သံဃာ့ အရေး အခင်းအား နှိမ်နှင်း ရာတွင် ပါဝင် ခဲ့သော ရဲအရာရှိကြီး တဦးနှင့် အင်တာဗျူး
Monday, 24 September 2012 11:24
သံဃာ့အရေး
အခင်းအား နှိမ်နှင်းရာတွင် ပါဝင်ခဲ့သော ရဲအရာရှိကြီး တဦးနှင့် အင်တာဗျူး
(သို့မဟုတ်) ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့ အရေးအခင်းအား ရဲတပ်ရင်း များဖြင့်
နှိမ်နှင်းခြင်း မှတ်တမ်း (၁) ရေးသူ @ စစ်ဘုန်းသော်
Burma VJ Media မှ ကူးယူဖော်ပြပါသည်။
Burma VJ Media မှ ကူးယူဖော်ပြပါသည်။
စစ်အစိုးရ လက်အောက်တွင် (၁၉) နှစ်ကြာမျှ ခေါင်းငုံ့ သည်းခံခဲ့ရသော
သံဃာတော်များနှင့် ပြည်သူများ၏ ဒေါသနှင့် မကျေနပ်မှုများကို ပြသခဲ့တဲ့ ၂၀၀၇
ခုနှစ်၊ စက်တင်ဘာလ ရွှေဝါရောင်သံဃာ လှုပ်ရှားမှုကြီး ဖြစ်ပေါ်ခဲ့တာ ယခု ၂၀၁၂
ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ဆိုလျှင် (၅) နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
မေး - စက်တင်ဘာ သံဃာ့အရေးအခင်း မဖြစ်ခင်က ယေဘုယျအခြေအနေလေးကို ပြောပြပေးပါဦး ခဗျ။
မေး - စက်တင်ဘာ သံဃာ့အရေးအခင်း မဖြစ်ခင်က ယေဘုယျအခြေအနေလေးကို ပြောပြပေးပါဦး ခဗျ။
ဖြေ - ကျွန်တော်တို့ အထက်က လူကြီးတွေရဲ့ သုံးသပ်ချက် အရကတော့ ၂၀၀၇
သံဃာ့အရေးအခင်းကြီးဖြစ်လာဖို့ လှုံ့ဆော်ခဲ့တဲ့ကိစ္စတွေ ရှိတယ် ဆိုပါတယ်။
အဲဒါနဲ့ ပတ်သတ်ပြီး တချက်ချင်း ပြောရမယ်ဆိုရင် -
(၁) ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တုန်းက ခြောက်ထပ်ကြီး ဘုရားမှာ ရှိတဲ့ သာသနာ့ သိပ္ပံကျောင်းတိုက်မှာ ရှစ်လေးလုံး (၁၉) နှစ်ပြည့် အခမ်းအနား လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ ရခဲ့တဲ့ နယ်မြေ အစီရင် ခံစာတွေအရ ဆိုရင် အဲဒီပွဲကို လူ (၂၀၀) လောက် တက်ခဲ့ပြီး ဒီမိုကရေစီ ရတဲ့အထိ တိုက်ကြမယ်လို့ သစ္စာ အဓိဌာန်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
(၁) ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တုန်းက ခြောက်ထပ်ကြီး ဘုရားမှာ ရှိတဲ့ သာသနာ့ သိပ္ပံကျောင်းတိုက်မှာ ရှစ်လေးလုံး (၁၉) နှစ်ပြည့် အခမ်းအနား လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ ရခဲ့တဲ့ နယ်မြေ အစီရင် ခံစာတွေအရ ဆိုရင် အဲဒီပွဲကို လူ (၂၀၀) လောက် တက်ခဲ့ပြီး ဒီမိုကရေစီ ရတဲ့အထိ တိုက်ကြမယ်လို့ သစ္စာ အဓိဌာန်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
(၂) ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့မှာလည်း သင်္ကန်းကျွန်းမြို့နယ်က
မဂ္ဂင်ကျောင်းတိုက်မှာ မဖြူဖြူသင်း ဦးဆောင်တဲ့ ဖဲကြိုးနီအဖွဲ့က HIV
ဝေဒနာရှင်တွေကို အကြောင်းပြပြီး ၀ါဆိုသင်္ကန်း ကပ်တဲ့ ပွဲတခု လုပ်ခဲ့တယ်။
အဲဒီပွဲကိုလည်း လူ (၁၅၀) လောက် လာတဲ့အပြင် အမေရိကန်သံရုံးက လူတချို့လည်း
လာခဲ့တယ်လို့ သိရပါတယ်။ အချင်းချင်းတိုင်ပင် ပြောဆိုမှုတွေကို အသေးစိတ်
မသိရပေမဲ့ အဲဒီကိစ္စတွေဟာ တခုနဲ့တခု ဆက်စပ်နေတယ်လို့ အစိုးရကို
အတိုက်အခံပြုနေတဲ့သူတွေ လာကြ၊ စုကြတဲ့ပွဲတွေမို့ ကျွန်တော်တို့ လူကြီးတွေက
သုံးသပ်ခဲ့ပါတယ်။
