Monday, April 22, 2013

တစ်ဖက်သတ်ရရှိသော သတင်းများကိုသာ အခြေခံရေးသားထားသည့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ ရခိုင်ပြည်နယ် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို လက်မခံကြောင်း မြန်မာအစိုးရ ပြောကြား


တစ်ဖက်သတ်ရရှိသော သတင်းများကိုသာ အခြေခံရေးသားထားသည့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ ရခိုင်ပြည်နယ် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို လက်မခံကြောင်း မြန်မာအစိုးရ ပြောကြား 

Created on Monday, 22 April 2013 16:43

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ၏ ရခိုင်ပြည်နယ် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာသည် တစ်ဖက်သတ်ရရှိသော သတင်းများကိုသာ အခြေခံရေးသားထားပြီး စကားလုံး အသုံးအနှုန်းများသည် လက်ခံနိုင်ဖွယ် မရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦရဲထွဋ်က ၎င်း၏ဖေ့စ်ဘွတ် စာမျက်နှာတွင် ဧပြီ ၂၂ ရက်က ရေးသားထားသည်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာအား ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဦးရဲထွဋ်က ''ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက စုံစမ်းရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီကော်မရှင်မှာ ဂုဏ်သတင်း ထင်ရှားတဲ့ ပညာရှင်များ၊ လူမှုအသိုင်းအ၀ိုင်း နှစ်ခုလုံးက လေးစားတဲ့ ပုဂ္ဂိုလ်များ ပါဝင်ပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသကို အကြိမ်ကြိမ် ကွင်းဆင်းလေ့လာကာ အစီရင်ခံစာ ပြုစုနေပြီ ဖြစ်ပါတယ်။ Human Rights Watch ရဲ့အစီရင်ခံစာဟာ တစ်ဖက်သတ်ရရှိတဲ့ သတင်းများကိုသာ အခြေခံ ရေးသားထားတာ ဖြစ်တဲ့အပြင် အစီရင်ခံစာမှာပါတဲ့ စကားလုံး အသုံးအနှုန်းများဟာလည်း လက်ခံနိုင်ဖွယ် မရှိပါဘူး။ နိုင်ငံတော် အနေနဲ့ ဒီလိုတစ်ဖက်သတ် ရေးသားတဲ့ အစီရင်ခံစာအပေါ် အလေးထားမှာ မဟုတ်ဘဲ တရားဝင်ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ တွေ့ရှိချက်များ၊ အကြံပြုချက်များ အပေါ်မှာပဲ အလေးထား အကောင်အထည်ဖော် သွားမှာဖြစ်ပါတယ်'' ဟု ရေးသားထားသည်။
ထို့ပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဥပဒေချုပ် ဦးလှသိန်းက ''ဖြစ်စဉ်ဖြစ်ကတည်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ရတဲ့အတွက် အခြေအနေမှန်ကို အများကြီး သိပါတယ်။ အခုထုတ်ပြန်ချက်ဟာ တစ်ဖက်သတ် ထုတ်ပြန်ချက်သာ ဖြစ်ပါတယ်။ လွဲမှားစွာ သုံးသပ်ခြင်းသာ ဖြစ်တယ်လို့ မြင်မိပါတယ်'' ဟု ပြောသည်။
နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ရခိုင်ပဋိပက္ခများနှင့် ပတ်သက်၍ အစီရင်ခံစာ တစ်စောင်ကို ဧပြီ ၂၂ ရက်က ထုတ်ပြန်ခဲ့ရာ အဆိုပါ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များအား လူမျိုးသုဉ်း သတ်ဖြတ်မှုများကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ အပါအ၀င် အာဏာပိုင်များက ဆောင်ရွက်နေကြောင်း စွပ်စွဲထားသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကလည်း '' ဒီလိုပြောတာ တရားမျှတတဲ့ ပြောဆိုမှု မဟုတ်ပါဘူး။ ကျွန်တော်တို့ပါတီ အနေနဲ့လည်း လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဖြစ်ခဲ့တဲ့ အကြောင်းအရာ အားလုံးကိုလည်း ဒေသခံတွေအားလုံး သိတယ်။ သိပြီးသားလည်းဖြစ်တယ်။ အဓိကကတော့ လူမျိုးအချင်းချင်း၊ ဘာသာအချင်းချင်း ဖြစ်တာမျိုး မဟုတ်ဘဲ နယ်မြေကို လိုချင်နေသူတွေနဲ့ နယ်မြေကို ခုခံကာကွယ်သူတွေဖြစ်တဲ့ ပြဿနာဖြစ်တယ်။ လူမျိုးသုဉ်း သတ်ဖြတ်တယ် ဆိုတာကတော့ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စလို့ မြင်ပါတယ် '' ဟု ပြောသည်။

