Monday, April 22, 2013

တရုတ်သံရုံးမှ ငြင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းမှာ တရုတ်ကန့်ကွက်၍ဖြစ်ကြောင်း မြန်မာအစိုးရ ၀န်ခံ


တရုတ်သံရုံးမှ ငြင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းမှာ တရုတ်ကန့်ကွက်၍ဖြစ်ကြောင်း မြန်မာအစိုးရ ၀န်ခံCreated on Monday, 22 April 2013 06:35

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းမှာ တရုတ်အစိုးရမှ ကန့်ကွက်၍ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။ 
ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်ဖြစ်ပြီး ဥရောပနိုင်ငံများသို့ ငြိမ်းချမ်းရေး ကိစ္စများ သွားရောက်လေ့လာသည့် ခရီးစဉ်တွင် လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဧပြီ ၁၉ ရက်က အဆိုပါသတင်းဌာန၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
''တရုတ်ဘက်ကတော့ ကုလသမဂ္ဂရယ်၊ အမေရိကားရယ်၊ ဗြိတိန်က ကိုယ်စားလှယ်တွေကို ဖိတ်တာတော့ သူတို့လိုလားဟန်မပြဘူး။ မပြဘူးဆိုတာ ကျွန်တော်တို့ကို မပြတာ မဟုတ်ဘူး။ ကချင်ဘက်ကိုမပြတာ၊ ဖိတ်တာက ကချင်ဘက်ကဆိုတော့ ကချင်ဘက်ကို ကန့်ကွက်တယ်။ ကျွန်တော်တို့ဘက်ကတော့ အနောက်နိုင်ငံကိုယ်စားပြုတဲ့ နိုင်ငံကြီးတွေကိုလည်း လက်ခံတယ်။ ပြည်တွင်းမှာရှိတဲ့ သတင်းအဖွဲ့အစည်းတွေရော၊ လူမှုရေး အဖွဲ့အစည်းတွေကိုပါ ကျွန်တော်တို့ဘက်က ပွင့်ပွင့်လင်းလင်း လက်ခံတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက (RFA) သတင်းဌာနသို့ ပြောသည်။
ဥရောပနိုင်ငံများသို့ ငြိမ်းချမ်းရေးကိစ္စများ သွားရောက်လေ့လာ ခရီးစဉ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် ပြည်ထောင်စု ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့နှင့်အတူ ဦးလှမောင်ရွှေ၊ ဦးကျော်စိုးလှိုင်၊ ဦးတင်မောင်သန်း၊ ဒေါက်တာမင်းဇော်ဦးစသည့် Myanmar Peace Center မှအဖွဲ့ဝင်များ လိုက်ပါသွားခဲ့သည်။
အစိုးရနှင့် ကေအိုင်အိုအကြား ထိုသို့ ဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းမှာ ထောက်ပံ့ပို့ဆောင် စီမံမှုများကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ပြည်တွင်းမီဒီယာ များအနေဖြင့် ဆွေးနွေးပွဲရွှေ့ဆိုင်းခြင်းမှာ တရုတ်အစိုးရ၏ ကန့်ကွက်မှုကြောင့်ဟု ဖော်ပြထားမှုများနှင့် ပတ်သက်ပြီး များစွာဝမ်းနည်းကြောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကို တရုတ်နိုင်ငံအနေဖြင့် လေးစားမှု အပြည့်အ၀ထားရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဧပြီ ၇ ရက်က သတင်းထုတ်ပြန်ခဲ့ သည်။
သို့ရာတွင် အစိုးရနှင့် ကေအိုင်အိုတို့အကြား ဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းမှာ တရုတ်အစိုးရ၏ ကန့်ကွက်မှုကြောင့်ဟု ခိုင်မာသော သတင်းများ ရရှိထားကြောင်းနှင့် မတ် ၁၁ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်လည်း တရုတ်အစိုးရမှ ကန့်ကွက်မှုအချို့ ပြုလုပ်ခဲ့ကြောင်း ကချင်လူမှု အဖွဲ့အစည်းများက ပြောသည်။

