သမ္မတ ဦးသိန်းစိန် တောင်ကိုရီယား သွားမယ်
ဧရာဝတီဘလော့ . ၄ရက်နေ့ အောက်တိုဘာ ၂၀၁၂ — သမ္မတ ဦးသိန်းစိန်သည်
ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တောင်ကိုရီယားနိုင်ငံကို လာမည့် အောက်တိုဘာလ ၈
ရက်နေ့ တွင် အလည်အပတ် သွားရောက်ရန် ရှိကြောင်း သတင်းရပါတယ်။
အခု သွားမယ့် တောင်ကိုရီးယား ခရီးစဉ်ဟာ ခန့်မန်းခြေအားဖြင့် ၃ ရက်၊ ၄ ရက်လောက် ကြာမှာဖြစ်တယ် လို့ သိရပါတယ်။
တောင်ကိုရီယား သမ္မတ လီမြောင်ဘတ်ရဲ့ ဖိတ်ကြားမှုနဲ့ အခုလိုသွားတာ ဖြစ်တယ်လို့ သိရပြီး မကြာခင် က သမ္မတ လီမြောက်ဘတ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းက ဦးသိန်းစိန်ကို တောင်ကိုရီယား နိုင်ငံကို အလည်အပတ်လာရောက်ဖို့ ဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စု ခရီးစဉ်က အပြန် မကြာသေးမီမှာပဲ အခုလို တောင်ကိုရီယား ခရီးစဉ်ကို စတင်မှာ ဖြစ်ပါ တယ်။
အိမ့်သံစဉ်

No comments:
Post a Comment