Tuesday, January 29, 2013

ခေတ်နှင့်ညီသည့် ဥပဒေသစ် ပြဋ္ဌာန်းပြီးမှသာ ဆက်သွယ်ရေးဥပဒေရုပ်သိမ်းသင့်ဟု ဒုဝန်ကြီး ပြောကြား


ခေတ်နှင့်ညီသည့် ဥပဒေသစ် ပြဋ္ဌာန်းပြီးမှသာ ဆက်သွယ်ရေးဥပဒေရုပ်သိမ်းသင့်ဟု ဒုဝန်ကြီး ပြောကြား


7Day News Journal, 29 January 2013  —-  နေပြည်တော်၊ ဇန်န၀ါရီ-၂၉
ခေတ်နှင့်လျော်ညီသည့် ဥပဒေအသစ် အတည်ပြုပြဋ္ဌာန်းပြီးမှသာ လက်ရှိ အီလက်ထရွန်နစ်ဆက် သွယ်ရေး ဥပဒေတစ်ရပ်လုံးအား ရုပ်သိမ်းခြင်းပြုသင့်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်နည်း
ပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောသည်။
သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးသိန်းညွှန့်က “အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း”အား ယနေ့ကျင်းပသည့်ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်သွင်းရာ ဒုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ပြောကြားခြင်း ဖြစ် သည်။

ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်


ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင် 

သီပေါမြို့နယ်အတွင်းဖြတ်သန်းသော ဂက်စ်ပိုက်လိုင်း (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၉ရက်နေ့ ဇန်န၀ါရီ ၂၀၁၃  —-   ရခိုင်ကမ်းလွန်မှဂက်စ်နှင့်ရေနံစိမ်းများကို မေလ ၁ ရက်နေ့ တရုတ်ပြည်သို့စတင်လွှတ်ပေးမည်ဟု သတင်းများထွက်ပေါ်နေ သည့် အပေါ်  မြန်မာ- တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ မှ ဂက်စ်ပိုက်လိုင်းဖြတ်သန်းသည့်မြို့ရွာမှ ဒေသခံများထံ မှ စစ်တမ်းကောက်ယူကာ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်ကန့်ကွက်မည်ဟု ဆိုပါသည်။

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ


သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ခွန်ထွန်းဦးအား သီပေါမြို့ခံများ ကြိုဆိုစဉ် (SNLD)
သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၉ရက်နေ့ ဇန်န၀ါရီ ၂၀၁၃   —–   ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ် ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲသိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဟင်းသီးဟင်းရွက် သားငါးများ ရောင်းချရာတွင် အဆိပ်များ ပါဝင်နေသည်ဆိုသော သတင်း အစိုးရမှ တရားဝင် ရှင်းလင်းရန်လို


ဟင်းသီးဟင်းရွက် သားငါးများ ရောင်းချရာတွင် အဆိပ်များ ပါဝင်နေသည်ဆိုသော သတင်း အစိုးရမှ တရားဝင် ရှင်းလင်းရန်လို


နိရဉ္စရာသတင်းဌာန. ၂၉ရက်နေ့ ဇန်န၀ါရီ ၂၀၁၃  —-  ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း နယ်ဘက်မှ ၀င်လာသည့် ဟင်းသီးဟင်းရွက်များ အပါအ၀င် အမဲသား နှင့်ကြက်ဥများတွင် အဆိပ်များပါဝင်နေသည် ဆိုသည့် သတင်းများ ပျံ့နှံ့နေသဖြင့် အစိုးရမှ ထင်သာ မြင်သာရှိသော  တရားဝင် ရှင်းလင်းမူမျိုး ပြုလုပ်ရန် လိုအပ်နေကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

ယခင် စစ်အစိုးရ၏ ၂/၈၈ အမိန့်ကို လက်ရှိသမ္မတ၏ ၃/၂၀၁၃ ဖြင့် ပယ်ဖျက်


ယခင် စစ်အစိုးရ၏ ၂/၈၈ အမိန့်ကို လက်ရှိသမ္မတ၏ ၃/၂၀၁၃ ဖြင့် ပယ်ဖျက်


ရန်ကုန် (မဇ္ဈိမ) . ၂၉ရက်နေ့ ဇန်န၀ါရီ ၂၀၁၃   —-  ၁၉၈၈ ခုနှစ်၊ အာဏာသိမ်း စစ်အစိုးရက ကနဦး ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၂/၈၈ ကို လက်ရှိ
နိုင်ငံတော်သမ္မတ က အမိန့်အမှတ် ၂/၂၀၁၃ ဖြင့် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ထိုအမိန့် အမှတ် ၂/၈၈ သည် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပုဒ်မ ၄၄၇ နှင့် ဆန့်ကျင်နေသဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးပယ်ဖျက် လိုက်ခြင်း ဖြစ် သည်။

