| သြဂုတ်လ ၁၁ ရက် ည ၈ နာရီခွဲခန့်တွင် ဆရာစံလမ်း၌ ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွား |
|
|
| Saturday, 11 August 2012 22:46 |
ကားရှေ့ခန်းတွင် ပိတ်မိနေသူကို အပြင်သို့ထုတ်ရန် ကြိုးပမ်းနေကြစဉ်
ဖြစ်ပွားပုံမှာ ည ၈ နာရီခွဲအချိန်ခန့်တွင် မီးပွိုင့်ဘက်မှလာသော
ကန်တာယာဉ်နှင့် ဈေးကွေ့ဘက်မှလာသော ဘီအမ်ခရီးသည် တင်ယာဉ်နှစ်စီး
မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း
သိရသည်။''ကားတိုက်မှုက ည ၈ နာရီ ခွဲလောက်မှာ ဖြစ်တယ်။ ဖြစ်ပြီး ၁၅ မိနစ်လောက်အကြာမှာ မီးသတ်ကို ဖုန်းဆက်လိုက်လို့ မီးသတ်ကားနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်လာတယ်။ ကန်တာကားရှေ့ခန်းမှာ ညှပ်မိနေတဲ့သူတစ်ဦးကို ခက်ခက်ခဲခဲ အပြင်ထုတ်ရတယ်။ မီးသတ်တပ်ဖွဲ့တွေ ရောက်လာပြီး မိနစ် ၂၀ အကြာလောက်မှာ အပြင်ကို ထုတ်နိုင်ခဲ့ပါတယ်''ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပြခဲ့သည်။
ကန်တာယာဉ်ကို ကရိန်းဖြင့်ဆွဲတင် နေစဉ်
|




Comments
ဗမာ့ သတ္တိတဲ့ ကွဲ့နော်..
နောက်ပြီး မဟားဒယား ဘတ်စကားတွေက မီးပွိုင့်ကို ဖရီးကြောဘက်ကနေ အတင်းကျော်တက်ပြီး ကွေ့ ကွေ့ နေတာ အမြဲတွေ့ နေရပါတယ်။
ကျနော်တို့  အိမ်စီးကားတွေကို ကားတွေလို့ တောင် ထင်တာမဟုတ်ဘူး၊ အတင်းနောက်ကနေ လိုက်ခြိမ်းခြောက်နေတတ်တာ အဲဒီ ဘတ်စ်ကားတွေပါပဲ။ သူတို့ လောဘအတွက် ပြိုင်မောင်းပြီး ထိခိုက်တော့ အများပြည်သူတွေ၊ အတော်ပဲ နစ်နာရပါတယ်။ ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်ဗျာ။