(၃) နောက်တနေ့ဖြစ်တဲ့ သြဂုတ်လ (၁၃) ရက်နေ့မှာ ဒဂုံမြို့သစ်
(မြောက်ပိုင်း) က ဒေါ်ခင်ဝင်းနိုင်ရဲ့ အိမ်မှာ အစည်းအဝေးတခု လုပ်ခဲ့ကြပြီး
အလုပ်သမားထု အတွင်းမှာ အခွင့်အရေးတွေ ရရှိဖို့၊ လှုံ့ဆော်ဖို့ အတွက်
တိုင်ပင်ခဲ့ကြတယ်လို့ သိခဲ့ရပါတယ်။ အဲဒီ အစည်း အဝေးကို ဦးဆောင်တဲ့ သူကတော့
ဒဂုံမြို့သစ် (တောင်ပိုင်း) က NLD ပါတီဝင်လည်း ဖြစ်၊ လူ့အခွင့်အရေး
ကာကွယ်စောင့်ရှောက် သူများ အဖွဲ့ဝင် လည်းဖြစ်တဲ့ ကိုလှစိုး သတင်း
ရရှိခဲ့ပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ ရန်ကုန်မြို့နဲ့ တခြားနယ်မြို့တွေမှာပါ CNG နဲ့ လောင်စာဆီတွေ၊ ကုန်ဈေးနူန်းတွေ ဈေးတက်တဲ့ ကိစ္စကို အကြောင်းပြုပြီး ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်လာတာကို တွေ့ရပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ ရန်ကုန်မြို့နဲ့ တခြားနယ်မြို့တွေမှာပါ CNG နဲ့ လောင်စာဆီတွေ၊ ကုန်ဈေးနူန်းတွေ ဈေးတက်တဲ့ ကိစ္စကို အကြောင်းပြုပြီး ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်လာတာကို တွေ့ရပါတယ်။
မေး - ဟုတ်ကဲ့၊ ဘယ်လို လှုပ်ရှားမှုတွေ ဖြစ်ခဲ့လဲ ဆိုတာ အသေးစိတ်ပြောပြနိုင်မလား။
ဖြေ – ကျွန်တော်တို့ မှတ်တမ်းတွေအရ စက်တင်ဘာလ တတိယနဲ့
နောက်ဆုံးအပတ်အတွင်းမှာ ဖြစ်ခဲ့တဲ့ သံဃာ့လှုပ်ရှားမှုတွေ မစတင်ခင်မှာ
အစပျိုးခဲ့တဲ့ လှုပ်ရှားမှုတွေကတော့-
(၁) သြဂုတ်လ (၁၉) ရက်နေ့ မနက် (၁၀) နာရီဝန်းကျင်မှာ မင်းကိုနိုင် ဦးဆောင်တဲ့ NLD ပါတီဝင် (၂၀၀) လောက်က လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ NLD က ဦးကြည်မောင်ရဲ့ နေအိမ်မှာ စုရုံးခဲ့ကြတယ်။ ပြီးတော့ ကမ္ဘာအေး ဘုရားလမ်း အတိုင်း ရွှေဂုံတိုင်မီးပွိုင့်၊ နောက်ပြီး ကျောက်မြောင်းဈေး မီးပွိုင့် လျှောက်လာ ခဲ့ကြပြီး ၁၁း၁၅ လောက်မှာ လူစု ခွဲသွားခဲ့ကြတယ်။ လောင်စာဆီတွေ ဈေးတက်လို့ ပြည်သူ့ ကိုယ်စား လမ်းလျှောက်ကြ တာပါလို့ လမ်းတလျှောက်မှာ ပြောသွားခဲ့ကြတယ်လို့ ကျွန်တော်တို့ သတင်း ရခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ အတွင်းမှာ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့နဲ့ NLD ပါတီဝင်တွေ ပူးပေါင်းပြီး (၇) ကြိမ်တိတိ တန်းစီ လမ်းလျှောက်ခဲ့ကြပါတယ်။
(၁) သြဂုတ်လ (၁၉) ရက်နေ့ မနက် (၁၀) နာရီဝန်းကျင်မှာ မင်းကိုနိုင် ဦးဆောင်တဲ့ NLD ပါတီဝင် (၂၀၀) လောက်က လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ NLD က ဦးကြည်မောင်ရဲ့ နေအိမ်မှာ စုရုံးခဲ့ကြတယ်။ ပြီးတော့ ကမ္ဘာအေး ဘုရားလမ်း အတိုင်း ရွှေဂုံတိုင်မီးပွိုင့်၊ နောက်ပြီး ကျောက်မြောင်းဈေး မီးပွိုင့် လျှောက်လာ ခဲ့ကြပြီး ၁၁း၁၅ လောက်မှာ လူစု ခွဲသွားခဲ့ကြတယ်။ လောင်စာဆီတွေ ဈေးတက်လို့ ပြည်သူ့ ကိုယ်စား လမ်းလျှောက်ကြ တာပါလို့ လမ်းတလျှောက်မှာ ပြောသွားခဲ့ကြတယ်လို့ ကျွန်တော်တို့ သတင်း ရခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ အတွင်းမှာ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့နဲ့ NLD ပါတီဝင်တွေ ပူးပေါင်းပြီး (၇) ကြိမ်တိတိ တန်းစီ လမ်းလျှောက်ခဲ့ကြပါတယ်။
