KIA အဖွဲ့မှ ဆဒုံး-ကန်ပိုက်တီးကားလမ်းအားပိတ်
သြဂုတ်(၂၈)
ပြီးခဲ့တဲ့ သြဂုတ်လ(၂၅)ရက်နေ့က KIA တပ်ဖွဲ့ဝင်တွေဟာ ဆဒုံးမြို့နယ်အတွင်းရှိ ဆဒုံး-ကန်ပိုက်တီး ကား လမ်းမှာရှိတဲ့ ရေတံခွန်-ကန်ပိုက်တီးကားလမ်းမှာ ယာဉ်ကြီး / ယာဉ်ငယ် နဲ့ သုံးဘီးဆိုင်ကယ်တွေ သွားလာ မှုကို ပိတ်ပင်ထားတယ်လို့ သတင်းရရှိပါတယ်။
ဒီလိုပိတ်ပင်ထားတဲ့အကြောင်းကို ဆဒုံးမြို့နယ်၊ အုပ်ချုပ်ရေးမှူးက ဆဒုံးမြို့ပေါ်ရပ်ကွက်နဲ့ ဆနာကျေးရွာ၊ လဂျောင်ကျေးရွာနဲ့ မန်ရှန်းကျေးရွာတွေမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အကြောင်း ကြား ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၄)ရက်နေ့ကလဲ ကန်ပိုက်တီးကနေ ရေတံခွန်ကိုသွားတဲ့ ခရီးသည် ယာဉ် (၂)စီးကိုလည်း ကေအိုင်အေအဖွဲ့က နောက်ကြောင်းပြန်လှည့်ခိုင်းတယ်လို့ ခရီးသည် တစ်ဦးထံမှ သိရှိရ ပါတယ်။
ဒ့ါအပြင် ကေအိုင်အေအဖွဲ့ဟာ ယုဇန်ကုမ္ပဏီက ဖောက်လုပ်ထားတဲ့ ၀ရာဇွတ်-နန့်ယားသွားတဲ့ လမ်းပေါ်မှာ သွားလာနေတဲ့ ယာဉ်ကြီး/ယာဉ်ငယ်တွေ ဒေသခံခရီးသွားတွေနဲ့ ဆိုင်ကယ်တွေကိုလဲ သြဂုတ်လ (၂၇) ရက်နေ့ ကစပြီး သွားလာခွင့်ပိတ်ပင်ထားတယ်လို့လည်း သိရှိရပါတယ်။
ဒေသခံ
တောင်သူတွေနေနဲ့ ယာခင်းထွက် သီးနှံတွေကို ရောင်းချရာမှာ ကိုယ်တိုင် သယ်ယူ
ရောင်းချ နိုင်ခြင်းမရှိတဲ့အတွက် ကုန်သည်ပွဲစားတွေကိုသာ ရောင်းချရပြီး
ယခုလို ကားလမ်းတွေ ပိတ်ပင်ထားတဲ့အတွက် ကုန်သည်အများစုမှာ
ကုန်သွယ်မှုမလွယ်ကူတာကြောင့် မိုးဦးကာ လဖြစ်ပေမယ့်
ဟင်းသီးဟင်းရွက်ဈေးနှုန်းနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်နေ တယ်လို့
ပြောဆိုနေကြပါတယ်။
No comments:
Post a Comment