“၀” ဒေသတွင် တွေ့ဆုံဆွေးနွေးရန် ကေအိုင်အိုနှင့် အစိုးရ သဘောတူ


“၀” ဒေသတွင် တွေ့ဆုံဆွေးနွေးရန် ကေအိုင်အိုနှင့် အစိုးရ သဘောတူ 


DVB News, 29 January 2013  —-  ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၀ဒေသမှာ လာရောက်ဆွေးနွေးဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (့UWSA) က ဖိတ်ခေါ်လိုက်တဲ့အပေါ် အစိုးရနဲ့ ကေအိုင်အိုက သဘောတူလိုက်ပါတယ်။
အစိုးရဘက်က သဘောတူကြောင်း လွန်ခဲ့တဲ့ ၃ ရက်လောက်က တုံ့ပြန်ခဲ့သလို ကေအိုင်အိုဘက်ကလည်း ဒီကနေ့ နေ့ခင်းပိုင်းမှာ အကြောင်းပြန်ခဲ့တယ်လို့ UWSA ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ဘက် ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

ဝ’တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား


ဝ’တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား 


ချင်းမိုင်(မဇ္စျိမ) . ၂၉ရက်နေ့ ဇန်န၀ါရီ ၂၀၁၃  —-   ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြော
သည်။  

ဘာကို ဘယ်လို ရေးကြမလဲ


ဘာကို ဘယ်လို ရေးကြမလဲ

ယနေ့ မြန်မာနိုင်ငံတွင် ဂျာနယ်များ ၂၀၀ နီးပါး ထုတ်ဝေလျှက်ရှိသည် (ဓာတ်ပုံ – မေစစ်ပိုင် / ဧရာဝတီ)
ဇန်န၀ါရီ ၂၇ က သတင်းမီဒီယာ ကျင့်ဝတ် ပုံနှိပ်နှင့်မီဒီယာ ဥပဒေမူကြမ်း အလုပ်ရုံဆွေးနွေးပွဲ တခုကို စာနယ်ဇင်း ကောင်စီ (ယာယီ) မှ ဦးဆောင် ကျင်းပခဲ့သည်။ ယင်း ကောင်စီမှ ရေးဆွဲ ထုတ်ပြန်ထားသည့် မူကြမ်း ကို တက်ရောက်လာသူ တချို့က ဆွေးနွေးသည်။ ၂၀၁၁ ခုနှစ်၊ ဦးသိန်းစိန် အစိုးရ တက်လာပြီး ကတည်းက ဒီမိုကရေစီကို ယိမ်းညွတ်သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြရာတွင် နှစ် ၅၀ ကျော် မြန်မာ့စာပေ လောက၏ နာတာရှည် ရောဂါသဖွယ်ဖြစ်သော “စာပေ လွတ်လပ်ခွင့်” ကိစ္စလည်း တနွယ်ငင် တစင်ပါ၍ လာသည်။
ယနေ့ခေတ်ကို Information Age သတင်းခေတ်ဟု ခေါ်နေကြသည်။ လူတိုင်းပင် နေ့စဉ် အာဟာရ စားသုံးနေသကဲ့သို့ သတင်းကို စားသုံးနေရသည်။ လူ့အဖွဲ့အစည်းတွင် သတင်းနှင့် ကင်းလွတ်သော အချိန်၊ သတင်းနှင့် ကင်းလွတ်သော နေရာ၊ သတင်းနှင့် ကင်းလွတ်သောလူ ဟူ၍ မရှိသည်မှာ ကြာပြီ။
ပုံနှိပ်နှင့် ရုပ်သံလွှင့် မီဒီယာများ မပေါ်ထွန်းခင်က (မြန်မာဘုရင်များ လက်ထက်တွင်) လူအများ သိစေလိုသောသတင်းကိုမြို့ပြင်လေးရပ်၌ မောင်းကြေးနင်းခတ်စေခြင်းဖြင့်အသိပေးကြသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။