(၂) အဲဒီလိုပဲ သြဂုတ်လ (၂၂) ရက်နေ့မှာ NLD က နော်အုံးလှ ဦးဆောင်တဲ့
လူအင်အား (၆၀) လောက်ဟာ တပင်ရွှေထီးရုပ်ရှင်ရုံမှာ စုရပ်လုပ်ပြီး အဲဒီကနေ
လှည်းတန်း လမ်းဆုံကို ချီတက် သွားခဲ့ကြပါတယ်။ လှည်းတန်းကနေမှ အင်းစိန်
လမ်းမကြီး အတိုင်း လမ်းလျှောက် ဆန္ဒပြရင်း ကုန်ဈေးနူန်း ကျဆင်းရေး၊
လောင်စာဆီဈေးနူန်း ကျဆင်းရေး ကြွေးကြော်သံတွေ အော်ခဲ့ကြတယ်လို့ သိရပါတယ်။
ပါရမီလမ်းဆုံ အရောက်မှာတော့ စွမ်းအားရှင် အဖွဲ့တွေက ဟန့်တား ဖမ်းဆီး
ထိန်းသိမ်းဖို့ လုပ်တာကြောင့် ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ကြ ပါတယ်။
(၃) သြဂုတ်လ (၁၄) ရက်၊ နေ့လည် (၂) နာရီခန့်မှာလည်း NLD က
ဒေါ်စန်းစန်းမြင့် ဦးဆောင်တဲ့ လူ (၁၇) ယောက်က ကုန်ဈေးနူန်း ကျဆင်းရေး
ပိုစတာတွေ ကိုင်ပြီး တန်းစီဆန္ဒပြဖို့ ကြိုးစားနေတုန်း
ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နေရာကတော့ ဆူးလေ ဘုရားအနီးမှာ ရှိတဲ့ ဧမာနွေလ
ဘုရားကျောင်းရှေ့မှာပါ။
(၄) နောက်ပြီး သိမ်ကြီးဈေးနားက သိမ်တော်ကြီးရှေ့မှာ “ကုန်ဈေးနှုန်းတက်အောင် မလုပ်ပါနဲ့” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ကိုထင်ကျော် ဆန္ဒပြတဲ့ကိစ္စ။ အဲဒါကတော့ မီဒီယာတွေမှာ အတော်ပြန့် သွားပါတယ်။ သြဂုတ်လ (၂၅) ရက်နေ့ နေ့လည်ပိုင်းမှာ ဖြစ်သွားတာပါ။
(၄) နောက်ပြီး သိမ်ကြီးဈေးနားက သိမ်တော်ကြီးရှေ့မှာ “ကုန်ဈေးနှုန်းတက်အောင် မလုပ်ပါနဲ့” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ကိုထင်ကျော် ဆန္ဒပြတဲ့ကိစ္စ။ အဲဒါကတော့ မီဒီယာတွေမှာ အတော်ပြန့် သွားပါတယ်။ သြဂုတ်လ (၂၅) ရက်နေ့ နေ့လည်ပိုင်းမှာ ဖြစ်သွားတာပါ။
ရန်ကုန်မှာ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာသလို နယ်မြို့တွေမှာလည်း
ဆက်တိုက်ဖြစ်လာတာကို တွေ့ရပါတယ်။ သြဂုတ်လ (၂၈) ရက်နေ့မှာ စစ်တွေမြို့မှာ
ဘုန်းကြီးအပါး (၁၅၀) လောက်က စီတန်းပြီး လှည့်လည် ဆန္ဒပြကြတယ်။
လောင်စာဆီဈေးတွေ ကျဖို့နဲ့ ကုန်ဈေးနှုန်းတွေ ကျဖို့
ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒါတွေပြီးတော့ ၂၀၀၇ သံဃာ့ အရေး အခင်းကို ဇာတ်ရှိန်မြင့်ပေးလိုက်တဲ့ ပခုက္ကူကိစ္စ ဖြစ်လာပါတယ်။ စက်တင်ဘာလ (၅) ရက်နေ့က ပခုက္ကူမြို့မှာ ဘုန်းကြီးအပါး (၃၀) လောက် စပြီး ဆိုင်းဘုတ်တွေကိုင် ဆန္ဒပြကြတယ်။ ကုန်ဈေးနှုန်းကျဆင်းရေး၊ မတရား ဖမ်းဆီး ခံရသူများ လွတ်မြောက်ရေး အဲဒီ ဆိုင်းဘုတ်တွေပေါ့။ မြို့ထဲမှာ လှည့်ပြီး ကြွေးကြော်ရင်း လူတွေ တဖြည်းဖြည်း များလာတဲ့ အတွက် သေနတ် ပစ်ဖောက်ပြီး လူစုခွဲဖို့ တပ်မ (၁၀၁) က နည်းဗျူဟာမှူးက အမိန့်ပေးခဲ့ ရတယ်လို့ သိရပါတယ်။ စက်တင်ဘာလ (၆) ရက်နေ့မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိတဲ့ သူတွေက ကျောင်းတိုက်ကို သွားတဲ့ အချိန်မှာ ကားလေးစီး မီးရှို့ခံရပီး အခြေအနေက ပိုဆိုးလာတယ်။ အဲဒီနေ့ညမှာပဲ ကြံ့ဖွံ့က အလုပ်အမှုဆောင် တယောက်ရဲ့ စတိုးဆိုင်နဲ့ အိမ်ဝင်ပြီး ဖျက်ဆီး ခံလိုက်ရပါတယ်။
