Tuesday, August 28, 2012

ဒါးခုတ်ရာ လက်မလျှိုကြပါနဲ့


ဒါးခုတ်ရာ လက်မလျှိုကြပါနဲ့
-ကလေးလေး
-၂၆.၈.၂၀၁၂
ဦးအောင်သိန်းလင်း ကိစ္စမှာ ဒါးခုတ်ရာ လက်မလျှိုကြပါနဲ့ ၊
ကိုယ်ဝင်လုပ်တာ ကြံ့ဖွတ် အလိုတော်ကျ လုပ်နေတာမျိုး ဖြစ်မသွားပါစေနဲ့-
စစ်တပ်အုပ်ချုပ်တဲ့ ကာလတုန်းက ခေါင်းဆောင်အဖြစ် လေ့ကျင့်ရွေးချယ်ခဲ့တဲ့ အထဲမှာ ဦးအောင်သိန်းလင်း တစ်ယောက် အပါအ၀င်ဖြစ်ပါတယ်။
ဦအောင်သိန်းလင်း အင်တာဗျူးမှာ ပြောသွားတဲ့စကားတွေဟာ ၂၀၁၀ မတိုင်မှီကာလတွေက မြန်မာ့အလင်း နဲ့ ကြေးမုံ သတင်းစာတွေထဲမှာ စာလုံးမဲကြီးတွေနဲ့ ခဏခဏ ပါနေတဲ့ စာသားတွေပါပဲ။
အဲဒီကာလက ဦးအောင်သိန်းလင်းလို စစ်တပ်နဲ့ ကြံ့ခိုင်ရေး အသိုင်းအ၀န်းကလူ အားလုံးနီးပါး ဒီလိုချည်းပြောနေကြတာပါ။

အခုဖြစ်လာတဲ့ အင်တာဗျူးက အရင်က စစ်တပ်မှာ ကြံ့ခိုင်ရေးမှာ ဘယ်လိုဘယ်ပုံ ပေါ်လစီတွေချခဲ့တယ် ၊
အမေရိကန် တရုတ်နဲ့ ကုလသမဂ္ဂကို ဘယ်လိုအမြင်တွေရှိခဲ့တယ် ၊
ဘယ်လောက်အတိုင်းအတာအထိ ဒီအယူအဆတွေပြင်းထန်ခဲ့တယ်ဆိုတာ ထင်သာမြင်သာပါတယ်။
ဦးအောင်သိန်းလင်း ဟာ အရည်အချင်းရှိပါတယ် ၊
ဘယ်လိုအရည်အချင်းတွေလည်းဆိုတော့ မဝေးလှတဲ့ အရင် လေး ငါးနှစ်က ကြံ့ခိုင်းရေးပါတီရဲ့ လျှို့ဝှက် စီမံချက်တွေကို ဖွင့်ချနိုင်လောက်အောင်ကို စွမ်းတဲ့ အရည်အချင်းတွေရှိနေဆဲပါ။
သူ ဒီလိုဆက်ပြောလေလေ သူဒါမျိုးတွေဆက်လုပ်လေလေ အရင်က စစ်တပ်ခေါင်းဆောင်တွေနဲ့ ကြံ့ခိုင်ရေး ခေါင်းဆောင်တွေထဲမှာ ဘာတွေ ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ ၊ မကြာခင် ရှင်းရှင်းဘွင်းဘွင်းကြီး သိရတော့မှာပါ ၊
သူ့အရည်အချင်းတွေ ဆက်ပြခွင့်ပြုကြပါအုံး ၊

သူ ဒီလိုရှိနေတာဟာ သူဒီလို ဆက်လုပ်ဆက်ပြောနေတာတွေဟာ အပြောင်းအလဲကို ဟန်ဆောင်စီးမျောနေတဲ့ ကြောင်ဖားကြီးတွေ အတွက် မျက်ခုံးလှုပ်စရာ ဖြစ်နေပါတယ် ၊
ခုလည်း သူတို့အချင်းချင်း ဇာတ်တူသားစားတော့မယ့် အခြေအနေတွေ မြင်နေရပါပြီ ၊
သူတို့ အထဲမှာ ပြီးခဲ့တဲ့ ၂၂ နှစ် ကာလက ဖြစ်ခဲ့တာ အားလုံးကို အောင်သိန်းလင်း ခေါင်းပေါ်ပုံချမယ့် ပုံစါမျိုးချိုးနေကြပါပြီ ၊
အောင်သိန်းလင်း တစ်ယောက်ဟာ နောက်ကျတဲ့ခြေထောက် လို သူတို့တွေ ပုံဖော်နေပါပြီ ၊
အောင်သိန်းလင်းကို ကြံ့ခိုင်ရေးပါတီမှာ ဆက်ရှိနေစေချင်ပါတယ် ၊

အောင်သိန်းလင်း
အောင်သိန်းလင်းကို လွတ်တော်ထဲမှာ ဆက်ရှိနေစေချင်ပါတယ် ၊
ဒီပွဲမှာ အောင်သိန်းလင်းတစ်ယောက် ဘယ်လိုခံစားနေရတယ် ဆိုတာ အောင်သိန်းလင်းပြောပြပါလိမ့်မယ်
အောင်သိန်းလင်း ပတ်ဝန်းကျင်က ပြောသံကြားရပါတယ် ၊ အောင်သိန်းလင်းက ပြောတယ်တဲ့ ၊
ကျွန်တော် ဘာမှားလို့လဲ အရင်ကလည်း ဒီလိုပြောတာပဲ -
အရင်က ဒီလိုပြောမှ သူရဲကောင်းဆို အခုတော့ ဒီလိုဆက်ပြောတာ ဘယ့်နှယ် သစ္စာဖောက်ဖြစ်သွားရတာတုန်းတဲ့ ၊
ကဲ အောင်သိန်းလင်းကိစ္စ ကြံ့ဖွတ်တွေ သူတို့ဘာသာရှင်းပါစေ ၊
ကိုယ်ဝင်လုပ်တာ ကြံ့ဖွတ် အလိုတော်ကျ လုပ်နေတာမျိုး ဖြစ်မသွားပါစေနဲ့
(ဟောဒီ ကလေးလေး)


ပေးပို့သူ--- ကလေးလေး
------------------------------------------------------------------------------- မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။