Sunday, December 16, 2012

ကွန်နတီးကဒ်၊ နယူးတောင်း၊ မူလတန်းကျောင်းမှာ ကလေးနှင့် လူကြီး ၂၇ ဦးကို သေနတ်သမား ပစ်သတ်မှု၊ အမေရိကန်ပြည်သားတို့ ၀မ်းနည်းကြေကွဲ


ကွန်နတီးကဒ်၊ နယူးတောင်း၊ မူလတန်းကျောင်းမှာ ကလေးနှင့် လူကြီး ၂၇ ဦးကို သေနတ်သမား ပစ်သတ်မှု၊ အမေရိကန်ပြည်သားတို့ ၀မ်းနည်းကြေကွဲ 


Moe MaKa News, 15 December 2012  —–  မိုးမခဓာတ်ပုံသတင်း၊
ဒီဇင်ဘာ ၁၄၊ အမေရိကန်ပြည်၊ ကွန်နတီးကဒ်ပြည်နယ်၊ နယူးတောင်းမြို့၊ ဆန်ဒီဟွတ် မူလတန်းကျောင်းကို အသက် ၂၀ အရွယ် လူငယ်တဦး က မနက် အချိန် ၉  နာရီ ၃၀ မှာ ကျုးကျော် ၀င်ရောက်ပြီး စာသင်ခန်း ၂ ခန်းက ၅ နှစ်မှ ၁၁ နှစ် အရွယ် ကလေး ၂၀ ကျော် နဲ့ ကျောင်းအုပ်ကြီးအပါအ၀င် လူကြီးများ ကို အော်တိုမက် တစ် သေနတ် ၃ လက်နဲ့ ပစ်သတ်ခဲ့ပါတယ်။

မြန်မာကလေးငယ်တွေနဲ့ အဟာရချို့တဲ့မှု ပြဿနာ


မြန်မာကလေးငယ်တွေနဲ့ အဟာရချို့တဲ့မှု ပြဿနာ 

ရခိုင်ပြည်နယ် မြောက်ဦးမြို့က ကလေးငယ်နှစ်ဦး။ (နိုဝင်ဘာလ ၈ ရက်၊ ၂၀၁၂)။
VOA News, 16 December 2012  —-  ဆယ်စုနှစ်ပေါင်းများစွာ အဂတိလိုက်စားတဲ့ အစိုးရအုပ်ချုပ်ရေး ကြောင့်သာမက၊ မလုံလောက် တဲ့ နိုင်ငံတကာ အကူအညီ အထောက်အပံ့ပေးရေး အနေအ ထား အောက် က မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ ၀မ်းနည်း စရာ ကောင်းလောက်အောင် ချို့တဲ့အားနည်းတဲ့ ပြဿနာတွေ ရှိနေ ပါတယ်။

ကချင်တိုက်ပွဲ ဒုက္ခသည်စခန်းတွေအနီးအထိ ပြင်းထန်


ကချင်တိုက်ပွဲ ဒုက္ခသည်စခန်းတွေအနီးအထိ ပြင်းထန် 



VOA News, 16 December 2012  —-  ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အို (KIO) ကချင်လွတ်မြောက်ရေးတပ်ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် အပြန်အလှန် ပစ်ခတ်မှုတွေဟာ ကချင်လွတ်မြောက်ရေးတပ် ထိန်းချုပ်ထားတဲ့နယ်မြေက ဒုက္ခသည် စခန်းတွေနားအထိ ရောက်လာတဲ့အတွက် ဒုက္ခသည်တွေဟာ စခန်းတွေ ကနေ စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ကချင်နယ်မြေတွင်း တိုက်ပွဲပြင်းထန်


ကချင်နယ်မြေတွင်း တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်တိုက်ပွဲ
BBC News, 17 December 2012  —  ကချင်ပြည်နယ် က မိုးမောက်မြို့နယ် အတွင်းမှာ ကေအိုင်အေ ဌာနချုပ် နဲ့ (၇ မိုင်) အကွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ က ကေအိုင်အေ နဲ့ ABSDF ကျောင်းသား တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့ ပူးပေါင်း စစ်ဆင်ရေး အတွင်း မြန်မာ့တပ်မတော်မှ စစ်သား(၇) ယောက် ကို ဖမ်းမိသလို၊ လက်နက်ကြီး အမြောက်အမြား သိမ်းဆည်း ရမိတယ် လို့ ABSDF ကျောင်းသား တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့မှ စစ်ရေး နိုင်ငံရေး အကြံပေး အရာရှိ က ဘီဘီစီ ကို ပြောပါတယ်။