အဲဒါတွေပြီးတော့ ၂၀၀၇ သံဃာ့ အရေး အခင်းကို ဇာတ်ရှိန်မြင့်ပေးလိုက်တဲ့ ပခုက္ကူကိစ္စ ဖြစ်လာပါတယ်။ စက်တင်ဘာလ (၅) ရက်နေ့က ပခုက္ကူမြို့မှာ ဘုန်းကြီးအပါး (၃၀) လောက် စပြီး ဆိုင်းဘုတ်တွေကိုင် ဆန္ဒပြကြတယ်။ ကုန်ဈေးနှုန်းကျဆင်းရေး၊ မတရား ဖမ်းဆီး ခံရသူများ လွတ်မြောက်ရေး အဲဒီ ဆိုင်းဘုတ်တွေပေါ့။ မြို့ထဲမှာ လှည့်ပြီး ကြွေးကြော်ရင်း လူတွေ တဖြည်းဖြည်း များလာတဲ့ အတွက် သေနတ် ပစ်ဖောက်ပြီး လူစုခွဲဖို့ တပ်မ (၁၀၁) က နည်းဗျူဟာမှူးက အမိန့်ပေးခဲ့ ရတယ်လို့ သိရပါတယ်။ စက်တင်ဘာလ (၆) ရက်နေ့မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိတဲ့ သူတွေက ကျောင်းတိုက်ကို သွားတဲ့ အချိန်မှာ ကားလေးစီး မီးရှို့ခံရပီး အခြေအနေက ပိုဆိုးလာတယ်။ အဲဒီနေ့ညမှာပဲ ကြံ့ဖွံ့က အလုပ်အမှုဆောင် တယောက်ရဲ့ စတိုးဆိုင်နဲ့ အိမ်ဝင်ပြီး ဖျက်ဆီး ခံလိုက်ရပါတယ်။
အဲဒီနောက်ပိုင်းတော့ သံဃာတော်တွေနဲ့ ပြည်သူတွေ လမ်းလျှောက် ဆန္ဒပြပွဲတွေက
နေရာအတော်များများမှာ ဖြစ်လာကြတယ်။ စက်တင်ဘာလ (၁၈) ရက်နေ့ တနေ့တည်းမှာပဲ
ရန်ကုန်မြို့ အပါ အ၀င် မြို့ပေါင်း (၁၂) မြို့မှာ ဆန္ဒပြမှုတွေ ရှိခဲ့တယ်။
ရန်ကုန်မှာဆို ရွှေဘုန်းပွင့်ဘုရားမှာ သံဃာ (၃၀၀) လောက်၊ ကျိုက္ကဆံဘုရားမှာ
သံဃာ (၃၀) လောက်နဲ့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်မှာ သံဃာ (၁၀) ပါးလောက်
စုပြီး မေတ္တာပို့ ဆန္ဒပြတာတွေ လုပ်ခဲ့ကြတယ်။
စက်တင်ဘာလ (၁၉) ရက်နေ့မှာ ကျတော့ ဆန္ဒပြတွေ ပိုများလာတယ်။ ကျွန်တော်တို့
ရရှိတဲ့ သတင်းပေးပို့ချက်တွေအရ ဆိုရင် စုစုပေါင်း (၁၇) မြို့မှာ
ဆန္ဒပြပွဲတွေ ရှိခဲ့တယ်။ ရန်ကုန်မှာ ဆိုရင်လည်း အရင်နေ့တွေ ကထက် သံဃာတွေ
ပိုများ လာတာကို တွေ့ရတယ်။ အလုံ၊ တောင်ဥက္ကလာပ နဲ့ မင်္ဂလာတောင်ညွန့်
မြို့နယ်တွေမှာ သံဃာအပါး (၃၀၀) စီလောက် စီတန်း ဆန္ဒပြတာတွေ ရှိခဲ့တယ်။
စက်တင်ဘာလ (၂၀) ရက်နေ့မှာ မြို့ပေါင်း (၂၀)၊ စက်တင်ဘာလ (၂၁) ရက်နေ့မှာ (၂၅)
မြို့၊ စက်တင်ဘာလ (၂၂) ရက်နေ့မှာ (၃၅) မြို့၊ စက်တင်ဘာလ ( ၂၃) ရက်နေ့မှာ
(၄၅) မြို့နဲ့ စက်တင်ဘာလ (၂၄) ရက်နေ့မှာတော့ ရန်ကုန်အပါအ၀င် မြို့ပေါင်း
(၉၆) နေရာမှာ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့တယ်။ စက်တင်ဘာလ (၂၄) ရက်နေ့မှာဆိုရင်
ရန်ကုန်မြို့ရဲ့ မြို့နယ် (၁၂) မြို့နယ်မှာ သံဃာ အင်အား (၂၄၅၀၀) နဲ့
လူအင်အား (၂၀၀၀၀) လောက် ဆန္ဒပြခဲ့တာမို့ ဒီအတိုင်း ဆက်လွှတ်ထားရင် ရေရှည်မှာ
ထိန်းသိမ်းဖို့ ခက်ခဲလာနိုင်တယ်လို့ အထက် လူကြီးတွေက ဆုံးဖြတ် ခဲ့တယ်လို့
သိရပါတယ်။ နောက်ပြီး အဲဒီဆန္ဒပြပွဲတွေမှာ NLD ပါတီဝင်တွေ၊ ၈၈
မျိုးဆက်ကျောင်းသားတွေ နဲ့ ၁၉၉၀ ရွေးချယ်ခံ ကိုယ်စားလှယ်တွေ ပါလာပြီး
ခွပ်ဒေါင်း အလံတွေကို အသုံးပြုလာကြတာကို တွေ့ရပါတယ်။
မေး – ဒီလိုမျိုးဆန္ဒပြပွဲတွေ တောက်လျှောက် ဖြစ်လာတယ်၊ အဲဒီမှာပါတဲ့
သံဃာနဲ့ပြည်သူ အင်အားတွေ ကလည်း တဖြည်းဖြည်း များလာတယ်ပေါ့နော်။
အဲဒီအချိန်မှာ ဆန္ဒပြမှုတွေနဲ့ ပတ်သတ်ပြီး အစိုးရ ဘက်ကရော ဘယ်လို
ပြင်ဆင်မှုတွေ လုပ်နေခဲ့လဲ။
ဖြေ – ကျွန်တော်တို့ ရဲတပ်ရင်းများ ကွပ်ကဲမှု အဖွဲ့မှူးရုံး အတိုကောက်
