနေသေးတဲ့ အချိန်မှာ လာပြီး အားစမ်းတာလား။ ဒီတွေးထင်ယူဆချက်မျိုးဟာ လုံးဝ ပြစ်ပယ်လို့ မရဘူးဆိုတာ နိုင်ငံရေး ကျွမ်းကျင်သူတိုင်း သိကြပါတယ်.....
ကိုအောင်ဇော်အနေနဲ့ ကျန်ခဲ့တဲ့ အရေးကြီးတဲ့ အချက်ကတော့ မြန်မာနိုင်ငံဟာ မဟာဗျူဟာ ကျတဲ့ နေရာ တစ်ခုမှာ တည်ရှိနေတာပါ။ မြန်မာနိုင်ငံကနေ တစ်ဆင့် အန္ဒိယ သမုဒ္ဒရာဆီကို ထွက်ပေါက်ရဖို့ တရုတ်က ကြိုးစားနေသလို တရုတ်ရဲ့ ဩဇာအာဏာကို ပြန်ထိန်းဖို့ အမေရိကန်ကနေ မြန်မာနိုင်ငံကို အလိုရှိနေပါတယ်။ ဒါတင်မကသေးပါဘူး မြန်မာနိုင်ငံအနေနဲ့ အစွန်းရောက် အစ္စလာမ်မစ် ဝါဒီတွေရဲ့ မျက်စိကျခြင်းကို ခံနေရတယ်လို့ ယူဆပါတယ်။ အခု နောက်ဆုံး ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေ မဖြစ်ခင်က ဖိလစ်ပိုင်မှာ မင်ဒါနာအိုက မူဆလင် အကြမ်းဖက်သမားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝ ပေးခဲ့ရတာကို ကိုအောင်ဇော်သိမှာပါ။ (ပြည်ထောင်စု အစိုးရကနေ စွတ်ဖက်ခွင့် မရှိ သလောက် ဖြစ်သွားတယ်။) ဇွန်လအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပြီး မကြာခင်မှာပဲ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အစွန်းရောက် မူဆလင်တွေရဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါတွေကို တိုက်ဆိုင်မှုလို့တော့ ပြောလို့ မဖြစ်နိုင်ပါဘူး။
အာရပ် နွေဦးတော်လှန်ရေး ဖြစ်ပြီးနောက်ပိုင်းမှာ မူဆလင် အစွန်းရောက်တွေ အနေနဲ့ သူတို့ရဲ့ ဦးတည်ချက်ကို အမေရိကန်ဆီ တိုက်ရိုက် ပစ်မှတ်ထားရာကနေ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ နေရာတွေကို ပြောင်းလဲလာခဲ့ပါတယ်။ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ပြောသလို သူတို့အနေနဲ့ ပိုပြီး အားနည်းတဲ့ ဒေသတွေကို ဦးတည်လာတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဲဒီ့ ဒေသတွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ ဒေသတွေ ဆိုရင် သူတို့ အနေနဲ့ ပစ်မှတ်ထားလာနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ အာဏာရှင် လက်အောက်ကနေ လွတ်မြောက်လာတာ မကြာသေးပါဘူး။ ဒီတော့ ဒီမိုကရေ ဖွံ့ဖြိုးရေး လုပ်ဆောင်နေတုန်း အာနည်းနေသေးတဲ့ အချိန်မှာ လာပြီး အားစမ်းတာလား။ ဒီတွေးထင်ယူဆချက်မျိုးဟာ လုံးဝ ပြစ်ပယ်လို့ မရဘူးဆိုတာ နိုင်ငံရေး ကျွမ်းကျင်သူတိုင်း သိကြပါတယ်။
ဇွန်လမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မတိုင်မီ ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီ့ အချိန်က နိုင်ငံတကာကလည်း ဒီအရေးကို အလေးထားခဲ့ကြပါတယ်။ဘာပဲပြောပြောဒီဖြစ်စဉ်ကို အကြောင်းပြုပြီး ကင်တာနားတို့ OIC တို့ က လူ့အခွင့်ရေးဆိုတာတွေ အသံပိုကျယ်နိုင်ခဲ့ကြပါတယ်။ နိုင်ငံတကာမှာ ပြန်လည် ဝင်ဆံ့ဖို့ ကြိုးစားနေတဲ့ ဦးသိန်းစိန် အစိုးရအနေနဲ့လည်း OIC ကို လက်ခံခဲ့ပြီး ကင်တားနားကိုလည်း မြန်မာနိုင်ငံကို လာဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမြန်မာနိုင်ငံမှာ OIC ရုံးဖွင့်ဖို့ ကိစ္စတွေကို တစ်နိုင်ငံလုံးနီးပါး လက်မခံ နိုင်ကြောင်းဆန္ဒပြခဲ့ကြတယ်။ အဲဒီ့ ဆန္ဒပြမှုတွေကြောင့်OIC ကိစ္စတစ်ခန်းရပ်ပြီးချိန်မှာ ရခိုင် ပဋိပက္ခကတွေ ချက်ချင်းပဲတစ်ကျော့ပြန်ဖြစ်တာလို့ ဆိုကြပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလား။ ဖြစ်ပြန်တော့လည်း အာဆီယံ ထိပ်သီး အစည်းအဝေး မလုပ်ခင်လေးတင်ပါပဲ။ အာဆီယံမှာ ဒီကိစ္စကို ရှေ့တန်းတင်လာ နိုင်ပါသလား။ (အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာဆိုရင် သူတို့ရဲ့ တခြား ပြဿနာတွေကို ဆွေးနွေးရမှာ စိုးလို့ အမြဲတမ်း အစ္စရေး ပါလက်စတိုင်း ပြဿနာကိုပဲ ရှေ့တန်းတင်ခဲ့တဲ့ သာဓကတွေရှိပါတယ်။) အာဆီယံအနေနဲ့ အဓိကပြဿနာတွေကို ဆွေးနွေးတိုင်ပင်မှု မပြုပဲ ရခိုင်အရေးကို နိုင်ငံတကာ အရေးကိစ္စတစ်ခုလို သဘောထားလို့ မဖြစ်ပါဘူး။ ပြီးတော့ အခုပဋိပက္ခတွေ ဖြစ်ပွားတဲ့ ကျောက်ဖြူဒေသဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရဲ့ အဓိကနေရာလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကိုလည်း ၂၀၁၃ မှာ လည်ပတ်နိုင်အောင် လုပ်ဆောင်နေချိန်မှာ ချိန်ကိုက်ပြီး ပဋိပက္ခတွေ ဖန်တီးခဲ့သလားဆိုတာလည်း စဉ်းစားစရာပါပဲ။
ကိုအောင်ဇော်ရေ ဒါကို တိုက်ဆိုင်မှုတွေလို့ပဲ မြင်သလားဘယ်လိုမျိုး မြင်ပါသလဲ။ ကျွန်တော်ကတော့ ဒါတွေဟာတိုက်ဆိုင်မှုလို့မထင်ပါဘူး။ တကယ်လို့ အဲဒီ့ အကြမ်းဖက်မှုတွေကို အစွန်းရောက် မူဆလင် အုပ်စုတစ်စုကနေ လုပ်နေပြီးတော့ ဖိလစ်ပိုင် တုန်းကလိုမျိုး အကြွင်းမဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆို မလို့လား။ မြန်မာနိုင်ငံသား အများစုဟာ ဘင်္ဂါလီတွေကို မြန်မာ့တိုင်းရင်းသား လူမျိုးအဖြစ် လက်မခံချင်ဘူးဆိုတာ မှန်ပေမယ့် နိုင်ငံသားအဖြစ် (လုံးဝ) လက်မခံနိုင်တာတော့ မဟုတ်ပါဘူး။ မြန်မာဘာသာစကားနဲ့ စာပေကို ကျွမ်းကျင်ပြီး တရားဝင် နိုင်ငံသားအဖြစ် မှတ်ပုံတင်ထားတဲ့ သူတွေကိုတော့ နိုင်ငံသားပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင်းမှာ နေလာတဲ့ သူတွေကိုလည်း မြန်မာစာပေ ကျွမ်းကျင်မှုရှိရင် ဧည့်နိုင်ငံသားအဖြစ် အသိအမှတ် ပြုနိုင်ပါတယ်။ လူမျိုးစုတွေဟာ အတူတကွ ယှဉ်တွဲနေထိုင်လို့ရပါတယ်။ အရင်လည်း နေခဲ့ကြဖူးပါတယ်။ ဒါကို ဘယ်သူတွေ ဖျက်ခဲ့ကြတာလဲ။
အလေးအနက်ထားဖို့ လိုတဲ့ အချက် နောက်တစ်ချက်ရှိပါသေးတယ်။ ဘင်္ဂါလီတွေကို ဒုက္ခသည် စခန်းတွေနဲ့ ထားတာ မကောင်းပါဘူး။ ဒုက္ခသည် စခန်းတွေကနေ အစွန်းရောက်တွေ ပေါက်ဖွားတာမျိုး မလိုချင်ပါဘူး။ လက်ရှိ မြန်မာပြည်တွင်းကို ရောက်နေတဲ့ ဘင်္ဂါလီတွေကို သူတို့ရဲ့ မူရင်းနိုင်ငံ ဒါမှမဟုတ် တတိယနိုင်ငံ တစ်ခုခုကို ပို့ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေကို ခွဲခြားပြီး ထားလိုက်မယ်ဆိုရင် နောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ လုပ်ဆောင်လာတဲ့ အချိန်မှာ ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ သူတို့တွေ အနေနဲ့ မဲပေးပိုင်ခွင့် လွှတ်တော် ထဲဝင်ရောက်ခွင့်တို့ တောင်းဆိုလာနိုင်ပါတယ်။ (ဧည့်နိုင်ငံသားတွေ အနေနဲ့ ဒီလုပ်ပိုင်ခွင့်တွေ မရှိပါဘူး။) ဒါ့ကြောင့် သူတို့ကို ဒေသခံ တိုင်းရင်းသားတွေနဲ့ အတူတူ ယှဉ်တွဲ နေထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ရခိုင်ဒေသမှာ စီပွားရေးနဲ့ ပညာရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒေသတစ်ခုဟာ ဖွံ့ဖြိုးလာပြီး ဒေသခံတွေ အသိဉာဏ် ကြွယ်ဝလာပြီဆိုရင် ဒီလိုမျိုး ပဋိပက္ခတွေလည်း အဖြစ်နည်းလာနိုင်ပါတယ်။ ဒါပေမယ့် မဲပေးဖို့တော့ မျိုးဆက် ၂ဆက်ထက်မနည်း စောင့်ရပါမယ်။ ဒါ့အပြင် ဘင်္ဂါလီ ဝန်ထုပ် ဝန်ပိုးကို ရခိုင်ဒေသ၊ ရခိုင်လူမျိုး တွေချည်းပဲ ထမ်းဖို့ဆိုတာ မဖြစ်သင့်ပါဘူး။ နိုင်ငံသား မှတ်ပုံတင် စီစစ်ပြီး နိုင်ငံသား စစ်မှန်ရင် နိုင်ငံသားတွေ နည်းတူ အခွင့်အရေး ပေးရမှာပဲပေါ့။ တစ်နိုင်ငံလုံးမှာ လှည့်လည် သွားလာခွင့်လည်း ပေးရပါမယ်။
ခေါင်းဆောင်တွေ အနေနဲ့ အမြင်မတူတဲ့သူတွေဆီက မှန်ကန်ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရယူဖို့ လိုပါတယ်။ သမိုင်း မှာလည်း အဲဒီ့လို မလုပ်ခဲ့မိလို့ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။ ဇွန်လအတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဘင်္ဂါလီ လူများစု ရှိတဲ့ နေရာတွေမှာ ဖြစ်ခဲ့တာပါ။ ယခု နောက်တစ်ကြိမ်မှာ ဘာဖြစ်လို့ ဘင်္ဂါလီ လူနည်းစု နေရာတွေမှာ ဘင်္ဂါလီတွေဖက်က စခဲ့သလဲဆိုတာ စဉ်းစား စရာပါ။ သူတို့ကို ရခိုင်တွေကနေ နှိပ်စက်နေတယ်လို့ ရှုမြင်စေချင်လို့လား။ ဒီလိုအချိန်မျိုးမှာ ရခိုင် တိုင်းရင်းသားတွေ အနေနဲ့လည်း ဒေါသတွေကို ထိန်းဖို့လိုပါတယ်။ ရိုဟင်ဂျာဆိုတာ ပေါ်လာတာ မကြာသေးပါဘူး။ အခုတော့ အဲဒီ့ လူမျိုးစုကို အကြောင်းပြပြီး တောင်းဆိုနေတာဟာ ဖိလစ်ပိုင်မှာ အစွန်းရောက်တွေရဲ့ အုပ်ချုပ်မှု တောင်းဆိုပုံနဲ့ ဆင်တူနေပါတယ်။ လုံးဝ လက်မခံနိုင်ပါဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာမရှိပါဘူး။ မြန်မာ့သမိုင်းမှာလည်း မရှိခဲ့ပါဘူး။ဒီအဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ နိုင်ငံ ပထဝီဝင် အနေအထားတွေနဲ့ နိုင်ငံရေး အသွင်အပြင်တွေကို မီးမောင်း ထိုးပြလိုက်တာပါပဲ.....
