အမေရိကခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အား ထောင်ဂဏန်းရှိသော လူထုမှကြိုဆို |
Friday, 05 October 2012 10:08 |
အမေရိကခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထောင်ဂဏန်းရှိသော
လူထုမှကြိုဆိုခဲ့ကြကြောင်း သိရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၎
ရက်နေ့အထိ ၁၇ ရက်ကြာ သွားရောက်ခဲ့သော ခရီးစဉ်မှ ရန်ကုန်မြို့သို့
ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံမှ ကိုရီးယားလေကြောင်းလိုင်းဖြင့် ည ၉ နာရီ ၄၅ မိနစ်အချိန်က ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပါတီမှ တာဝန်ရှိသူများ၊ မြို့နယ် အလိုက်ပါတီဝင်များ၊ အနုပညာရှင်များနှင့် ပြည်သူများက တစ်ခဲနက် လာရောက်ကြိုဆိုခဲ့ကြပါသည်။ ''ကိုလိုနီခေတ်ကနေ လွတ်မြောက်ပြီး လွတ်လပ်ရေးရအောင် ဗိုလ်ချုပ်အောင်ဆန်းက လုပ်ဆောင်ခဲ့တယ်။ အဲလိုပဲ ဒီမိုကရေစီရရှိအောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်တယ်လို့ ယုံကြည်ပြီး သူ့ရဲ့ အပြန်ခရီးစဉ်ကို လာရောက်ကြိုဆိုတာပါ။ ကြိုဆိုဖို့လာတဲ့သူတွေနဲ့ နောက်လိုက်တွေဟာ ဒီထက်ပိုပြီး စည်းကမ်းရှိမယ်ဆိုရင် ပိုကောင်းပါမယ်။ ဒီလိုဆိုရင် ကျန်တဲ့ခရီးသွားတွေအတွက်ပါ အနှောင့်အယှက် မဖြစ်တော့ဘူးပေါ့ ''ဟု စမ်းချောင်းမြို့နယ်မှ လာရောက်ကြိုဆိုသူ လူငယ်တစ်ဦးက ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အပြန်နေအိမ်သို့ အရောက်တွင် လာရောက်စောင့်ကြိုနေသော ပြည်သူလူထုအား နှုတ်ဆက်ခဲ့ရာတွင် ယခုအချိန်တွင် ပြည်သူများအနေဖြင့် ထိုင်နေရတော့မည့်အချိန် မဟုတ်တော့ကြောင်း၊ အားလုံးညီညီညွတ်ညွတ်နဲ့ အတူတကွ အလုပ်လုပ်ရတော့မည့်အချိန်ရောက်နေပြီဖြစ်ကြောင်း စသည်တို့ကို ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားနှင့် သီးသန့်တွေ့ဆုံမှုအပါအ၀င် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ အမေရိကန်လွှတ်တော်အမတ်များ၊ အမေရိကန် နိုင်ငံရောက် မြန်မာများ စသည်တို့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ခရီစဉ်အတွင်းတွင် အမေရိကန် ကွန်ကရက်လွှတ်တော်မှ အရပ်သားများအား ချီးမြင့်သည့် အမြင့်ဆုံးဆုတံဆိပ်ဖြစ်သော ကွန်ဂရက်ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့ရသလို အခြားသောဂုဏ်ပြုဆုများကိုလည်း လက်ခံရယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေစဉ် ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ရန် နယူးယောက်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ချီးကျုးဂုဏ်ယူကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်နိုဝင်ဘာလအတွင်းတွင်လည်း အိန္ဒိယနိုင်ငံသို့ နေရူးအမှတ်တရ ဟောပြောပွဲသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုကို လက်ခံခဲ့ကြောင်း The Times of India ၀က်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ အမှတ်တရပွဲ ကျင်းပမည့်ရက်ကို မကြေညာသေးသော်လည်း နိုဝင်ဘာလတတိယအပတ်အတွင်း ကျင်းပဖွယ်ရှိကြောင်း သိရသည်။ အဆိုပါပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပါက ၎င်းမှာနေအိမ် အကျယ်ချုပ်မှ လွှတ် မြောက်ပြီးနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံသို့ ပထမဦးဆုံးသွားရောက်သည့်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာ နားလည်မှုအတွက် နေရူးဆုအား ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဒေါ်အောင်ဆန်းစုကြည်က မဟတ္တမဂန္ဒီနှင့် နေရူးတို့မှာ သူ့အပေါ် လွမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်များဖြစ် သည်ဟု ပြောကြားထားသည်။ |
Comments
We should now stop praising too much to our national leader aunty Su and time to rely ourselves for approaching the democratization . I realize that our people Burmese are too extreme in emotion and giving absolutely power to somebody will lead to entrench a dictatorship in our country. I totally agree that Aunty Su is our democratic icon and acknowledge her full commitment in Burmese democratization but democratization is just only carried out by a handful of people and still in embryonic stage . Don't too much rely on one person and don't spend our time in just praising to Aunty Su. Let's put more efforts for our country .
Pls fee free and looking forward your constructive responses.
ကျန်းမာပါစေဗျာ။
ခေါင်းဆောင်..မြန်မာတွေရဲ့ရင်ဘတ်ထဲမှာထာဝရရှိနေမည်.ခေါင်း
ဆောင်.သူမ၏အမည်မှာကား...ဒေါ်အောင်ဆန်းစုကြည်.....ဟုခေါ်ပါသည်...
WELCOME BACK ပါ...
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်းဟာ ဘယ်လောက်ထိ 'တာ' သွားလဲဆိုတာ ဒီခရီးစဉ်မှာ ပေါ်လွင်ခဲ့ပါတယ်။
'အားလုံးညီညီညွတ်ညွတ်နဲ့ အတူတကွ အလုပ်လုပ်ရတော့မည့်အချိန်'မို့ ကိုယ်တိုင်လဲ ကျန်းမာရေးနဲ့လုံခြုံရေးကိုတော့ ဒီထက်ပိုပြီး ဂရုစိုက်ပါလို့...
Now we are so proud of being Myanmar.
If we work together bravely under Amay's leadership, our country will definitely be a developed, rich democratic country.
Let us start work together.
အမေ့ မျက်နှာလေးက အမြဲလမ်းဆန်းနေတာပဲ…