စကားနဲ့ဆို ရကဖ ပေါ့။ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအရ ရဲတပ်ရင်းတွေ
စုဖွဲ့ထားဖို့ ရကဖ ကို စက်တင်ဘာ လဆန်းပိုင်း ကတည်းက ညွှန်ကြား ခဲ့ပါတယ်။
ဒီ့မတိုင်ခင် ကလည်း ရန်ကုန်မြို့ရဲ့ တချို့နေရာတွေမှာ လုံခြုံရေး
ဆောင်ရွက်နေတဲ့ ကျွန်တော်တို့ ရဲတပ်ရင်းတွေ ရှိပြီးသားပါ။ ဒါပေမဲ့ အဲဒီထဲက
ဖွဲ့စည်းပုံ မပြည့်တဲ့ တပ်ရင်းတွေလည်း ရှိတာမို့ လိုအပ်အင်အားတွေကို တခြား
ရဲတပ်ရင်းတွေဆီက ထုတ်နုတ် ဖြည့်ဆည်းခဲ့ပါတယ်။ စက်တင်ဘာ လလယ်ပိုင်းမှာတော့
ရဲတပ်ရင်းအလိုက် အင်အား စုဖွဲ့တာနဲ့ စစ်ကြောင်းဖွဲ့တဲ့ ကိစ္စတွေ အားလုံး
အသင့်အနေအထား ဖြစ်နေပါပြီ။
မေး - ၂၀၀၇ ခုနှစ် သံဃာ့ အရေး အခင်းကို နှိမ်နှင်းတဲ့နေရာမှာ ဘယ်ရဲ
တပ်ရင်းတွေ ပါလဲ၊ ဘယ်လိုစုဖွဲ့ခဲ့လဲ၊ ဘယ်သူတွေ ဦးဆောင်ခဲ့လဲဆိုတာ အသေးစိတ်
ပြောပြပါလားခဗျ။
ဖြေ - ဟုတ်ကဲ့ ပြောပြနိုင်ပါတယ်။ အရေးပေါ်အခြေအနေမှာ ဆောင်ရွက်ဖို့
ရည်ရွယ်ပြီး တပ်ခွဲတခွဲကို ဒုရဲမှူး/ရဲအုပ် ဦးစီးပြီး အင်အား (၅၆)
ယောက်ပါတဲ့ တပ်ခွဲ (၁၆) ခွဲဖွဲ့ခဲ့ပါတယ်။ တပ်ခွဲအလိုက် တပ်ဆင်ခဲ့တဲ့
လက်နက်တွေကို အသေးစိတ် ပြောရမယ်ဆိုရင် တပ်ခွဲတ်ခွဲမှာ
ပစ္စတို/ခြောက်လုံးပြူး (၂) လက်၊ ကာဘိုင် (၃) လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ်
(၁၅) လက်၊ ၃၇/၃၈ မမ ဗုံးပစ်သေနတ်(ရှဲဂန်းလို့ခေါ်တာပေါ့) (၃) လက်၊ ဒဿမ
(၃၀၃) စက်ကလေး (၃) လက်၊ ချေမှုန်းရေး ရိုင်ဖယ် (၁၆) လက်၊ လက်ပစ်မီးခိုးဗုံး
အလုံး (၅၀)၊ နံပတ်တုတ် အချောင်း (၅၀)၊ ဒိုင်း (၂၅) ခု ပါပါတယ်။ အရန်
လက်နက်တွေနဲ့ တခြားပစ္စည်းတွေလည်း ရှိသေးတယ်ဗျ။ အဲဒါတွေက သံဆူးကြိုးခွေတွေ၊
၁၀ ပေတုတ်တွေက အချောင်း (၅၀)၊ ၃ ပေတုတ်က အချောင်း (၅၀)၊ လက်ထိပ်အခု (၅၀) ၊
တပ်ဖွဲ့ဝင် တိုင်းအတွက် လေးခွ/လောက်စာလုံးတွေ၊ လည်စီး အနီရောင်နဲ့
အပြာရောင်တွေ ရိက္ခာတပတ်စာပါ ထည့်သွင်း ဖွဲ့စည်းပေးထားခဲ့ပါတယ်။ လိုအပ်တဲ့
လက်နက်တွေကို ရန်ကုန်တိုင်း စစ်ဌာနချုပ်နဲ့ နရခ လို့ခေါ်တဲ့ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ ရဲချုပ်ရုံးကနေ ဖြည့်ဆည်းပေးခဲ့ပါတယ်။
စစ်ကြောင်း ဖွဲ့စည်းမှု အရကတော့ တပ်ခွဲနှစ်ခွဲကို စစ်ကြောင်းတ်ကြောင်း၊
စစ်ကြောင်းနှစ်ကြောင်းကို ရဲတပ်ရင်း တရင်းအနေနဲ့ ဖွဲ့ခဲ့ပါတယ်။ အဲဒီတုန်းက
ပါဝင်ခဲ့တဲ့ ရဲတပ်ရင်း/ တပ်ဖွဲ့တွေ ကတော့ တပ်ရင်းမှူး ဒုရဲမှူးကြီး
သက်လွင်နဲ့ ဒုတပ်ရင်းမှူး ရဲမှူး ၀င်းဗိုလ်တို့ ဦးစီးတဲ့ ရဲတပ်ရင်း (၁)၊
ခေတ္တတပ်ရင်းမှူး ရဲမှူး ဇော်ခင်အောင်နဲ့ ဌာနချုပ်တပ်ခွဲမှူး ရဲမှူး
မောင်မောင်အေးတို့ ဦးစီးတဲ့ ရဲတပ်ရင်း (၃)၊ တပ်ရင်းမှူး ဒုရဲမှူးကြီး
အောင်ဌေးမြင့်နဲ့ ဒုတပ်ရင်းမှူး ရဲမှူး တေဇာထက်တို့ ဦးစီးတဲ့ ရဲတပ်ရင်း
(၅)၊ တပ်ရင်းမှူး ဒုရဲမှူးကြီး ဇော်မြင့်ဦးနဲ့ ဒုတပ်ရင်းမှူး ရဲမှူး
ညဏ်မြင့်တို့ ဦးစီးတဲ့ ရဲတပ်ရင်း (၈) တွေအပြင် ရဲမှူးအေးသန်း ဦးစီးတဲ့
အကြမ်းဖက်တပ်ဖွဲ့ တို့ကို စုဖွဲ့ခဲ့ပါတယ်။ အဲဒီ အကြမ်းဖက်တပ်ဖွဲ့
လက်အောက်မှာလည်း တပ်ခွဲ (၄) ခွဲလောက် ပါမယ် ထင်ပါတယ်။
