ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှုအပေါ် ဒဂုံမြို့သစ်တွင် သံဃာ အပါး ၂၀၀ ကျော်ဆန္ဒပြ
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ
ကော့စ်ဘဇားခရိုင် ပန်းဝါမြို့ (ရာမူး)နယ်အတွင်းရှိ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးကျောင်း(၈)ကျာင်း၊ သမုတ်သိမ်(၂)ဆောင်နှင့် အိမ်ခြေ(၂၀)ခန့်အား
ဘင်္ဂလီများက စက်တင်ဘာလ ၂၉ရက်နေ့က မီးရှို့ဖျက်ဆီးလိုက်ကြသည့် မြင်ကွင်း
တချို့ ။(ဓာတ်ပုံ - Arakan Times)ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားနေသည့် ဗုဒ္ဓဘာသာဝင်များအား အကြမ်းဖက်မှု ချက်ခြင်းရပ်ရန် သံဃာ အပါး ၂၀၀ ၀န်းကျင်ယနေ့နေ့လည် ၁ နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်း မကွေးကျောင်းတိုက်တွင် ဆန္ဒပြလျှက်ရှိသည်။
ယင်းဆန္ဒပြပွဲကို မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက
ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသံရုံးရှေ့ ဆန္ဒပြရန်
ရည်ရွယ်သော်လည်း နောက်ဆုံး မသွားရောက်တော့ပဲ ကျောင်းရှေ့တွင်ပင် ဆန္ဒပြရန်
ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဆန္ဒပြသူများက “ ဗုဒ္ဓဘာသာဝင်များအပေါ် အကြမ်းဖက်မှုချက်ခြင်းရပ်”
“ဗုဒ္ဓဆင်းတုတော်များ၊ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးမှု ချက်ခြင်းရပ်”
“ရိုဟင်ဂျာ မိစ္ဆာကောင်များ ကျဆုံးပါစေ” အစရှိသည့် ပိုစတာများ
ကိုင်ဆောင်ထားသည်ဟု လည်း ယင်းနေရာသို့ ရောက်ရှိနေသူ မသန္တာက ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုကိစ္စနှင့် ပတ်သက်၍ နေ့လည်တနာရီတွင် သတင်းစာရှင်းလင်းပွဲ လုပ်ရန် စီစဉ်ရာမှ ယခုလို ဆန္ဒပြရန် စီစဉ်လိုက်ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇားခရိုင်နှင့် စစ်တကောင်းနယ်များတွင် လူငယ်တဦးက အင်တာနက်ပေါ်တင်သည့် ကူရ်အန်ကျမ်း မီးလောင်နေသည့်ရုပ်ပုံမှ အစပြုကာ ဗုဒ္ဓဘာသာဝင်နှင့် ဘုန်းတော်ကြီးကျောင်းများကို ဖျက်ဆီး အကြမ်းဖက်မှုများ ဖြစ်ပွားကာ အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့သည်။ ။

No comments:
Post a Comment