Tuesday, August 28, 2012

ကျပ်ငွေ ၅၀၀၀ တန်အတု သိန်း ၁၅၀ ကျော်သိမ်းဆီးရမိ




ကျပ်ငွေ ၅၀၀၀ တန်အတု သိန်း ၁၅၀ ကျော်သိမ်းဆီးရမိ




ကျပ် ၅၀၀၀ တန် အရွက် ၃၁၇၈ ရွက် တန်ဘိုးအားဖြင့် ၁၅၈၉၀၀၀၀ ကို ရှမ်းအမျိုးသမီး နန်းနု (ခ) နန်းပေါ့တ် အတူ (Shan State South – SSS) ပြည်သူ့ စစ်အဖွဲ့ က သြဂုတ်လ ၂၄ ရက်နေ့  က ရှမ်းပြည်တောင်ပိုင်း ဟွာမူယန်း(ဟွာမိုင်း) ကျေးရွာ မှာ ဖမ်းဆီးလိုက်ပါတယ်လို့ ရှမ်းသံတော်ဆင့် ထိုင်းဘာသာဝက်ဘ်ဆိုက်သတင်းမှာ
ဖေါ်ပြထားပါတယ်။
မြန်မာကျပ်ငွေ သိန်း ၁၅၀ ကျော်ကို ထိုင်းဘက်ခြမ်း မဲ့ဟောင်ဆောင် ခရိုင်ကို ဖြတ်ကျော်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းကို ယူဆောင်သွားတာဖြစ်တယ်။
ငွေတု နန်းနု (ခ) နန်းပေါ့တ် ဟာ နားကုန်းကျေးရွာ၊ လန်းခရူးယားကျေးရွာအုပ်စု၊ ရှမ်းပြည်တောင်ပိုင်း ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်ခရိုင်မှာ အခြေချနေထိုင်နေတာ နှစ် 20 ကျော်ရှိပြီဖြစ်တယ်။
အဖမ်းခံရသူ နန်းနု(ခ) နန်းပေါ့တ်ဟာ အရင်က ၂ ကြိမ် သွားရောင်းခဲ့တယ်။ တကြိမ်က ကျပ် ၃ သိန်းဖြစ်ပြီး ဒုတိယအကြိမ်က သိန်း ၅၀ ဖြစ်တယ်၊ ငွေတုတွေကို ထိုင်းနိုင်ငံချင်မိုင်မြို့ နေ ရှမ်းလူမျိုး စော ဆိုသူဆီက ယူခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောတယ်။ အခုအခါမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့  ဆိုပါတယ်။

""ကျပ်ငွေ ၅၀၀၀ တန်အတု သိန်း ၁၅၀ ကျော်သိမ်းဆီးရမိ""

မြန်မာကျပ်ငွေ ၅ ထောင်တန်အတု
သိန်းတရာကျော်အား သယ်ဆောင်
ရောင်းချနေသည့် နှစ်နိုင်ငံ မှတ်ပုံတင်
ကိုင်ဆောင်သူ  အမျိုးသမီးအား ထိုင်းနိုင်ငံ
 မယ်ဟောင်ဆောင် တဖက်ခြမ်း သျှမ်းပြည် တောင်ပိုင်း ဟိုမိန်းမြို့
နယ်ခွဲ၌ ဖမ်းမိကြောင်း နယ်စပ် သတင်းရပ်ကွက် ကဆိုပါသည်။
နှစ်နိုင်ငံမှတ်ပုံတင်ကိုင်ဆောင်သူနန်းနု နှင့် ကျပ်ငါးထောင်တန်အတုများ
“ပိုက်ဆံတွေကို ထိုင်းဘက်ခြမ်းကနေသယ်လာတဲ့သူကလေ နှစ်နိုင်ငံစလုံးရဲ့မှတ်ပုံတင်ကို ကိုင်ဆောင်ထားတယ်။ ထိုင်းဘက် မှာဆိုရင် တောင်ပေါ်သားကတ်ကိုသုံးတယ်။ အဲဒီမှာသူ့နာမည်က နန်းနုတဲ့။ မြန်မာနိုင်ငံသားစီစစ်ရေး ကတ်ထဲမှာတော့ သူ့နာမည် နန်းပေါက်တဲ့။
အသက်က ၄၀ ကျော်ကျော်လောက်ရှိတယ်” ဟု ဟိုမိန်းပြည်သူ့စစ်တပ်ဖွဲ့ နှင့် နီးစပ်သူတဦး

ကပြောသည်။
အဆိုပါနန်းနုအား ယခုလ ၂၄ ရက် က သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ (ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်မြို့နှင့် မျက် နှာချင်းဆိုင်ရှိ) ၌ မြန်မာ ၅၀၀၀ တန်အတု ကျပ်သိန်း ၁၅၀ ဖိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းသည် ကျပ် ၅၀၀,၀၀၀ ကို ဘတ်ငွေ ၇,၀၀၀ ဖြင့်ရောင်းချနေခြင်းဖြစ်ကြောင်း နယ်စပ်နေ ဌာနေပြည်သူ့စစ် များကပြောသည်။

“ဒီကနေ့ငွေလဲနှုန်းနဲ့တွက်မယ်ဆိုရင် ကျပ် ၅၀၀,၀၀၀ ဟာ ဘတ်ငွေ ၁၈,၅၀၀ ကျတယ်လေ။ 

ဒါကြောင့်ပေါ့။ သူက အခု အဖမ်း ခံရတာ တတိယအကြိမ်ပေါ့။
ပထမအကြိမ် ကျပ်ငွေအတု သုံးသိန်းဖိုး၊  ဒုတိယအကြိမ်ကျတော့ ကျပ်ငွေအတု ငါးသန်းဖိုး( ကျပ်သိန်း ၅၀) နဲ့ဖမ်းမိတယ်။ ဒီတခေါက်တော့ သူ့ကို ခရိုင်တရားရုံးကို ပို့လိုက်ပြီ ။ မနေ့ကဘဲ” ဟု အဆိုပါ ထိုင်းရဲက ဆက်လက်ပြောပြသည်။

ပိုက်ဆံအတုများအား ချင်းမိုင်မြို့နေ စိုင်းဆောလုံ ဆိုသူထံမှ ယူလာကြောင်း နန်းနု ခေါ်နန်းပေါက်က ပြောခဲ့သော်လည်း အဆိုပါ စိုင်းဆောလုံအား ယနေ့တိုင် ထိုင်းရဲများ မဖမ်းမိသေးကြောင်း၊  စိုင်းဆောလုံမှာ ယခင်က ဦးခွန်ဆာ၏ မုံးတိုင်းအာမီ တပ်မတော်၌ ရုံးဝန်ထမ်းတဦး ဖြစ်ခဲ့ဖူးကြောင်း ထိုင်းရဲများကပြော၏။

နန်းနု၏ (ထိုင်းနိုင်ငံ) တောင်ပေါ်သားမှတ်ပုံတင်ကတ်ပြား
အမေရိကန်ဒေါ်လာငွေအပြင် တရုတ်ယွမ်ငွေ ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေအတုများ ထုတ်ဝေသယ်ဆောင်မှုပြဿနာမှာ ထိုင်း-မြန်မာနယ်စပ်၌ အစဉ်အဆက်ဖြစ်ပေါ်နေသော ပြဿနာဖြစ်သည်။အဆိုပါငွေစက္ကူအတုများမှာ မူးယစ်ဆေးချက်လုပ်ရန် ဘိန်းစိုက်တောင်သူများထံမှ ဘိန်းစိမ်းဝယ်ယူဖို့ ထုတ်လုပ်အသုံးပြု သည့်ငွေများဖြစ်ပြီး ထိုမှတဆင့် မြို့တွင်းသို့ ပံျ့လာခြင်း ရှိနေသည်ဟု ငွေရှင်များက သုံးသပ်ပြောဆိုသည်။
နယ်စပ်၌ ထိုကဲ့သို့ ငွေစက္ကူအတု ပေါများခြင်းကြောင့်လည်း တာချီလိတ်မြို့နေ ဒေသခံအများစုမှာ မြန်မာငွေစက္ကူ လက်ဝယ်ထားရှိလိုသည့် ဆန္ဒမရှိခြင်းဖြစ်ကြောင်းလည်း တာချီလိတ်မြို့ စီးပွါးရေးလုပ်ငန်းရှင်များကပြောသည်။


သျှမ်းသံတော်ဆင့်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။