မေး – အဲဒီ ရဲတပ်ရင်းတွေကို ဘယ်နေရာတွေမှာ ဖြန့်ချထားခဲ့လဲ ခဗျ။
မေး – အဲဒီ ရဲတပ်ရင်းတွေကို ဘယ်နေရာတွေမှာ ဖြန့်ချထားခဲ့လဲ ခဗျ။
ဖြေ - စက်တင်ဘာလ ဒုတိယနဲ့ တတိယပတ် အတွင်းမှာ အထက်ရဲ့ ညွှန်ကြားချက်အရ
ရဲတပ်ရင်းတွေကို နေရာဖြန့်ခွဲချထားခဲ့ပါတယ်။ အင်းစိန်မှာ ရှိတဲ့
မှုခင်းတပ်ဖွဲ့ရုံးနဲ့ တက္ကသိုလ်များ ဓမ္မာရုံမှာ ရဲတပ်ရင်း (၁)၊ ပန်းဝါနဲ့ 
မူးယစ်ဆေးဝါး ပြတိုက်မှာ ရဲတပ်ရင်း (၃)၊ ဦးလှသိန်းဓမ္မာရုံနဲ့ ဘုရား (၅)
ဆူမှာ ရဲတပ်ရင်း (၅)၊ ၀န်ကြီးများရုံးနဲ့ မီးရထား ရုံးချုပ်မှာ ရဲတပ်ရင်း
(၈)၊ ပဒုမ္မာကွင်း၊ ရွှေတိဂုံ ဘုရားနားက စစ်တီးဝိုင်းတပ်နဲ့ ကျိုက္ကဆံကွင်းမှာ
အကြမ်းဖက်က တပ်ခွဲတွေကို ဖြန့်ချလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
နေအိမ်အနီးမှာလည်း ရဲတပ်ရင်း (၅) နဲ့ (၆) က တပ်ခွဲ တခွဲစီကို ထုတ်နှုတ်ပြီး
နေရာ ချထားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါတွေက ပုဒ်မ (၁၄၄) မထုတ်ပြန်ခင် အချိန်
တပ်ဖြန့်ထားတာဗျ။ ပုဒ်မ (၁၄၄) ထုတ်ပြီးတဲ့နောက်ပိုင်း တပ်မ (၇၇) နဲ့ စကခ
(၄) (အမှတ် – ၄ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဖူးကြီး) တပ်တွေ ၀င်လာပြီးတော့
အဲဒီတပ်တွေနဲ့တွဲပြီး နေရာ ပြောင်းယူခဲ့ရတာတွေ ရှိတယ်။
မေး - ဒါဆို ပုဒ်မ (၁၄၄) ထုတ်ပြီးတဲ့နောက် တပ်ဖြန့်တဲ့ အခြေအနေတွေကို ပြောပြပါဦး။
ဖြေ - စက်တင်ဘာလ (၂၅) ရက်နေ့မှာ ပုဒ်မ (၁၄၄) စထုတ်တယ်။ စက်တင်ဘာလ (၂၆)
ရက်နေ့ရောက်တော့ ဆန္ဒပြမှုတွေ ထပ်ဖြစ်လာဦးမယ်ဆိုရင် ဖြိုခွဲရမယ်ဆိုတဲ့
ညွှန်ကြားချက် ထွက်လာလို့ ရဲတပ်ရင်းတွေကို နေရာရွှေ့ပြီး အသင့်အနေအထား
လုပ်ထားခဲ့တယ်။ အဲဒီနေရာတွေက ခြောက်ထပ်ကြီးကျောင်း၊ ငါးထပ်ကြီးကျောင်း၊
ငွေကြာရံ ကျောင်း၊ မင်္ဂလာရာမကျောင်း၊ မိုးကောင်း ဘုရား၊
ဒေါ်အောင်ဆန်းစုကြည်နေအိမ်၊ ရွှေတိဂုံ ကြေးသွန်းဘုရား အနီးတ၀ိုက်တွေမှာ
အသင့်ရွှေ့ပြောင်းထားခဲ့တယ်။ လိုအပ်ရင် စစ်ကူခေါ်ဖို့အတွက်လည်း
ကျိုက္ကဆံကွင်းက အကြမ်းဖက် တပ်ခွဲတွေကို အသင့်အနေအထား လုပ်ထားခဲ့ပါတယ်။
စက်တင်ဘာ (၂၆) ရက်နေ့မှာ ရွှေတိဂုံဘုရားမှာ ကျွန်တော်တို့
တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြတဲ့ သူတွေ အဓိကရုဏ်းဖြစ်ပြီးတော့ တပ်မတော်က
တပ်တွေနဲ့တွဲပြီး နေရာဖြန့်ဖို့ ညွှန်ကြားချက် ထွက်လာပါတယ်။ အဲဒီ
ညွှန်ကြားချက် အရ ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးမှာ ရဲတပ်ရင်း (၅) နဲ့ (၆) က
တပ်ခွဲ တစ်ခွဲစီ ထုတ်နုတ်ပြီး ဖြန့်ချပြီး ဒုရဲမှူးကြီးအောင်ဌေးမြင့်ကို
ဦးစီးဖို့ တာဝန်ပေး ခဲ့ပါတယ်။ ကျိုက္ကဆံကွင်း မှာတော့ တပ်မ (၇၇) က
ဒုဗိုလ်မှူးကြီး လှဖြိုးဦးစီးတဲ့ ခမရ (၁၀၁)၊ ရဲတပ်ရင်း (၉)၊
အကြမ်းဖက်တပ်ခွဲ (၄) ခွဲနဲ့ စွမ်းအားရှင်အယောက် (၂၀၀)၊
တော်လှန်ရေးပန်းခြံမှာ နည်းဗျူဟာမှူး ဒုဗိုလ် မှူးကြီး စိုးတင့်နိုင်
ဦးစီးတဲ့ ခမရ (၇၀၃)၊ ခမရ (၇၀၅)၊ ရဲတပ်ရင်း (၁)၊ ရဲတပ်ရင်း (၃)မှ ထုတ်နုတ်
တပ်ခွဲ(၁) ခွဲ၊ သခင်မြပန်းခြံမှာ စကခ (၄) မှ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး
အေးလွင် ဦးစီးတဲ့ ခမရ (၇၀၁)၊ ခမရ (၇၁၀) ၊ ရဲတပ်ရင်း (၃) နဲ့ ရဲတပ်ရင်း (၈)
နဲ့ စွမ်းအားရှင် အယောက် (၂၀၀)၊ ပြည်ထဲရေးရုံးမှာ အရန်အင်အားအဖြစ်
ရဲတပ်ရင်း (၃) မှ ထုတ်နုတ်တပ်ခွဲ (၂) ခွဲတို့ကို ဖြန့်ချခဲ့ပါတယ်။
မေး - စက်တင်ဘာလ (၂၆) ရက်နေ့က ရွှေတိဂုံဘုရား မြောက်ဘက်မုခ်မှာ
ဖြစ်ခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်လေးနဲ့ ပတ်သတ်ပြီး သိရင် ဘယ်အချိန်
ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ အသေးစိတ် ပြောပြပေးပါဦး။
ဖြေ - ဟုတ်ကဲ့ သိပါတယ်။ အဲဒီ့အချိန်တုန်းက ကျွန်တော်က အနီးကပ် ကွပ်ကဲရေး
အဖွဲ့တွေ ထဲမှာ မပါပေမဲ့ ရုံးမှာထိုင်ပြီး ဘေးနံတပ်တွေနဲ့ ပေါင်းစပ်
ညှိနှိုင်းရေး တာဝန်တွေ ယူနေခဲ့တာမို့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဆက်သွယ်ရေး
စက်ပေါ်မှာ တောက်လျှောက် ကြားနေရပါတယ်။
စက်တင်ဘာလ (၂၆) ရက်နေ့ မနက်ပိုင်းမှာ ပြည်ထဲရေး ရုံးမှာ လတ်တလော
ဖြစ်နေတဲ့ ကိစ္စတွေ၊ ရဲတပ်ရင်းတွေနဲ့ ပတ်သတ်တဲ့ တပ်တည်တပ်လှုပ် သတင်းတွေ
Brefing လုပ်၊ ရှင်းလင်းပြီးတော့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက
ရန်ကုန်မြို့ထဲက ရဲတပ်ရင်းတွေကို လိုက်စစ်ဖို့ထွက်သွားပါတယ်။ မနက်
(၉)နာရီကျော်ကျော်လောက် ဖြစ်မယ် ထင်ပါတယ်။ သူနဲ့အတူ ရဲထောက်ချုပ်၊
ရဲတပ်ရင်းများ ကွပ်ကဲရေးအဖွဲ့မှူး၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးနဲ့
ခရိုင်ရဲတပ်ဖွဲ့မှူးတချို့လည်း ပါသွားပါတယ်။ ပြည်ထဲရေးရုံးကနေ
မိုးကောင်းကျောင်းတိုက်၊ ငွေကြာယံကျောင်းတိုက်၊ ကြေးသွန်းဘုရားတွေမှာ
ချထားတဲ့ ရဲတပ်ရင်းတွေကို စစ်ဆေးပြီး မင်္ဂလာရာမ ကျောင်းတိုက်ကို မနက်
(၁၀း၃၀) နာရီ လောက်မှာ ရောက်သွားခဲ့ပါတယ်။ မင်္ဂလာရာမကျောင်းတိုက်မှာ
တာဝန်ကျနေတဲ့ တပ်ဖွဲ့တွေကို စစ်ဆေးနေတုန်းမှာပဲ ရွှေတိဂုံဘုရား
အရှေ့ဘက်မုခ်မှာ သံဃာတွေ စုဝေးနေတယ်လို့ သတင်းပို့တာကြောင့်
ရဲချုပ်နဲ့အဖွဲ့ဟာ ကြေးသွန်းဘုရားဆီကို ပြန်လှည့်သွားပါတယ်။
အဲဒီကြေးသွန်းဘုရားမှာ ရဲမှူးညဏ်မြင့် ဦးစီးတဲ့ ရဲတပ်ရင်း (၈) က
တပ်ခွဲတွေအပြင် ခမရ (၇) တပ်ရင်းလည်း တပ်ရင်းမှူးကိုယ်တိုင် ဦးစီးပြီး
ရှိနေပါတယ်။
ပြီးတော့ ရဲမှူးညဏ်မြင့်နဲ့ တပ်ခွဲတခွဲကို အလယ်ပစ္စယံမှာ ရောက်နေတဲ့
စစ်ဒေသ(၃)မှူး၊ စွမ်းအားရှင် (၈၀) လောက်နဲ့ သွားပြီး ပူးပေါင်းစေခဲ့ပါတယ်။
စုဝေးနေတဲ့ သံဃာတွေနဲ့ ပြည်သူအင်အားတွေ ပိုပိုများလာတာကြောင့်
အင်အားသုံးဖြိုခွဲဖို့ ဆုံးဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ
လုံခြုံရေးဆောင်ရွက်နေတဲ့ အကြမ်းဖက်တပ်ခွဲတ်ခွဲကို လှမ်းခေါ်ခဲ့ပါတယ်။
အဲ..ဒါပေမဲ့ အဲဒီတပ်ခွဲက လမ်းမှာ ကားပျက်နေတာမို့ သတ်မှတ်ချိန်ထက်
နာရီဝက်လောက် နောက်ကျပြီးမှ ရောက်လာပြီး ပူးပေါင်းခဲ့ပါတယ်။
ဗဟန်း (၃) လမ်းဘက်ကနေ သံဃာတော် (၃၀၀) နဲ့ လူအင်အား (၅၀၀) လောက်
တက်လာပြီး ခြင်္သေ့နှစ်ကောင် နေရာကနေ ဘုရားပေါ်တက်ဖို့ ကြိုးစားတာနဲ့
စောင်းတန်းတံခါးကို ပိတ်လိုက်ရပါတယ်။ ကြားတောရနဲ့ ဗဟန်း (၃) လမ်းကို ခမရ
