Friday, October 5, 2012

အလက်ပိုမြို့မှာ ကားဗုံးတွေပေါက်ကွဲ


အလက်ပိုမြို့မှာ ကားဗုံးတွေပေါက်ကွဲ 

BBC News, 4October 2012  —- ဆီးရီးယား နိုင်ငံ၊ အလက်ပို မြို့ထဲက အစိုးရ တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး တွေဆက်တိုက် ဆိုသလို ဖြစ်ခဲ့တဲ့ အတွက် လူပေါင်း ၃၁ ဦးထက် မနည်း သေဆုံး ခဲ့ရပြီး ဒါဇင်နဲ့ ချီပြီး ဒဏ်ရာရရှိ သွားပါတယ်။
အဲဒီမှာ ကား ဗုံး ၄ လုံး ပေါက်ကွဲသွား ခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်းမှာ ရှိတဲ့ သတင်းထောက်က ဘီဘီစီကို ပြောပါတယ်။ ပထမ ပေါက်ကွဲမှု နှစ်ခုက ရဲအရာရှိတွေ ရဲ့ ကလပ်နဲ့ ဟိုတယ်အနား မှာဖြစ်ပွား ခဲ့တာ ဖြစ်ပြီး ဝင်ပေါက်တခုလုံး ပျက်စီး သွားခဲ့ရပါတယ်။
တတိယ တလုံးက တော့ အရင်က မြို့ဟောင်း အဝင်ပေါက် နားမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး တလုံးကတော့ မြို့တော်ဝန် ရဲ့ ရုံးကို ပစ်မှတ်ထား ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေကြောင့် ထိခိုက် ဒဏ်ရာရသူ တွေအများစုဟာ အရပ်သား ပြည်သူတွေ ဖြစ်ကြပါတယ်။ အလက်ပို မြို့ဟာ ပြီးခဲ့တဲ့ သတင်းပတ်တွေထဲက စလို့ အစိုးရတပ်တွေနဲ့ သူပုန်တွေအကြား အပြင်းအထန် တိုက်ခိုက်နေကြတဲ့ စစ်တလင်း ဖြစ်လာနေပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။