အိန္ဒိယအစိုးရ ခြစားမှုအတွက် ယောဂဂုရုဘာဘာရမ်ဒက်ဗ် အစာငတ်ခံဆန္ဒပြ |
Sunday, 12 August 2012 23:19 |
အိန္ဒိယနိုင်ငံသားအချို့က ပြည်ပတွင် တရားမ၀င်ထားရှိထားသော
ဒေါ်လာဘီလျံနှင့်ချီသော ငွေများကို ပြန်ရရှိအောင် အစိုးရက မလုပ်ဆောင်ပေးပါက
အစာငတ်ခံဆန္ဒပြမှုကို နိုင်ငံတစ်ဝန်းပျံ့နှံ့အောင် လုပ်ဆောင်သွားမည်ဟု
သြဂုတ်လ ၁၂ ရက် တွင် အိန္ဒိယတွင် နာမည်ကြီးသော ယောဂဂုရုဘာဘာရမ်ဒက်ဗ်က
ခြိမ်းခြောက်ခဲ့သည်။ ရမ်ဒက်ဗ်သည် သြဂုတ်လ ၁၂ ရက်တွင် လေးရက်မြောက် အစာငတ်ခံ ဆန္ဒပြခြင်းဖြစ်ပြီး ၀န်ကြီးချုပ်သည် မိမိတောင်းဆိုချက်ကို သြဂုတ်လ ၁၂ ရက်ညနေတွင် နောက်ဆုံးထားတုံ့ပြန်ရမည်ကို ပျက်ကွက်ခဲ့ကြောင်း နယူးဒေလီတွင် ထောက်ခံသူထောင်ပေါင်းများစွာအား ရမ်ဒက်ဗ်က ပြောကြားခဲ့သည်။ အခွန်ရှောင်ခြင်း၊ ပြည်ပဘဏ်များတွင် တရားမ၀င်နည်းဖြင့် ငွေများထားရှိခြင်း ကာကွယ်နိုင်စေရန် အစိုးရတာဝန်ရှိသူများကို လွတ်လပ်သော အထူးစုံစမ်းစစ်ဆေးရေးဗျူရို (CBI) ဖြင့် စစ်ဆေးရန် အပါအ၀င် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဆိုင်ရာ အချက်အလက်များကို ရမ်ဒက်ဗ်နှင့် သူ့ကိုထောက်ခံသူများက တင်ပြခဲ့သည်။ |
No comments:
Post a Comment