(၇) က တပ်ရင်းမှူး ဦးစီးတဲ့ တပ်ကို ပိတ်ဆို့ဖို့ တာဝန်ပေးလိုက်ပေမဲ့
ဆန္ဒပြသူတွေဘက်က လူအင်အားများတာကြောင့် မတားဆီးနိုင်ဘဲ ပြန်ဆုတ် ခဲ့ရပါတယ်။
အဲဒီ အချိန်မှာပဲ ဦးထောင်ဘို လမ်းဘက်ကနေ သံဃာတော် (၅၀၀) နဲ့ လူအင်အား
(၁၀၀၀) ကျော်ပါတဲ့ အုပ်စုကြီး ထပ်ဝင်လာတာမို့ ရဲချုပ်တို့အဖွဲ့ရော၊
ရဲတပ်ရင်းတွေပါ ပိတ်မိ သွားပါတယ်။ ဒါကြောင့်မို တပ်ကူ လှမ်းတောင်းတာမို့
ခြောက်ထပ်ကြီး ဘုရားနားမှာ ရှိနေတဲ့ ရဲတပ်ရင်း (၁) ကို စေလွှတ်ပေးခဲ့ရပါတယ်။
အဲဒီ ရဲတပ်ရင်း (၁) ကို ဒုတိယ ရဲတပ်ရင်းများ ကွပ်ကဲရေး အဖွဲ့မှူး
ကိုယ်တိုင် ဦးစီးပြီး ရွှေတိဂုံက အဖွဲ့တွေနဲ့ သွားပေါင်းခဲ့ပါတယ်။
စောင်းတန်းမှာ ရှိနေတဲ့ သံဃာတော်တွေကို ဖမ်းဆီးဖို့ အလယ်ပစ္စယံမှာရှိနေတဲ့
စွမ်းအား ရှင်တွေကို လွှတ်ပြီးခိုင်းခဲ့ပေမဲ့ မဖမ်းရဲပဲ လူအုပ်ကြားထဲ
ဝင်ရောက်သွားတာမို့ စစ်ဒေသမှူးနဲ့ တပ်ရင်းမှူးတွေ ဆဲနေတာကို စက်ပေါ်ကနေ
ကြားနေရပါတယ်။
နေ့လည် ၁၂ နာရီ ၃၀ လောက်မှာ ရဲချုပ်၊ ရဲတပ်ရင်းများ ကွပ်ကဲရေး မှူးတွေက
သံဃာတော်ခေါင်းဆောင်တွေကို လူစုခွဲဖို့ ပြောနေတုန်းမှာပဲ ရုန်းရင်းဆန်ခတ်
စဖြစ်ပါတယ်။ ဆန္ဒပြတဲ့ သူတွေ ဘက်ကလည်း အုတ်ခဲကျိုးတွေ၊ ပုလင်းတွေ၊
ကျောက်ခဲ့တွေ၊ သစ်သား အတိုအစတွေနဲ့ ပစ်ပေါက်ကြပြီး ရဲတပ်ရင်းတွေ ဘက်က
မျက်ရည်ဗုံးတွေ၊ မီးခိုးဗုံးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့လို့ လူစုကွဲ
သွားတယ်လို့ သိရပါတယ်။ နေ့လည် ၁ နာရီ ၁၅ လောက်မှာ ရဲချုပ်နဲ့အဖွဲ့က
ပြည်ထဲရေးကို ပြန်လာခဲ့ပြီး အဲဒီနေရာကိုတော့ ရဲတပ်ရင်းများ ကွပ်ကဲရေး
အဖွဲ့မှူးက ဆက်ပြီး တာဝန်ယူ ထားခဲ့ပါတယ်။
စက်ပေါ်ကနေ သိခဲ့ရတဲ့ သတင်းပေးပို့ ချက်တွေ အရ အဲဒီရွှေတိဂုံ ဘုရား
အနီးမှာပဲ ရဲတပ်ရင်းတွေနဲ့ ဆန္ဒပြသူတွေ အကြိမ်ကြိမ် ရင်ဆိုင်
ထိတွေ့ခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြသူ လူအင်အားတွေ တဖြည်းဖြည်း များလာကြောင်း
တင်ပြ လာတာကြောင့် ငွေကြာယံကျောင်းတိုက်မှာ ရှိနေတဲ့ ရဲတပ်ရင်း (၃) က
ထုတ်နုတ် စစ်ကြောင်း တခုကို ကန်တော်ကြီးစောင်းကနေ ပတ်ပြီး ရှင်းလင်းဖို့
စေလွှတ်ပေး ခဲ့ရပါတယ်။ အဲဒီနေ့က ရဲတပ်ရင်းတွေနဲ့ အကြမ်းဖက်နှိမ်နှင်းရေး
တပ်ဖွဲတွေ ပေးပို့တဲ့ ခဲယမ်း သုံးစွဲမှုပြန်တမ်းအရ သိရတဲ့
ကျည်သုံးစာရင်းကတော့ ၁၂ ဗို့ကျည် (၆၃) တောင့်၊ အမ် ၃၇/၃၈ မမ
မျက်ရည်ယိုဗုံးသီး (၁၀၉) လုံး၊ ဒဿမ ၃၀၃ ကျည် (၁၈) တောင့်၊ မီးခိုးဗုံး
(၁၄၃) လုံး လို့ သိရပါတယ်။ အဲဒါက ကျွန်တော်တို့ ကွပ်ကဲမှုအောက်မှာ ရှိနေတဲ့
ရဲတပ်ရင်းတွေနဲ့ ပတ်သတ်တဲ့ ခဲယမ်းစာရင်းပါ။ စစ်တပ်တွေက သုံးတဲ့ စာရင်း
ကတော့ ကျွန်တော်တို့နဲ့ မဆိုင်တဲ့ အတွက် မသိရပါဘူး။
စက်တင်ဘာ (၂၆) ရက်နေ့မှာ ရွှေတိဂုံ ဘုရား အနီးမှာ အဓိကရုဏ်းတွေ
အကြီးအကျယ်ဖြစ်ခဲ့ပြီး နောက်နေ့မှာတော့ ရန်ကုန်တမြို့လုံး နေရာအနှံ့မှာ
ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်တွေကို စစ်တပ်နဲ့ ရဲတပ်ရင်းတွေက
ဘယ်လို နှိမ်နှင်းခဲ့လဲ ဆိုတာ ပြောပြပေးပါဦး။
(ဆက်လက်ဖော်ပြပါမည်)
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment