Monday, August 13, 2012

ပါတီတွင်း ရင်ကြားမစေ့နိုင်သေးတဲ့ NLD ပါတီမှ ပြည်သူ့အကျိုး ဘာမှမလုပ်ပဲ ဆန္ဒပြစရာမရှိ ပါတီထဲက လူအချင်းချင်း ဆန္ဒပြလျှက်ရှိ (ဓာတ်ပုံ ၃၇ ပုံ)



့ပါတီတွင်း ရင်ကြားမစေ့နိုင်သေးတဲ့ NLD ပါတီမှ ပြည်သူ့အကျိုး ဘာမှမလုပ်ပဲ ဆန္ဒပြစရာမရှိ ပါတီထဲက လူအချင်းချင်း ဆန္ဒပြလျှက်ရှိ ကြောင်း သတင်းရရှိသည်။ မြောင်းမြမြို့ NLD ပါတီ ရှိ ပါတီဝင် လူ ၃၀၀ ကျော် သည် NLD ပါတီအတွင်း မှာတင် ဒီမိုကရေစီ မရှိသောကြောင့် ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းကို သြဂုတ်လ ၁၂ ရက် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီ တွင် ပြုလုပ်ခဲ့သည်။

NLD ပါတီမြို့နယ်ရုံးတည်ရှိရာ ဦးဘချိုလမ်းမှသည် ကျွန်းတောတံတားအနီး ရှိ ခရိုင်ကော်မရှင်ရုံး အထိ ဆန္ဒထုတ်ဖော်ကာ လမ်းလျှောက်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်သည့် ခန့်မှန်း အင်အား ၃၀၀ ကျော် ရှိသည်။ ဆန္ဒထုတ်ဖော်သူတို့က မြို့နယ်ကော်မရှင် ပြန်ဖွဲ့ရေး ၊ ဗဟိုကော်မတီမှ လူကြီးတစ်ဦး နှုတ်ထွက်ရေး ၊ မြို့နယ်ရုံးခန်း မပြောင်းရွှေ့ရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည်။ အချိန် ၂ နာရီ နီးပါး စုဝေးလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး NLD ပါတီသည် မြန်မာနိုင်ငံမှာ ပါတီပေါင်း ၄၀ ကျော်ရှိသည့်အနက် ပါတီဝင်းအချင်းချင်း ဆန္ဒပြသည့် ပထမ ဆုံး ပါတီ ဖြစ်သည်။

ရန်ကုန်မြို့ရှိ NLD ပါတီ ရုံးချုပ်တွင်လည်း ဗဟိုဦးစီးမှု လွန်ကဲလျှက် ရှိကြောင်း ဝေဖန်မှုများ ရှိကြောင်း NLD စိတ်ပျက် ကာ ထွက်ခွာသွားသူများမှ ပြောဆိုထားသည်များကို http://www.myanmarexpress.net/search/label/တွင် ဖက်ရှုနိုင်သည်။

အချင်းချင်း အဝေမတည့်ကာ ဆန္ဒပြနေသော NLD ပါတီ၏ ဥက္ကဌ မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး သူမ ၏ လက်သုံးစကား မှာ "အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ရမယ်" ဟူ၍ဖြစ်သည်။


ပါတီတွင်း တောင် ဒီမိုကရေစီ မရရှိသေးတဲ့
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

နိုင်ငံရေး စားဖားကြီး တွေ ရှိတဲ့ NLD


ဒီမိုကရေစီ မကျတဲ့ ပါတီတွင်း ကော်မရှင် ဖျက်သိမ်း ပါ.. တဲ့


































Myanmar Express

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။