"ကျွန်တော်တို့ဘက်ကို လှည့်ကြည့်စေချင်ပါသည်"
ကျွန်တော်တို့ လှိုင်သာယာမြို့နယ်ထဲမှာ လိုင်စင်ရှိတဲ့ ဆိုက်ကားက တစ်ထောင့်လေးရာ တစ်ဆယ့်လေးစီး သာရှိပါတယ်။ ဒီဆိုက်ကားတွေ ကလည်း နင်းသားတွေ ကိုယ်တိုင် ဝယ်နင်းနိုင်တဲ့ ဆိုက်ကားတွေ မဟုတ် ပါဘူး။ ဆိုက်ကားထောင်စားတဲ့ စီးပွားရေးသမားတွေပိုင်တဲ့ ဆိုက်ကားတွေ ပဲ ဖြစ်ပါတယ်။ လိုင်စင်မဲ့ ဆိုက်ကားတွေက လေးထောင်ကျော် လောက် ရှိပါတယ်။ တကယ်တော့ လိုင်စင်မဲ့ဆိုက်ကားတွေ ပိုင်ဆိုင်တဲ့သူတွေက ကျွန်တော်တို့ ကိုယ်တိုင်နင်းကြတဲ့ နင်းသား ကိုယ်ပိုင်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆိုက်ကားတွေကို လိုင်စင်ထုတ်ပေး သင့်ပါတယ်။ ဒါမှ ကျွန်တော်တို့လည်း ကိုယ်ပိုင် ဆိုက်ကားလိုင်စင်လေးနဲ့ နင်းရရင် အရမ်းပျော်ရွှင်ကြမှာပါ။ ကျွန်တော်တို့ မိသားစု ပြဿနာတွေလည်း လွယ်လွယ် ကူကူနဲ့ ပင် ဖြေရှင်းလို့ ရကြမှာပါ။
ကိုသက်ပြောတာ မှန်ပါတယ်။ တကယ်တော့ ဒေသကြီးအစိုးရအဖွဲ့ ဦးစီးကာ ဆင်းရဲနွမ်းပါးလျော့နည်း ပ ပျောက်စေရန် မြို့ပြကျေးလက်ဒေသ တို့မှာ ချေးငွေများ ထုတ်ချေးပေး ကြ ခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အတော်အတန် အဆင်ပြေကြပါတယ်။ ဆိုက် ကားသမား၊ ပဲပြုတ်သည်၊ ကုန်စိမ်း သည်၊ သားစိမ်းငါးစိမ်းရောင်းတဲ့ သူတွေ၊ လက်လုပ်လက်စားတွေ အားလုံး အားလုံး ပါပဲ။ သူတို့တွေ အခက်အခဲများစွာကို ဒီချေးငွေ ကြောင့် ပြေလည်နေကြ တာကိုလည်း တွေ့ ရှိရပါတယ်။ အခုလိုမျိုး လက်လုပ်လက်စား လူတန်းစား ထဲမှ သူတို့ ကိုယ်ပိုင်ဆိုက်ကားလေးတွေကို လိုက်လံသိမ်းဆည်းနေမယ့် အစား သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့ အစည်းများက လိုင်စင်များ ထုတ်ပေး ကာ တရားဝင် ရဲရဲဝံ့ဝံ့ လုပ်ကိုင်စားရအောင် စီစဉ်ပေးသင့်ပါတယ်။ ဤသို့ ပြုလုပ်မည်ဆိုလျှင် နိုင်ငံတော်အတွက်လည်း အခွန်ငွေ ရရှိပါတယ်။ အခုလက်ရှိ စီမံချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးလျော့ နည်းပပျောက် ရေး စီမံချက် ကိုလည်း အကောင်အထည်ဖော် ဆောင်ရာရောက်ပါတယ်။ အမှန်တကယ်ဆင်းရဲသူတို့အားငဲ့ညှာသနားရာကူညီထောက်ပံ့ရာရောက်မည်လည်း ဖြစ်ကြောင်း ပြည်သူများကြားမှ ပြည်သူ့အသံအား ရေးသား တင်ပြလိုက်ရပါတယ်။
မောင်သာဖြန်း (ထန်းတပင်)
Popular Myanmar News Journal
No comments:
Post a Comment