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေဟာ အမျိုးသားရေး ပြဿနာ၊ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ တင်ပြပြီး ဖြေရှင်းရမယ့် နိုင်ငံတကာ အရေးကိစ္စမျိုး မဟုတ်ပါဘူး။ ဒီပြဿနာတွေကို ဒေသတွင်းမှာသာ ဖြေရှင်းဖို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေချင်ရင်တော့ ကျောက်ဖြူ ပိုက်လိုင်း ကိစ္စလိုမျိုး စီမံကိန်းတွေ ဖော်ဆောင်ဖို့ လိုပါတယ်။ တရုတ်ရဲ့ စီးပွားရေး လက်ဝါးကြီး အုပ်မှုကိုလည်း မခံရအောင် ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုလည်း နည်းပါးအောင် လုပ်ကိုင်ဖို့တော့ လိုပါတယ်။ ဒီလို စီမံကိန်းတွေကနေ ဒေသခံတွေ အတွက် အကျိုးအမြတ်တွေ ရရှိအောင် ဖန်တီးရပါလိမ့်မယ်။
ကျနော့် အနေနဲ့ပြောရရင်တော့ ခေါင်းဆောင်တွေ အနေနဲ့ အမြင်မတူတဲ့သူတွေဆီက မှန်ကန်ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရယူဖို့ လိုပါတယ်။ သမိုင်း မှာလည်း အဲဒီ့လို မလုပ်ခဲ့မိလို့ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။ ဇွန်လအတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဘင်္ဂါလီ လူများစု ရှိတဲ့ နေရာတွေမှာ ဖြစ်ခဲ့တာပါ။ ယခု နောက်တစ်ကြိမ်မှာ ဘာဖြစ်လို့ ဘင်္ဂါလီ လူနည်းစု နေရာတွေမှာ ဘင်္ဂါလီတွေဖက်က စခဲ့သလဲဆိုတာ စဉ်းစား စရာပါ။ သူတို့ကို ရခိုင်တွေကနေ နှိပ်စက်နေတယ်လို့ ရှုမြင်စေချင်လို့လား။ ဒီလိုအချိန်မျိုးမှာ ရခိုင် တိုင်းရင်းသားတွေ အနေနဲ့လည်း ဒေါသတွေကို ထိန်းဖို့လိုပါတယ်။ ရိုဟင်ဂျာဆိုတာ ပေါ်လာတာ မကြာသေးပါဘူး။ အခုတော့ အဲဒီ့ လူမျိုးစုကို အကြောင်းပြပြီး တောင်းဆိုနေတာဟာ ဖိလစ်ပိုင်မှာ အစွန်းရောက်တွေရဲ့ အုပ်ချုပ်မှု တောင်းဆိုပုံနဲ့ ဆင်တူနေပါတယ်။ လုံးဝ လက်မခံနိုင်ပါဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာမရှိပါဘူး။ မြန်မာ့သမိုင်းမှာလည်း မရှိခဲ့ပါဘူး။
ဒီအဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ နိုင်ငံ ပထဝီဝင် အနေအထားတွေနဲ့ နိုင်ငံရေး အသွင်အပြင်တွေကို မီးမောင်း ထိုးပြလိုက်တာပါပဲ။ ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ ရပ်တည်ချက်ကိုလည်း သံသယ ဝင်စရာ ရှိပါတယ်။ သူတို့နဲ့ အစွန်းရောက် မူဆလင်တွေ ကြားမှာ ရှိနေတဲ့ ပြဿနာတွေကို အရှေ့တိုင်းဖက် အာရုံ လွှဲတာ မဟုတ်ဘူးလို့ ပြောနိုင်သလား။ အဲဒီ့လိုမျိုး စိတ်ကူးတွေ ရှိနေရင် ဘယ်လို လုပ်မလဲ။ တချိန်တုန်းကလည်း ဘီဘီစီက ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာ ဒေသလို့ ဖော်ပြခဲ့ဖူးသေးတယ်။ ဒီတော့ အစိုးရကိုပဲ အပြစ်ပုံချနေလို့လည်း မဖြစ်သေးပါဘူး။ မြင်ကွင်းနောက်ကွယ်မှာ ရှိနေတဲ့ အကြံဉာဏ်တွေကိုလည်း ထည့်စဉ်းစားရပါမယ်။ တိုင်းရင်းသားတွေအနေနဲ့လည်း အပေါ်ယံရှုမြင်နေလို့ မဖြစ်တော့ပါဘူး။ လေးလေးနက်နက်နဲ့ စဉ်းစားသင့်ပါတယ်။
ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ဒေါ်အောင်ဆန်းစုကြည် ထောက်ပြခဲ့သလိုမျိုး အုပ်ချုပ်မှု ညံ့ဖျင်းတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကျွန်တော်မြင်တာကတော့ တရားဥပဒေစိုးမိုးရေးကိစ္စတစ်ခုတည်းကြောင့် မဟုတ်သလို၊ လက်ရှိကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲတွေ၊ ကျွန်တော်တို့နိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး နဲ့ လက်ရှိနိုင်ငံရဲ့ အခြေနေတွေကိုပါ ထည့်သွင်းစဉ်းစားကြရမှာပါ။
ကိုအောင်ဇော်ရေ တကယ်တော့ ဒီပြဿနာဟာ သာမန် အုပ်ချုပ်မှုဆိုင်ရာနဲ့ နိုင်ငံရေး အကျပ်အတည်းလည်း မဟုတ်ဘူးလို့ ယူဆမိပါတယ်။ ဒီကိစ္စကို အစိုးရချည်းသက်သက် ဖြေရှင်းလို့ မရနိုင်ပါဘူး။ အတိုက်အခံတွေ အနေနဲ့လည်း နောက်ကွယ်က ကြိုးကိုင်နေတဲ့ လက်တွေကို မြင်နေရပါမယ်။ပြည်ထောင်စုစစ်စစ်ကိုလိုလားတဲ့ တိုင်းရင်းသားလူမျိုးစုနွယ်တွေအားလုံး ၀ိုင်းဝန်းဖြေရှင်းကြဖို့လိုပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်၊ တရုတ်၊ အစွန်းရောက် ဘာသာရေးသမား အဲဒီ့လိုလူတွေ လက်ထဲကို ကျရောက်သွားလို့ မဖြစ်ပါဘူး။ ဒီအချက်ကို ဧရာဝတီ အနေနဲ့ လစ်လျူရှုထားတာလား။ ထည့်စဉ်းစားဖို့ပဲ မေ့နေခဲ့တာလား။ ဒါမှမဟုတ် နိုင်ငံတကာ သတင်းဌာနတွေရဲ့ ရေးသားမှုတွေကြားမှာ မလွန်ဆန်နိုင်တာလား။
အမည်
ဇေယျာနန္ဒ
မွေးသက္ကရာဇ်
၁၉၉၄
အသက်
၁၈ နှစ်
ရာထူး
အယ်ဒီတာ
ပညာအရည်အချင်း
First Year (Political Science)
(ယခုရေးသားသူမှာ အသက် ၁၈နှစ်သာ ရှိသေးသော EMG ၏ လူငယ် အယ်ဒီတာ တစ်ဦးဖြစ်ပါသည်။ ၎င်း၏ အင်္ဂလိပ် ဘာသာဖြင့် ရေးသားချက်ကို ANN တွင်လည်း ဆက်လက်ဖော်ပြသွားပါမည်။ ၎င်း၏ ရေးသားချက်သည် EMG ၏ အာဘော်လည်း ဖြစ်ပါသည်။)
Comments
+16
#13
koyorda
2012-11-05 20:52
စာဖတ်သူတစ်ယောက်အနေနဲ့ မေးလို့ရရင် မေးချင်ပါတယ်။
ဘာကြောင့်များ ဒီ ဆောင်းပါးရေးသူဟာ ၁၈ နှစ်သား ဖြစ်ပါတယ်ဆိုတဲ့ အညွှန်းကို ထပ်ညွှန်းပေးထားရတာပါလဲ။
ဆောင်းပါးရေးသူဟာ အယ်ဒီတာ တစ်ဦး နာမည် (သို့) ကလောင်နာမည်နဲ့တကွဆိုရင်ကို လုံလောက်ပြီလို့ မထင်ဘူးလား EMG ခင်ဗျာ။
မလိုလားအပ်တဲ့ ကိစ္စတချို့ တွေ အခန့်မသင့်ရင် ဒီ ၁၈ နှစ်သား ဆိုတဲ့ စကားရပ်လေးအပေါ်ကနေ ဖြစ်လာနိုင်တတ်တယ်ဆိုတာ ဒီအယ်ဒီတာလေး ရေးသော ယခုလို စာစုအပေါ် ထပ်မံ သုံးသပ်တည်းဖြတ်ပေးသော စီနီယာအယ်ဒီတာမင်းအပေါင်းတို့အနေနဲ့ ကြိုတင်မြင်နိုင်စွမ်း ရှိမယ်လို့ ထင်ပါတယ်။
ရိုသေလေးစားစွာဖြင့် -
EMG စာဖတ်ပရိသတ်တစ်ဦး
-1
#12
White Flag
2012-11-05 20:45
အဟောင်းတွေ အသစ်ဖြစ်နေပြီ ။ ရှေးဆုတောင်းလေး တစ်လိုပေါ့။ နတ်(ပ်)လူချမ်းသာပါစေသော် ဆိုသလိုပေါ့။ အများစု လက်ခံနိုင်ရင်အမှန်တရား။ ဂျာနယ်တွေပြောတဲ့ ပွင့်လင်းမြင်သာမှုမရှိလို့ပါ ။ ဒါကလည်းအခုမှမဟုတ်။ နု-အက်တလီ --------။ (Col. ချစ်ကောင်း အနှစ်နှစ်ဆယ်၊ဦးသိန်းညွန့်တောင် ရှေ့နေလိုက်မှုအတွက် ကိုးကားပြောဆိုခဲသော စာအုပ်) ။ လူကြီမင်းများ ဖြစ်ချင်တာဖြစ်ဆိုပြီးလွတ်ထားတဲ့သူတွေ ပျော်အောင် ????? လွတ်လပ်စွာ သဘောထားကွဲကြပါစို့.
+13
#11
ရခိုင်သား
2012-11-05 13:15
အတူယှဉ်တွဲနေထိုင်ရေးနဲ့ပြည်ထောင်စုစိတ်ဓါတ်(အဆက်)
နောက်တစ်ခုကတိုင်းရင်းသားတွေကလွဲလို့
ဘင်္ဂလီတွေရဲ့သားပေါက်နှုန်းကို
ထိန်းချုပ်တဲ့ဥပဒေသတ်မှတ်ပေးရမယ်(
နိုင်ငံသားထက်တိုင်းရင်းသားကပိုပြီးအခွင့်ရေးရသင့်လို့)။အဲလိုမထိန်းချုပ်လို့ကတော့မင်းတို့ငါတို့လူမျိုးတွေရဲ့ လူဦးရေကို နှစ်အနည်းငယ်အတွင်း
ကျော်တက်သွားလိမ့်မယ်။မင်းတို့ငါတို့မိန်းမယူရင် အများဆုံးခလေးယူမှ၃ ယေက်ပေါ့ကွာ။ဒီကောင်တွေမှာက အိမ်ထောင်စုတစ်ခုခလေးအယောက်
၁၀လောက်မွေးကြတယ်။ငွေရှိရင်မိန်းမကို ကြိုက်သလောက်ယူလို့ရတဲ့ယဉ်ကျေးမှု
ကလည်းသူတို့မှာရှိတယ်မလား။မိန်းမတစ်ယောက်ယူတာချင်းတူရင်တောင် သားပေါက်နှုန်းတွေက
ငါတို့လူမျိုးတွေနဲ့တခြားစီပါ။ဒီသားပေါက်နှုန်းအတိုင်းဆက်သွားရင် နောင်အနာဂတ်ဆယ်စုနှစ်အတွင်း
၂၁ရာစုမကုန်မခင်မှာ မြန်မာနိုင်ငံ၏လူဦးရေအများဆုံးဟာမင်းတို့ငါတို့လူမျိုးမဟုတ်တော့ဘဲ
ကုလားတွေဖြစ်သွားမှာမြေကြီးလက်ခတ်မလွဲ။အဲဒီအချိန်ကျရင် ဒီကောင်တွေငါတို့နိုင်ငံကို
အစ်စလမ်မစ်နိုင်ငံလုပ်ရင်လုပ်၊သို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းလာမှာသေချာပါတယ်။
ဘင်္ဂလီအပါဝင်မွတ်ဆလင်ကုလားအားလုံးနဲ့အတူယဉ်တွဲနေထိုင်တဲ့အခါမှာ ကုလားတွေကလူနည်းစု
ဖြစ်တဲ့အချိန်မှာ ပြသနာမရှိပေမယ့်အဲ…. ရခိုင်ပြည်မှာလို ကုလားများလာပြီဆိုရင်တော့ ဒီလို
အကြမ်းဖက်မှုတွေကဖြစ်လာမှာဘဲ။ရခိုင်ပြည်မှာ ဘင်္ဂလီနဲ့ရခိုင်သားတွေဖြစ်နေတဲ့အဓိက
အကြောင်းရင်းက
ရခိုင်သမိုင်းကိုလု၊ရခိုင်သမိုင်းကိုလိမ်ပြီးရခိုင်ပြည်ကိုအပိုင်သိမ်းကာအစ်စလမ်မစ်နိုင်ငံထူထောင်ချင်တာ
ကစတာပဲ။သူတို့စိတ်ထဲမှာရခိုင်ပြည်ကိုအပိုင်သိမ်းပြီး အစ်စလမ်မစ်နိုင်ငံထူထောင်ချင်တဲ့ဆန်ဒ
ရှိနေသရွေ့ ငြိမ်းချမ်းစွာအတူနေဖို့ဆိုတာ ဘယ်သောအခါမှဖြစ်လာမှာမဟုတ်ဘူး။
သူတို့ရဲ့အတွင်းစိတ်ထဲက
အစ်စလမ်မက်နိုင်ငံအိပ်မက်ဟာလဲဘယ်တော့မှပျောက်ပျက်သွားမှာမဟုတ်ဘူး။ဘင်္ဂလီအပါဝင်အစ်စလမ်ဘာသာဝင်အားလုံးဟာအဲဒီစိတ်ဓါတ်တွေကိုမပြင်နိုင်သမျှအတူယှဉ်တွဲနေထိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူး။
ဖြစ်နိုင်ရင်တော့ ကုလားတွေတစ်ယောက်မှမရှိမှ နယ်မြေကျူးကျော်မှုစစ်ပွဲတွေလုံးဝပြီးဆုံးသွားမှာပါ။
ရခိုင်ပြည်မှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေဟာသာမန်ပြသနာမဟုတ်ဘူးနော်။
ခေတ်သစ်နယ်ချဲ့စစ်ပွဲလို့ပြောလို့ရတယ်။
ကုလားတွေတစ်ယောက်မှမရှိအောင်လိုက်ထုတ်လို့ကလည်းမရတော့ ကုလားမရှိအောင်လုပ်ဖို့တစ်နည်းပဲရှိတယ်။အဲဒါကတော့ ကုလားတွေဆီက၊ကို ကွမ်းယာမှအစ
ဇိမ်ခံပစ်စည်းအဆုံး ဘာတစ်ခုမှမ၀ယ်၊မရောင်းတဲ့နည်းဘဲ။နောက်တစ်ခုကကုလားတွေနဲ့လုံးဝသွေးမရောမိ
ဖို့ဘဲ။ နောက်ဆုံးတစ်ခုပြောခဲ့မယ်ပြည်ထောင်စုစိတ်ဓါတ်ပီသရင်တရားဝင်တယ်လို့သတ်မှတ်ပြီးတဲ့ဘင်္ဂလီတွေကို တစ်နိုင်ငံလုံးလွတ်လွပ်စွာသွားခွင့်ပြုလိုက်ပါ။
ရခိုင်ပြည်ကနေဘယ်နေရာကိုမှသွားလို့မရခြင်းသည်တရားဝင်တယ်လို့သတ်မှတ်လို့မရသေးပါ။
ထိုဥပဒေသည်ရခိုင်ပြည်တစ်ခုတည်းကိုသာကုလားဆိုးဒဏ်ကိုခါးစည်းပြီးခံခိုင်းထားသလိုဖြစ်နေပါတယ်။ဒီတော့တရားဝင်ကုလားမှန်သမျှ တစ်နိုင်ငံလုံးခရီးသွားခွင်ရအောင်၊နေခွင့်ရအောင် လုပ်ပေးဖို့အစိုးနဲ့ပြည်သူတိုင်းမှာ
လုံးဝတာဝန်ရှိတယ်။မင်းတို့တစ်လှည့်ကုလားတွေအကြောင်း သိအောင် အတူယှဉ်တွဲနေကြည့်ပေါ့ကွာ။
ငါတို့ကအတူနေဖူးလို့ကုလားတွေရဲ့ခါးသီးတဲ့ နယ်မြေလုမှုကိုခံခဲ့ရပြီးပြီ။မင်း
တို့တစ်လှည့်အိမ်ရှင်လုပ်ကြနော်။
တစ်ခုတော့သတိထား မင်းတို့ပိုင်တဲ့ပြည်ထောင်တစ်ခုကို သူတို့အပိုင်မသိမ်းဖို့၊မလုယူဖို့ကိုပေါ့။
+14
#10
ရခိုင်သား
2012-11-05 13:10
အတူယှဉ်တွဲနေထိုင်ရေးနဲ့ပြည်ထောင်စုစိတ်ဓါတ်
အစ်ကိုနည်းနည်းလောက်ဝင်ဆွေးနွေးချင်တယ်
ညီလေး။အစ်ကိုတို့နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံ(၈ပြည်ထောင်စု)ဖြစ်သည်နဲ့အညီတိုင်းရင်းသားအားလုံး
လည်း တန်းတူအခွင်ရေးရဖို့တောင်းဆိုနေကြတယ်။
တန်းတူအခွင့်အရေးဆိုတဲ့နေရာမှာ နိုင်ငံရေး၊
စီးပွားရေး၊လူမှုရေး၊ပညာရေး၊စာပေ၊ယဉ်ကျေးမှု၊
သမိုင်း စသည်ဖြင့်ပါဝင်ပါတယ်။နိုင်ငံရေးကို
လူမျိုးစုတစ်ခုကလက်ဝါးကြီးအုပ်တာမျိုး၊လူမျိုးတစ်မျိုး၏သမိုင်းကြောင်းကိုလူမျိုးစုတစ်ခုကမောင်ပိုင်စီးပြီး
လုတာမျိုး(ဥပမာရခိုင်မြို့ဟောင်းဓည၀တီနဲ
့မွန်မြို့ဟောင်းသုဝဏ်ဏဘူမိမြို့ဟောင်းတွေကို ပျူတွေရဲ့မြို့ဟောင်းအဖြစ်လိမ်လည်ခြင်းမျိုး)၊စီးပွားရေးလက်ဝါးကြီးအုပ်တာမျိုးမဖြစ်အောင်အားလုံးတန်း
တူညီမျှဖြစ်ဖို့တိုင်းရင်းသားတိုင်းဆန်ဒရှိကြတယ်
။နောက်ပြီးသယံဇာတအကျိုးအမြတ်ခွဲဝေပေးရေးဟာလည်းပြည်ထောင်စုသားအားလုံး
အတွက်အရမ်းအရေးပါပါတယ်။
ရသမျှသယံဇာတတွေကို ဒေသခံတိုင်းရင်းသား
တွေနဲ့ကျန်ဒေသေတွေကိုအချိုးကျခွဲဝေပေးချင်စိတ်လုံးဝမရှိဘဲ လူမျိုးတစ်ခု၊တစ်ပြည်ထောင်တည်းက သိမ်းကျုံးပြီးယူသွားတာမျိုးလည်းလုံးဝမဖြစ်သင့်ဘူး။
အရာအားလုံးဟာ ပြည်ထောင်စုစနစ်အရ တိုင်းရင်းသားအားလုံးတန်းတူညီမျှ
ခွဲဝေခံစားခွင့်ရကိုရသင့်တယ်။ဆိုတော့အစ်ကိုအဓိကဆွေးနွေးချင်တဲ့
ဘင်္ဂလီကုလားတွေနဲ့အတူယှဉ်တွဲနေထိုင်ရေးကို ပြောပါတော့မယ်။အတူယှဉ်တွဲ
ဆိုတဲ့နေရာမှာ ပါးစပ်ပြောသလောက်၊စာမှာရေးသလောက်လက်တွေ့မှာသိပ်ခက်တယ်။
ဘာလို့လဲဆိုတာ နေပြည်တော်မှာဘင်္ဂလီပညာတတ်တွေနဲ့ရခိုင်ပညာရှင်တွေ၊အစိုးရအရာရှိတွေပါဝင်တဲ့ဆွေးနွေးပွဲ
တစ်ခုဟာဘာပြေလည်မှုမှမရဘဲ ဆွေးနွေးပွဲအပြီး ဘင်္ဂလီပညာတတ်နဲ့ရခိုင်ညာရှင်တွေ
ဟာဓါတ်ပုံခဏလေးအတူတွဲရိုက်ဖို့တောင် တစ်ဘက်နဲ့တစ်ဘက်လုံခြုံရေးအယုံအကြည်ကင်းမဲ့ကာအရိုက်မဖြစ်ဘဲ
ပျက်သွားတယ်ဆိုတော့ ပူပူနွေးနွေးစစ်ပွဲဖြစ်ထားတဲ့သာမန်လူတွေအနေနဲ့အတူယှဉ်တွဲဖို့ဆိုတော်
မိုးနဲ့မြေလိုအလှမ်းဝေးနေပါတယ်။
ညီလေးပြောသလိုတရားဝင်နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေနဲ့အတူနေဖို့လက်ခံလို့ရပေမယ့် တရားမ၀င်
တဲ့ဘင်္ဂလီတွေနဲ့အတူနေဖို့ဆိုတာတော့လုံးဝမဖြစ်နိုင်ဘူး။ပြီးတော့တရားဝင်ဘင်္ဂလီတွေနဲ့
အတူနေရာမှာလည်း ပြည်ထောင်စုစနစ်နဲ့အညီ တရားဝင်ဘင်္ဂလီတွေကို ၈ပြည်ထောင်စု
သားတွေအညီအမျှခွဲဝေယူသင့်တယ်။ဒါမှ ၈ပြည်ထောင်စုဆိုတဲ့ပြည်ထောင်စုစနစ်ပီသ
လိမ့်မယ်။ဥပမာတစ်နိုင်ငံလုံးမှာ တရားဝင်ကုလား ၈၀၀၀၀၀၀ရှိရင် တစ်ပြည်ထောင်ကို တစ်ယောက်တစ်သန်းကျစီအချိုးကျခွဲဝေယူသင့်တယ်။မယူချင်လို့မရဘူး။ယူကိုယူရမယ်။ဒါမှဖားအော်သလိုအော်နေကြတဲ့
ပြည်ထောင်စုစိတ်ဓါတ်၊ပြည်ထောင်စုစနစ်ပီသပါမယ်။အဲလိုမဟုတ်ဘဲရခိုင်ပြည်တစ်ခု
တည်းကိုသာဘင်္ဂလီကုလားမွေးမြူရေးသားပေါက်စခန်း၊ရခိုင်ပြည်၊ရခိုင်လူမျိုးတစ်ခုတည်းကိုသာဘင်္ဂလီတွေရဲ့ခါးသီးယုတ်မာမှုကိုခံခိုင်းထားတာကတော့
လုံးဝပြည်ထောင်စုမပီသတာ၊ပြည်ထောင်စုစိတ်ဓါတ်လုံးဝမရှိတာဘဲ။သက်မဲ့အရာတွေကို အချိုးကျခွဲယူသလိုမျိုးသက်ရှိတရားဝင်ကုလားတွေကိုလည်း အချိုးကျခွဲဝေရမယ်
+7
#9
MZ Aye
2012-11-05 11:37
ဒီအဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ နိုင်ငံ ပထဝီဝင် အနေအထားတွေနဲ့ နိုင်ငံရေး အသွင်အပြင်တွေကို မီးမောင်း ထိုးပြလိုက်တာပါပဲ။ ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ ရပ်တည်ချက်ကိုလည်း သံသယ ဝင်စရာ ရှိပါတယ်။ သူတို့နဲ့ အစွန်းရောက် မူဆလင်တွေ ကြားမှာ ရှိနေတဲ့ ပြဿနာတွေကို အရှေ့တိုင်းဖက် အာရုံ လွှဲတာ မဟုတ်ဘူးလို့ ပြောနိုင်သလား။ အဲဒီ့လိုမျိုး စိတ်ကူးတွေ ရှိနေရင် ဘယ်လို လုပ်မလဲ။ တချိန်တုန်းကလည်း ဘီဘီစီက ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာ ဒေသလို့ ဖော်ပြခဲ့ဖူးသေးတယ်။ ဒီတော့ အစိုးရကိုပဲ အပြစ်ပုံချနေလို့လည်း မဖြစ်သေးပါဘူး။ မြင်ကွင်းနောက်ကွယ်မှာ ရှိနေတဲ့ အကြံဉာဏ်တွေကိုလည်း ထည့်စဉ်းစားရပါမယ်။ တိုင်းရင်းသားတွေအနေနဲ့လည်း အပေါ်ယံရှုမြင်နေလို့ မဖြစ်တော့ပါဘူး။ လေးလေးနက်နက်နဲ့ စဉ်းစားသင့်ပါတယ်။
Thank you for your opinion...I never think that point of view before...