MIC ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် အချို့သောကုမ္ပဏီ၊ အဖွဲ့အစည်းများအပေါ် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ပေးထားခြင်းကြောင့် နိုင်ငံ၏ အခွန်ကောက်ခံရရှိမှုမှာ ရရှိသင့်သည်ထက်လျော့နည်းရရှိ


MIC ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် အချို့သောကုမ္ပဏီ၊ အဖွဲ့အစည်းများအပေါ် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ပေးထားခြင်းကြောင့် နိုင်ငံ၏ အခွန်ကောက်ခံရရှိမှုမှာ ရရှိသင့်သည်ထက်လျော့နည်းရရှိ  PDF Print
Sunday, 16 December 2012 10:42
AddThis Social Bookmark Button
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့် အချို့သောကုမ္ပဏီ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုမှ ပေါ်ထွက်လာသည့် အသားတင်အမြတ်အပေါ် ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များပြုထားခြင်းများကြောင့် အခွန်ကောက်ခံရရှိမှုမှာ ရရှိသင့်သည်ထက် လျော့နည်းရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စီးပွားကူးသန်းဝန်ကြီးဌာနနှင့် ပြည်တွင်းပြည်ပ ပညာရှင်များပေါင်းစည်းကာ မြန်မာနိုင်ငံ၏ ကားမူဝါဒရေးဆွဲရန် စီစဉ်


စီးပွားကူးသန်းဝန်ကြီးဌာနနှင့် ပြည်တွင်းပြည်ပ ပညာရှင်များပေါင်းစည်းကာ မြန်မာနိုင်ငံ၏ ကားမူဝါဒရေးဆွဲရန် စီစဉ်  PDF Print
Sunday, 16 December 2012 09:43
AddThis Social Bookmark Button
ရန်ကုန်မြို့၊ ဦးထောင်ဘိုအ၀ိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်
ha-16-12-1နည်းလမ်းမှန်ကန်သည့် ကားမူဝါဒတစ်ခု ဖြစ်ပေါ်လာစေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် ပြည်တွင်းပြည် ပမှ ကျွမ်းကျင်ပညာရှင်များ ပေါင်းစည်းကာ မြန်မာနိုင်ငံ၏ ကားမူဝါဒကို ရေးဆွဲရန်အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်လုပ်ငန်းရှင်များအသင်းဝင် ကားလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး ဦးပိုင်လီမိတက်၏ နာမည်ပေါက် ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရ


ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး ဦးပိုင်လီမိတက်၏ နာမည်ပေါက် ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရ   PDF Print
Friday, 14 December 2012 19:02
AddThis Social Bookmark Button
ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက်ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောကြားခဲ့သည်။

အစိုးရသစ်တက်လာပြီး နှစ်နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ဆောင်ခဲ့သော်လည်း စီးပွားရေးပြောင်းလဲမှု အားနည်းသောကြောင့် အောက်ခြေအထိ အကျိုးသက်ရောက်မှုမရှိဘဲ မြို့ရော တောပါ အခြေခံလူတန်းစားများ ပိုမိုကျပ်တည်းလာ


အစိုးရသစ်တက်လာပြီး နှစ်နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ဆောင်ခဲ့သော်လည်း စီးပွားရေးပြောင်းလဲမှု အားနည်းသောကြောင့် အောက်ခြေအထိ အကျိုးသက်ရောက်မှုမရှိဘဲ မြို့ရော တောပါ အခြေခံလူတန်းစားများ ပိုမိုကျပ်တည်းလာ   PDF Print
Sunday, 16 December 2012 11:39
AddThis Social Bookmark Button

16နိုင်ငံတော်သမ္မတ ဦးသိန်းစိန်  ဦးဆောင်သော အစိုးရသစ်တက် လာပြီး နှစ်နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ဆောင်ခဲ့သော်လည်း စီးပွားရေးပြောင်းလဲမှု အားနည်းသောကြောင့် အောက်ခြေအထိ အကျိုးခံစားသက်ရောက်မှု မရှိသေးဘဲ အခြေခံလူတန်းစားများ ပိုမိုကျပ်တည်းလာကြောင်း လုပ်ခလခစား ပြည်သူများ၊ လုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။