"Human Rights Watch ကပြောနေတဲ့ စကားလုံးတွေက အိုအိုင်စီနဲ့ ပတ်သက်မှု ရှိမရှိတော့မသိဘူး။ သူတို့ပြောတဲ့ စကားလုံးထဲမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံး သုံးနှုန်းထားတာဟာ မှားနေတယ်လို့ ကျွန်တော်တို့ပါတီက ပြောလို့ရတယ်။ ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ တိုင်းပြည်မှာမရှိဘူး။ သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နိုင်ငံခြားသား ဘင်္ဂါလီလို့ ပြောရမှာပဲ။ အခုဒီအဖွဲ့က သုံးတဲ့စကားလုံးတွေဟာ တိုင်းပြည်နဲ့ လူမျိုးကို ထိခိုက်တဲ့အဆင့် ရောက်လာတယ်။ ခဏ ခဏ ကျွန်တော်တို့ကို လူမျိုးသုဉ်း သတ်ဖြတ်နေတယ်ဆိုပြီး ပြောနေကြတယ်။ တကယ်တော့ လူမျိုးရေး၊ ဘာသာရေး ဖြစ်နေတာလဲ မဟုတ်ဘူး။ communal violence လို့ ခေါ်တယ်။ လူအုပ်စုလိုက် မတော်တဆဖြစ်တာ မျိုးတွေလည်း ပါတယ်။ နိုင်ငံရေးအားဖြင့် ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ အင်အားစုတွေရဲ့ competition တွေပါတယ်။ ဟိုးအရင်ကတည်းက အတူတူနေလာတဲ့ မူဆလင်လူမျိုးတွေနဲ့ ဘာပြဿမှ ဖြစ်ခဲ့တာ မရှိပါဘူး။ သူတို့အဖွဲ့ အနေနဲ့ လာကြည့်ရင် သိမှာပါ''ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဦးမောင်က ပြောသည်။

အဆိုပါအစီရင်ခံစာ ထွက်ရှိလာသည့် နေ့ရက်သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်မည့် ဥရောပသမဂ္ဂ၏ အစည်းအဝေး ကျင်းပမည့်နေ့ရက်နှင့်လည်း တိုက်ဆိုင်နေသည်ကို တွေ့ရသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ဖွဲ့စည်းခဲ့သည့် ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအား အများပြည်သူသို့ ထုတ်ပြန်မည့် ဧပြီ ၂၃ ရက် မတိုင်ခင် တစ်ရက် ဖြစ်နေသည်ကိုလည်း တွေ့ရသည်။
''မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ပြန်လည်သုံးသပ်မယ့် ဥရောပသမဂ္ဂရဲ့ အစည်းအဝေးနဲ့ ချိန်ကိုက်ပြီး ထုတ်ပြန်ခဲ့တဲ့ Human Rights Watch ရဲ့ လုပ်ဆောင်ချက်ဟာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်'' ဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦရဲထွဋ်က ရေးသားထားသည်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးကလည်း ''လတ်တလောထွက်ရှိလာတဲ့ Human Rights Watch ရဲ့အစီရင်ခံစာကို ကိုးကားပြီး ဝေဖန်ပြစ်တင် နေသူတွေတချို့ ရှိနေပေမယ့်လည်း လူ့အခွင့်အရေးကို အထူးပဲ အလေးထားသလို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကို ကမ္ဘာတစ်ဝှမ်း မြှင့်တင်ဆောင်ရွက်နေတဲ့ အမေရိကန်အစိုးရကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေကို ချီးကျူးထားတာ အထင်အရှား တွေ့မြင်နိုင်ပါတယ်'' ဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဧပြီ ၂၂ ရက်က ရေးသားထားသည်။

ဧပြီ ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ လူ့အခွင့်အရေး အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေမှာ တိုးတက်လာကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း "ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ၊ ခိုင်မာသည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများကို ဦးတည်သည့် ခြေလှမ်းများကြောင့် နှစ်ပေါင်းများစွာ အထီးကျန်ခဲ့ရသည့် မြန်မာနိုင်ငံသည် ယခုအခါ တိုးတက်မှုများ ရှိလာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကျွန်တော်တို့လိုချင်သည့် နေရာအထိ လျောက်လှမ်းနိုင်ခဲ့ပြီလား ဆိုရင် မရောက်သေးပါကြောင်း၊ သို့ရာတွင် လမ်းကြောင်းပေါ်ကို ရောက်နေပြီဖြစ်ကြောင်း၊ သွားလည်း သွားနေပြီဖြစ်ကြောင်း" ဟု ပြောကြားခဲ့သည်။

Comments  

+1 # U Thant 2013-04-22 18:29
Here they come again. We need to fight back them together. This is our country.We need to stand united ! They are going to attack us on every direction. Teach our kids. They are going to attack non stop. Be careful and be prepare good. Don't give them any chance. :-|
 
+14 # pstmynt 2013-04-22 17:54
ဒီပြသာနာမှာတော့အစိုး၇နဲ့ ထပ်တူထပ်မျှသဘောတူပါကြောင်း။
 
+26 # radar 2013-04-22 17:18
ကျွန်တော်တို့ တိုင်းပြည်၏
အပြောင်းအလဲ အချိန်အခါတွင်
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ
ဒေသတွင်း အစုအဖွဲ့များ
အစိုးရနဲ့ မသက်ဆိုင်သော အဖွဲ့အစည်းများ
စီးပွါးရေး နိုင်ငံရေး လူမှု့ရေးအဖွဲ့အစည်းများ
စသဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ထားသော
အဖွဲ့အစည်းများတွင် သမာသမတ်မကျသော
လိုရာပုံသွင်းသော သိမ်သိမ်မွေ့မွေ့လုပ်တက်သော
အကြံအစည်ကြီးကြီး လုပ်ကိုင်တက်သော
ပုဂ္ဂိုလ်များ ဝင်ရောက်ခြေရှုပ်နေကြလေသည်ကို
အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံသားများ အထူးသတိပြုကြဖို့လိုသည်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။