+13
#8
ရခိုင်သား
2012-11-05 08:27
သတိ
ရခိုင်နဲ့ပတ်သက်သောသတင်း၊ဆောင်းပါးများတွင်ရေး
သောကွန်မင့်များတွင် ရခိုင်လူမျိုးတို့၏အမျိုးသားရေး
စိတ်ဓါတ်၊မျိုးချစ်စိတ်ဓါတ်နဲ့ရခိုင်တို့၏စည်းရုံးမှု(သို့)
ရခိုင်လူမျိုးတို့အားအပုတ်ချစော်ကားသော မည်သည့်စကားလုံးမှမသုံးနှုံးပါရန် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုရှေးရှုပြီး
ပြင်းထန်စွာတောင်းဆိုသည်။
Quote
+22
#7
Nayla
2012-11-04 20:41
ညီလေး တော်ပါတယ်။ ညီလေးလို အမျိုးသားရေးစိတ်ဓါတ်ရှိတဲ့၊ အရည်အချင်းရှိတဲ့လူငယ်လေးတွေအများကြီး ပေါ်ထွန်းနိုင်ပါစေ။
ရခိုင်အရေးမှာ ဖြစ်ပျက်ခဲ့တာတွေကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ဘင်္ဂလီကုလားတွေမှ ကြိုတင်အကွက်ချစီစဉ်ပြီး ရခိုင်တပြည်လုံးအနှံ အချိန်ကိုက်လုပ်ဆောင်ခဲ့ကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဓိကခေါင်းဆောင်ပြီး ညွှန်ကြားခဲ့သူတွေက ဗလီမော်လ၀ီတွေဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ဗလီတွေကို အဖွဲ့စုံမှ စုံစမ်းပြီးရှာဖွေသင့်ပါတယ်။ ဗလီအများစုတွင် လက်နက်၊ဂျင်ကလစ်စသည့်လက်နက်အများအပြားကို စုဆောင်းထားသည်ကို တွေ့မြင်ရပြီးဖြစ်ပါသည်။ ဥပမာ။ ။ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့တွင် ဘင်္ဂလီကုလားများမှ အလစ်အငိုက်ဖမ်းပြီး ရခိုင်အိမ်များကိုစတင်မီးရှို့ခြင်း၊ ဗလီအတွင်းမှ ဂျင်ကလစ်များ၊လေးဂွများ၊ မီးကွင်းများ၊ ဓာတ်ဆီပုလင်းများဖြင့် ရခိုင်အိမ်များကိုမီးရှို့ခြင်း၊ ပစ်ခတ်ခြင်း စသည်တို့ကိုလုပ်ဆောင်ခဲ့ကြရာ ဌာနဆိုင်ရာများမှ အရာရှိများကိုယ်တိုင် ထိခိုက်ခံစားခဲ့ရပြီးဖြစ်ပါသည်။ နှစ်ပေါင်းများစွာအချိန်ယူပြီး လက်နက်ခဲယမ်းများကိုကြိုတင်စုဆောင်းထားခြင်း၊ ရခိုင်တပြည်လုံးအနှံတပြေးညီ ပုံစံတူဆောင်ရွက်ကြခြင်းများမှာ နောက်ကွယ်မှ အဖွဲ့အစည်းမှ အမိန့်ပေး၍ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းသတိထားမိကြမည်ဖြစ်ပါသည်။ အဓိကအဖွဲ့အစည်းမှာ OIC နှင့် ဘင်္ဂလီအစွန်းရောက်အဖွဲ့အစည်းများဖြစ်ပါသည်။ အဆိုပါ နောက်ကွယ်မှအဖွဲ့အစည်းများကို ဖော်ထုတ်ပြီးအရေးယူမည်ဆိုလျှင်၊ ၁၉၈၂ခုနှစ်နိုင်ငံသားဖြစ်မှုဥပဒေအတိုင်းအရေးယူမည်ဆိုလျှင် ပြဿနာမှာ အတော်အသင့်ပြေလည်သွားနိုင်ပါကြောင်း...