အဆိုပါ အနေအထားအပေါ် ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ စည်းရုံးရေးမှူး ဒေါ်ခွန်ဂျာက ''တရုတ်မှ မဟုတ်ဘူး။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ၀င်ရောက်စွက်ဖက်ခွင့် မရှိဘူး။ တရုတ်က သူပြောတုန်းကသာ ကြားနေနိုင်ငံလို့ ပြောတယ်။ ဒါပေမယ့် သမိုင်းကို ပြန်ကြည့်ရင် သူ့အကျိုးစီးပွားအတွက်ဆိုရင် အမြဲတမ်း ပံ့ပိုးသွားခဲ့တာပဲ။ ဥပမာ ကွန်မြူနစ်ပါတီကို ထောက်ပံ့ခဲ့တာတို့၊ ၀ကို လက်နက်တပ်ဆင်ပေးခဲ့တာတို့ အဲဒါတွေ အကုန်လုံးဟာ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာပဲ။ အခုလည်း ၀င်စွက်ဖက်နေတာဖြစ်တယ်။ အဲဒါကို အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ရော၊ ကေအိုင်အိုရော ဘယ်သူမဆို လက်မခံသင့်ဘူး'' ဟု ပြောသည်။
ထို့ပြင် ၎င်းကပင် ''မတ် ၁၁ ရက်က ရွှေလီဆွေးနွေးပွဲအပြီး ၁၂ ရက်နေ့မှာ လိုင်ဇာမြို့မှာ ရှင်းလင်းပွဲလုပ်တုန်းက ဗိုလ်ချုပ်ဂွမ်မော်ကိုယ်တိုင်က ကြားနေနိုင်ငံများပါ ရှိသင့်တယ်ဆိုတဲ့ အချက်ကို စတိတ်မန့်ထုတ်တဲ့ အချိန်မှာ တရုတ်က ကန့်ကွက်တဲ့ အတွက်ကြောင့်မို့လို့ ဖြုတ်လိုက်ရပါတယ်ဆိုပြီး ပြောထားတယ်။ ဧပြီ ၆ ရက် ဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းဟာ တရုတ်က ကန့်ကွက်တဲ့ အတွက်ကြောင့်ဆိုတာ သေချာတဲ့အတွက်ကြောင့်မို့ ကချင်လူမှုအဖွဲ့ ၁၃ ဖွဲ့စုပေါင်းပြီး သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်'' ဟု ဆက်လက်ပြောသည်။
အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့ မတ် ၁၁ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပြီး ပူးတွဲကြေညာချက် မူကြမ်းမှ အပိုဒ် ၃(က)ပါ အချက်ဖြစ်သည့် ''စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲကို စတင်နိုင်ရေးအတွက် ခိုင်မာသည့် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီချက် ထားရှိရန် ညှိနှိုင်းမှုများ၊ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု အသိအမှတ်ပြုမှုများနှင့် ယုံကြည်စိတ်ချရသည့် နိုင်ငံများမှ တာဝန်ယူ သက်သေခံ ကြားဝင်ကူညီ စောင့်ကြပ်မှုများထား ရှိရန်လိုအပ်သည်'' ဟူသည့် အချက်ကို တရုတ်အစိုးရ၏ ကန့်ကွက်မှုကြောင့် ချန်လှပ်ခဲ့ရကြောင်း ကချင်လူထု အခြေပြု အဖွဲ့အစည်းများ၏ ဧပြီ ၆ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

Comments  

+9 # radar 2013-04-22 17:04
ကျွန်တော်တို့ တိုင်းပြည်အနေနဲ့
စဉ်ဆက်မပြတ် အထူးသတိထားရမယ့် နိုင်ငံများဟာ
အရှေ့ဖက်က တယုတ်
အနောက်ဖက်က ဘင်္ဂလားနဲ့
အစ္စလာမ်မွတ်ဆလင် တိုင်းပြည်များဖြစ်ပါတယ်
 
+7 # myo1 2013-04-22 16:15
ဘာဖြစ်လို့  ဒီတယုတ်က ၀င်ဝင်ပါနေရတာလဲ....မြန်မာပြည်သူတွေက သိပ်ရောချင်တာမဟုတ်ဘူး...
 
+8 # blackguy 2013-04-22 15:49
ရခိုင်အရေး.....
လက်ပံတောင်းတောင်အရေး....
မိတ္ထီလာအရေး....
အင်း... တရုတ်ကျေးဇူးတွေများလှပါချည်းရဲ့လို့ ထပ်ခါပြောနေတဲ့ စစ်အစိုးရက ခုမှကောက်ခါငင်ခါထပြောတော့....
စဉ်းစားစရာတွေ တခုပြီးတခု...
နောက်ထပ် နိုင်ငံရေးကစားပွဲ တခုထပ်မဖြစ်ပါစေနဲ့...
တကယ့်သတင်းအမှန်ကိုစုံစမ်းပြီး အမှန်ဆိုရင်တော့ တရုတ်သံရုံးရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒှထုတ်ဖော်ပြသသင့်တယ်...
 
+31 # pstmynt 2013-04-22 12:42
တပ်မတော်ကကာကွယ်ရေးဦးစီးချုပ်ကလဲယောက်ကျှားစစ်စစ်ကြီးထင်ပါတယ်။ထို့ အတူကေအိုင်အေကကာကွယ်ရေးဦးစီးချုပ်ကိုလဲယောက်ကျားစစ်စစ်လို့ ထင်ပါတယ်။
ဒီတော့ယောက်ကျားတွေပီသစွာနဲ့ ပြည်ထောင်စုတိုင်း၇င်းသားတွေအေ၇းကိုမည်သူ့ ၇ဲ့အကူအညီမှမယူပဲဒဲ့ ရှင်းလိုက်ကြရင်မကောင်းဘူးလားဗျာ။စစ်ပွဲတွေသက်ဆိုးရှည်နေသမျှကချင်လဲနာ၊ဗမာလည်းနာ၊တိုင်းပြည်ကပြာ၊တယုတ်ကသာဖြစ်နေတာတွေကိုကျွှန်တော်တို့ မျိုးဆက်မှာပဲထားခဲ့သင့်နေပါပြီ။နောင်လာနောက်သားတွေကိုရှေ့ လူတွေမိုက်ခဲ့သမျှဆိုးမွှေတွေလက်ဆင့်မကမ်းသင့်တော့ပါ။
နှစ်ဖက်စလုံးမှကာချုပ်တွေရှေ့ ရေးကိုစေ့စေ့တွေးကာအမြင်မှန်၇နိုင်ကြပါစေ။
 
+55 # tntun 2013-04-22 07:29
တရုတ်မဟုတ်တဲ့အခြားနိုင်ငံမှာဆွေးနွေးရင်ရော?
 
+59 # ကျောင်းသားကြီး 2013-04-22 08:00
ကချင် လက်နက်ကိုင် အဖွဲ့ ကတရုတ်က မွေးထားတဲ့ ထောက်ပံ့ထားတဲ့ ကျွေးထားတဲ့ အဖွဲ့ စည်း ပဲ တရုတ်ကလွဲ ပြီး ဘယ်သူ့ စကားနားထောင်မှာလဲ
ခုကိစ္စက တရုတ်က သူများနိုင်ငံပြည်တွင်းရေး ၀င်မစွက်ဘူးလို့ ၂၅ နှစ်လုံးလုံး အော်လာခဲ့တဲ့ တရုတ်စုတ် ဘာလို့ ဒီကိစ္စမှာ သူများပြည်တွင်းရေး ၀င်စွက်နေတာလဲ
 
+28 # Zawtika 2013-04-22 10:06
Quoting ကျောင်းသားကြီး:
ကချင် လက်နက်ကိုင် အဖွဲ့ ကတရုတ်က မွေးထားတဲ့ ထောက်ပံ့ထားတဲ့ ကျွေးထားတဲ့ အဖွဲ့ စည်း ပဲ တရုတ်ကလွဲ ပြီး ဘယ်သူ့ စကားနားထောင်မှာလဲ
အဲသဟာကြောင့် ဒီက ဘူးလက်ကျွေးချင်နေတာ နံ့နံ့ ကို ထိုးလို့...
Quoting ကျောင်းသားကြီး:
ခုကိစ္စက တရုတ်က သူများနိုင်ငံပြည်တွင်းရေး ၀င်မစွက်ဘူးလို့ ၂၅ နှစ်လုံးလုံး အော်လာခဲ့တဲ့ တရုတ်စုတ် ဘာလို့ ဒီကိစ္စမှာ သူများပြည်တွင်းရေး ၀င်စွက်နေတာလဲ
အော် ၂၅ နှစ်လုံးလုံးကြီးများတောင် တရုတ် ကို ယုံခဲ့သေးတယ်ပေါ့....
မိအေး... မိအေး.... တယ်လဲသဘောကောင်းရှာ သကိုး...
 
+56 # Zawtika 2013-04-22 07:03
ပထွေး ပထွေး နဲ့ အဖေရင်း ဖြစ်နေပါပေါ့လား ကွယ်တို့....
ဖြစ်မှ ဖြစ်ရလေ အမေရယ်...
ဗမာစစ်စစ်ကြီး ဖြစ်ကောင်းဖြစ်လျက်နဲ့ ၀က်သား ဘီးစပတ် တုံး ကြိုက်နေတာ ဒါကြောင့်ကိုး.... အိုး.. ဟိုးဟိုး...

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။