+32
#6
yewintaung
2012-11-04 18:01
အသက်ငယ်ပေမဲ့ အတွေးအခေါ်မငယ်တဲ့အတွက် ချီးကျူးပရစေ။
ပညာအရည်အချင်းက (Political Science) လို့ဖော်ပြထားတာတွေ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ PS ကို university တွေမှာ major တစ်ခုအနေနဲ့မရှိသေးဘူးထင်ပါတယ်။
Foreign University ဆိုရင် ကျောင်းအမည်ပါဖော်ပြပေးစေချင်ပါတယ်။
+38
#5
Mr Jones
2012-11-04 15:27
အစဉ်အလာအရ စစ်အစိုးရဝေဖန်တိုက်ခိုက်သူတွေအဖြစ် BBC (Burmese), RFA (Burmese), DVB, VOA (Burmese) တို့ကိုဘဲမြင်နေကြတော့ ခုခေတ်မှာ တမျိုးသားလုံးရဲ့ဘုံရန်သူအဖြစ် ရိုဟင်ဂျာဘင်္ဂလီတွေအစားထိုးဝင်ရောက်လာချိန်မှာ အဲဒီအသံလွှင့်သတင်းဌာနတွေကိုဘဲ အပြစ်တင်နေကြသူတွေများပါတယ်။ ဒီသတင်းဌာနတွေရဲ့ ပစ်မှတ်ပရိတ်သတ်ဟာ မြန်မာလူထုဖြစ်တာကြောင့် နိုင်ငံခြားသားတွေရဲ့အမြင်ကို လွှမ်းမိုးဖို့ရာမဖြစ်နိုင်ပါ။ မြန်မာ့နိုင်ငံေ၇းကိုသိချင်တဲ့နိုင်ငံခြားသားတွေကတော့ RFA (Burmese), DVB တို့ကိုသွားရောက်ဖတ်ရူ့နေမှာမူတ်ဘူး၊ သူုတို့သတင်အသံလွှင့်ချက်တွေကိုလဲ နားလည်မှာမူတ်ဘူးဆိုတော့ ဧရာဝတီ၊ မင်္ဇျင်္ွမတို့လို အင်္ဂလိပ်ဘာသာနဲ့ရေးသားတဲ့သတင်းဌာနတွေဟာ သူတို့ရဲ့ သတင်း source တွေဖြစ်နိုင်ပါတယ်။ ဒီအချက်ကို ငွေကြေးဘုံးဘောလအောသုံးစွဲနိုင်တဲ့ ရိုဟင်ဂျာမွတ်ဆလင်အဖွဲ့အစည်းတွေ မျက်စိမကျဘဲမနေပါ။ ဒီလိုအခြေအနေမျိုးမှာ အနောက်နိုင်ငံတွေရဲ့ ငွေကြေးအကူအညီဖြတ်တောက်ခံထားရတဲ့ ဧရာဝတီနဲ့ မင်္ဇျိမတို့လိုသတင်းဌာနတွေ ရိုဟင်ဂျာထောက်ခံသူတွေဖြစ်နေတာ အံ့သြစရာမဟုတ်ပါဘူး။ ဧရာဝတီရဲ့အရေးအသားတွေက နဲနဲပညာသားပါတယ်ဆိုပေမယ့် မဇျိမကတော့ လုံးလုံးလျားလျားကို ရိုဟင်ဂျာ mouthpiece ဖြစ်သွားပါပြီ။
+33
#4
Mr.talkative11
2012-11-04 10:44
ဆောင်းပါးကောင်းတပုဒ်ပါ။ ဆောင်းပါးရှင်ဟာ အသက်ငယ်ပေမဲ့ အတွေးအခေါ်နဲ့ကလောင်စွမ်းမှာတော့ မငယ်လှတာ လေးစားစရာပါ။
ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်ဟာ ရခိုင်အရေးမှာ ဘင်္ဂါလီဘက်က ထောက်ခံသူလို့ လောလောဆယ် ဝေဖန်ခံနေရသူပါ။ ဒါပေမဲ့ သူတင်ပြတဲ့ သီအိုရီတချို့ဟာလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဘာပဲဖြစ်ဖြစ် ရခိုင်ပဟေဠိကို အဖြေညှိနေကြသူတွေအတွက် သီအိုရီတွေ အမျိုးမျိုး ရှိကောင်းရှိကြပါလိမ့်မယ်။
ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားရမှာပါ။ ဒီကြားထဲမှာ အပြစ်မဲ့သူတွေ ထပ်မစတေးရဘဲ ရခိုင်ပြည် အမြန်ငြိမ်းချမ်းပါစေလို့ ဆန္ဒပြုရင်း...
+48
#3
Naymyo Nwae
2012-11-03 19:57
ဒီလိုမဟုတ်မခံစိတ်ရှိတဲ့ အမှန်တရားကိုမြတ်နိုးတဲ့ဆောင်းပါးရှင်မျိုး
တွေများများပေါ်ထွန်းနိုင်ပါစေ။
+54
#2
pokephayphay
2012-11-03 19:37
ဆောင်းပါးရှင် ကို လေးစား စွာဖြင့် ဦးညွှတ် အပ်ပါ တယ်.. နောင် ကို လည်း အားကိုး အလေးထားစရာ လူငယ်အဖြစ် လေးလေးစားစား အသိအမှတ်ပြုပါရစေ... အားလုံးကို လည်း ဒီဆောင်းပါးကို လေးလေးစားစား ဖတ်ကြည့်ကြဘို့  တောင်းဆိုပါရစေ..
+28
#1
Nyo Mya
2012-11-03 18:43
နောက်ဆုံးတင်တဲ့ ကောက်ရိုးလေးတစ်မျှင်ကြောင့် ကုလားအုပ်ခါးကျိုးသွားသလိုပါဘဲ…။
ပြဿနာရဲ့ အရင်းခံအကြောင်းတွေက ဘက်ပေါင်းစုံမှာ ရှိနိုင်ပါတယ်..။
တကယ်လို့သာ ရခိုင်ပြည်နယ်မှာ တရားမ၀င် ၀င်ရောက်မှုကို မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်ရင်၊ Law Enforcement ကောင်းမွန်အောင်၊ တရားစီရင်ရေးစနစ်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ပဋိပက္ခလျော့နည်းစေမှာဖြစ်သလို လှုံဆော်ဖန်တီးမှုတွေကို ဖော်ထုတ်အရေးယူနိုင်မှာပါ..။
လွှတ်တော်အနေနဲ့ ပြည်နယ်များကထွက်တဲ့ သယံဇာတအကျိုးအမြတ်ကို ပြည်နယ်ဖွံ့ဖြိုးရေးအတွက်သုံးစွဲနိုင်ဖို့ ဥပဒေပြဌာန်းပေးစေ လိုပါတယ်..။ ကောင်းမွန်တဲ့ ဥပဒေတွေရှိပြီး သေချာကျင့်သုံးရင် အချောင်နှိုက်ပြီး သဘာဝပတ်ဝန်းကျင်ဖျက်ဆီးမဲ့ စီမံကိန်းတွေကို တားဆီးနိုင်မှာပါ…။
ကိုယ့်ပြည်တွင်းမှာ ဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်မယ်၊ နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းမွန်မယ်၊ ကုလသမဂ္ဂနဲ့ လိမ္မာပါးနပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုပါဘူး..။
ရခိုင်အရေးအခင်းကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ဆိုရင် ကောင်းမွန်မျှတတဲ့ဥပဒေတွေရှိဖို့နဲ့ အဲဒီဥပဒေတွေ လက်တွေ့စိုးမိုးဖို့ အဓိကလိုအပ်တယ်လို့ ယူဆပါတယ်..။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။